Myanmar Hobby Shop
Myanmar Hobby Shop Myanmar Hobby Shop
ခေတ်သစ် ကြိတ်စက်(စံနစ်ယန္တရား)ကြီးမှ ထွက်ပြေးခြင်းFIREနောက်ကို လိုက်နေသူတွေဟာ လှပတဲ့အိပ်မက်တွေဆီကို ပြေးလွှားနေကြသလိုပဲ၊...
18/08/2025
ခေတ်သစ် ကြိတ်စက်(စံနစ်ယန္တရား)ကြီးမှ ထွက်ပြေးခြင်း
FIREနောက်ကို လိုက်နေသူတွေဟာ လှပတဲ့အိပ်မက်တွေဆီကို ပြေးလွှားနေကြသလိုပဲ၊
သူတို့ကို တွန်းထုတ်နေတဲ့ နာကျင်စရာ၊ စိတ်ပျက်စရာ လက်ရှိဘဝတွေဆီကနေလည်း ထွက်ပြေးနေကြတာပါ။
"တစ်ခုခုဆီသို့" ပြေးခြင်းထက် "တစ်ခုခုမှ" ထွက်ပြေးခြင်းလိုဆိုရင် ပိုမှန်ပါလိမ့်မယ်။
FIRE လို့ကြားလိုက်တာနဲ့ လူအများစုက ဒါဟာ ပျင်းရိချင်လို့၊ အလုပ်မလုပ်ချင်လို့ ပိုက်ဆံတွေအများကြီးစုပြီး အေးအေးဆေးဆေး နေထိုင်ဖို့ကြိုးစားတဲ့ နည်းလမ်းတစ်ခုလို့ အပေါ်ယံရှုမြင်တတ်ကြပါတယ်။
အမှန်တကယ်တော့ အဲဒါထက်ပိုမိုနက်ရှိုင်းပါတယ်။
"ဘာလဲFIRE?" ဆိုတဲ့ မေးခွန်းကို တူးဆွကြည့်လိုက်တဲ့အခါမှာ၊ ဒါဟာ ငွေကြေးသက်သက်မဟုတ်ပဲ၊ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ အောင်မြင်မှု၊ ကြွယ်ဝမှုနဲ့ ပျော်ရွှင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အခြေခံကျကျပြန်လည်မေးခွန်းထုတ်နေတဲ့ တော်လှန်ရေးအတွေးအခေါ်တစ်ခု ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။
FIREလှုပ်ရှားမှုရဲ့ အဓိကကျတဲ့အချက်က "အလုပ်မှစောစီးစွာအနားယူခြင်း" (Retire Early) ဆိုတာ အလုပ်လုံးဝမလုပ်တော့ဘဲ ထိုင်စားဖို့မဟုတ်ပါဘူး။ လူအများစုအတွက် ဒါဟာ "ဝင်ငွေကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ကိုယ်တကယ်မြတ်နိုးတဲ့အလုပ်ကို လုပ်ပိုင်ခွင့်ရှိခြင်း" ဆိုတဲ့ ရွေးချယ်မှုရှိတဲ့ဘဝကိုပုံဖော်ခြင်းပါပဲ။ FIRE ဆိုတာ ငွေစုစာရင်းတစ်ခုထက် အများကြီးပိုပါတယ်၊ လူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံးနဲ့ ပြန်လည်ဖြည့်တင်းလို့မရတဲ့ အရာဖြစ်တဲ့ "အချိန်"ကို ပြန်လည်ရယူပိုင်ဆိုင်ဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း နားလည်လာကြမှာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုရဲ့ လူကြိုက်များလာမှုဟာ အထူးသဖြင့် လူငယ်မျိုးဆက်တွေကြားမှာ တန်ဖိုးထားမှုတွေ ပြောင်းလဲလာခြင်းရဲ့ ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့မျိုးဆက်တွေရဲ့ "အလုပ်အတွက် အသက်ရှင်ခြင်း" (live to work) ဆိုတဲ့ အတွေးအခေါ်ကို ငြင်းပယ်ပြီး "အသက်ရှင်သန်ဖို့အတွက် အလုပ်လုပ်ခြင်း" (work to live) ဆိုတဲ့ အတွေးအခေါ်ကို လက်ခံလာကြတာပါ။
