KZY IT Mobile

KZY IT Mobile 41,Aungban
Aung myat street , Q ( 3) ,
Sourth shan state , Myanmar
09790188872 , 0943027296
09979

iPhone 18 Pro Series မှာ Camera နဲ့ Chipset ကို အကြီးစား Upgrade လုပ်လာပြီApple က iPhone 18 Pro နဲ့ iPhone 18 Pro Max ကိ...
10/09/2026

iPhone 18 Pro Series မှာ Camera နဲ့ Chipset ကို အကြီးစား Upgrade လုပ်လာပြီ

Apple က iPhone 18 Pro နဲ့ iPhone 18 Pro Max ကို မိတ်ဆက်လိုက်ပြီး ဒီနှစ် Pro Series မှာ Camera ပိုင်း၊ Chipset နဲ့ Cooling System ပိုင်းတွေကို အဓိက Upgrade လုပ်ထားပါတယ်။
အထူးခြားဆုံးပြောင်းလဲမှုကတော့ 48MP Main Camera မှာ Variable Aperture ပါလာတာပါ။ Lens ထဲမှာ 6-blade mechanical system အသုံးပြုပြီး Aperture ကို f/1.48 ကနေ f/4.0 အထိ ကိုယ်တိုင်ပြောင်းလဲနိုင်ပါတယ်။ အလင်းနည်းတဲ့နေရာတွေမှာ f/1.48 ကို အသုံးပြုပြီး အလင်းပိုရစေနိုင်သလို၊ Portrait လိုမျိုး Depth of Field ပိုထိန်းချင်တဲ့အချိန်မှာ f/4.0 ကို အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် ဒီတစ်ကြိမ် iPhone Camera က Software Processing ကိုပဲ အားကိုးတာမဟုတ်တော့ဘဲ Lens ကိုယ်တိုင်က Optical ပိုင်းမှာ ပြောင်းလဲလုပ်ဆောင်နိုင်လာတာ ဖြစ်ပါတယ်။
Camera App ကိုလည်း Manual Control တွေ ထပ်ထည့်ထားပြီး Shutter Speed နဲ့ White Balance ကို ကိုယ်တိုင်ချိန်နိုင်သလို Live Histogram ကိုပါ ကြည့်နိုင်တော့မှာပါ။ Photography ကို အလေးအနက်အသုံးပြုတဲ့သူတွေအတွက်တော့ ဒီ Feature က တော်တော်အသုံးဝင်လာနိုင်ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာက Apple Reference Image ဆိုတဲ့ Feature ပါ။ ဓာတ်ပုံရိုက်တဲ့အချိန် Sensor Data ကို မှတ်တမ်းတင်ပြီး Original Photo ဟုတ်၊ Edit လုပ်ထားတာလား၊ AI နဲ့ Generate လုပ်ထားတာလားဆိုတာ စစ်ဆေးနိုင်အောင် ရည်ရွယ်ထားပါတယ်။ AI-generated images တွေ ပိုများလာတဲ့အချိန်မှာ ဒီလို Authenticity Feature က တော်တော်အရေးပါလာနိုင်ပါတယ်။

Performance ပိုင်းမှာတော့ A20 Pro Chip ကို အသုံးပြုထားပြီး 2nm Process နဲ့ ထုတ်လုပ်ထားပါတယ်။ 6-core CPU၊ 7-core GPU နဲ့ 32-core Neural Engine ပါဝင်တာကြောင့် Performance အပြင် On-device AI Processing ပိုင်းမှာလည်း အားကောင်းလာနိုင်ပါတယ်။

Apple က Cooling System ကိုပါ ပြန်လည်ဒီဇိုင်းလုပ်ထားပါတယ်။ A20 Pro Chip ကို V***r Chamber နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပြီး iPhone 17 Pro ထက် Cooling Surface Area ကို 3 ဆအထိ တိုးမြှင့်ထားတယ် လို့ ဆိုပါတယ်။ ဒါကြောင့် Gaming၊ Video Editing နဲ့ AI Processing လိုမျိုး အချိန်ကြာကြာ Performance မြင့်မြင့်အသုံးပြုတဲ့အချိန်မှာ အပူတက်မှုကို ပိုကောင်းကောင်းထိန်းနိုင်ဖို့ ရည်ရွယ်ထားတာပါ။

