Green power on line shopping

Green power on line shopping Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Green power on line shopping, Shopping & retail, Pynursla.

20/08/2023

ချစ်မိတ်ဆွေအပေါင်း
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေရှင်

29/08/2022
18/04/2022

နှစ်သစ်မှာ
လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲ
ပါစေ

26/11/2021

ချစ်မိတ်ဆွေအပေါင်းကျန်းမာခြင်းသုခနှင့်ပြည်စုံနိုင်ကြပါစေ

13/08/2021

မြန်မာပြည်သူလူထု
အပေါင်း
ကပ်ကြီသုံးပါး၏ဘေးမှလွတ်ကင်းနိုင်ကြပါစေ

28/06/2020

Path of TIENS English version

အဆီဆိုတဲ့အဟာရဓါတ်********************ဖြည့်စွက်စားသုံပုံမှားယွင်းပါက*************************အဆီဟာလည်းအဆိပ်ဖြစ်**********...
27/06/2020

အဆီဆိုတဲ့အဟာရဓါတ်
********************
ဖြည့်စွက်စားသုံပုံမှားယွင်းပါက
*************************
အဆီဟာလည်းအဆိပ်ဖြစ်
*********************
အဆီဆိုတဲ့အဟာရဓါတ်မှာဆီနှ့င့်အဆီ
နှစ်မျိုးလုံးပါဝင်ပါတယ်
ဆီကတော့ဟင်းသီဟင်းရွက်အစေ့အဆန်
ကောက်နှံတွေကထွက်ရှိပြီး Oil ဟုသုံးပြီး
တိရိစ္ဆာန်ကထွက်ရှိဒါကတော့အဆီဖြစ်ပြီး
Fatဟုသုံးပါတယ်၊
လူ့ခန္ဒာကိုယ်တွင်းရှိသွေးထဲ့ကအဆီကိုတော့
Lipid ဟုသုံးကြပါတယ်၊

လူတွေရဲ့နေ့စဥ်လိုအပ်တဲ့အဟာရပြည့်စုံလုံလောက်မျှတဘို့ဆိုလျှင်ဆီ နှင့်အဆီဓာတ်
ပါမှပြည့်စုံပါတယ်၊
ဆီနှင့်အဆီ စားသုံးခြင်းဖြင့်ခန္ဒာအတွက်စွမ်းအင်ကိုရရှိစေပါတယ်၊
ဆီနှင့်အဆီဟာ ကာဗိုဟိုက်ဒြိတ်၊ပရိုတင်းတို့ထက် စွမ်းအင်၂ ဆပိုပေးနိုင်တဲ့အတွက်
စွမ်းအင်တန်ဘိုး အမြင့်မားဆုံးအဟာရဖြစ်ပါတယ်၊သွေးထဲမှာအဆီဓာတ်အနည်းငယ်ရှိပါမှ
ဗီတာမင် သတ္တုဓာတ်နင့်ဟော်မုန်းတွေကိုတစ်နေရာမှတစ်နေရာသို့ပို့ဆောင်နိုင်မှာဖြစ်ပါတယ်၊အူလမ်းကြောင်းမှာအပင်ထွက်အစားစာထဲကတန်ဘိုးရှိတဲ့ဓါတ်ဖြစ်တဲ့ phytochemical တွေကိုစုတ်ယူရာတွင်ဆီ
နှင့်အဆီအနည်းငယ်ရှိဘို့လိုအပ်ပါတယ်၊
ဆီနှင်အဆီဓာတ်ဟာ ခန္ဒာကိုယ်ထဲမှာ ဦးနှောက်၊အသည်း၊သွေး၊ကြွက်သားတစ်ရှုးတွေကြားနင်ွအရေပြားအောက်မှာရှိကြပါတယ်၊
အဆီဟာခန္ဒာအတွင်းမှာလိုအပ်ဒါနဲ့ပိုရှိနေခဲ့မယ်ဆိုလျှင်၊ကျန်မာရေးကိုထိခိုက်စေရုံသာမက ရောဂါရပြီအသက်တိုစေနိုင်သကဲ့သို့
အဆီလုံလောက်စွာမရှိပါကလည်းအသားအရည်မလှမပ ဆံပင်မွဲခြောက်အိုရုပ်ပေါက်၊
ဦးနှောက်ချို့ယွင်းတဲ့ကျန်းမာရေးပြဿနာနှင့်
ကြုံတွေနိုင်ပါတယ်၊
အဆီအဟာရကြောင့်ရောဂါရခြင်းအကြောင်းရင်းဟာ

