Thadar Phyu

Thadar Phyu မင်္ဂလာပါရှင် သဒ္ဒါဖြူ မိသားစုမှ နွေးထွေးစွာ
ကြိုဆိုလျက်ပါရှင်🙏🙏🙏

ဒီနေ့ရဲ့ ခရီးစဉ်လေး😘
05/09/2026

ဒီနေ့ရဲ့ ခရီးစဉ်လေး😘

Page အသစ်လေးပါရှင့်😘
19/08/2026

Page အသစ်လေးပါရှင့်😘

ဝမ်းချုပ်ခြင်းအတွက်ထိရောက်တဲ့( )ဆေးအကြောင်း သိကောင်းစရာ
အရင်ဆုံးပြောပြချင်တာကတော့ ကုန်ပစ္စည်းရဲ့ အမှတ်တံဆိပ် (သို့) ဆေးပုလင်းထက် ဆေးအကြောင်းကို အဓိက ပြောချင်တာပါ
ဒီဆေးက ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ဆောင်ပေးလဲ
ဘယ်လိုအခြေအနေတွေမှာ အသုံးပြုရသလဲဆိုတာကို သိရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဗဟုသုတအဖြစ်မျှဝေပေးခြင်းပါရှင့်🙏

💊Lactulose ဆိုတာ ဝမ်းချုပ်ခြင်းကို ကုသရန် အသုံးပြုသည့် ဝမ်းပျော့ဆေးများစွာထဲက ဆေးတစ်မျိုးပါ
သူ့ကို ဆေးရည်ပုံစံဖြင့်သာ အဓိက အများဆုံးတွေ့ရလေ့ရှိပြီး
တစ်ခါသောက် ပမာဏပါဝင်တဲ့ အထုပ်ပုံစံလေးများလည်း ရှိတတ်ပါတယ်
❄ဆေးလုပ်ဆောင်ပုံကတော့ အူလှုပ်ရှားမှုကို အားပေးခြင်းဖြင့် အူထဲက ရေဓာတ်များလာပြီး မာကျောသောဝမ်းများ ပျော့ပျောင်းလာကာ
ပွလာပြီး အူနံရံများကို အလိုအလျောက် လှုံ.ဆော်ပေးခြင်းဖြင့် ဝမ်းသွားရ လွယ်ကူစေရန် ကူညီပေးပါတယ်

ဘယ်လိုအခြေအနေတွေမှာ အသုံးပြုကြသလဲဆို
👉 နာတာရှည် ဝမ်းချုပ်ခြင်းကို ခံစားနေရသူတွေ
👉 ဝမ်းသွားရခက်ခဲနေသူများ
👉 ခွဲစိတ်ပြီးစ လူနာများ ဝမ်းကိုသက်သောင့်သက်သာ သွားနိုင်စေရန်နှင်
👉 ဝမ်းမာခြင်းကြောင့် စအိုဝကွဲခြင်း
👉 လေထိုးလေအောင့်ခြင်းတို့ မဖြစ်အောင် တားဆီးရန်နှင့် ဝမ်းသွားရ သက်သာစေရန် အသုံးပြုကြပါတယ်
💧ဆေးရည်ကလည်း ကလေး၊ လူကြီးရဲ့ ဝမ်းအခြေအနေပေါ် မူတည်ပြီး ဆေးပမာဏကို တိုးခြင်း ၊လျော့ခြင်းများ ပြုလုပ်ရတတ်သောကြောင့် ဆေးရည်ကို အသုံးပြုမယ်ဆို ဆရာဝန်ညွှန်ကြားမှု (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်၏ ညွှန်ကြားချက်အတိုင်း သောက်သုံးရမည့် ဆေးအမျိုးအစားထဲမှာ ပါဝင်ပါတယ်

