မချောပို့

မချောပို့ Myanmar -Japan Book Distribution

N2 Kanji နှင့် Goi မြန်မာပြန် ရနိုင်တာလေးတွေ တင်ပေးထားပါတယ်ရှင့်။ အခြား level မြန်မာပြန်စာအုပ်လေးတွေလည်း ရွေးချယ်မှာယူနိ...
08/09/2026

N2 Kanji နှင့် Goi မြန်မာပြန် ရနိုင်တာလေးတွေ တင်ပေးထားပါတယ်ရှင့်။
အခြား level မြန်မာပြန်စာအုပ်လေးတွေလည်း ရွေးချယ်မှာယူနိုင်ပါပြီနော်။

N2 Kanji Master မြန်မာပြန် (Sensei ACM)
N2 Kanji Master မြန်မာပြန် (Sensei Aye Thuzar Soe)
N2 Shinkanzen Master Kanji မြန်မာပြန် (MTUBE)
N2 Shinkanzen Master Kanji မြန်မာပြန် (Sensei Daw Khin Sandar Win)
N2 Tango 2500 မြန်မာပြန် (Sensei Daw Khin Sandar Win)
N2 Tango 2500 မြန်မာပြန် (MTUBE)
N2 Tango 2500 မြန်မာပြန် (ဆရာ Min Nay Lin Oo)

N3 Mimikara Oboeru Goi မြန်မာပြန် (Sensei Daw Khin Sandar Win)
N3 Mimikara Oboeru Goi မြန်မာပြန်(MTUBE)

Online ကနေ မှာမယ်ဆို cb မှာ လိပ်စာလေးပို့ပေးပါနော်။
ဆိုင်မှာ လာရောက်ဝယ်ယူချင်ရင် 👇

မချောပို့(Ma Chaw Poh)
114-0013
東京都北区東田端2丁目8-15
マンションニュー田端 102

https://maps.app.goo.gl/6Sap9AVViAnDS7Bu5?g_st=ipc

#မချောပို့

📚☕️ “မချောပို့ Book Club” လေး စတင်ပါပြီရှင့် 🤎Tokyo မြို့က မချောပို့ဆိုင်မှာ ပထမဆုံး Book Club ဆွေးနွေးပွဲလေး မကြာမီ ကျင...
07/09/2026

📚☕️ “မချောပို့ Book Club” လေး စတင်ပါပြီရှင့် 🤎

Tokyo မြို့က မချောပို့ဆိုင်မှာ ပထမဆုံး Book Club ဆွေးနွေးပွဲလေး မကြာမီ ကျင်းပတော့မှာပဲ ဖြစ်ပါတယ်ရှင့် 🥰📖

စာအုပ်တွေကို ချစ်မြတ်နိုးတဲ့ မြန်မာလူမျိုး စာဖတ်ဝါသနာရှင်တွေ တွေ့ဆုံပြီး—

📖 စာအုပ်တွေအကြောင်း
💡 သုတ၊ ရသ အမျိုးမျိုး
🧠 Knowledge Sharing
💬 ကိုယ်သိထားတာ၊ ကိုယ်တွေးထားတာတွေကို အချင်းချင်း မျှဝေခြင်း

အပြင်…

တစ်ခါတလေ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်နေရသလို ခံစားရတဲ့ လတ်တလောအခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် မျှဝေ၊ နားထောင်ပေးရင်း—

“ဒီနေ့ ဒီဝိုင်းလေးကနေ တစ်ခုခုများ ရခဲ့မလား?”
“တစ်ယောက်ယောက်အတွက် အားအင်လေးတစ်စုံတစ်ရာ ဖြစ်ခဲ့မလား?”

ဆိုတဲ့ ရည်မှန်းချက်အသေးလေးတွေနဲ့
“မချောပို့ Book Club” လေးကို စတင်ပါရစေနော် 🤎🌱

🇲🇲📚 မြန်မာဆန်ဆန် စာဖတ်ဝိုင်းလေး ဖြစ်စေဖို့အတွက်
လာရောက်ပါဝင်ဆွေးနွေးကြမယ့် ဧည့်သည်များအားလုံးကို—

🥗 လက်ဖက်သုပ်
🍵 လက်ဖက်ရည်

တို့နဲ့ မချောပို့မှ ဧည့်ခံပေးမှာဖြစ်ပါတယ်ရှင့် 🥰🤎

━━━━━━━━━━━━━━

📅 Date — 13th September 2026
⏰ Time — 2:00 PM ~ 3:00 PM
👥 Limited Seats — 8 Seats Only
🎟️ Fees — Free of Charge

━━━━━━━━━━━━━━

📚 “မချောပို့ Book Club” မှာ ဘာတွေ ဘယ်လိုဆွေးနွေးကြမလဲ?
🌟 Special Guests အဖြစ် ဘယ်သူတွေ ပါဝင်လာကြမလဲ?