ဒါဟာ အသက် ၆၅ နှစ်မှာ ပင်စင်ယူဖို့အတွက် အနှစ် ၄၀ ကျော်အလုပ်လုပ်ရမယ်ဆိုတဲ့ အရိုးစွဲလည်ပတ်နေခဲ့တဲ့ စံနစ်ယန္တရားပုံစံခွက်ငယ်ထဲကလူ့ဘဝကို ငြီးငွေ့လာခြင်းရဲ့ နောက်ဆက်တွဲတစ်ခုလည်း ဖြစ်ပါတယ်။
FIRE ဆိုတာ ဒီပုံစံခွက်စံနစ်ယန္တရားထဲက ရုန်းထွက်ပြီး ကိုယ်ပိုင်တန်ဖိုးဖြစ်တဲ့ "အချိန်"ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်မှုတွေအပေါ် အခြေခံတဲ့ဘဝသစ်တစ်ခုကိုတည်ဆောက်ဖို့ ကြိုးစားတဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။
(Burnout ကပ်ရောဂါ)
"ကျွန်တော် ဆယ်စုနှစ်တစ်ခုကြာအောင် တစ်ပတ်ကို နာရီ ၆၀ အလုပ်လုပ်ခဲ့တယ်။
ကျွန်တော့်မှာ နာတာရှည် စိတ်ဖိစီးမှုရောဂါရှိနေပြီ၊ မိသားစုကိုတောင် မတွေ့ရသလောက်ပဲ၊
တနင်္လာနေ့ကို ကြောက်တဲ့စိတ်က သောကြာနေ့ညနေကတည်းက စနေပြီ။
ကျွန်တော် FIREကိုလိုက်နေတာ အလုပ်ကိုမုန်းလို့မဟုတ်ဘူး၊ ဒီလိုအလုပ်မျိုးကို မုန်းလို့။
ကျွန်တော် အားကုန်ပြေးလွှားနေရတာ၊ FIREက ပန်းဝင်မျဉ်းပဲ။"
ဒီစကားတွေဟာ အလုပ်ကြောင့် (Burned-Out)စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်နေတဲ့ ပညာရှင်တစ်ယောက်ရဲ့ ရင်ဖွင့်သံပါ။
ခေတ်သစ်အလုပ်ခွင်တွေမှာ Burnoutဟာ ကပ်ရောဂါတစ်ခုလို ပျံ့နှံ့နေပါတယ်။
အသက် ၂၈နှစ်အရွယ် သုတေသီတစ်ဦးက သူ့ရဲ့တွန်းအားကို "တနင်္ဂနွေညရဲ့ ကြောက်စိတ်ကနေ လွတ်မြောက်ဖို့" လို့ ဆိုပါတယ်။
အသက် ၃၁နှစ်အရွယ် သူနာပြုတစ်ဦးကတော့ "ကျွန်မအလုပ်က ကျွန်မကျန်းမာရေးကို ဖျက်ဆီးခဲ့တယ်၊ အဲဒါကို ပြန်လိုချင်တယ်"လို့ နာနာကျင်ကျင်ပြောပါတယ်။
အသက် ၃၄နှစ်အရွယ် အထူးကြပ်မတ်ကုသဆောင် (ICU) သူနာပြုတစ်ဦးကလည်း "ကျွန်မတစ်ခါ Burnout ဖြစ်ခဲ့ဖူးတယ်၊ နောက်တစ်ခါ ဘယ်တော့မှအဖြစ်မခံတော့ဘူး" လို့ ခိုင်မာစွာဆိုပါတယ်။
အလားတူပဲ အသက် ၄၄နှစ်အရွယ် ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးက" လစာများပြီး စိတ်ဖိစီးမှုများတဲ့အလုပ်ကို စိတ်ကျန်းမာရေးအတွက်စွန့်လွှတ်ခဲ့ပြီ" လို့ ပြောပါတယ်။
ဒီသက်သေခံချက်တွေက လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ပျော်ရွှင်မှုကိုစတေးပြီး အောင်မြင်မှုကိုတိုင်းတာတဲ့ ခေတ်သစ်အလုပ်ယဉ်ကျေးမှုရဲ့ အမှားကို ထောက်ပြနေပါတယ်။
(ဆက်ရန်...)
