PPK Music & Entertainment

PPK Music & Entertainment သီချင်း/ဆိုင်း/ဟာသများ

နတ်ကောင်း နတ်မြတ်ဆိုတာဒါမျိုး ကိုခေါ်တာကွ.....
31/05/2026

နတ်ကောင်း နတ်မြတ်ဆိုတာ
ဒါမျိုး ကိုခေါ်တာကွ.....

27/07/2024

ကျွန်မ အလှူ့အမ

မျိုးသူ ဆိုင်း

#အလှူသီချင်းလေး

'ဝါတွင်းမင်္ဂလာမဆောင်ရခြင်းအကြောင်း'     ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံ၌ ဝါတွင်းကာလများတွင် မင်္ဂလာဆောင်လေ့ ...
24/07/2024

'ဝါတွင်းမင်္ဂလာမဆောင်ရခြင်းအကြောင်း'

ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံ၌ ဝါတွင်းကာလများတွင် မင်္ဂလာဆောင်လေ့ မရှိကြပါ။

မင်္ဂလာဆောင်လေ့ မရှိကြသည့်အပြင် ခိုးရာလိုက်ခြင်း၊ နှစ်ဦးသဘောတူလက်မှတ် ထိုးထားခြင်းများပင် ပြုလုပ်ထားလေ့ မရှိကြပါ။

မြန်မာလူမျိုးတို့သည် ဝါတွင်းကာလတွင် လက်ထပ်ထိမ်းမြားယူကြပြီဆိုလျှင် ထိုလက်ထပ် ထိမ်းမြားသူများကို ရစရာမရှိအောင် ပစ်ပစ်ခါခါ ပြောတတ်ကြသည်။

သို့ဖြစ်လျှင် မြန်မာနိုင်ငံ၌ ဝါတွင်းကာလတွင် အဘယ့်ကြောင့် မင်္ဂလာ မဆောင်ကောင်းပါသနည်း။ ဤအမေးမှာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော မေးခွန်းပင် ဖြစ်ပေသည်။

မိမိကိုယ်တိုင်သည်ပင် ဤမေးခွန်း၏ အဖြေကို သိချင်နေခဲ့သည်မှာ ကြာပေပြီ။ စာအုပ် စာပေများ အမြဲလိုလို ဖတ်ဖြစ်သော်လည်း ခိုင်လုံတိကျသော အကြောင်းပြချက်များကိုကား စိတ်တိုင်းကျသည်အထိ မတွေ့ရှိခဲ့ရပေ။

အွန်လိုင်းသုံးသည့်အခါများတွင်လည်း မိမိထံသို့ ဤမေးခွန်းကို ခဏခဏ လာလာ မေးလေ့ ရှိကြသည်။ ဂဃနဏ မသိသောကြောင့် ကောင်းကောင်း ဖြေမပေးနိုင်ခဲ့ပေ။ ယခုအခါမှာတော့ မိမိ၏စိတ် ကျေနပ်ရသည်အထိ အဖြေကို သိခဲ့ရပေပြီ။

ယနေ့မနက် ကိုးနာရီမှ ဆယ်နာရီအတန်းချိန်တွင် ဗုဒ္ဓ ဒေသနာပြန့်ပွါးရေး ဌာနမှ ဆရာ ဦးခင်မောင်ညိုက ၎င်းပို့ချချက်တွင် ဤအကြောင်းကို အကျယ်တဝင့် ပို့ချရှင်းပြခဲ့သည်။

'ဝါတွင်းကာလ၌ မင်္ဂလာမဆောင်ခြင်း' ဟူသော အယူအဆသည် ဗုဒ္ဓစာပေ ကျမ်းဂန်တို့၌ ဘုရားရှင်ကိုယ်တိုင် ဟောကြားခဲ့ပါသလော။ မဟောကြားခဲ့ပါ။

ဤအယူအဆသည် ဗြာဟ္မဏဝါဒ (ဟိန္ဒူဝါဒ)မှ ဆင်းသက်လာသော အယူအဆ တစ်ရပ်ဖြစ်သည်။ ဗြာဟ္မဏ ဝါဒ၌ ဝေဒပညာရှင်တို့၏ လက်သုံးကျမ်းဖြစ်သော 'ရာဇမတ္တဏ် ကျမ်း' ဟူသည် ရှိ၏။