ဒါတွေကိုတော့ မကြာခင်မှာ ထပ်ပြီး ကြေညာပေးသွားပါမယ်ရှင့် 🤫✨

🇯🇵❤️ ဂျပန်နိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးအားလုံးကို ဒီစာဖတ်ဝိုင်းလေးမှာ ပါဝင်ဖို့ မချောပို့က နွေးနွေးထွေးထွေး ဖိတ်ခေါ်ပါရစေနော် 🥰📚

မချောပို့ဆိုင်မှာ စျေးဝယ်ဖူးသည်ဖြစ်စေ၊ မဝယ်ဖူးသည်ဖြစ်စေ အားလုံး Join လို့ရပါတယ်ရှင့်။ 🤎

စာအုပ်တစ်အုပ်ကနေ စကားတစ်ခွန်း၊
စကားတစ်ခွန်းကနေ အတွေးတစ်စ၊
အတွေးတစ်စကနေ တစ်ယောက်ယောက်အတွက် အားအင်တစ်ခု ဖြစ်လာနိုင်မလား… 🌱📖

☕️ တွေ့ကြမယ်နော် — “မချောပို့ Book Club” မှာ။ 🤎

07/09/2026

လူသားချင်းစာနာ သနားစိတ်တွေ၊ ပရဟိတစိတ်တွေ တဖွားဖွားပေါ်လာစေတဲ့ စာအုပ် တစ်အုပ် 📖
ဖတ်ပြီးတာနဲ့ ရင်ထဲမှာ နင့်နေအောင် ခံစားလိုက်ရတယ်။

သမာရိုးကျ ချစ်ခြင်း မေတ္တာထက်ကျော်လွန်ပြီး …
မေတ္တာ ဂရုဏာတွေ စာနာသနားကြင်နာစိတ်တွေရဲ့ အင်အားကြီးမားပုံက ဘယ်လောက်တောင်မှလဲဆိုတာ…

အကောင်းဆုံး ပုံဖော်ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ပါ။
HIV/AIDS ရဲ့ ကြောက်စရာကောင်းပုံကိုလည်း ပေါ်လွင်စွာ သင်ခန်းစာယူဖွယ်ရေးဖွဲ့ထားပါတယ်။

Beyond Love (Dominique Lapierre)
အချစ်မိုးကောင်းကင် (မြသန်းတင့်)
အမျိုးသားစာပေ (ဘာသာပြန်) ဆုရ

Post တင်ပြီး လာမေးကြတဲ့ သူတွေများလို့ schedule လေး ပြည့်ပါတော့မယ်နော်။ ကျောင်းပြီးတဲ့ချိန်ဆို ကားငှါးရတာ အတော်ခက်ပါတယ်။ ...
06/09/2026

Post တင်ပြီး လာမေးကြတဲ့ သူတွေများလို့ schedule လေး ပြည့်ပါတော့မယ်နော်။ ကျောင်းပြီးတဲ့ချိန်ဆို ကားငှါးရတာ အတော်ခက်ပါတယ်။ မချောပို့ဆီမှ မဟုတ်ပါဘူးနော်။ ဘယ်ကား service ပဲယူယူ မြန်မြန်လေး ကားရှာကြပါလို့ ကျောင်းသားတို့ရေ..’’’

📚🔥 N2, N5 OQ Update အသစ် ထွက်လာပါပြီရှင့်! 🔥📚🎉 Update အသစ်လေးက ပထမအသုတ်တောင် ရောင်းကုန်သွားပါပြီနော် 🥹💕📦 နောက်အသုတ်လေး P...
06/09/2026

📚🔥 N2, N5 OQ Update အသစ် ထွက်လာပါပြီရှင့်! 🔥📚

🎉 Update အသစ်လေးက ပထမအသုတ်တောင် ရောင်းကုန်သွားပါပြီနော် 🥹💕

📦 နောက်အသုတ်လေး Pre-Order တင်ချင်သူတွေအတွက်တော့
✈️ လူကြုံ Flight နဲ့ အမြန်ဆုံး ထပ်တင်ပေးထားပါတယ်ရှင့် 💨✨

📝 OQ တွေ တအားလေ့ကျင့်ချင်ပါပြီဆို…
အချိန်ဆွဲမနေတော့ဘဲ 🏃🏻‍♀️💨
📚 ခုပဲ မချောပို့မှာ အပြေးလာမှာလိုက်တော့နော်! 😆💕

📌 N2 စာမေးပွဲအတွက် OQ လေ့ကျင့်ချင်သူတွေအတွက်
🔥 မေးခွန်းဟောင်းတွေ တစ်ပုံကြီး လေ့ကျင့်ထားချင်တယ်ဆိုရင် ဒီတစ်အုပ်ကို လက်မလွှတ်လိုက်နဲ့နော်!

