14/10/2024
Q 🦋အလုပ်လုပ်ရတာ အခက်အခဲ ရှိပါသလား။
ဒီပို့စ်မှာတော့ အချိန်ပိုင်းအလုပ်အတွက်ပဲ သီးသန့်ဖြေပေးမှာပါ။ Professional ပိုင်း အလုပ်အတွက်ကျ နောက်ပို့စ်မှာ သီးသန့် ရေးပေးသွားပါမယ်နော်။
၁။ အလုပ်ရှာရတာ လွယ်ပါသလား?
အချိန်ပိုင်းအလုပ်ရှာလို့ရတဲ့ application ကနေ အလွယ်တကူရှာလို့ရပါတယ်။ ဒါပင်မယ့် နိုင်ငံခြားသားမလို့ သူတို့နဲ့ မကိုက်ပါဘူးတို့ ပါတို့ အဲဒီလိုတွေ အငြင်းခံရနိုင်ပါတယ်။ တစ်ချို့ဆို နိုင်ငံခြားသား လုံးဝ မခန့်ပါ ဆိုတာမျိုးပါ ထည့်ရေးထားတာရှိတယ်။ အဲဒီထဲကနေမှ နိုင်ငံခြားသား အများဆုံးခန့်တဲ့ အချိန်ပိုင်းတွေကတော့
🌟Hall serving ( စားပွဲထိုးပဲပြောရမှာပေါ့) ကိုရီးယားမှာ အသားဆိုင်တို့၊ ဘီယာဆိုင်တို့က ညဆို လူအရမ်းများပါတယ်။ ကကြီးတွေတောင် ခဏခဏ ထွက်တာမလို့ အဲဒီလိုဆိုင်တွေက နိုင်ငံခြားသားတွေခန့်ပါတယ်။ အက်ဒမင်ကတော့ စားပွဲထိုးလုပ်ဖူးပါတယ်။ သူဌေးကောင်းရင်တော့ အဆင်ပြေပင်မယ့် အသေတော့ ပင်ပန်းပါတယ်။ သူတို့ခေါ်တဲ့ အချိန်တွေက လူကျတဲ့ အချိန်တွေပဲ ခေါ်တာမလို့ လမ်းကတော့ ရှယ်ပလန်နဲ့ လျှောက်ရမှာပါ။ အပြန်ဆို အိမ်ကို မနည်းလမ်းလျှောက်ပြန်ရတဲ့ အထိပါပဲ။ 😅
ဘာသာစကားတော့ နည်းနည်းတော့ တက်ထားမှ အဆင်ပြေမယ့်အလုပ်ပါ။ စလုပ်တုန်းက သိပ်မတက်သေးတော့ ဧည့်သည်အော်တာခံရဖူးတယ်။ သူဌးဝင်ရှင်းပေးလို့ပေါ့။ နောက်ပိုင်းတော့ အဆင်ပြေသွားပါတယ်။ အိမ်သာဆေးတာ ကြမ်းတိုက် ဘာညာကတာ့ မဖြစ်မနေပါနော်။ နောက်ပြီး သူက တစ်နာရီ လုပ်အားခက ပုံမှန်ထက်ပိုရတယ်ရယ်
🌟 စတိုးဆိုင်
အထူးသဖြင့် ညဆိုင်းတွေပေးတာများပါတယ်။ ဒီအလုပ်ကတော့ စကား ပြောစရာမလိုတော့ တော်တော်အဆင်ပြေတယ်ပြောရမယ်။ ဒါပင်မယ့် သူကတိုင်အပတ်ဆုံးက ဆေးလိပ်နာမည်တွေမှတ်ရမှာရယ်။ နောက်ပြီး အသက်မပြည့်သေးတဲ့ သူတွေ မလှိမ့်တပတ်နဲ့ ဆေးလိပ်အရက် လာဝယ်လို့ သေချာ မစစ်ပဲ အတိုင်ခံရရင် တော်တော် တိုင်ပတ်ပါတယ်။ ကျန်တာတော့ စက်အသုံးပြုပုံဘာညာက သူဌေးက သင်ပေးသလို YouTube ကနေရှာပြီး အသုံးပြုပုံလေ့ကျင့်ရင်လဲ အဆင်ပြေပါတယ်။ ညဘက်ကျမှ အရက်တွေ၊ အအေးတွေ ဝင်တာများပါတယ်။ အဲဒီမှာပျော်ပျော်ပါးပါးကြီး မရပါလိမ့်မယ် ဖာလိုက်ကြီးတွေ၊ ပစ္စည်း မ အကောင်းလွန်တာ ခါးနာပြီး ၁ ပတ်လောက် ခါးမှာ ပလာစတာလေးနဲ့ နေရတဲ့ အခေါက်ရှိဖူးတယ်ရယ် ~~
