Eant htoo Aung Car Buy & Sale Service

Eant htoo Aung Car Buy & Sale Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eant htoo Aung Car Buy & Sale Service, Motorsports Store, 11201, Vilniaus Apskritis, Lietuva, Vilnius.

06/12/2025

Engine brake / Jake brake / Decompression brake အမျိုးမျိုးခေါ်ကြပါသော အင်ဂျင်ဘရိတ်အကြောင်း

Engine brake ဘယ်ကားတွေမှာပါလည်း❓
➡ Western king လို့ခေါ်တဲ့ ကနေဒါ ၊ အမေရိကန် ၊ အိုင်ယာလန် ၊ ဗြိတိန် ၊ နော်ဝေ ၊ ဆွီဒင် စတဲ့ အအေးပိုင်းကြီးစိုးတဲ့ ဒေသတွေမှာ သုံးတဲ့ longline ခေါင်းရှည် ပုံစံ ထရပ်ကားကြီးတွေမှာ အများစုပါပါတယ်။ ဥပမာပြရရင် Volvo VNL 860 ၊ Scania longline T-cab ၊ Western star 4900 ၊ Mack Anthem ၊ Perterbilt 579 ၊ Kenworth W900 စတဲ့ ခေါင်းရှည်ကားကြီးတွေမှာ အင်ဂျင်ဘရိတ်တပ်ဆင်ကြပါတယ်။

Engine brake ဘယ်အချိန်မှာသုံးမလည်း❓
➡ တောင်ဆင်းအနေထားတွေ ဂီယာကြီးနဲ့ မှေးဆင်းလာတဲ့အခါမျိုးမှာ အင်ဂျင်ဘရိတ်ကို ရုံဖန်ရန်ခါ အသုံးပြုပါတယ်။ နောက်ပြီး high way လမ်းမပေါ်မှာ အရေးပေါ် အခြေအနေကြောင့် ကားဘရိတ်အုပ်လိုတာပဲဖြစ်ဖြစ် အဲ့လိုအချိန်မျိုးမှာ အင်ဂျင်ဘရိတ်ကို အသုံးပြုနိုင်ပါတယ်။ သုံးတဲ့အခါမှာလည်း မိန်းဘရိတ်နဲ့တွဲသုံးရမှာဖြစ်ပါတယ်။ သူ့ချည်းဘဲ သီးသန့်သုံးရင်တော့ ရေရှည်မကောင်းပါဘူး။

အင်ဂျင်ဘရိတ်အသုံးပြုတာမျိုးက ရေရှည်မှာ အင်ဂျင်ထိခိုက်နိုင်လား❓
➡ အဖြေကတော့ No ပါလို့ဖြေပရစေ။ အင်ဂျင်ဘရိတ်အသုံးပြုလို့ အင်ဂျင်နာသွားတယ်ဆိုတာ မရှိပါဘူး။ စနစ်တကျအသုံးပြုတက်ဖို့တော့လိုပါမယ်။ ရှင်းရှင်းပြောရရင် ဘယ်လောက်ကောင်းတဲ့ စနစ်ပင်ဖြစ်ပါစေ ၊ ဘယ်လောက်ပဲ အကြမ်းခံခံ နည်းစနစ်မှန်စွာအသုံးမပြုတက်ရင် အချိန်မတိုင်မှီပျက်စီးတက်ပါတယ်။ အင်ဂျင်ဘရိတ်သည် အင်ဂျင်စတင်ထုတ်လိုက်ထဲက အင်ဂျင်နီယာက သေချာတွက်ချက်ပြီး စနစ်တကျ တပ်ဆင်ပေးလိုက်တာမျိုးဖြစ်ပါတယ်။ ထူးခြားချက်က အင်ဂျင်ဘရိတ်သည် မန်နူရယ် နည်းနဲ့ ခလုတ်နှိပ်ပြီး လိုအပ်တဲ့အချိန်မှာ အသုံးပြုရမှာဖြစ်ပါတယ်။