စားသုံမှုပုံစံမှားယွင်းခြင်းဟာအဓိကကျပါတယ်၊ခန္ဒာကိုယ်ကိုအကျိုးပြုသောအဆီနှင့်
အကျိုးမပြုသောအဆီ၊ကို မှန်ကန်စွာရွေးချယ်စာသုံးဘို့လိုအပ်ပါတယ်၊
ကျန်းမာရေးကိုမထိခိုက်စေသော
နည်းလမ်းများဖြင့်စနစ်တစ်ကျချက်ပြုတ်စားတတ်ဘို့လည်းလိုပါတယ်၊ဆီထဲမှာသင့်တင့်တဲ့အဆီအက်ဆစ်အချို့ပါဝင်နေမှသာစားသုံးရန်သင့်တော်ပြီး အဆီအက်ဆစ်များစွာပါဝင်တဲ့
အက်စစ်ကိန်းမြင့်တဲ့အဆီတွေကိုကိုတော့လူတွေစားသုံးရန်မသင့်ပါ၊
ဆီတွေမှာပြည့်ဝဆီနှင်ွမပြည့်ဝဆီဟု ၂ မျိုးကွဲပြားလျက်တွေ့ရပြီး ၊ပြည့်ဝဆီက သာမန်အပူချိန်မှာခဲနေပြီး၊မပြည့်ဝဆီကအရည်အဖြစ်ဘဲတည်ရှိပါတယ်၊
ကျန်းမာရေးအရ ပြည်ဝဆီရဲ့ခဲနေတဲ့သဘာကြောင့်စားမိလျှင်သွေးကြောတွေ ပိတ်ဆိုမှု
ကျဥ်းမြောင်းမှုတွေဖြစ်နိုင်လို့မစားသုံးသင့်ပေ၊မပြည်ဝဆီကမခဲနိုင်တဲ့အတွက်သွေးကြောမပိတ်နိုင်၍စားသုံးသင့်ပါတယ်၊
တိရိစ္ဆာန်အဆီများ ထောပတ်နှင့်အသီးအရွက်ဆီတွေထဲကအုန်းဆီတို့ဟာ ပြည်ဝဆီတွေဖြစ်ကြပြီး အသီးအရွက်ကရတဲ့ ပဲဆီ နှမ်းးဆီ သံလွင်ဆီ နေကြာဆီ ပဲပိစပ်ဆီ ပဲပုပ်ဆီတို့ဟာမပြည့်ဝဆီဖြစ်ကြပြီး ၊ ရေသတ္တဝါကရတဲ့အဆီဖြစ်တဲ့ငါးကြီးဆီတွေမှာ လူကိုအကျိုးပြုသော အိုမီဂါ(3) ဖက်တီးအက်ဆစ်များစွာပါဝင်။သောကြောင့်း ငါကြီးဆီဆေးလုံးလေးတွေသောက်သုံးသင့်ပါတယ်၊
ရေသတ္တဝါက၊ခန္ဒာကိုယ်အပူချိန်နိမ့်တဲ့သွေးအေးသတ္တဝါ၊လူက ရေသတ္တဝါထက်
ခန္ဒာအပူချိန်မြင့်တဲ့သွေးနွေးသတ္တဝါ၊
တိရိစ္ဆာန်ကလူခန္ဒာအပူချိန်လူထက်မြင့်ပါတယ်၊
ရေသတ္တဝါရဲ့အဆီကလူရဲ့သွေးထဲမှာပျော်ဝင်၍သွေးလည်ပတ်မှုကောင်းစေပြီး၊တိရိစ္ဆာန်အဆီကတော့လူရဲ့သွေးထဲရောက်လာတဲ့အခါသွေးကြောထဲမှာအေးခဲပိတ်ဆို့စေသောကြောင့် မစားသင့်ပါ၊