ဗြာဟ္မဏဝါဒတွင် "သုံးပါးဘုရားတစ်ဆူ" ဟူသော အဆိုသည်လည်း ရှိ၏။ ထိုသုံးပါးမှာ ဗြဟ္မာ၊ ဗိဿနိုး၊ သျှီဝတို့ဖြစ်ကြပြီး ဗြဟ္မာ၏ ကြင်ယာတော်မှာ သူရဿတီဖြစ်၍ ဗိဿနိုး၏ ကြင်ယာတော်မှာ လက်ခ်ျမီးဖြစ်ကာ သျှီဝ၏ ကြင်ယာတော်မှာ ပါရာဝတီဖြစ်လေသည်။

ထိုသုံးပါးတွင် ကိုယ်ပိုင်တာဝန်များ အသီးသီး ရှိကြပေသည်။

ဗြဟ္မာ၏ တာဝန်မှာ ကမ္ဘာလောကကို ဖန်ဆင်းရခြင်းဖြစ်ပြီး ဗိဿနိုး၏ တာဝန်မှာ ထိုဗြဟ္မာ ဖန်ဆင်းပြီးသော ကမ္ဘာ လောကကြီးကို ကောင်းအောင် ပြုပြင် ထိန်းသိမ်းရမည့် တာဝန်ဖြစ်ကာ သျှီဝ၏ တာဝန်မှာ ထိုကမ္ဘာ လောကရှိ လူသားများအား မကောင်းကျိုးများ ဖြစ်အောင် ပြုလုပ်ရမည့် တာဝန် ဖြစ်ပေသည်။

ထို့ကြောင့် ဗိဿနိုးကို 'နတ်ကောင်းနတ်မြတ်' ဟု သတ်မှတ်ကြပြီး သျှီဝကို 'နတ်ဆိုး မိစ္ဆာဖြစ်သည်'ဟု ဗြာဟ္မဏတို့ သတ်မှတ်ကြသည်။

နတ်ကောင်း နတ်မြတ်ဖြစ်သော ဗိဿနိုးသည် နှစ်စဉ်နှစ်တိုင်း ဝါဆို လဆန်း ၁၂ရက်မှ တော်သလင်း လဆန်း ၁၂ရက်အထိ အိပ်လေ့ရှိပြီး အိပ်ရသည်မှ ညောင်းလျှင် တစ်ဖက် စောင်းကာ တန်ဆောင်မုန်း လဆန်း ၁၂ရက်အထိ လေးလလုံးလုံး အိပ်လေ့ရှိသည်။ မြန်မာတို့ ယူဆသော ဝါတွင်းသုံးလသည် ထိုဗိဿနိုးအိပ်သော လေးလအတွင်းတွင် အကျုံးဝင်လေသည်။

ဗြာဟ္မဏတို့သည် ဝါတွင်းကာလတွင် လူတို့ကို ကောင်းကျိုးများ ပေးတတ်သော ဗိဿနိုး နတ်မင်း အိပ်ချိန်၌ မင်္ဂလာ ဆောင်လျှင် နတ်ဆိုးမိစ္ဆာဖြစ်
သော သျှီဝနတ်မင်း၏ အနှောက်အယှက်များကို ခံကြရမည့် ဘေးမှ စိုးရိမ်သောကြောင့် ဗိဿနိုး နတ်မင်း အိပ်ချိန်ဖြစ်သော 'ဝါဆိုလဆန်း ၁၂ ရက်မှ တန်ဆောင်မုန်း လဆန်း ၁၂ ရက်' ဟူသော လေးလ၌ မင်္ဂလာ ဆောင်ခြင်း အလေ့အထကို ရှောင်ကြဉ်ကြခြင်းကြောင်း ရာဇမတ္တဏ် ကျမ်းတွင် ဖော်ပြထားသည်။

အချို့သော မြန်မာတို့သည် ဗေဒင်၊ ယတြာများကို ယုံစားလေ့ရှိကြသည်။ ဗေဒင်ကျမ်းဂန်များသည် ဗုဒ္ဓ၏ တရားတော်များဖြစ်သော ပိဋကတ်သုံးပုံ၌ မပါဝင်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ဗေဒင် ပညာရှင်တို့သည် ဟိန္ဒူ၊ ဗြာဟ္မဏတို့၏ ဝေဒကျမ်းများကို မှီငြမ်း ကိုးကားပြီး ဟောပြောကြရသည်။

