Easy Korea Life by AKH

Easy Korea Life by AKH Easy Korea Life မှ ကြိုဆိုပါတယ်

ဒီနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ဟာ ကိုရီးယားနိုင်ငံမှာတော့ "လွတ်လပ်ရေးကြေညာစာတမ်းထုတ်ပြန်သည့်နေ့" (Samiljeol - ၃ လွှာနေ့...
01/03/2026

ဒီနေ့ ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ဟာ ကိုရီးယားနိုင်ငံမှာတော့ "လွတ်လပ်ရေးကြေညာစာတမ်းထုတ်ပြန်သည့်နေ့" (Samiljeol - ၃ လွှာနေ့) ဖြစ်ပါတယ်။

ဒီနေ့ဟာ ကိုရီးယားလူမျိုးတွေအတွက် သမိုင်းဝင်ပြီး အလွန်အရေးကြီးတဲ့ နေ့တစ်နေ့ပါ။

​၁၉၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှာ ဂျပန်ကိုလိုနီလက်အောက်ကနေ လွတ်မြောက်ဖို့အတွက် ကိုရီးယားပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။
​ဆိုးလ်မြို့က Pagoda Park (ယခု Tapgol Park) မှာ လွတ်လပ်ရေးကြေညာစာတမ်းကို ပထမဆုံး ဖတ်ကြားခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

ဒီနေ့မှာ အိမ်တိုင်း၊ လမ်းတိုင်းမှာ ကိုရီးယားနိုင်ငံတော်အလံ (Taegeukgi) ကို လွှင့်ထူထားကြပါတယ်။
ဒီေန့မှာ အစိုးရက ဦးဆောင်ပြီး ဂုဏ်ပြုပွဲတွေ ကျင်းပသလို၊ သမိုင်းဝင်နေရာတွေမှာလည်း ပြန်လည် သရုပ်ဖော်တင်ဆက်မှုတွေ လုပ်လေ့ရှိပါတယ်။

​မတ်လ ၁ ရက်ဟာ တနင်္ဂနွေနေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက်၊ နောက်တစ်နေ့ဖြစ်တဲ့ တနင်္လာနေ့ (မတ်လ ၂ ရက်) ကို အစားထိုးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားတာဖြစ်ပါတယ်။
မနက်ဖြန်၂ရက်နေ့မှာ ဘဏ်တွေရုံးတွေ အလုပ်တွေပိတ်ပါတယ်နော်။
အလုပ်ဆင်းရတဲ့ညီအကိုတွေက ၂.၅ဆ နဲ့ရမှာဖြစ်ပါတယ်။


ဒီနေ့မှာတော့ လူတွေသိပ်မသိသေးတဲ့အကြောင်းတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကိုရီးယားငွေစက္ကူပေါ်က အမှတ်တရ မိခင်နဲ့သား 👩‍👦💵...
13/02/2026

ဒီနေ့မှာတော့ လူတွေသိပ်မသိသေးတဲ့အကြောင်းတစ်ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

ကိုရီးယားငွေစက္ကူပေါ်က အမှတ်တရ မိခင်နဲ့သား 👩‍👦💵
ကိုရီးယားမှာ နေထိုင်နေကြတဲ့ သူငယ်ချင်းတို့ရေ... ကိုရီးယားပိုက်ဆံတွေကို သုံးနေရင်းနဲ့ ငါးသောင်းတန် နဲ့ ငါးထောင်တန် ပေါ်က ပုဂ္ဂိုလ်တွေဟာ တကယ်တော့ မိခင်နဲ့သား ဆိုတာကို သတိထားမိကြရဲ့လား?

ကိုရီးယားဝမ်ငွေ ၅ သောင်းတန်နဲ့ ၅ ထောင်တန်ပေါ်မှာ ပါတဲ့ ပုဂ္ဂိုလ်နှစ်ဦးဟာ တကယ်တော့ သားအမိတွေ ဖြစ်ကြပါတယ်။ ဒါဟာ ကမ္ဘာမှာ တော်တော်လေး ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောလို့ရပါတယ်။

​ဝမ် ၅၀,၀၀၀ တန်ပေါ်က ပုဂ္ဂိုလ်
(ရှင်ဆာအင်ဒန်း - Shin Saimdang)
​သူမဟာ ကိုရီးယားငွေစက္ကူပေါ်မှာ ပထမဆုံးနဲ့ တစ်ဦးတည်းသော ပါခွင့်ရတဲ့ အမျိုးသမီး ဖြစ်ပါတယ်။
​သူမဟာ ဂျိုဆွန်း (Joseon) ခေတ်က နာမည်ကြီး ပန်းချီဆရာမ၊ စာဆိုနဲ့ ပညာရှိ အမျိုးသမီးတစ်ဦးပါ။