Software ပိုင်းမှာတော့ iOS 27 ပါလာပြီး Siri AI က Screen ပေါ်မှာရှိတဲ့ Context ကို နားလည်ပြီး App တစ်ခုကနေတစ်ခုကြား Data တွေကို အသုံးချနိုင်အောင် ပိုမိုတိုးတက်လာပါတယ်။ Dynamic Island ကလည်း တစ်ချိန်တည်းမှာ Live Activities 3 ခုအထိ ပြသနိုင်လာပါတယ်။
Connectivity ပိုင်းမှာ Wi-Fi 7၊ Bluetooth 6 နဲ့ Apple ကိုယ်တိုင်ဒီဇိုင်းလုပ်ထားတဲ့ C2 Modem ကို အသုံးပြုထားပါတယ်။ US နဲ့ အချို့နိုင်ငံတွေမှာတော့ Physical SIM Tray မပါဘဲ eSIM-only ဖြစ်လာမှာပါ။

အထူးသဖြင့် Pro Max Model မှာ Battery Life ကိုလည်း တော်တော်တိုးမြှင့်ထားပြီး Video Playback 45 နာရီအထိ ရနိုင်မယ်လို့ Apple က ဆိုပါတယ်။

Storage ပိုင်းမှာ Base Model ကို 256GB ကနေစတင်ပေးထားပြီး 512GB၊ 1TB နဲ့ 2TB Version တွေလည်း ရွေးချယ်နိုင်ပါတယ်။

ဒါပေမယ့် Upgrade တွေနဲ့အတူ Price လည်း မြင့်လာပါတယ်။ iPhone 18 Pro က $1,199 ကနေ စတင်ပြီး iPhone 18 Pro Max က $1,299 ကနေ စတင်ပါတယ်။

Pre-order ကို September 12 မှာ စတင်မှာဖြစ်ပြီး September 18 ကနေ စတင်ရောင်းချမယ်လို့ သိရပါတယ်။

အကျဉ်းချုပ်ပြောရရင် iPhone 18 Pro Series မှာ ဒီနှစ် Apple က Design ထက် Camera Hardware + A20 Pro + Cooling + AI ပိုင်းကို အဓိကအာရုံစိုက်ထားတာတွေ့ရပါတယ်။ အထူးသဖြင့် Variable Aperture Camera နဲ့ 2nm A20 Pro Chip က ဒီနှစ် Pro Series ရဲ့ အဓိက Highlight တွေ ဖြစ်လာနိုင်ပါတယ်။

KZY IT
Aung Ban
အောင်မြတ်လမ်း
အောင်ပန်းမြို့
09790188872





ကယ် Samsungက​တော့ရိုးရာမပျက် Promotionအ​နေနဲ့​ရောက်ချလာပြီဘဲဖြစ်ပါတယ်ရှင့်💥A57(5G)(12/256)-မူရင်း​စျေး-3054000          ...
09/09/2026

ကယ် Samsungက​တော့ရိုးရာမပျက် Promotionအ​နေနဲ့​ရောက်ချလာပြီဘဲဖြစ်ပါတယ်ရှင့်💥

A57(5G)(12/256)-မူရင်း​စျေး-3054000
-လက်ရှိ့စျေး-2550000နဲ့ရရှိမှာဘဲဖြစ်ပါတယ်ရှင့်
Cashback(5သိန်း​ကျော်ထိ)ရရှိမဲ့အခွင့်​ရေးကိုလက်မလွှတ်ဖို့ အခုဘဲ KZY IT Mobile မှာ​လာ​ရောက်အား​ပေးလို့ရပါပြီရှင့်

Promotion Date-Sep9(2026) to Oct7(2026)

သတင်းကောင်း...ဗျ..တရုတ်ကုမ္ပဏီ တချို့လဲ ဒီနယ်ပယ် မှာRun နေတယ်။..တရုတ် ကုမ္ပဏီ တွေအောင်မြင်ရင်..အားလုံးသက်သက်သာသာ နဲ့ လုပ...
04/08/2026

သတင်းကောင်း...ဗျ..