💊ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကတော့
▪ ပျို့အန်တာ
▪ ဗိုက်အောင့်ခြင်း
▪လေပွခြင်း
အသုံးပြုတဲ့ ဆေးပမာဏ များသွားပါက ဝမ်းလျှောနိုင်ပါတယ်
Lactulose ဆေးက သကြားဓာတ်ကို အခြေခံပြီး လုပ်ထားတာဖြစ်လို့ ဆီးချိုသမားများ သောက်သုံးသည့်အခါ သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု ရှိမရှိ အထူးဂရုပြုဖို့လည်း လိုအပ်ပါတယ်ရှင့်😘

ဒီနေ့  ကိုယ့်ရပ်ကွက်က ကုသိုလ်ဖြစ်ဆေးခန်းလေးမှာ ကျမရဲ့ ဆေးပေး စကေးပေါ့💊ဆေးတွေက များလွန်းတော့ ဆေးရှာရင်းနဲ့ ဆေးဘူးတွေ ပလူပ...
16/08/2026

ဒီနေ့ ကိုယ့်ရပ်ကွက်က ကုသိုလ်ဖြစ်ဆေးခန်းလေးမှာ
ကျမရဲ့ ဆေးပေး စကေးပေါ့💊
ဆေးတွေက များလွန်းတော့ ဆေးရှာရင်းနဲ့ ဆေးဘူးတွေ ပလူပျံသွားပါတယ်ရှင့်😅
ပြီးသွားရင်လည်း ကိုယ်ရှုပ်ထားတာ ကိုယ်ဘဲ ပြန်သိမ်း
ပီတိ အမှတ်တရပါရှင့်🥰

🍄မှိုရောဂါမှာအသုံးများတဲ့ မှိုပိုးသတ်ဆေး (၁)မျိုးဖြစ်တဲ့ ketoconazole အကြောင်း သိကောင်းစရာအရေပြားပေါ်မှာ ကျရောက်တတ်တဲ့ မ...
28/07/2026

🍄မှိုရောဂါမှာအသုံးများတဲ့ မှိုပိုးသတ်ဆေး (၁)မျိုးဖြစ်တဲ့ ketoconazole အကြောင်း သိကောင်းစရာ

အရေပြားပေါ်မှာ ကျရောက်တတ်တဲ့ မှိုပိုးကူးစက်မှုတွေကို ကုသပေးနိုင်တဲ့ မှိုသတ်ဆေး (Antifungal) တစ်မျိုးဖြစ်တဲ့ Ketoconazole အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်

Ketoconazole (ကီတိုကိုနာဇိုလ်) ကမှိုရဲ့ဆဲလ်နံရံတွေကို ဖျက်ဆီးပစ်ခြင်းအားဖြင့် မှိုပိုးမပေါက်ပွားအောင်နဲ့ သေဆုံးသွားအောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်

💊ဆေးပုံစံများ
Keto ကို အဓိကအားဖြင့် ပုံစံ( ၃)မျိုး တွေ့ရတတ်ပါတယ်
➡️ သောက်ဆေး( Oral)
➡️ လိမ်းဆေး (Cream)
➡️ ခေါင်းလျှော်ရည် (Shampoo)

🩺အဓိကအသုံးပြုသည့် နေရာများကတော့
👉ပွေး ၊ဝဲ၊ ညှင်း ခြေထောက်ကြား မှိုစွဲခြင်း
👉ဦးခေါင်းမှိုစွဲခြင်း ဦးရေပြားနှင့်အခြားသောမှိုပိုးကြောင်ဖြစ်တဲ့ ယားယံခြင်းများအတွက် သောက်ဆေး (သို့မဟုတ် )လိမ်းဆေး အသုံးပြုကြပါတယ်
👉ဦးရေပြား ယားယံ ဗောက်ထခြင်းများအတွက်ဆို ကီတိုပါတဲ့ Shampoo အသုံးပြုရပါတယ်

🚨🚨အထူးသတိပြုရမည့် အချက်ကတော့
ကီတို သောက်ဆေးဟာ အသည်းကို ထိခိုက်နိုင်ခြေရှိတဲ့ အတွက်🧑‍⚕️ ဆရာဝန်ညွှန်ကြားချက် ဆေးညွှန်းအတိုင်း သေချာစစ်ဆေးပြီးမှ သောက်သုံးသင့်ပါတယ်
🚫မိမိသဘောနဲ့ ဆေးဆိုင်ကနေ ဝယ်ယူသောက်သုံးခြင်းကို ရှောင်ကြည်စေချင်ပါတယ်

