28/09/2022
တချို့စျေးသည်တွေကိုစျေးမဆစ်ပါနဲ့ . . . .
တချို့စျေးသည်တွေဟာ
တကယ်ကိုထမင်းတစ်လုပ်စားရဖို့အတွက်
ရောင်းချနေရတာဖြစ်ပါတယ်
တကယ်ကို ကွမ်းယာဆိုင်ကဆေးဝယ်သောက်ဖို့
အတွက်ရောင်းချနေရတာဖြစ်ပါတယ်
တကယ်ကို
အိမ်ပြန်ရင်မျှော်နေမယ့်မိသားစုအတွက်
စားစရာတစ်ခုခုပါသွားဖို့
ရောင်းနေရတာဖြစ်ပါတယ်
သူတို့ပစ္စည်းတွေအတွက်
သူတို့ရတဲ့အမြတ်ဟာ
၅၀/၁၀၀ထက် မပိုပါဘူး
ဒါ့ကြောင့် ဘာမှမဟုတ်တဲ့ပိုက်ဆံအတွက်
သင်အတွက်လည်းသိပ်မထိခိုက်ဘူးဆိုရင်
စျေးမဆစ်ပါနဲ့
သူတို့ဟာ
ကျွန်တော်တို့ကိုကံစမ်းမဲတွေပေးမယ်လို့လည်း
လိမ်လည်မပြောပါဘူး
မကောင်းတာတွေကို
ကောင်းပါတယ်လို့လည်း
လိမ်လည်မပြောကြပါဘူး
ပြထားတာတမျိုး ရောင်းတာတမျိုးလုပ်စားနေကြတဲ့
Online စျေးသည် တချို့တွေလို
ရိုက်စားလည်းမလုပ်ကြပါဘူး
ပြခန်းတွေဖွင့် တံဆိပ်ပြပြီး
စျေးကို ၅ဆလောက်တင်
ခပ်တည်တည်နဲ့လည်း ရောင်းမစားနိုင်ကြပါဘူး
သူတို့ဟာ
အရှိအတိုင်းအမြင်အတိုင်း
ရိုသားစွာရောင်းချသူတွေဖြစ်ပါတယ်
သင်မတန်မရာစျေးဆစ်တဲ့အခါ
မတော်မတရားအဆစ်တောင်းတဲ့အခါ
သူတို့မျက်ဝန်းတွေကိုကြည့်ပါ . . .
'' အားနာစိတ် အားငယ်စိတ်တွေနဲ့
သင်မဝယ်တော့မှာစိုးတဲ့စိတ်
လှည့်ပြန်သွားမှာကြောက်တဲ့စိတ်တွေနဲ့
တွေဝေနေကြတာကို '' သင်တွေ့ရမှာပါ
ဒါကြောင့် ဖြစ်နိုင်ရင် စျေးမဆစ်ပါနဲ့
အားပေးပါ
တချို့တွေဟာ ကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေ
သာဖြစ်တယ်
တချို့တွေဟာ
ကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာဝင်တွေသာဖြစ်တယ်
တချို့တွေဟာ
ကျွန်တော်တို့အနာဂတ်အတွက်
မွေးထားတဲ့လူငယ်တွေသာဖြစ်တယ်
တချို့တွေဟာ
ကူညီသူမဲ့ စာနာသူမဲ့နေတဲ့
မြန်မာ့ကလေးငယ်တွေသာဖြစ်တယ်
တချို့တွေဟာ
ကျွန်တော်တို့ထက်
ခေတ်စနစ်ဆိုးတွေပိုခံစားရင်း အံတုနိုင်စွမ်းမရှိတော့ဘဲ
နောက်ဆုံး စျေးရောင်းစားနေရတဲ့ အဖိုးအဖွားအရွယ်တွေသာဖြစ်တယ်
ဒါ့ကြောင့် မလှူတက်ရင် စိတ်လေးထားတက်အောင်
ကြိုးစားပြီး စျေးဝယ်နိုင်အောင်ကြိုးစားပါ
ကျွန်တော်တို့ပေးလိုက်ရတဲ့အမြတ်ငွေ
၁၀၀/၂၀၀ ဟာကျွန်တော်တို့အတွက်
သိပ်အပန်းမကြီးပေမယ့်....
သူတို့အတွက်အသက်ဆက်ဖို့
ခွန်အားတွေဖြစ်နိုင်ပါတယ်
သူတို့တနေ့တာအတွက် အဆင်ပြေဖို့
အသက်ကယ်ဆေးတွေဖြစ်ပါတယ်
တချို့လူမျိုး တချို့ဘာသာဝင်တွေတောင်
သူတို့လူမျိုးအချင်းချင်း သူတို့ဘာသာဝင်အချင်းချင်း
ကူညီဖေးမကြသေးရင်....
ကျွန်တော်တို့အနေနဲ့လည်း မိမိလူမျိုးမိမိဘာသာဝင်တွေအတွက်...
သီးခြားမလှူနိုင်ရင်တောင် သူတို့ရောင်းချတဲ့တချို့ပစ္စည်းလေးတွေအပေါ်
မတန်တဆ စျေးမဆစ်ကြပါနဲ့လား...