🏪 ဆိုင်မှာ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

📍 Ma Chaw Poh
〒114-0013
東京都北区東田端2丁目8-15
マンションニュー田端 102

⏰ ဆိုင်ဖွင့်ချိန်
🕐 နေ့လည် ၁ နာရီ – ည ၉ နာရီ

📩 Pre-Order / Online မှာယူလိုသူများလည်း Messenger မှာ လာရောက်မှာယူနိုင်ပါတယ်ရှင့် 💌📚

🚚📦 ကျောင်းသားတွေအတွက် အိမ်ပြောင်းရာသီ မကြာခင်ရောက်လာပါတော့မယ်နော်! 🏠✨အိမ်ပြောင်းခါနီးမှ ကားရှာပြီး 💸 စျေးကြီးကြီးမပေးချင...
05/09/2026

🚚📦 ကျောင်းသားတွေအတွက် အိမ်ပြောင်းရာသီ မကြာခင်ရောက်လာပါတော့မယ်နော်! 🏠✨

အိမ်ပြောင်းခါနီးမှ ကားရှာပြီး 💸 စျေးကြီးကြီးမပေးချင်ဘူးဆိုရင်…
📅 အခုပဲ မချောပို့ အိမ်ပြောင်း Service ကို Booking ယူထားလိုက်ပါနော် 🥰

📸 ဒီရက်ပိုင်းအတွင်း အိမ်ပြောင်းပေးဖြစ်ခဲ့တဲ့ Customer လေးတွေရဲ့ ပုံလေးတွေကိုလည်း တင်ပေးလိုက်ပါတယ်ရှင့် 💕

📦 ပစ္စည်းတွေများတာပဲဖြစ်ဖြစ်
🚲 စက်ဘီးပါ ပါတာပဲဖြစ်ဖြစ်
🚚 ကားထဲမှာ နေရာအပြည့်အဝအသုံးချနိုင်အောင် သေချာစီစဉ်ပြီး တင်ပေးပါတယ်ရှင့် ✨

🏠➡️🏠 အိမ်ပြောင်းရတာကို ကိုယ်တိုင်ပင်ပန်းခံစရာမလိုအောင်
မချောပို့က ကူညီပေးမယ်နော် 💪🏻💕

📌 အိမ်ပြောင်း ကားအငှား Service အသေးစိတ် ကို
👇 အောက်က Post လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။

https://www.facebook.com/share/1HjmUoDSwe/?mibextid=wwXIfr

📩 Booking / စုံစမ်းမေးမြန်းလိုပါက Messenger မှာ လာရောက်ဆက်သွယ်နိုင်ပါတယ်နော် 💌

⏰ ရက်နီးမှ Booking လုပ်ရင် ကားမရတာ၊ စျေးနှုန်းတက်တာတွေ ဖြစ်နိုင်လို့ အခုပဲ ကြိုတင် Booking တင်ထားလိုက်ပါနော် 🚚✨

လက်ကိုင်ပုဝါလေးတွေဆိုတာ ဘယ်သွားသွား ခေါ်သွားခံရတဲ့ အမှတ်တရ လက်ဆောင်လေးတွေပါပဲ။🎁✨ လက်ဆောင်ပေးဖို့ ဘာရွေးရမလဲ မစဉ်းစားနဲ့တ...
04/09/2026

လက်ကိုင်ပုဝါလေးတွေဆိုတာ ဘယ်သွားသွား ခေါ်သွားခံရတဲ့ အမှတ်တရ လက်ဆောင်လေးတွေပါပဲ။
🎁✨ လက်ဆောင်ပေးဖို့ ဘာရွေးရမလဲ မစဉ်းစားနဲ့တော့နော် ✨

🎓 ကျောင်းဆင်းခါနီး လက်ဆောင်ပေးမလား
👋 နှုတ်ဆက်ပွဲအတွက် လက်ဆောင်ပေးမလား
💍 မင်္ဂလာပွဲအတွက် လက်ဆောင်ပေးမလား
🎂 မွေးနေ့လက်ဆောင်လား…

အခမ်းအနားတိုင်းအတွက် သင့်တော်ပြီး ကျား/မ မရွေး ပေးလို့ရမယ့် 🥰
🧣 Design ဆန်းဆန်းလေးတွေနဲ့ လက်ကိုင်ပုဝါလေးတွေ မချောပို့မှာ In Stock ရှိပါတယ်ရှင့် 💕✨

🎀 ချစ်ရတဲ့သူတွေအတွက် အသုံးဝင်ပြီး အမှတ်တရဖြစ်စေမယ့် Gift လေးအဖြစ် ရွေးချယ်လို့ရပါတယ်နော် 💝