အင်ဂျင်ဘရိတ်အလုပ်လုပ်ပုံလေးရှင်းပြပါလား❓
➡ အင်ဂျင်ဘရိတ်က ပါဝါစတုတ်တချက်ကိုပဲ ဖျက်ချပေးမှာဖြစ်လို့ အင်ဂျင်သည် complete cycle မဖြစ်တော့ဘဲ အဲ့ဒီအင်ဂျင်ဘရိတ်သုံးစဥ်ခဏမှာ တပ်ဆင်ထားတဲ့ ဆလင်ဒါတစ်လုံးအတွက် အင်ဂျင်ရဲ့ cc (hp) က zero ဖြစ်သွားမှာပါ။ အဲ့လိုဖြစ်စေဖို့ ဗားကို မှားဖွင့်ပေးရပါတယ်။ ဗားအဖွင့်ပိတ်ကိုတော့ break rocker ၂ ခုကို အင်ဂျင်ဟက်မှာတပ်ထားပေးပါတယ်။ အင်ဂျင်ဘရိတ်သုံးလိုက်ချိန်မှာ ဆာဘိုသည် ခုန rocker ၂ ခုကို တွန်းစေပြီး ဗားကို ဖွင့်ပေးပါတယ်။ ဒါ့ကြောင့် အင်ဂျင်ဘရိတ်အသုံးပြုစဥ်မှာ အင်ဂျင်ရဲ့ four stroke cycle သည် intake နဲ့ compression ကလွဲလို့ ကျန်တဲ့ stroke ၂ ခု လုံးဝအသက်မဝင်တော့ပါ။

အင်ဂျင်ဘရိတ်နဲ့အိပ်ဇောဘရိတ်အဓိက ကွာခြားချက်က ဘာဖြစ်မလဲ❓
➡ အဓိကကွာခြားမှုက ဒီဇိုင်းအနေထားပါ။ အင်ဂျင်ဘရိတ်သည် အင်ဂျင်ဟက်မှာ တပ်ထားတယ်။ ခလုတ်ကို မန်နူရယ်ဆွိတစ်မျိုးနဲ့ ကားမောင်းသူနဲ့လက်လှမ်းမှီတဲ့ ဂီယာတံ ၊ ဒပ်ဘုတ်တစ်နေရာရာမှာထားပေးထားပါတယ်။ အိပ်ဇောဘရိတ်က တော်တော်များများ အော်တိုမတ်တစ်အလုပ်လုပ်ပါတယ်။ ခလုတ်မပါရှိဘူး။ အင်ဂျင်ဘရိတ်သည် decompression လို့ခေါ်တဲ့ complete cycle မဖြစ်အောင်လုပ်ပြီး အက်ဂျင် rpm (torque) ကိုလျော့ချပစ်တယ်။ အိပ်ဇောဘရိတ်ကတော့ အိပ်ဇောကနေထွက်လာတဲ့ အိပ်ဇောငွေ့ကို ဘက်ပရက်ရှာဖြစ်အောင်လုပ်ပလိုက်ပြီး အင်ဂျင် rpm ကိုလျော့ချပေးပါတယ်။ ရည်ရွယ်ချက်ကတော့ အင်ဂျင်ကို အသုံးပြုဆဲခဏမှာ ရပ်ပစ်တာပါပဲ။ ဒါပေသိ လုပ်ဆောင်မှုပိုင်းကွာတယ်။ အင်ဂျင်ဘရိတ်ကော အပ်ဇောဘရိတ်ကော တူတကွတပ်ဆင်ထားတဲ့ ကားက မရှိသလောက်ပါပဲ။ အာရှဘက်ကို ဝင်တဲ့ ကားအများစုမှာ အင်ဂျင်ဘရိတ်ပါတာရှားတယ်။ အိပ်ဇောဘရိတ်နဲ့ ရီထရက်တာ တွဲလာကြတာများတယ်။

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️16000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️17000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️15000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️17000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️16000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

Address

11201, Vilniaus Apskritis, Lietuva
Vilnius
11201

Website

Alerts

Be the first to know and let us send you an email when Eant htoo Aung Car Buy & Sale Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Featured

Share