11/02/2024
Hello Guys !! 💁♀️
Knowledge Sharing for new comer to UK Part (2)
ဒီနေ့မှာတော့ 💁♀️မင်မင်က အိမ်ဌားတော့မယ်ဆိုရင် checking လုပ်သင့်တဲ့အချက်လေးတွေကို သိသလောက် sharingလုပ်ပေးသွားပါမယ် 🙆♀️
Part 1 ကို တော့ ဒီ linkမှာဝင်ဖတ်လို့ရပါတယ်နော်😍
https://www.facebook.com/share/p/N96uXbE96Gx1Z86A/?mibextid=WC7FNe
ကဲ မောင်လေးညီမလေးတို့ရေ 🙆♀️UK မှာ အိမ်ဖြစ်ဖြစ် အခန်းဖြစ်ဖြစ်ဌားတော့မယ်ဆိုရင် သတိထားရမဲ့ အချက်လေးတွေ မှတ်ထားသင့်ပါတယ်နော်💁♀️
💁♀️မင်မင်တို့ဒီမှာ အိမ်ဌားပြီဆိုရင် တစ်လစာ deposit တင်ရပါတယ် မတင်ရတဲ့အိမ်ကတော့ရှိတော့ရှိတယ်ရှားတယ်ပေါ့နော် 🤷♀️တော်တော်များများတော့ professional worker တွေဆို depositမလိုဘူးလို့ပြောပါတယ်
အဲ့လိုDepositတင်ပြီးတော့ 💁♀️Contract ပြည့်တဲ့ခါ Depositကိုတချို့ lanloardတွေက အပြည့်ပြန်မအမ်းတတ်ကြပါဘူး ဟိုနေရာကပျက်နေတယ်နင်တို့ကိုဌားပေးတုန်းကအကောင်း ဘာညာနဲ့ depositထဲက နုတ်တတ်ကြပါတယ်🤦♀️ ဒါကိုကျောင်းသား တော်တော်များများကကြုံတွေ့ရတတ်ပါတယ် 🥺 💁♀️တချို့ သဘောကောင်းတဲ့ lanloard တွေတော့ အပြည့်ပြန်အမ်းကြတယ်ပေါ့နော်
ဆိုတော့ အိမ်ဌားတော့မယ် အခန်းဌားတော့မယ်ဆိုရင် သိထားသင့်တာရယ် 💁♀️အကြောင်းမရှိ Depositထဲကနုတ်မခံရအောင် ဘယ်လိုကာကွယ်ကြမလဲ 🤷♀️မင်မင်သိထားသလောက် 💁♀️listလေးနဲ့ပြောပေးသွားပါမယ်
(1) Structure Conditioning✅
ပထမဦးဆုံး မင်မင်တို့စစ်သင့်တာက 💁♀️structure လေးတွေပါ ဘယ်လိုမျိုးလဲဆိုတော့ နှစ်ထပ်အိမ်ဆိုရင် လှေကထစ်လက်ရန်းတွေလှုပ်နေလား တံခါးက Damageရှိမရှိ ပြတင်းပေါက်Damageရှိမရှိ နံရံတွေက ကွဲနေလားအက်နေလား စဖြင့် Damageရှိတဲ့နေရာလေးတွေကြည့်ထားရပါတယ် တကယ်လို့တွေ့ရင် lanloardကိုပြောထားရပါမယ် ဒါမှမဟုတ် ဓာတ်ပုံရိုက်ထားသင့်ပါတယ်နော်
(2) Electric Functioning ✅
နောက်ထပ် စစ်သင့်တာကတော့ မီးပါ မီးခလုတ်တွေအဆင်ပြေလားမပြေဘူးလား မီးသီးတွေအလုပ်လုပ်လယးမလုပ်ဘူးလား ဆိုတာ စစ်ကြည့်သင့်ပါတယ် တကယ်လို့အလုပ်မလုပ်ရင်တခါထဲ lanloardကိုပြောလို့ရတာပေါ့နော်
(3) Heating System ✅
ဒါကတော့အရေးကြီးတဲ့အချက်လေးပါ 💁♀️UKရဲ့ရာသီဥတုကတော့ မောင်လေးတို့ညီမလေးတို့သိတဲ့အတိုင်း 💁♀️အေးပါတယ် 🥺 ဆိုတော့ Heater အလုပ်လုပ်လားမလုပ်ဘူးလား စစ်ရပါမယ် နွေရာသီတော့အဆင်ပြေပေမဲ့ ဆောင်းရာသီဆိုအဆင်မပြေပါဘူး 🥶
(4) Plumbing ✅
နောက်ထပ်အရေးကြီးတဲ့အချက်လေးကတော့ 💁♀️ရေပါ water system အလုပ်လုပ်မလုပ်စစ်ရပါမယ် အိမ်သာရေချိုးခန်း မီးဖိုချောင်က ရေတွေအလုပ်လုပ်လားမလုပ်ဘူးလား ရေယိုနေလား ဆိုတာစစ်သင့်ပါတယ်နော် ပြီးတော့ တချို့ အိမ်လေးတွေက ဘေစင်က ရေစစ်ပါပြီးသားဆိုတော့ 💁♀️ရေကိုစစ်သောက်စရာမလိုပါဘူး တချို့ကတော့ ရေစစ်သက်သက်ဝယ်ရပါတယ်နော် ဥပမာ University ရဲ့ Accoommodationတွေမှာဆိုရင် ရေစစ်တဲ့ဗူးလေးသက်သက်ဝယ်သုံးရပါတယ် ☺️