တရုတ်ကုမ္ပဏီ တချို့လဲ ဒီနယ်ပယ် မှာ
Run နေတယ်။..တရုတ် ကုမ္ပဏီ တွေ
အောင်မြင်ရင်..အားလုံးသက်သက်သာ
သာ နဲ့ လုပ်နိူင်မှာ..ပါ။
West နဲ့ USA ကတော့ မူပိုင်ခွင့်တွေက
ကြေး..များပါတယ်။ လူတိုင်းသုံးနိူင်ဘို့
တော့ စောင့်ရပါမယ်။

ကမ္ဘာ့ပထမဆုံး Built-in ပါဝင်လာတဲ့ Privacy Display Experience နဲ့အတူ ပိုမိုဆန်းသစ်တဲ့ Design နဲ့ အသစ်ထွက် Galaxy S26 Seri...
01/03/2026

ကမ္ဘာ့ပထမဆုံး Built-in ပါဝင်လာတဲ့ Privacy Display Experience နဲ့အတူ ပိုမိုဆန်းသစ်တဲ့ Design နဲ့ အသစ်ထွက် Galaxy S26 Series ကို Pre-order တင်ပြီး (၈)သိန်းကျော်အထိ တန်ဖိုးရှိတဲ့ Pre-order လက်ဆောင်တွေကို ပိုင်ဆိုင်လိုက်ပါ။ 🥳✨

ရဲ့ အဆန်းသစ်ဆုံးအဖော်မွန် Galaxy S26 Series ကို ဖေဖော်ဝါရီလ (၂၆)ရက်နေ့ကနေ မတ်လ (၁၇)ရက်နေ့အတွင်း မှာယူသူတိုင်းအတွက် -

🎁 (၈)သိန်းကျော်တန်ဖိုးရှိ Double Storage လက်ဆောင်အပြင်
အထူးအခွင့်အရေးတွေဖြစ်တဲ့
🎁 (၁၈) လအထိ ကာကွယ်မှုပေးထားမယ့် Samsung Care+
🎁 (၂)နှစ် Official Warranty
🎁 Unpacked Register ပြုလုပ်ပြီး Pre-order မှာယူသူတိုင်း Galaxy S26 Series ကံထူးခွင့် စတာတွေနဲ့
မှာယူနိုင်မှာဆိုတော့ ပထမဆုံးဖြစ်တဲ့ Experience တွေကို အထိုက်တန်ဆုံးခံစားနိုင်ဖို့ အခုပဲ Pre-order တင်ထားလိုက်တော့နော်။ 😍

Galaxy S26 ultra(12/256)-5612000ကို
(12/128)-4995000နဲ့ရမှာဖြစ်ပြီး
Galaxy S26 ultra(12/512)-6435000ကို(12/256)​စျေးနဲ့ရမှာဘဲဖြစ်ပါတယ်ရှင့်

Pre-orderတင်ချင်တယ်ဆိုရင်​တော့ညီမတို့ KZY IT Mobile မှာpre-order​လေးလာတင်လို့ရပါပြီရှင့်

Galaxy S26 (12/128GB) - 3,827,000 MMK (Free Upgrade to 256GB)
Galaxy S26 (12/256GB) - 4,239,000 MMK (Free Upgrade to 512GB)

Galaxy S26+ (12/128GB) - 4,393,000 MMK (Free Upgrade to 256GB)
Galaxy S26+ (12/256GB) - 4,907,000 MMK (Free Upgrade to 512GB)

Galaxy S26Ultra (12/128GB) - 4,995,000 MMK (Free Upgrade to 256GB)
Galaxy S26Ultra (12/256GB) - 5,612,000 MMK (Free Upgrade to 512GB)

နှစ်ပေါင်း ၅,၀၀၀ ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ဆန်းသစ်လိုက်တဲ့ "စက်သွား" (Gear) နည်းပညာ ⚙️💧ကျွန်တော်တို့ လူသားတွေဟာ လွန်ခဲ့...
30/01/2026