လူတွေမှာအသက်၄၀ လောက်ရောက်လာလျှင်သွေးကအနည်ထိုင်စပြုလာပြီး၊ကိုယ်အပူချိန်ကလည်းနိမ့်လာပါတယ်၊ကိုယ်လက်လှုပ်ရှာမှုလည်း နည်းမယ်ဆိုလျင်
ပြည်ဝဆီကိုပိုပြီးမစားသင့်တော့ပါ၊
မပြည်ဝဆီကိုဆီခဲအဖြစ်လုပ်၍စားသုံးခြင်း၊
လိုအပ်သည်ထက်ပိုပြီးစားသုံးခြင်း၊မပြုလုပ်သင့်ပါ၊
အကောင်းစားဆီကိုစားသုံးပါသော်လည်းဆီကို
မီးပြင်တိုက်ပြီးချက်ပြုတ်လျှင်မူလဆီမှအသွင်ပြောင်းဆီအဖြစ်သိုပြောင်းသွာပြီး ၊သွေးထဲမှာမကောင်းတဲ့ L.D.L.မြင့်တက်စေပြီး၊
ကောင်းတဲ့ H.D.L.လျော့ကျစေပါတယ်၊
သွေးကြောအတွင်းပိုင်းတစ်ရှုးများကိုပျက်စီးစေခြင်း သွေးကြောများကိုကျုံ့စေခြင်း၊ကျဥ်းစေခြင်း၊ပိတ်စေခြင်း၊ကျိုးစေခြင်း၊ပေါက်စေခြင်း၊ခန္ဒာအတွင်းပိုင်းကိုရောင်ကိုင်းစေခြင်း၊တို့ကြောင့် နှစ်လုံးသွေးကြော ရောဂါအမျိုးမျိုး၊ဆီးချို၊သွေးတိုး၊အသည်းရောဂါ၊ကျောက်ကပ်ရောဂါ၊ကင်ဆာရောဂါအမျိုးမျိုးကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်၊မာဂျရင်း၊အသွင်ပြောင်းဆီ၊ဓါတုဆီ၊ဆီကြော်စာများကိုရှောင်နိုင်လေကောင်းလေပါဘဲ၊အဆီပိုတွေကြောင့်ရောဂါတွေမရောက်လာခင်၊
ခန္ဒာကိုယ်တွင်းမှာရှိနေတဲ့အဆိပ်နှင့်​​တူသည့်အဆီတွေကိုဖယ်ရှားရှင်းလင်းခြင်း၊နှင့်နောက်ထပ်မဝင်လာအောင်၊တားဆီးရန်အတွက် မှန်ကန်တဲ့ ဆီစားသုံးမှုစနစ်ကိုကျင့်သုံး ၍၎င်း အဆီပိုတွေကိုဖယ်ရှားနိုင်တဲ့ အစာ နှင့်အဟာရဖြည့်စွက်စာများကိုစားသုံးခြင်းနှင့်
ကိုယ်လက်လှုပ်ရှားမှုထပ်လောင်းပေါင်းစပ်၍
လက်တွေကျင့်သုံးပါက၊ရခဲလှတဲ့လူ့ဘဝမှာ
ပေါ့ပါးသွက်လက် ၊အဆီပိုမရှိ၊smarts ကျ
သောကိုယ်ခန္ဒာနှင့်ကျန်းမာပျော်ရွှင်သောဘဝ
ကိုရရှိကြမှာမလွဲအမှန်ဖြစ်ပါတယ်။