▪️လိမ်းဆေးနှင့် ခေါင်းလျှော်ရည်ကတော့ သောက်ဆေးထက် ဘေးထွက်ဆိုးကျိုးနည်းပါးပြီး သုံးရတာ ပိုလွယ်ကူပါတယ်ရှင့်

24/07/2026

မင်္ဂလာပါရှင် 🙏
ဆေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ဗဟုသုတများကို Thadar Phyu Page အသစ်မှာလည်း ဆက်လက်တင်ပေးသွားမှာ ဖြစ်လို့ like & follow လေး လုပ်ပေးကြဖို့ ဖိတ်ခေါ်ပါရစေရှင့်🩵https://www.facebook.com/share/17GTEmu7EK/

💊ကုသိုလ်ဖြစ်ဆေးခန်းရဲ့  ဒီနေ့ လှုပ်ရှားမှုလေးပေါ့😘
20/06/2026

💊ကုသိုလ်ဖြစ်ဆေးခန်းရဲ့ ဒီနေ့ လှုပ်ရှားမှုလေးပေါ့😘

 #ကလေးတွေအန်တဲ့အခါမိဘတွေဘာတွေလုပ်ပေးသင့်လဲ 🤮ကလေး အန်ရင် ဘာဆေးတိုက်ရမလဲ❓ဒါက မိဘတွေ အမေးများတဲ့ မေးခွန်းတစ်ခုပါရှင့်  ပထမဆ...
19/06/2026

#ကလေးတွေအန်တဲ့အခါမိဘတွေဘာတွေလုပ်ပေးသင့်လဲ
🤮ကလေး အန်ရင် ဘာဆေးတိုက်ရမလဲ❓
ဒါက မိဘတွေ အမေးများတဲ့ မေးခွန်းတစ်ခုပါရှင့်
ပထမဆုံး သိထားရမှာကတော့
ကလေးအန်တာဟာ ရောဂါမဟုတ်ပါ ရောဂါတစ်ခုခုရဲ့ လက္ခဏာသာ ဖြစ်ပါတယ်

🚨ဘာကြောင့် အန်တာလဲဆိုသည့် ရောဂါအကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ဖို့က အဓိက သော့ချက်ပါရှင့်
👉 #ရောဂါပိုးဝင်ခြင်း
ဖျားနေလို့လား ❓
ဝမ်းလျှောနေလို့လား❓

👉 #အစာအိမ်နဲ့အူလမ်းကြောင်းပိုးဝင်ခြင်း
အစာမကြေ ဖြစ်နေလို့လား❓
ဗိုက်နာ( သို့မဟုတ်) ဗိုက်အောင့် နေလား❓


👉 #အစာအဆိပ်သင့်ခြင်း
အစားအစာ နဲ့ ဓာတ်မတည့်လို့လား❓

👉မကြာသေးခင်က ဦးခေါင်းထိခိုက်မိတာမျိုးရှိသလား❓

👉ခေါင်းကိုက်ပြီး ငြီးတွားနေသလား❓

👉နို့စို့အရွယ် ကလေးငယ်များ အစာအိမ်ပြန်တက်ခြင်း ဖြစ်လို့လား❓
အန်ရတဲ့ အကြောင်းအရင်းကို သိရှိထားမှ ‌ဆရာဝန်နှင့် သွားရောက်ပြသသည့်အခါ ပိုမိုတိကျသော ရောဂါရှာဖွေမှုနဲ့ ကုသမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်🩺