ထိုသို့ ဗြာဟ္မဏ ကျမ်းဂန်များကို မှီငြမ်း၍ ကိုးကားဟောပြောကြရာမှတစ်ဆင့် မြန်မာလူမျိုးတို့ အတွင်းသို့ 'ဝါတွင်း၌ မင်္ဂလာ မဆောင်ကောင်း' ဟူသော အယူအဆသည် တဖြည်းဖြည်း ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဤသို့ဆိုလျှင် 'ဝါတွင်းကာလ၌ မင်္ဂလာ မဆောင်ကောင်း' ဟူသော အယူအဆသည် ဗုဒ္ဓ စာပေကျမ်းဂန်တို့၌ လာသော ဗုဒ္ဓဝါဒ မဟုတ်။

ဗြာဟ္မဏ စာပေ ကျမ်းဂန်တို့မှ လာသော ဟိန္ဒူဝါဒပင် ဖြစ်ကြောင်း သိသာပေါ်လွင်ပေပြီ။

မြန်မာနိုင်ငံ၏ လွပ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ဇနီး ဒေါ်ခင်ကြည်ကို (၁၃၀၄)ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ရက်၊ (၆၊ ၉၊ ၁၉၄၂)၊ တနင်္ဂနွေနေ့၊ ဝါတွင်းကာလကြီးတွင် လက်ထပ် ထိမ်းမြားယူခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ 'ဝါတွင်းကာလ၌ မင်္ဂလာ မဆောင်ကောင်း' ဟူသော အယူအဆသည် မြန်မာနိုင်ငံ၌ အမြစ်တွယ်နေပြီ ဖြစ်သည်။

ဤသို့ရေးသားရခြင်းမှာ မြန်မာတို့၏ အယူအဆကို ပစ်ပယ်လို၍၊ 'ဝါတွင်း ကာလ၌ မင်္ဂလာဆောင်စေကြရန်' ဟု မရည်ရွယ်ပါ။ 'ဤအယူအဆ၏ မြစ်ဖျားခံရာ ဇစ်မြစ်ကို အမှန်အတိုင်း သိစေရန်'ဟူသော ရည်ရွယ်ချက်ဖြင့်သာ ရေးသားခဲ့ရခြင်း ဖြစ်ပေသည်။

'မောင်ခေမိန် (မကွေး)'

23/07/2024

စိန်စူဝံ ဆိုင်းသီချင်း

သူငယ်ချင်းတို့အလှူပွဲ
လက်ရည်တပြေတည်...;P

21/07/2024

ပဲပြုပ်သည် ကိုရီးယားရူး

ဆို-ဆိုင်းမျိုးသူ

20/07/2024

လပြည့်ည

တေးဆို -နိုင်လင်းရောင်
တေးရး-နေထွဏ်းဦး

19/07/2024

မန္တလေးဇော်မင်း ဆိုင်း
#လူရွင်တော် ဝိုင်းချစ် ပေါက်စိ

14/07/2024

အရမ်းရယ်ရတဲ့ ဝိုင်းချစ်နဲ့ ပေါက်စိ ဟာသ(Ep4)
#မန္တလေးဇော်မင်းဆိုင်း
#ဟာသ
#ဝိုင်းချစ် #ပေါက်စိ

12/07/2024

အရမ်းရယ်ရတဲ့ ဝိုင်းချစ်နဲ့ ပေါက်စိ ဟာသ(Ep2)
#မန္တလေးဇော်မင်းဆိုင်း
#ဟာသ
#ဝိုင်းချစ် #ပေါက်စိ

11/07/2024

အရမ်းရယ်ရတဲ့ ဝိုင်းချစ်နဲ့ ပေါက်စိ ဟာသ(Ep1)
#မန္တလေးဇော်မင်းဆိုင်း
#ဟာသ
#ဝိုင်းချစ် #ပေါက်စိ

Address

Munsan-ri
Gyeongju
38000

Telephone

+959762575917

Website

Alerts

Be the first to know and let us send you an email when PPK Music & Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share