နေ့စဥ်စားတဲအစာတကယ်ဘဲ************************အဟာရဖြစ်ပါသလား******************အဟာရသည် လူ သတ္တဝါ အပင်တို့ရဲ့အသက်ပါ ၊အဟာရမရှ...
15/06/2020

နေ့စဥ်စားတဲအစာတကယ်ဘဲ
************************
အဟာရဖြစ်ပါသလား
******************

အဟာရသည် လူ သတ္တဝါ အပင်တို့ရဲ့အသက်ပါ ၊အဟာရမရှိလျင် မည်သည့်သက်
ရှိမှအသက်မရှင်နိုင်ပါ၊
စားလိုရတဲ့အရာမှန်သမျှအစာဖြစ်ပါတယ်၊
အစာတိုင်းအဟာရမဟုပ်ပါ
ကွဲပြားစွာသိထားမည်ဖြစ်ပါတယ်
အဟာရဆိုဒါ ၊ စားတဲ့အစာဟာ ခန္ဒာအတွက်
လိုအပ်တဲ့စွမ်းအင်ကိုထုတ်ပေးနိုင်ခြင်း၊
ကြီးထွားမှုအတွက်အထောက်ကူပြုနိုင်ခြင်း
ပျက်စီးသွားတဲ့ရုပ်ဝတ္တုတွေကိုအစားထိုးပေးနိုင်ခြင်း၊
ခန္ဒာကိုယ်ရဲ့ဆောင်ရွက်ချက်တွေကိုအပိုအလိုမရှိအောင်ထီမ်းချုပ်ပေးနိုင်ခြင်း၊
လိုအပ်တဲ့ စွမ်းအင်၊အင်အားဓာတ်ကိုပေးနိုင်ခြင်း၊
ရောဂါများကိုတိုက်ဖျက်ပေးနိုင်ခြင်း၊
ဓါတ်ကြီး ၄ ပါးကိုညီညွတ်မျှတအောင်​လုပ်ပေးနိုင်ခြင်းဆိုတဲ့အရည်သွေးရှိတဲ့အစာမှသာ
အဟာရ ဟုသတ်မှတ်၍ရပါမည်၊
လူတွေအတွက်နေစဉ်လိုအပ်တဲအဟာရအုပ်စု
(၇)မျိုးရှိပါတယ်
၁။ကာဗိုဟိုက်ဒရိတ်
၂။ပရိုတင်း
၃။ဆီ
၄။ဗီတာမင်များ
၅။သတ္တုဓာတ်များ
၆။အမျှင်ဓာတ်း
၇။ရေ တို့ဖြစ်ပါတယ်
လူတွေမှာ
သက်ရှည်ကျန်းမာ၊နုပျိုလှပ၊သန်စွမ်းဖြတ်လတ်ဘို့အတွက် နေ့စဥ်အချိန်နင့်တပြေးညီလိုအပ်ချက်ကို လုံလောက်မျှတဘို့အတွက်ဖြည့်ဆီးပေးရန်လိုအပ်ပါတယ်၊
များများစားတိုင်းလည်းအဟာရမဖြစ်ပါ၊
စားတတ်လျှင်နည်းနည်းစားလည်းအဟာရဖြစ်ပါတယ် ၊လိုအပ်ဒါထက်ပိုပြီးစားလျင် ကိုယ်တွင်းကလီစာတွေပိုပြီးပင်ပန်းထိခိုက်စေပါတယ်၊ကလီဇာတွေစွမ်းရည့်ကျ ပျက်စီးစေပါတယ်၊
အားအင်ပြည့်ဖြိုး၊ညာဏ်ရည်တိုးဘို့
ကြီးထွားဖွံဖြိုဘို့လို့အပ်တဲ့အရွယ်တွေမှာအဟာရပြည်စုံစွာစားနိုင်ဘို့ဂရုစိုက်ရပါမယ်
ကြီးထွားဖွံ့ဖြိုးမလိုအပ်တောတဲ့သက်ကြီးပိုင်းတွေမှာတော့၊အဆီ ၊ပရိုတင်း၊ကာဗိုဟိုကဒရိတ်တို့ကို​လျှော့စားပြီး၊ရောဂါကိုကာကွယ်ပေးတဲ့ဗီတာမင် သတ္တုဓာတ်နှင့်အမျှင်ဆိုတဲ့သက်စောင့်ဓါတ်တွေကိုပိုပြီးဖြည့်စွက့်ပေးရမှာဖြစ်ပါတယ်
အဟာရဟာကိုယ်ခံအားစနစ်ရဲ့ကုန်ကြမ်းပါ
ကိုယ်ခန္ဒာရဲ့အဟောင်းပျက်အသစ်ပြင်
အစားထိုးဖြစ်စဥ်မှာမပါလို့မရပါ၊
အဟာရသည်
