26/07/2026
သက်တံဆိမ်ကမ်းပေါ်ကကြယ် — အဲမွန်ချို
စာအုပ်လေးလက်ထဲရောက်နေတာတော့ကြာပြီ။ အေးအေးဆေးဆေးရှိတဲ့အချိန်လေးမှဖတ်မယ်ဆိုပြီး အခုမှဖတ်ဖြစ်တယ်။
တက္ကသိုလ်ကျောင်းသား လူငယ်ဘဝအကြောင်းကိုပုံဖော်ရင်း လူငယ်ဘဝချစ်ခြင်းမေတ္တာလေးတွေကိုလည်း ဖော်ပြထားတဲ့စာအုပ်လေးတစ်အုပ်။
ဖတ်ရင်းနဲ့ ငယ်ဘဝကိုပြန်ရောက်သွားသလို ခံစားရပြီး တက္ကသိုလ်ကျောင်းသူဘဝကိုလည်း လွမ်းမိတယ်။
Father wound ရှိတဲ့ကောင်မလေးတစ်ယောက်ရဲ့ trauma ကြောင့် အခြားသူတွေကိုမယုံကြည်နိုင်၊ ဘဝကိုမွန်းကြပ်နေသလို ခံစားနေရတဲ့ပုံရိပ်ကိုလည်း လှလှပပဖော်ပြထားတယ်။ သူ့မှာသူငယ်ချင်းတွေရှိပေမယ့် ရင်ဖွင့်တာမျိုးသူမလုပ်နိုင်ဘူး။
Trauma ဆိုတာ heal မလုပ်နိုင်သေးသရွေ့ ပုံစံတူတဲ့ pattern တွေ ပြန်လာတတ်တဲ့အကြောင်းကိုလည်း ထည့်သွင်းရေးသားထားတယ်။
စာအုပ်လေးက ကြည်နူးရ၊ ဝမ်းနည်းရ၊ မွန်းကြပ်ရ စတဲ့ ရသစုံရှိတဲ့စာအုပ်လေးဖြစ်တယ်။ ကဗျာလေးတွေထည့်ရေးထားတာကိုလည်း အရမ်းသဘောကျတယ်။
စာအုပ်ထဲက —
“အာရုံစိုက်တာတွေ၊ ချစ်ပေးတာတွေလိုချင်လို့ ပြေးနေခဲ့တာ။ ပြေးနေရင်းနဲ့ လိုချင်တာတွေမရတော့ ပိုပြီးပဲ အဝေးကိုရှောင်ပြေးချင်တယ်။ ရင်ဆိုင်ရမှာသိပေမဲ့ မရင်ဆိုင်ချင်ဘူး။ ပြေးပဲပြေးချင်မိတယ်။”
ဆိုတဲ့စကားလေးကို
“ပြေးတာကကောင်းပါတယ်။ ပြေးတဲ့သူတွေက သက်လုံကောင်းတယ်။”
ဆိုပြီး လင်းလက်က ပြန်ပြောတဲ့စကားလေးကို အရမ်းသဘောကျတယ်။
တခါတလေ ကိုယ်တွေက တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး သဲကြီးမဲကြီး ကြိုးစားရှင်သန်နေရတဲ့အချိန်၊ ကိုယ်နဲ့အမြင်မတူပေမဲ့ positive ဆန်တဲ့သူတစ်ယောက်ရဲ့ စကားတစ်ခွန်းက ကိုယ့်အတွက် အလင်းစက်လေးတစ်စက်ဖြစ်စေတတ်တယ်။
စာအုပ်လေးက ဖတ်ပြီးတော့ ရင်ဘတ်ထဲမှာ ကျန်ရစ်ခဲ့တယ်။
စာအုပ်ခံစားမှုအတွက် မသိမ့်သင်ဇာကျော်ကိုကျေးဇူးတင်ပါတယ်။
စာအုပ်စျေးနှုန်း-၁၂၀၀၀ကျပ်
မှာယူလိုတယ်ဆိုရင် cbမှာ လိပ်စာနဲ့ဖုန်းနံပါတ်လေးပို့ထားပေးပါရှင်။ဂျပန်နဲ့တခြားပြည်ပနိုင်ငံများဆီကိုလည်း ပို့ဆောင်ပေးပါတယ်။
မှာယူအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။
#သက်တံဆိပ်ကမ်းပေါ်ကကြယ်
#အဲမွန်ချို
#မျက်နှာဖုံးပန်းချီ_ဆရာမြင့်မောင်ကျော်
ာပေ