🏪 ဆိုင်မှာ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

📍 ဆိုင်လိပ်စာ — Ma Chaw Poh
〒114-0013
東京都北区東田端2丁目8-15
マンションニュー田端 102

⏰ ဆိုင်ဖွင့်ချိန်
နေ့လည် ၁ နာရီ – ည ၉ နာရီ
❌ Monday Off

💌 ကိုယ်တိုင်လာရွေးချယ်ချင်သူတွေလည်း လာခဲ့ပါနော် 🥰
🎁 ချစ်ရတဲ့သူအတွက် Gift လေးတစ်ခုရွေးရင်း မချောပို့မှာ ဆုံကြမယ်နော် 💕

03/09/2026

ဘိုဆန်ပြီး ကျစ်လစ်တဲ့ Myanmar Handmade အိတ်လေးက ဘယ် outfit နဲ့မဆို လိုက်ဖက်သောပဲ။

အတွင်းအိတ်လည်း ပါပြီး Quality အာမခံပါတယ်။ တစ်ရောင် တစ်အိတ်ပဲ in stock ရပါမယ်။

ဆိုင်မှာ လာရောက်ဝယ်ယူချင်သူတွေအတွက်
🏠ဆိုင်လိပ်စာ ။ Ma Chaw Poh
114-0013
東京都北区東田端2丁目8-15
マンションニュー田端 102

⏰ ဆိုင်ဖွင့်ချိန် ။ နေ့လည် ၁ နာရီမှ ည ၉ နာရီထိ (Monday off)

English စာ လေ့လာချင်တဲ့သူတွေအတွက် မြန်မာပြန်လေ့လာလို့ရမယ့် စာအုပ်ကောင်းလေးတွေ မချောပို့မှာ အစုံရပါတယ်နော်။ 🇯🇵 ဂျပန်မှာ စ...
02/09/2026

English စာ လေ့လာချင်တဲ့သူတွေအတွက် မြန်မာပြန်လေ့လာလို့ရမယ့် စာအုပ်ကောင်းလေးတွေ မချောပို့မှာ အစုံရပါတယ်နော်။ 🇯🇵 ဂျပန်မှာ စာအုပ်အစုံ ရွေးချယ်မှာယူချင်ရင် မချောပို့ဆိုင်လေးရှိပါတယ်ရှင့်။

ဆိုင်မှာ လာရောက်ဝယ်ယူချင်သူတွေအတွက်
🏠ဆိုင်လိပ်စာ ။ Ma Chaw Poh
114-0013
東京都北区東田端2丁目8-15
マンションニュー田端 102

⏰ ဆိုင်ဖွင့်ချိန် ။ နေ့လည် ၁ နာရီမှ ည ၉ နာရီထိ (Monday off)

အိမ်မှာနေရင်းလည်း ကမ္ဘာပတ်လို့ရပါတယ်နော်။ ဒီ စာအုပ်လေး ၂ အုပ်က သင်မရောက်ဖူးသေးတဲ့ နေရာတွေခေါ်သွားပြီး အတွေ့အကြုံသစ်တွေ ပ...
02/09/2026

အိမ်မှာနေရင်းလည်း ကမ္ဘာပတ်လို့ရပါတယ်နော်။ ဒီ စာအုပ်လေး ၂ အုပ်က သင်မရောက်ဖူးသေးတဲ့ နေရာတွေခေါ်သွားပြီး အတွေ့အကြုံသစ်တွေ ပေးသွားမှာပါ။

နုနုရည်အင်းဝ သူစိမ်းတွေကြားမှာ
သိပ္ပံမောင်ဝ အောက်စဖို့ဒ်တက္ကသိုလ် ခရီးသွားမှတ်တမ်း

မြန်မာဝတ္ထုကောင်းတွေ ဝယ်ဖတ်ချင်ရင် မချောပို့ မှာ အစုံ in stock ရှိပါတယ်ရှင့်။ ♥️ 📚

ဆိုင်မှာ လာရောက်ဝယ်ယူချင်သူတွေအတွက်
🏠ဆိုင်လိပ်စာ ။ Ma Chaw Poh
114-0013
東京都北区東田端2丁目8-15
マンションニュー田端 102

⏰ ဆိုင်ဖွင့်ချိန် ။ နေ့လည် ၁ နာရီမှ ည ၉ နာရီထိ (Monday off)

住所

114-0013 2-8-15 Higashi-Tabata, Kita-ku, Tokyo Mansion New Tabata 102
Miki-shi, Hyogo
1140013

ウェブサイト

アラート

မချောပို့が新しいニュースやキャンペーンを投稿したら、いち早くメールでお知らせします。メールアドレスが他の目的に使われることはなく、いつでも配信を停止できます。

ショートカット

共有する

カテゴリー