ကိုယ်ခန္ဒာရဲ့အသေးဆုံးယူနစ်ဖြစ်တဲ့ Cellတွေ
ရဲ့ နျူကလိယားအထိဝင်ရောက်ပြုပြင်ပေးပါ
တယ်
ရောဂါတွေကိုပြန်လည်ခုခံဘို့အတွက် ကိုယ်ခံအားစနစ်ထဲက​သွေးဖြူဉတွေက အဓိကလုပ်ဆောင်ရပါတယ်၊သွေးဖြူဥတွေရဲ့လိုအပ်တဲ့အားကို ကိုယ်တွင်းအင်ဂါတွေရဲ့အားကိုယူသုံးရပါတယ်၊ ကိုယ်တွင်ကလီဇာတွေကိုအဟာရနဲ့အားဖြည့်နိုင်မှ သွေးဥနီတွေစွမ်းရည်မြင့်မားပြီးခုခံအားစနစ်မြင့်မားနိုင်ပါမယ်၊သွေးဖြူဥတွေအဟာရဓာတ်ကိုဘဲအသုံးပြုပြီး
ခန္ဒာတွင်းပျက်စီးတဲ့နေရာတွေကိုအကောင်းတိုင်းဖြစ်အောင်ပြန်လုပ်ပေးနိုင်ပါတယ်၊
အဟာရပြည့်ဝလုံလောက်မျှတနေမယ် ဆိုလျင် ကလပ်စည့်းစွမ်းအင်ပြည့်ဝပြီး ကလီဇာလုပ်ဆောင်ချက်မြင့်မားလာဒါနှင့်အမျှ ဇီဝကမ္မဖြစ်စဉ်ကောင်းပြီး ရောဂါတွေကာကွယ်နိုင်ပါပြီ၊
အရသာခံစားမှုနောက်လိုက်ပြီးဘေးဖြစ်စေတဲ့
အစာတွေကိုစားခြင်းကြောင့် ရောဂါရ ကြ
စက္ကန့်တိုင်းမှာ အိုနှုန်းမြင့်နေကြတော့
သန်စွမ်းဖြတ်လတ်မှုလည်းမရှိနိုင်တော့ပါ
လွဲမှားတဲ့အစားအစာတွေကိုအချိန်ကာလကြာ
မြင့်စွာစားလာတဲ့ရလာဒ်က ရောဂါတွေများ စွာရလာမယ်၊မဆင်မချင်စားခဲ့သမျှ ရလာတဲ့ရောဂါကြောင့် အစားရှောင်နေရပြီး ဆေးတွေကိုအစာလိုစားနေရတဲ့ဘဝကိုရောက်ကြပါလေရော၊ ဓာတုဆေးတွေရဲ့ဘေးထွက်ဆိုးကျိုး
ကြောင့် နောက်ဆက်တွဲရောဂါတွေထပ်ပြီးရပြီး ၊ဘဝအရည်သွေကျပြီးအသက်ရှည်နေရတဲ့ဘဝ အဆုံးသတ်လည်းမကောင်းတော့ပါ၊
ရောဂါရမှဆေးကုဒါက ၊အကျိုးတရားကိုကုဒါပါ တကယ့်အကြာင်းရင်းက. အဟာရပြည်စုံ လုံလောက်မျှတအောင်မစားခဲ့ဒါ အရင်းမြစ်ဖြစ်ပါတယ်
ဆေးသည်လူတို့ရဲ့ကျန်းမာရေးကိုပြုပြင်နိုင်သော်လည်း အဟာရအဖြစ်အသုံးမပြုနိုင်ပါ
အဟာရကတော ဆေးဘက်ဝင်ပါတယ်
စားတဲ့အဟာရသဘာဝဖြစ်ဘို့တော့လိုပါတယ့်အစာလည်းအဆိပ် အဆိပ်လည်းအစားဖြစ်နေတဲ့ခေတ်မှာ ဗဟုသုတ အသိညဏ်နဲ့မှန်ကန်စွာရွေးခြယ်စာသုံးဘို့တော့လိုပါတယ်မှန်ကန်တဲ့အဟာရက. ရောဂါတွေကိုဖြစ်ခွင့်မပေးပါဘူး၊ ပုံမှန်စားသုံးလို့မလုံလောက်တဲ့အခြေနေမှာ သဘာဝအရင်းအမြစ် ကုန်ကြမ်းတွေကိုခေတ်မှီနည်းပညာနှင့်ထုတ်လုပ်ထားသော ဆိုးကျိုးမရှိလုံခြုံစိတ်ရတဲ့ သဘာဝအဟာရဖြည့်စွက်စာတွေကိုစားသုံးခြင်းဖြင့်
ကျန်းမာရေးကိုအဆင့်မြှင့်နိုင်ပါတယ်။
ချစ်မိတ်ဆွေများအားလုံးအဆင့်မြင့်ကျန်း
မာရေးကိုပိုင်ဆိုင်နိုင်ကြပါစေ