နှစ်ပေါင်း ၅,၀၀၀ ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ဆန်းသစ်လိုက်တဲ့ "စက်သွား" (Gear) နည်းပညာ ⚙️💧
ကျွန်တော်တို့ လူသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ လောက် ရှေးဟောင်းတရုတ်ခေတ်ကတည်း က စက်ပစ္စည်းတွေ လည်ပတ်ဖို့အတွက် အသွားပါတဲ့ စက်သွား တွေကိုပဲ တစ်စိုက်မတ်မတ် သုံးစွဲခဲ့ကြတာပါ။
ဒါပေမဲ့ အခု ၂၀၂၆ ခုနှစ်မှာတော့ ရူပဗေဒပညာရှင်တွေက ဒီသမိုင်းကို ပြောင်းလဲပစ်လိုက်ပါပြီ။ အဲဒါကတော့ "အသွားမပါတဲ့ စက်သွား" (Gear with zero teeth) နည်းပညာပါပဲ။ 🤯
🔬နယူးယောက်တက္ကသိုလ် က သိပ္ပံပညာရှင်တွေဖြစ်တဲ့ Jesse Etan Smith, Leif Ristroph နဲ့ Jun Zhang တို့က ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ တွေ့ရှိချက်ကို ရူပဗေဒဆိုင်ရာ နာမည်ကြီးဂျာနယ် "Physical Review Letters" မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကမှ လတ်တလော ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
စက်သွားတွေကို တစ်ခုနဲ့တစ်ခု ထိတွေ့ပြီး လည်ပတ်စေမယ့်အစား "အရည်" ကို ကြားခံအဖြစ် အသုံးပြုလိုက်ပါတယ်။
အထူးပြုလုပ်ထားတဲ့ အရည်ထဲမှာ စက်သွားတွေကို ထည့်သွင်းပြီး လည်ပတ်စေတဲ့အခါ အရည်ရဲ့ စီးဆင်းမှုအားက မမြင်ရတဲ့ "အသွား" (Invisible Teeth) တွေသဖွယ် ဖြစ်သွားပြီး ဘေးက စက်သွားကိုပါ လိုက်ပါ လည်ပတ်စေတာပါ။
✨ဒီနည်းပညာသစ်မှာ ယုံနိုင်စရာမရှိလောက်အောင် ကောင်းမွန်တဲ့ အချက် (၃) ချက် ပါဝင်လာပါတယ်။
၁။ ပွတ်တိုက်မှု လုံးဝမရှိတော့ပါ (Zero Friction): စက်သွားချင်း မထိတဲ့အတွက် ပွတ်တိုက်စားတာ၊ ပျက်စီးတာတွေ လုံးဝမရှိတော့ပါဘူး။
၂။ လမ်းကြောင်း ပြောင်းနိုင်တယ်: အရည်ရဲ့ အမြန်နှုန်းကို ချိန်ညှိလိုက်ရုံနဲ့ စက်သွား (Gear) လို ပြောင်းပြန်လည်မလား၊ ပူလီ (Pulley) လို တစ်ဖက်တည်း အတူတူလည်မလားဆိုတာကို ချက်ချင်း ပြောင်းလဲနိုင်ပါတယ်။
၃။ ယန္တရား ညပ်တာမျိုး မရှိတော့ဘူး: သမားရိုးကျ စက်သွားတွေလို ကြားထဲ အမှိုက်ဝင်လို့ စက်ရပ်သွားတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။
ဒီတွေ့ရှိချက်က နောင်တစ်ချိန်မှာ စက်ရုပ်နည်းပညာ (Robotics) နဲ့ ရှုပ်ထွေးတဲ့ စက်ယန္တရားတွေအတွက် အကြီးမားဆုံး အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ "သံတွေ တိုက်စားနေတဲ့ ခေတ်ကနေ အရည်တွေ စီးဆင်းမယ့်ခေတ်" ကို ရောက်လာတော့မှာပါ။ 🌊🤖
References & Sources:
* Smith, J. E., Ristroph, L., & Zhang, J. (2026). Fluid gears and pulleys. Physical Review Letters.
* New York University. (2026). Scientists Put Teeth Into Water-Driven Gears.
* Physical Review Letters Journal (Vol. 136, 2026).