​ဘာကြောင့် ထည့်တာလဲဆိုရင် သူမဟာ ကိုရီးယားသမိုင်းမှာ "စံပြမိခင်" နဲ့ "စံပြဇနီး" အဖြစ် သတ်မှတ်ခံရသူဖြစ်သလို၊
အနုပညာနဲ့ စာပေမှာလည်း ထူးချွန်သူဖြစ်လို့ ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဝမ် ၅,၀၀၀ တန်ပေါ်က ပုဂ္ဂိုလ် (ယီအီ - Yi I)

​သူကတော့ ဝမ် ၅ သောင်းတန်ပေါ်က ရှင်ဆာအင်ဒန်းရဲ့ တတိယမြောက် သား ဖြစ်ပါတယ်။
သူ့ကို "ယိုးလ်곡" (Yulgok) လို့လည်း လူသိများပါတယ်။

သူဟာ ဂျိုဆွန်းခေတ်က အလွန်ကျော်ကြားတဲ့ ကွန်ဖြူးရှပ် အယူဝါဒ ပညာရှင်နဲ့ နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။
​ဘာကြောင့် ထည့်တာလဲ ဆိုရင် ကိုရီးယားရဲ့ ပညာရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍမှာ အလွန်ဩဇာညောင်းတဲ့ အတွေးအခေါ်ပညာရှင် ဖြစ်တာကြောင့် သူ့ကို ၅ ထောင်တန်ပေါ်မှာ ဂုဏ်ပြုဖော်ပြထားတာ ဖြစ်ပါတယ်။

​ဒီသားအမိနှစ်ဦးလုံးဟာ ကိုရီးယားယဉ်ကျေးမှုနဲ့ အသိပညာလောကမှာ အလွန်အရေးပါတဲ့အတွက် အခုလို ငွေစက္ကူပေါ်မှာ အတူတူ နေရာရနေတာ ဖြစ်ပါတယ်။

ကိုရီးယားငွေစက္ကူတွေထဲမှာ ဒီသားအမိနှစ်ဦးလုံးဟာ သူတို့ရဲ့ ထူးချွန်ထက်မြက်မှုတွေကြောင့် ဂုဏ်ပြုခံထားရတာ ဖြစ်ပါတယ်။ ပိုက်ဆံသုံးရင်းနဲ့ ဒီအကြောင်းလေးကို သတိရတိုင်း ကိုရီးယားသမိုင်းရဲ့ စိတ်ဝင်စားစရာ အချက်လေးတစ်ခုကို သိပြီးသားဖြစ်မှာပါနော်။ 😊

ကိုရီးယားမှာ မိခင်နဲ့ သား (ရှင်ဆာအင်ဒန်းနဲ့ ယီအီ) ကို ငွေစက္ကူပေါ်မှာ အတူတူ ဂုဏ်ပြုထားသလိုမျိုး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူ့ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ထည့်သွင်းဖို့ စဉ်းစားကြည့်တာဟာ သမိုင်းကြောင်းအရရော၊ ယဉ်ကျေးမှုအရရော အဓိပ္ပာယ်အများကြီး ရှိနိုင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဟာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဖြစ်တဲ့အတွက် သူ့ပုံကို ငွေစက္ကူပေါ်မှာ ပြန်လည် မြင်တွေ့ရတာဟာ နိုင်ငံသားတိုင်းအတွက် ဂုဏ်ယူစရာပါ။
လက်ရှိမှာလည်း ၅၀၀ တန်၊ ၁,၀၀၀ တန်မှာ ဗိုလ်ချုပ်ပုံတွေ ပြန်ပါလာပါပြီ။

ဒေါ်အောင်ဆန်းစုကြည် အမေစုဟာ မြန်မာ့ဒီမိုကရေစီရေးမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်ဖြစ်သလို၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်တာကြောင့် သူမရဲ့ပုံကို ထည့်သွင်းခြင်းက နိုင်ငံတကာအမြင်မှာလည်း ထူးခြားတဲ့ အမှတ်အသားတစ်ခု ဖြစ်စေနိုင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ ငွေစက္ကူတွေကို ၁၉၅၈ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ အမြဲတမ်း အသုံးပြုခဲ့ဖူးပါတယ်။ နောက်ပိုင်းမှသာ ခြင်္သေ့ပုံတွေနဲ့ အစားထိုးခဲ့တာပါ။
အကယ်၍သာအမေစုပုံကို တကယ် ထည့်သွင်းဖြစ်မယ်ဆိုရင် ဘယ်လောက်တန် ငွေစက္ကူပေါ်မှာ သူတို့ပုံတွေကို မြင်ချင်ပါသလဲဗျ?
Comment လေးမန့်ခဲ့ပါဦးနော် 🙂🙂🙂