ရှုနေရတဲ့လေအဆိပ်ပျယ်စေဘို့..............................................စဥ်ဆက်မပြတ်ရှုနေရတဲ့လေဟာ အသက်ရှင်ဘို့သာမက ကျန်းမ...
10/06/2020

ရှုနေရတဲ့လေအဆိပ်ပျယ်စေဘို့..............................................

စဥ်ဆက်မပြတ်ရှုနေရတဲ့လေဟာ အသက်ရှင်ဘို့သာမက ကျန်းမာရေးကောင်းဘို့အတွက်အတွက် လေကောင်းလေသန့်ဖြစ်ဘို့အထူး
အရေးကြီပါတယ်
ယနေ့ခေတ်မှာလေကောင်းလေသန့်ကိုအချိန်
နေ​ရာမရွေးအမြဲတမ်းရနိုင်ဘို့မလွယ်ပါ၊
ပတ်ဝန်းကျင်လေထုထဲမှာ
လေထုညစ်ညမ်းမှုသိပ်သည်းဆပိုပြီးများလာ
သောကြောင့်လေထုထဲမှာ၊
အဆိပ်ရှိတဲ့မှိုအမှုန်တွေ ၊ကာဗွန်ဒိုင်အောက်ဆိုဒ် ကာဗွန်မိုနောက်ဆိုဒ်တွေ ဘက်တီးရီယားနှင့်ဗိုင်းရပ်ပိုးတွေ နေရာယူပြန့်နှံလာမှုများလာပါတယ် အောကိစီဂျင်ပါဝင်မှုနှုန်းလည်းမပြည်ဝတော့ပါ၊
လေထုညစ်ညမ်းမှုဟာသဘာဝအလျောက်ဖြစ်
ဒါအလွန်နည်းပါတယ်
စက်ရုံအလုပ်ရုံမျိုးစုံကလာတဲ့အငွေ့တွေ၊လောင်စာလွမ်းကျွမ်းမှု၊ကျောက်မီးသွေးအသုံး
ပြုမှုအမှိုက်မီးရှို့မှုတွေကထွက်ရှိတဲ့့ Dioxionအဆိပ်တွေအိမ်သာအနံ့ မြောင်းပုတ်နံ့ ခြင်ဆေးခွေ အမွေးတိုင်နှင့်ဆေးလိပ်မီးခိုးနံ့ အိမ်တွင်းသန့်ရှင်းရေသုံပစ္စည်းမျိုးစုံရဲ့camicalကနေထွတ်တဲ့အဆိပ်ငွေ့၊လှောင်ပိတ်စိုထိုင်းနေတဲ့ပစ္စည်းမျိုးစုံရဲ့မှိုနံ့ စွန့်ပစ်ပစ္စည်း ၊သာငါးစျေးကထွက်တဲ့အနုဇီဝပိုးတွေအားလုံးဟာလူတွေကိုအဆိပ်သင့်စေတဲ့အရာတွေကြီးပါဘဲ ၊
ထိုများစွာသောအဆိပ်တွေဟာလေထုထဲကတဆင့်လူနှင့်တိရိစ္ဆာန်တို့ရဲ့ခန္ဒာကိုယ်ထဲကိုရောက်ပါတယ် အဆိပ်တွေဟာအဆုပ်မှာအရင်ဆုံးစုပုံပါတယ် ထိုမှတဆင့်ဆံချည်မျှင်သွေးကြောနှင့်Cellတွေအားလုံးကိုပျံ့နှံ့သွားပါတယ်၊
၎င်းပျံနံမှုကနေ အသက်ရှုလမ်း​ကြောင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ နာတာရှည်ချောင်းဆိုး၊ရင်ကျပ်ပန်းနာ၊အသက်ရှုကျပ်ခြင်း၊ နှာခေါင်းနှင့်ပတ်သက်သောရောဂါ၊