🌟မီးဖိုချောင်
ဒါကတော့ အဓိက ပန်းကန်ဆေး၊ ကြက်ကြော်တာတို့ ဘာတို့။ သူလဲ လုပ်ခများများပေးပါတယ်။ အဲဒါကတော့ အတွေ့အကြုံမရှိပင်မယ့် အသိညီမလေးတွေ ပြောတာကတော့ အစပိုင်းသင်ယူတဲ့ အချိန်ပဲ မှတ်တာဘာညာနဲ့ ပင်ပန်းပင်မယ့်နောက်ပိုင်းတော့ အဆင်ပြေတယ်ပြောတယ်။ ကိုယ်တိုင်မလုပ်ဖူးတော့ review သေချာ မရေးနိုင်တာ စိတ်မရှိပါနဲ့နော်။
၂။ ကိုရီးယား သူဌေးတွေရဲ့ စိတ်နေသဘောထား
ကောင်းတဲ့လူနဲ့တွေ့ရင် အဆင်ပြေပါတယ်။ ဒါပင်မယ့် သူတို့ အားလုံးရဲ့ တူညီတဲ့ အချက်ကတော့ 빨리 빨리 해 ပဲ မြန်မြန်လုပ်ဆိုတဲ့ သဘောပါ။ လူများတော့ အလုပ်မှာ ဂယောင်ပေးရင်တော့ အပြောတော့ခံရတာပေါ့ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး။ ဒါပင်မယ့် အလုပ်အကုန်ပြီးသွားရင် သူတို့ မပြောဖူးတဲ့ အတိုင်းပဲ မျက်နှာပေးက 😂 အဲ့ကြ စားစရာတွေပါ ထည့်ပေးပါလိမ့်မယ်။ အက်ဒမင်က သူတို့ဘာပြောပြော Nae Nae အာလ်ဂတ်စမီးသားပဲ 🤣ပြီးတော့ ပြုံးပြုံးလေးနေပေးတော့ ချစ်ပေးရှာပါတယ်။ စားပွဲထိုးလုပ်တုန်းက ပင်ပန်းတယ်ဆိုပင်မယ့် မုန့်ဖိုးလဲရသလို ညစာလဲ ရပါတယ်။ တွက်ခြေတော့ကိုက်တယ်။ စတိုးဆိုင်ကတော့ သူဌေးနဲ့ အတွေ့နည်းတော့ အဲဒါတော့ တော်တော်အဆင်ပြေတယ်ရယ်~
၃။ ဧည့်သည်တွေ အနေအထား။
သဘောကောင်းတဲ့ ဧည့်သည်တွေလဲ အများကြီးတွေ့ဖူးသလို ဆိုးတဲ့ ကြောင်စီကွေး ဧည့်သည်တွေလဲ တွေ့ဖူးပါတယ်။ ဖွန်ကြောင်တဲ့ အဖိုးကြီးတွေလဲရှိပါတယ်၊ တက်နိုင်သမျှ မျက်နှာတည်ကြီးနဲ့ ရဲခေါ်မယ်တို့ ဘာတို့ ခြိမ်းခြောက်၊ နောက်ပြီး ဘာမှ နားမလည်သလို ဟန်ဆောင်လိုက်ရင် အဆင်ပြေပါတယ်။ သူတို့ရဲ့ မြန်မြန်လုပ်ခိုင်းတာကတော့ လူတိုင်းပဲ။ ဒါကတော့ ဘယ်နေရာမှာ လုပ်လုပ်ကို ရှောင်မရတဲ့ ပြသာနာကြီးပါပဲ။
ဒီအပိုင်းလေးကတော့ အချိန်ပိုင်း အတွေအကြုံလေး သီးသန့်ပါ။ Content creator လို pro ကျကျ review မရေးတက်တော့ အက်ဒမင်ရဲ့ အတွေ့အကြုံကို စိတ်ထဲ ရှိတဲ့ အတိုင်းရေးထားတာဖြစ်ပါတယ်။ သဘောထား ကွဲလွဲမှုလေးတွေများ ကြုံလာခဲ့ရင်လဲ ခွင့်လွှတ်ပါနော် ㅠㅠ
ကြုံတုန်းလေး page လေးကို Like & share လေး လုပ်ပေးရင် So So Tank Q ပါ 😛
I wanna be your Nabi 🦋 of your Seoul ~ ❤️