(5) Damage Area ✅
ဒါလေးကတော့ ပထမအချက်နဲ့တူတူပါပဲ ဘယ်နေရာက Damageဖြစ်နေလဲဆိုတာ မနေခင် မှတ်တမ်းယူထားရင်ပိုကောင်းပါတယ်နော်💁♀️
(6) Gas Checking ✅
ဒါလေးကလဲအရေးကြီးတဲ့ထဲမှာပါပါတယ်နော် မီးဖိုချောင်မှာ Gas အလုပ်လုပ်လားမလုပ်ဘူးလားဆိုတာ စစ်သင့်ပါတယ်နော်💁♀️ Heater အလုပ်လုပ်မလုပ်ကလဲ Gas အလုပ်လုပ်ရင် Heaterလဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်🙆♀️
(7) Appliances ✅
🙆♀️ဒီနောက်ဆုံးအချက်လေးကတော့ Furnish အိမ်ဌားလေးတွေ ပိုသတိထားပြီးစစ်သင့်ပါတယ်နော် ဘာလေးတွေလဲဆိုတော့ 💁♀️(e.g. refrigerator, dishwasher, washing machine, drayer, chairs, tables, TV, Bed, etc.) ပေါ့နော်💁♀️ ဒါတွေကို Working condition ကောင်းလားမကောင်းဘူးလား မေးပါနော် တချို့ပစ္စည်းတွေကစစ်လို့ရတာတွေဆိုစစ်ကြည့်ပါ 💁♀️ (refrigerator, dishwasher, washing machine, drayer) ဒါတွေကစစ်ရနဲနဲခက်တော့လေ တခုခုအဆင်မပြေရင် lanloardကိုတော့ ပြောထားသင့်ပါတယ်နော် ဒါမှမဟုတ် recordလေးယူထားလဲမမှားပါဘူး 💁♀️
💁♀️ဒီအထက်ပါအချက်လေးတွေအဆင်ပြေပြီဆိုရင် အိမ်လေးကနေလို့အဆင်ပြေပါတယ်နော် တကယ်လို့ Damageတာတခုခုတွေ့ရင်လဲ lanloardကို ပြင်ဖို့ပြောလို့ရပါတယ် 💁♀️မောင်လေးညီမလေးတို့ကိုမှာချင်တာက တခုခုဆိုပြောဖို့မကြောက်ကြပါနဲ့နော် 🤷♀️
💁♀️ဒီအချက်လေးတွေက သူငယ်ချင်းတွေစုပြီးအိမ်ဌားတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် Flat တို့ studioတို့ဌားတာပဲဖြစ်ဖြစ် မင်မင်သိသလောက် စစ်သင့်တဲ့အချက်လေးတွေပါ 😍 Deposit ပြန်အမ်းတဲ့ချိန်လဲ တခုခုပျက်တာကိုယ့်ကြောင့်မဟုတ်ဘူးဆိုတာသက်သေပြလို့လဲရတာပေါ့နော် ဒါဆိုရင်တော့ Depositအပြည့်ပြန်ရပါတယ်😍
UKမှာရောက်နေကြတဲ့ မောင်လေးညီမလေးတို့လဲ experienceလေးတွေ ရှိရင်လဲ comment မှာ experience လေး share ပေးကြပါဦးနော်🙆♀️
ကဲ ဒီနေ့အတွက် Part 2 ကတော့ဒီလောက်ပါပဲ စာကနဲနဲရှည်သွားပါပြီ
နောက်နေ့ Part 3 ထပ်လာပါဦးမယ်😍
Acccommodation နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းချင်တာရှိရင် New Paradise Agent ကိုသာဆက်သွယ်လိုက်ပါရှင့်😍
လတ်တလော New Paradise မှာ ရနိုင်တဲ့ serviceတွေကတော့
- နေရာထိုင်ခင်းအိမ်ရှာပေးခြင်း
- စိတ်ချစွာ ငွေလဲလှယ်ပေးခြင်း
- လေယာဉ်လက်မှတ် ဈေးသက်သာစွာဝယ်ယူပေးခြင်း
ဈေးနှုန်းနဲ့ အသေးစိတ်အချက်အလက်ကိုတော့
page မှာ မေးမြန်းလို့ရပါတယ်ရှင့်
Contact Us:
☎️ Yangon Phone: 09764299520
☎️ UK Phone: 07543108206
📧 Email: [email protected]
Please Share, Like & Follow for more 😍
#လေယာဉ်လက်မှတ်
#