#ကိုရီးယားငွေကြေး
#ဗဟုသုတ

 #၁၁၁နှစ်ပြည့်မွေးနေ့အားဂုဏ်ပြုပါတယ်အဖဗိုလ်ချုပ်၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ တွင် နတ်မောက်မြို့၌ ဖွားမြင်ခဲ့သော ...
12/02/2026

#၁၁၁နှစ်ပြည့်မွေးနေ့အားဂုဏ်ပြုပါတယ်အဖဗိုလ်ချုပ်

၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ တွင် နတ်မောက်မြို့၌ ဖွားမြင်ခဲ့သော မောင်ထိန်လင်းခေါ် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၏ အဓိကမဏ္ဍိုင်၊ ဦးဆောင်သူအဖြစ် ထာဝရ တည်ရှိနေပါသည်။ ဗိုလ်ချုပ်၏ ဘဝခရီးသည် တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့ပြီး၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ရိုးသားဖြောင့်မတ်မှု၊ ပြတ်သားသော ခေါင်းဆောင်မှုတို့သည် ကျွန်ုပ်တို့အားလုံးအတွက် အတုယူစရာ စံနမူနာများ ဖြစ်ကြပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေး ကို အလေးထားပြီး၊ တောင်တန်းသာမက ပြည်မနှင့်ပါ ပူးပေါင်းကာ လွတ်လပ်ရေးကို အရယူခဲ့သော ပင်လုံစာချုပ်၏ ဗိသုကာအဖြစ် ဗိုလ်ချုပ်၏ မျှော်မှန်းချက်သည် ယနေ့တိုင် အသက်ဝင်နေဆဲပင် ဖြစ်ပါသည်။
ယနေ့ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၁၁) နှစ်ပြည့် မွေးနေ့မြတ်အခါသမယတွင် -
ကျွန်ုပ်တို့သည် ဗိုလ်ချုပ်၏ ကြီးမြတ်သော ရည်မှန်းချက်များနှင့် လုပ်ဆောင်ချက်များကို လေးစားစွာ အောက်မေ့ဂုဏ်ပြုပါသည်။ ဗိုလ်ချုပ်ချန်ထားခဲ့သော စိတ်ဓာတ်၊ တန်ဖိုးများနှင့် အဆုံးအမများသည် မြန်မာနိုင်ငံသားတိုင်း၏ နှလုံးသားတွင် ထာဝရကိန်းဝပ်နေမည်သာ ဖြစ်ပါသည်။
အတုမရှိသော ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုလျက်...

#မမေ့နိုင်သောဖေဖော်ဝါရီ၁၃
"သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရသလို၊ လူထုနှလုံးသားထဲက ဗိုလ်ချုပ်ဆိုတဲ့ စိတ်ဓာတ်ဟာလည်း ဘယ်တော့မှ ပျောက်ပျက်သွားမှာမဟုတ်ပါဘူး။ မြန်မာ့လွတ်လပ်ရေးဖခင်၊ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၁၁) နှစ်ပြည့် မွေးနေ့မှာ ဗိုလ်ချုပ်ကို အစဉ်ထာဝရ ဂုဏ်ပြုအောက်မေ့လျက်..."

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှုနဲ့ သမီးဖြစ်သူ
အမေစုရဲ့ သည်းခံနိုင်မှုဟာ ကျွန်တော်တို့ မြန်မာပြည်အတွက် အကြီးမားဆုံးသော ခွန်အားတွေပါပဲ။ အဖေမွေးနေ့မှာ အဖေ့လိုပဲ တိုင်းပြည်ကို ချစ်တဲ့ သမီးဖြစ်သူ အမေစု ကျန်းမာပါစေ၊ ဘေးကင်းပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။"


#ဗိုလ်ချုပ်အောင်ဆန်း #အမျိုးသားခေါင်းဆောင် #အတုပ္ပတိ

12/02/2026

03/02/2026

လဝကကို ဘယ်လိုအကြောင်းကြောင့်ပဲ သွားသွား ဖြည့်ရတဲ့ 통합신청서(အထွေထွေလျှောက်လွှာ)မှာ ဘာတွေ ဖြည့်ရတာလဲ ဆိုတာကို ဖော်ပြပေးလိုက်ပ...
01/02/2026