ပူလောင်မှုတွေကိုကျော်လွန်ပြီး ငြိမ်းအေးတဲ့ဘဝကို ဖန်တီးနိုင်ကြပါစေ...
MHS (Myanmar Hobby Shop)
ဒီည၈နာရီဆိုSuper Saleစတော့မယ်နော်ဒီTNF‌ကျောပိုးအိတ်လေးက ထက်ဝက်ဈေးနဲ့ Rakutenမှာ ဈေးအသက်သာဆုံးဆိုတော့ဒီည၁၂အထိ မအိပ်ပဲစောင...
04/09/2023
ဒီည၈နာရီဆိုSuper Saleစတော့မယ်နော်
ဒီTNF‌ကျောပိုးအိတ်လေးက ထက်ဝက်ဈေးနဲ့ Rakutenမှာ ဈေးအသက်သာဆုံးဆိုတော့
ဒီည၁၂အထိ မအိပ်ပဲစောင့်ဝယ်ရမလားပဲ🤔
Link👉 https://room.rakuten.co.jp/room_5ffc3072db/1700217093867607
၁လ¥1,000တည်းနဲ့ Cloud Hosting websiteကို ရယူနိုင်မယ့်အခွင့်အရေး(ဦးရာလူ ၁၀ဦးသီးသန့်) Cloud Hosting (Unlimited Cloud Stora...
11/11/2022
၁လ¥1,000တည်းနဲ့ Cloud Hosting websiteကို ရယူနိုင်မယ့်အခွင့်အရေး
(ဦးရာလူ ၁၀ဦးသီးသန့်)
Cloud Hosting (Unlimited Cloud Storage + Unlimited Bandwidth + Domain name) Wordpress website plan 👇
https://royaltyfree.website/cloud-hosting/
Cloud hostingဆိုတာဘာလဲ?
Cloud hostingဆိုတာ Serverခွဲတွေနဲ့ တပြိုင်နက်တည်းချိတ်ဆက်ထားတဲ့အတွက်၊ Severတခုက ကျခဲ့ရင်တောင် ကျန်တဲ့ Serverတွေနဲ့ ဆက်Runနိုင်တဲ့အတွက် ၃၆၅ရက် ၁နှစ်ပတ်လုံး နှေးသွားခြင်း ကျသွားခြင်းမရှိပဲ Runနိုင်တဲ့အချက်က သာမာန် Hosting serverတွေထက်သာလွန်တဲ့အချက်ပါပဲ၊
ယခု Cloud Hosting planအားလုံးဟာ Unlimited Cloud Storageနဲ့ Unlimited Bandwidth ဖြစ်တဲ့အတွက် သင့်ရဲ့Websiteကို စိုးရိမ်ပူပင်စရာအလျင်းမရှိပဲ စိတ်ကြိုက်ပုံဖော်နိုင်စွမ်းရရှိမှာဖြစ်ပြီး၊ Planအားလုံးဟာ WordPress websiteအတွက်ဖြစ်ပါတယ်။
အခြားသိရှိလိုသောအချက်အလက်များကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျ။
Email : [email protected]
Nikon F mount 35mm f1.8G DX lens ကိုပြန်ရောင်းချင်ပါတယ်၊ ၂၀၁၉ခုနှစ် ၇လပိုင်း ၁၀ရက်နေ့ကဝယ်ထားတာပါ၊ FX(Full frame)နဲ့ DX(C...