နှာပိတ်နှာစေးနှာရည်ယိုခြင်း ဆိုင်းနပ်စ်ရောဂါတွေကိုဖြစ်ပေါ်စေရုံသာမက
နှစ်ကြာလာဒါနှင့်အမျှနောက်ဆက်တွဲရောဂါ
တွေဖြစ်တဲ့နှစ်လုံး heart attack၊လေဖြတ်ခြင်း သိုင်းရွိုက်နဲ့ဆိုင်တဲ့ရောဂါဖြစ်ခြင်း ကင်ဆာ ၊ကိုယ်ခံအားကျ၊မျက်စိအမြင်ထိခိုက်ခြင်း၊တိုကိုပါခံစားရးကြပါမယ်၊
လေထုညစ်ညမ်းမှုကိုလုံးဝလွတ်ကင်းဘို့မလွယ်ပါ၊
ကိုယ်ခန္ဒာအတွင်းအဆိပ်တွေကိူရှင်းထုတ်ဘို့ဆေးမပေါ်သေးပါ
လွှဲရှောင်မရတဲ့အဆိပ်တွေကို
မိမိဟာမိမိကာကွယ်ထားတားဆီးဘို့လိုအပ်ပါတယ်၊
အောက်စီဂျင်ပေါကြွယ်ဝတဲ့ ပင်လယ်ကမ်းခြေ ၊သစ်ပင်ထူထပ်တဲ့နေရာ၊
သဘာဝဝန်းကျင်ကောင်းမှာနေထိုင်နိုင်ရင်တော့အကောင်းဆုံးပါ
နေထိုင်တဲ့အခြေအနေမရှိရင့်တော့
ကလိုရိုဖီးလ်ဓါတ်ပါဝင်များတဲ့အစိမ်းရောင်အသီးအရွက်တွေက်တွေကိုနေ့စဥ်စားသုံးပေးခြင်းဖြင့် အဆိပ်အတောက်တွေကိုဖယ်ရှား၊ပစ်ရပါမယ်၊အသီးအရွက်တွေသည်သဘာဝ
စစ် စစ် Oranicဖြစ်ရပါမယ်၊
သဘာဝအသီးအရွက်လွယ်ကူစွာမရနိုင်ပါက
သဘာဝအသီးအရွက်တွေကို ​ခေတ်မှီသဘာဝနည်းပညာဖြင့်ထုတ်လုပ်ထားသော စိမ်းပြာရေညှိကဲ့သို့သဘာဝအဟာရဖြည့်စွက်စာတွေကိုအလွယ်တစ်ကူမှီဝဲသုံးစွဲ၍ရနိုင်ပါတယ်၊
ရောဂါတွေရလာမှကုသဒါထက်စာရင်၊
မိမိရဲ့ကျန်မာရေးကို သဘာဝနည်းလမ်းတွေနဲ့ကာကွယ်စောင့်ရှောက်ခြင်းဟာ ကောင်းမွန်
သောအခြေခံကျန်းမာရေးစနစ်ဘဲဖြစ်ပါတယ်
ချစ်မိတ်ဆွေများအားလုံလက်တွေ့အကောင်
ထည်ဖေါ်ဆောင်ရွက်နိုင်ခြင်းဖြင့်ကျန်းမာသုခရကြပါစေ။

#.CRD

သဘာဝနှင့်နေအသက်ရှည်
02/06/2020

သဘာဝနှင့်နေအသက်ရှည်

Address

Pynursla
793110

Website

Alerts

Be the first to know and let us send you an email when Green power on line shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share