လဝကကို ဘယ်လိုအကြောင်းကြောင့်ပဲ သွားသွား ဖြည့်ရတဲ့ 통합신청서(အထွေထွေလျှောက်လွှာ)မှာ ဘာတွေ ဖြည့်ရတာလဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

✅အဲ့ထဲမှာမှ ကိုယ်လဝကကို လာရောက်ရတဲ့ ရည်ရွယ်ချက် ၁၀ချက်ထဲမှာ တခုခုကို ပြန်ရွေးရပါတယ်။
✅အဲ့တော့ ဘယ်လိုအခြေအနေဆို ဘယ်ဟာရွေးရမယ်ဆိုတာ တခုချင်းစီ ရေးပေးလိုက်ပါတယ်။

1.외국인등록 (မှတ်ပုံတင် လျှောက်ထားခြင်း)
ကိုရီးယားကို စရောက်ပြီး ရက်၉၀အထက် နေထိုင်မည့်သူ မှတ်ပုံတင် စလျှောက်ထားတဲ့အခါ ရွေးချယ်ရပါတယ်။

2. 등록증 재발급(မှတ်ပုံတင် ပြန်လျှောက်ထားခြင်း)
ကိုယ့်မှတ်ပုံတင် ပျောက်ခြင်း၊ပျက်စီးခြင်း၊သက်တမ်းကာလဖြည့်ရန် နေရာလွတ် မရှိတဲ့အခါ ပြန်လျှောက်ထားခြင်းကို ရွေးချယ်ရပါတယ်။

3. 체류기간 연장허가(နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးခြင်း)
ဗီဇာ သက်တမ်းတိုးသည့်အခါ ရွေးချယ်ရပါတယ်။

4. 체류자격 변경허가(နေထိုင်ဗီဇာအမျိုးအစားပြောင်းခြင်း)
လက်ရှိနေထိုင်ဗီဇာ တခြားဗီဇာအမျိုးအစားကို ပြောင်းသည့်အခါ ရွေးချယ်ရပါတယ်။

5. 체류자격 부여(နေထိုင်ခွင့်ဗီဇာ ရရန် လျှောက်ထားခြင်း)
ဥပမာ ရေတိုဗီဇာ(အလည်ဗီဇာ)ဖြင့် လာပြီး ရေရှည်ဗီဇာလျှောက်ထားသည့်အခါ ရွေးချယ်ရပါတယ်။

6. 체류자격 외 활동허가(အလုပ်လုပ်ခွင့် လျှောက်ထားခြင်း)
ဗီဇာပြင်ပ အလုပ်လုပ်ခွင့် လျှောက်ထားသည့်အခါ ရွေးချယ်နိုင်ပါတယ်။

7.근무처 변경. 추가허가 / 신고(အလုပ်နေရာပြောင်း/ထပ်ဆောင်းလျှောက်ထားခြင်း)
အလုပ်နေရာလိပ်စာပြောင်းသည့်အခါ (သို့)လိပ်စာထပ်တိုးလာသည့်အခါ ရွေးချယ်ရပါတယ်။

8. 체류지 변경신고( အိမ်လိပ်စာပြောင်းရန် တိုင်ကြားခြင်း)
အိမ်ပြောင်းပြီး ၂ပတ်အတွင်း လိပ်စာပြောင်း တိုင်ကြားရန် လိုပါသည်။
(출입국မဟုတ်ဘဲ ကိုယ့်ရပ်ကွက် 동네주민센터သွားပြီး တိုင်ကြားလို့လဲ ရပါတယ်)
အိမ်စာချုပ်၊ ID card ၊ passport ယူသွားဖို့ လိုပါတယ်။

9. 재입국허가 (단수/복수)(ပြည်တွင်းပြန်လည်ဝင်ရောက်ခွင့် လျှောက်ထားခြင်း)
ပြည်ပထွက်ခွါပြီး ပြန်လည်ဝင်ရောက်တဲ့အခါ ရွေးချယ်ရပါတယ်။

10. 등록사항 변경신고(ကိုယ်ရေးအချက်အလက်ပြောင်းလဲခွင့်လျှောက်ထားခြင်း)
ကိုယ်ရေးအချက်အလက်ပြောင်းလဲခွင့်လျှောက်ထားသည့်အခါ ရွေးချယ်ရပါတယ်။

ကျန်တာတွေကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာမို့ တန်းထည့်လိုက်ရင် ရပါတယ်နော်။

မူရင်းပိုင်ရှင်ခရက်ဒစ်ပေးပါတယ်

01/02/2026

첫눈에 반한다는 말을 이제야 믿어.