31သိန်း ဝန်းကျင်နဲ့ Galaxy S25 (12/512 GB) ကို ဝယ်ယူနိုင်ပါပြီ။ 🤩ဘယ်မှာမှ မရတဲ့ ဈေးနှုန်းနဲ့ နှစ်သစ်မှာ ဖုန်းအသစ်ကိုင်မယ...
24/01/2026

31သိန်း ဝန်းကျင်နဲ့ Galaxy S25 (12/512 GB) ကို ဝယ်ယူနိုင်ပါပြီ။ 🤩

ဘယ်မှာမှ မရတဲ့ ဈေးနှုန်းနဲ့ နှစ်သစ်မှာ ဖုန်းအသစ်ကိုင်မယ်ဆိုရင် အရွေးမမှားတဲ့ ဆုံးဖြတ်ချက်ပဲပေါ့။ အခုပဲ KZY IT Mobile မှာ Order တင်ထားလိုက်တော့။ 😉✨


📌 Galaxy S25 (12/512 GB) - 3,140,000 MMK
(ပစ္စည်းလက်ကျန်ရှိသည့်အထိသာ)

KZY IT
Kyaw Zaya Mobile
အောင်မြတ်လမ်း
အောင်ပန်းမြို့
09771950588 , 09790188872


Learning လုပ်နေတဲ့ ကျောင်းသားတိုင်း Study Smart ဖြစ်သွားစေဖို့ Galaxy AI ပါဝင်တဲ့ Galaxy Tab A11 ရှိနေပါပြီ။💯မြင်ကွင်းကျ...
04/01/2026

Learning လုပ်နေတဲ့ ကျောင်းသားတိုင်း Study Smart ဖြစ်သွားစေဖို့ Galaxy AI ပါဝင်တဲ့ Galaxy Tab A11 ရှိနေပါပြီ။💯

မြင်ကွင်းကျယ်၊ Display ကောင်းတာမို့ Online Learning လုပ်ရတာ အဆင်ပြေတဲ့အပြင် Galaxy AI ပါဝင်တဲ့အတွက်ကြောင့် ကျောင်းသင်ခန်းစာတွေကိုလည်း လွယ်လွယ်ကူကူ လေ့လာလို့ရပြီပေါ့။

ဘက်စုံသုံးဖို့အတွက် အတန်ဆုံး Galaxy Tablet ကိုဝယ်ယူအား​ပေးချင်တယ်ဆို​ရင်​တော့ ညီမ​တို့ KZY IT Mobile (Kyaw Zaya)မှာဝယ်ယူအား​ပေးလို့ရပါပြီရှင့်

Kyaw Zaya-KZY IT Mobile
Computer and Mobile Phone Sale Center
​အောင်မြတ်လမ်း
​အောင်ပန်းမြို့ 09-790188872/09-458913711/09-771950588

Galaxy Tab A11 (4/ 64GB) - 855,000 MMK
Galaxy Tab A11 (8/ 128GB) - 1,038,000 MMK

Galaxy Tab A11+ (6/ 128GB) - 1,275,000 MMK

📢 "ခံနိုင်ရည်ကြမ်း ဘက်ထရီလန်း"တဲ့ 𝐈𝐧𝐟𝐢𝐧𝐢𝐱   ကို Kyaw Zaya Mobile မှာလာရောက်အားပေးဝယ်ယူနိုင်ပါပြီ။✅ 45W အမြန်အားသွင်းစနစ်...
09/12/2025