မိဘများအနေနဲ့ ကလေးကို အိမ်တွင်းပြုစုမယ်ဆို ကလေးအန်နေရင် ဆေးတိုက်ဖို့ထက် အဓိက ဦးစားပေး လုပ်ဆောင်ရမှာက ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် လုပ်ရမှာပါ
ဒါကြောင့် ကလေးအန်ပြီဆိုရင် ရေဓာတ်အစားထိုးဖို့
➡️ ဓာတ်ဆား (ORS )ကို အနည်းငယ်စီ အကြိမ်ကြိမ် တိုက်ကျွေးဖို့ကလည်း အရေးကြီးပါတယ်
➡️နို့စို့အရွယ် ကလေးဆိုရင် မိခင်နို့ကို နည်းနည်းချင်း ခဏ ခဏ တိုက်ပေးပါရှင့်

#ဘယ်အချိန်မှာဆရာဝန်နှင့်အမြန်ဆုံးပြသရမလဲဆိုတော့
🚨🚨 ကလေးငယ်များတွင် အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ဆရာဝန် သို့ အရေးပေါ်ကုသမှုဌာန သို့ ချက်ချင်းသွားရောက်ပြသသင့်ပါတယ်

🛑ကလေးငယ်သည် ဆက်တိုက်အန်နေခြင်းကြောင့်
ဓာတ်ဆားရည် (ORS)ကို လုံးဝ သောက်သုံးနိုင်မှု မရှိခြင်း

🛑ကလေး၏ မျက်လုံးများ ချောင်ဝင်သွားခြင်း

🛑ပါးစပ်နှင့် လျှာများ အလွန်ခြောက်သွေ့နေခြင်း

🛑ဆီးသွားနှုန်း လွန်စွာနည်းပါးခြင်း (သို့ )ဆီးလုံးဝ မသွားခြင်း
🛑ကလေး မလှုပ်ရှားနိုင်ခြင်း (သို့ ) မှိန်းနေခြင်း/ မှိုင်နေခြင်း

🛑အဖျားကြီးခြင်း သို့ ဝမ်းထဲ သွေးပါခြင်း
ကလေးငယ်များ အန်ခြင်း ရေဓာတ်ခန်းခြောက်လက္ခဏာများတွေ့ရှိပါက မိဘများ အနေဖြင့် သတိထားစောင့်ကြည့်ပြီး လိုအပ်ပါက ဆရာဝန်ထံ အချိန်မီ ပြသကုသမှု ခံယူရန် လိုအပ်ပါတယ်ရှင့်🩵

💊Metoprolol သောက်နေပါသလား❓သင်မသိသေးတဲ့ အရေးကြီးတဲ့ အချက်တွေကို ဒီပုံထဲမှာ ရှင်းပြပေးထားပါတယ်ရှင့်🩵
12/06/2026

💊Metoprolol သောက်နေပါသလား❓
သင်မသိသေးတဲ့ အရေးကြီးတဲ့ အချက်တွေကို ဒီပုံထဲမှာ ရှင်းပြပေးထားပါတယ်ရှင့်🩵

ကုသိုလ်ဖြစ်ဆေးခန်းလေးမှာ  ဆရာမကြီးကို အနီးကပ် ကူညီပြီး လူနာတွေကို ဆေးဝါးများ စနစ်တကျ ဝေငှပေးရင်း  တစ်နေ့တာ ဖြတ်သန်းခဲ့ပါ...
07/06/2026

ကုသိုလ်ဖြစ်ဆေးခန်းလေးမှာ ဆရာမကြီးကို အနီးကပ် ကူညီပြီး လူနာတွေကို ဆေးဝါးများ စနစ်တကျ ဝေငှပေးရင်း တစ်နေ့တာ ဖြတ်သန်းခဲ့ပါတယ်💙
နာရီပေါင်းများစွာ ပင်ပန်းခဲ့ရပေမယ့်လည်း တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ရခဲ့လို့ ကျေနပ်ပါတယ်
‌ဒီထက်မက ပိုပြီးကောင်းမွန်စွာ ကူညီပေးနိုင်ဖို့ ဆက်လက်လေ့လာသင်ယူရင်း စွမ်းဆောင်သွားပါမယ်ရှင့်😘

Address

Nwethargi
Amarapura

Telephone

+959981122234

Website

Alerts

Be the first to know and let us send you an email when Thadar Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share