နောက်ဆုံးတော့ မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတာ ယုံကြည်သွားပါပြီ

내 곁에 있어줘서 고마워
ငါ့ဘေးမှာရှိနေပေးလို့ကျေးဇူးတင်ပါတယ်

어제보다 더 나은 내일.
မနေ့ကထက် ပိုကောင်းတဲ့ မနက်ဖြန်။

행복하자 ပျော်ပျော်ရွှင်ရွှင် နေကြစို့"

따뜻한 커피 한 잔처럼 포근한 하루.
နွေးထွေးတဲ့ ကော်ဖီတစ်ခွက်လို နွေးထွေးတဲ့ နေ့တစ်နေ့။

31/01/2026

မင်္ဂလာပါ Easy Korea Life က ကြိုဆိုပါတယ် ဒီနေ့မှာတော့ ဘူဆန်မြို့မှာရှိတဲ့ အရမ်းလှတဲ့ နေရာလေးကို ခေါ်သွားပါ့မယ်

Oryukdo Skywalk ဟာ ပင်လယ်ထဲကို ထိုးထွက်နေတဲ့ ကမ်းပါးယံစွန်းမှာ တည်ရှိပါတယ်။
ဒီနေရာဟာ အရှေ့ပင်လယ် (East Sea) နဲ့ တောင်ဘက်ပင်လယ် (South Sea) ဆုံတဲ့နေရာလို့ သတ်မှတ်ကြပါတယ်။

ဒီကနေကြည့်ရင် နာမည်ကြီး Oryukdo ကျွန်းစု (၅ ကျွန်း သို့မဟုတ် ၆ ကျွန်း) ကို အနီးကပ် မြင်တွေ့ရမှာပါ။

ရာသီဥတု အရမ်းကြည်လင်တဲ့နေ့မျိုးဆိုရင် Oryukdo Skywalk ကနေ ဂျပန်နိုင်ငံရဲ့ Tshushima Island (ဆူရှီးမားကျွန်း) ကို လှမ်းမြင်ရတတ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ Tsushima ကျွန်းဟာ ၅၀ ကီလိုမီတာ (၃၁ မိုင်) ခန့်ပဲ ဝေးပါတယ်။ ဒါဟာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြား အနီးဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

မှန်တံတား (Skywalk) ဒီဇိုင်းဟာဆိုရင်မြင်းခွာပုံစံ (U-shape) ရှိပြီး ပင်လယ်ဘက်ကို ၉ မီတာလောက် ထိုးထွက်နေပါတယ်။

ကြမ်းပြင်ကအထူးခိုင်ခံ့တဲ့ ကျည်ကာမှန်ချပ် ၄ ချပ်ကို ထပ်ထားတာဖြစ်လို့ အရမ်းလုံခြုံပါတယ်။

ခြေထောက်အောက်မှာ လှိုင်းလုံးတွေ ရိုက်ခတ်နေတာကို တိုက်ရိုက်မြင်နေရတဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းသလို ဓာတ်ပုံရိုက်ရင်လည်း အရမ်းလှပါတယ်။
အခုထက်ထိတော့ အခမဲ့ (Free) ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Skywalk ကို ကြည့်ပြီးရင် ဘေးနားတင်ရှိတဲ့ Igidae Coastal Trail လမ်းလျှောက်လမ်းအတိုင်း လမ်းလျှောက်ရင်း ပင်လယ်အလှကို ခံစားနိုင်ပါသေးတယ်။
လှေစီးပြီးတော့လည်း ကျွန်းတွေကိုလည်ပတ်ကြည့်ရှုနိုင်ပါသေးတယ်

နွေဦးရာသီဆိုရင်တော့ အဝါရောင်ပန်းခင်း (Canola flowers) တွေနဲ့ အရမ်းသာယာပါတယ်။

နေဝင်ချိန်သွားရင်တော့ ပိုပြီး 🥰ရိုမန်းတစ်ဖြစ်သလို ရှုခင်းကလည်း တကယ့်ကို 🏡ရင်သပ်ရှုမောဖွယ် လှပတဲ့နေရာလေးပဲဖြစ်ပါတယ်

#부산오육도

01/12/2023

1 Dec 2023
ထိုင်ထီပေါက်စဉ် စဆုံး
ချဲ 097

27/11/2023

နောက်ဆုံးအကြိမ် လက်သွက်ဖို့ပဲ လိုပါမယ်
Like & share
❣️❣️❣️❣️❣️

Address

경남 거제시
Geoje
3005

Telephone

+959428185037

Website

Alerts

Be the first to know and let us send you an email when Easy Korea Life by AKH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Easy Korea Life by AKH:

Share