📢 "ခံနိုင်ရည်ကြမ်း ဘက်ထရီလန်း"တဲ့ 𝐈𝐧𝐟𝐢𝐧𝐢𝐱 ကို Kyaw Zaya Mobile မှာလာရောက်အားပေးဝယ်ယူနိုင်ပါပြီ။
✅ 45W အမြန်အားသွင်းစနစ်
✅ 5160mAh (၅) နှစ်အထိတာရှည်အသုံးပြုနိုင်မယ့် Battery
✅ မြန်ဆန်တဲ့လုပ်ဆောင်မှုတွေအတွက် Helio G81 Ultimate Processor
✅ ရေစိုခံတဲ့ IP 64 Dust & Water Resistant
✅ တစ်ချက်နှိပ်ရုံနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ Function ကို အမြန်လုပ်ဆောင်နိုင်မယ့် Adaptive One-Tap Infinix AI Button တို့ပါဝင်ပြီး "ခံနိုင်ရည်ကြမ်း ဘက်ထရီလန်း" တဲ့ 𝐈𝐧𝐟𝐢𝐧𝐢𝐱 𝐇𝐎𝐓 𝟔𝟎𝐢 ကိုအခုပဲနီးစပ်ရာဆိုင်များမှာလာရောက်ဝယ်ယူလိုက်တော့နော်။
𝗛𝗢𝗧 𝟔𝟎𝗶 | 𝟭𝟮𝟴𝗚𝗕 + 𝟒𝗚𝗕 - 𝟒𝟖𝟗,𝟵𝟬𝟬 𝗞𝘀
𝗛𝗢𝗧 𝟔𝟎𝗶 | 𝟭𝟮𝟴𝗚𝗕 + 𝟔𝗚𝗕 - 𝟓𝟐𝟗,𝟵𝟬𝟬 𝗞𝘀
𝗛𝗢𝗧 𝟔𝟎𝗶 | 𝟐𝟓𝟔𝗚𝗕 + 𝟖𝗚𝗕 - 𝟓𝟖𝟗,𝟵𝟬𝟬 𝗞𝘀
🔥𝐈𝐧𝐟𝐢𝐧𝐢𝐱 𝐇𝐎𝐓 𝟔𝟎𝐢_ 𝐀𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐍𝐎𝐖 ! 🔥

#ခံနိုင်ရည်ကြမ်းဘက်ထရီလမ်း


ဝယ်ယူပိုင်ဆိုင်ချင်တယ်ဆိုရင်ဖြင့် အောက်ပါလိပ်စာအတိုင်း လှမ်းလာဖို့ ဖိတ်ခေါ်ပါရစေ

🎈 Kyaw Zaya-KZY IT Mobile
Computer and Mobile Phone Sale Centre
အောင်မြတ်လမ်း
အောင်ပန်းမြို့
09 790188872 / 09 458913711 / 09 771950588

7000mAh Battery အကြီးကြီးပါတဲ့အပြင် 80W SUPERVOOCTM Flash Charge နဲ့ Powerful Battery ကို ပိုင်ဆိုင်ထားတဲ့ OPPO A6 Pro ❤...
09/12/2025

7000mAh Battery အကြီးကြီးပါတဲ့အပြင် 80W SUPERVOOCTM Flash Charge နဲ့ Powerful Battery ကို ပိုင်ဆိုင်ထားတဲ့ OPPO A6 Pro ❤️

Battery နဲ့ပတ်သတ်ပြီး Pro ကျတဲ့အပြင် IP69 Water and Dust Resistance ပါဝင်လို့ ရေစိမ်ခံနိုင်တယ်။ လှပ သေသပ်တဲ့ ဒီဇိုင်းနဲ့ AI Features အစုံအလင်ကြောင့် ပြောစရာမလိုအောင် ပြီးပြည့်စုံတဲ့ PRO တစ်ဦးဖြစ်ပါတယ်။

31.01.2026 အထိ ဝယ်ယူသူများက
● ATOM Package,
● 180 Days Screen Protection Plan,
● 5 Years Battery Protection Plan စတဲ့ အထူးလက်ဆောင်များ ရရှိမှာဖြစ်ပါတယ်။

#အချိန်ကြာကြာကြမ်းကြမ်းသုံးProwerfulAIဖုန်း

🎈 KZY IT Mobile
Computer and Mobile Phone Sale Centre
အောင်မြတ်လမ်း
အောင်ပန်းမြို့
09 790188872 / 09 458913711 / 09 771950588

Address

Aung Myat Street, Aungban Town
Aungban
0081

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+95943027296

Website

Alerts

Be the first to know and let us send you an email when KZY IT Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KZY IT Mobile:

Shortcuts

Share