17/09/2019
Nikon F mount 35mm f1.8G DX lens ကိုပြန်ရောင်းချင်ပါတယ်၊ ၂၀၁၉ခုနှစ် ၇လပိုင်း ၁၀ရက်နေ့ကဝယ်ထားတာပါ၊ FX(Full frame)နဲ့ DX(Crop sensor)မှားဝယ်မိထားတာပါ၊ ပုံမှာမြင်တဲ့အတိုင်း အားလုံးOK လုံးဝအသစ်ပါပဲ၊ ဗူးရော စာရွက်စာတမ်းရော အကုန်အပြည့်အစုံပါပါတယ်။
ကျန်တဲ့ sigma lens ၂လုံးကတော့ဘာMountမှန်းတောင် သေခြာမသိပါဘူး၊ တစ်လုံးက canonလို့တော့ယူဆရတာပဲ၊ canonကင်မရာမရှိတဲ့အတွက် AFအလုပ်မလုပ်မသိပါဘူး၊ Macro lensနဲ့ Zoom lensဖြစ်တဲ့အတွက် စိတ်ဝင်စားဖို့တော့ကောင်းပါတယ်၊ Junkပစ္စည်းတွေလို့ပဲ ယူဆနိုင်ပါတယ်၊ ၂လုံးစလုံး made in japanတွေဖြစ်ပြီး အထဲမှာ ဖုန်လိုလို မှိုလိုလိုတွေရှိပုံရပါတယ်၊ ပုံမှာပါတဲ့ပစ္စည်းအတိုင်း အကုန်ရပါမယ် (အရှေ့အနောက် lens cap အကုန်ပါ)
အားလုံးပေါင်း ကျပ်၃သိန်းနဲ့ရောင်းပေးပါမယ်၊ ဂျပန်ကနေ မြန်မာပြည်အရောက် သယ်ယူပို့ဆောင်ခကိုတော့ သပ်သပ်ရှင်းပေးရပါမယ်၊ အတတ်နိုင်ဆုံး သက်သက်သာသာဖြစ်အောင် ကြိုးစားပေးပါမယ်၊ ကျေးဇူးတင်ပါတယ်။
Yongnuo 50mm f1.8 auto-focus for CanonFull-frame မှာလည်း အသုံပြုနိုင်ပါတယ် Portraitပုံတွေရိုက်ရာမှာ အဆင်ပြေပြီး သင့်တင့်...
17/11/2018
Yongnuo 50mm f1.8 auto-focus for Canon
Full-frame မှာလည်း အသုံပြုနိုင်ပါတယ် Portraitပုံတွေရိုက်ရာမှာ အဆင်ပြေပြီး သင့်တင့်တဲ့ဈေးနှုန်းကြောင့် လူကြိုက်များတဲ့ lensဖြစ်ပါတယ်၊ အပျော်တမ်းပဲဖြစ်ဖြစ် ပရိုပဲဖြစ်ဖြစ် ကင်မရာရှိရင် 50mm f1.8 lens တစ်ခုတော့ရှိထားသင့်ပါတယ်၊
ဂျပန်ပြည်တွင်းဈေးကွက်ဝင် ပစ္စည်းစစ်မှန်ကြောင်း ရာနှုန်းပြည့်အာမခံပါတယ်။
ဈေးနှုန်း 138,000ks
သယ်ယူပို့ဆောင်ခ အခမဲ့
(ဂျပန်မှရန်ကုန်အရောက်)
အသေးစိတ်အချက်အလက်ကိုတော့ messenger ကနေတဆင့်မေးမြန်းနိုင်ပါတယ်။
[ Highlights ]
Canon EF-Mount/Full-Frame Format
Aperture Range: f/1.8 to f/22
Multi-Coated Lens Elements
Autofocus with AF/MF Switch
Seven-Blade Diaphragm
Minimum Focusing Distance: 1.15'
Filter Diameter: 58mm
Durable Chrome-Plated Metal Mount
Allows Firmware Upgrade Through Camera
Physical
Filter Thread : Front 58 mm
Dimensions (DxL) : 2.95 x 2.01" / 7.5 x 5.1 cm
Weight : 5.71 oz / 162 g
Packaging Info
Package Weight : 0.65
住所
Chiyoda-ku, Tokyo
ウェブサイト
アラート
Myanmar Hobby Shopがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。
事業に問い合わせをする
Myanmar Hobby Shopにメッセージを送信:
ショートカット
共有する