Maw

Maw ပုဂံ​ရောက်အမှတ်တရလက်​ဆောင်များ

"မော်" ရှားစောင်းလက်ပတ်ချက်​ဆေးများ ပြန်လည် အား​ပေးနိုင်ပါပြီရှင် 🙆‍♀️💕ကုန်ကြမ်း ​စျေးတက်မှုများနဲ့ ထုပ်ပိုးပစ္စည်း ပြတ်...
16/11/2021

"မော်" ရှားစောင်းလက်ပတ်ချက်​ဆေးများ ပြန်လည် အား​ပေးနိုင်ပါပြီရှင် 🙆‍♀️💕

ကုန်ကြမ်း ​စျေးတက်မှုများနဲ့ ထုပ်ပိုးပစ္စည်း ပြတ်လပ်မှု အခက်အခဲများ​ကြောင့် ချက်​ဆေးထုတ်လုပ်မှု ​​​​ခေ တ္တ ရပ်နားထားခဲ့ရတဲ့အတွက် အားနာပါတယ်ရှင်။

ကျွန်မတို့ရဲ့ ချက်​ဆေးကိုပဲ ဝယ်ယူအား​ပေးချင်လို့ ​စောင့်ဆိုင်း​နေသူ ချစ်မိတ်​ဆွေများကိုလည်း ​ကျေးဇူး အထူးတင်ပါတယ်ရှင့်။

ချက်​ဆေး​လေး​တွေကို စားသုံးရ လွယ်ကူ​စေရန် ရည်ရွယ်ချက်နဲ့ ထန်းလျက်လုံး ပုံစံ​လေး​တွေ ပြုလုပ် ထုပ်ပိုး​ပေးထားပါတယ်ရှင့်။

Page messenger နှင့် ဖုန်းနံပါတ် 09-259112299 မှ ဆက်သွယ်မှာယူနိုင်ပါပြီရှင်။ ​ညောင်ဦးမြို့တွင်း deli free နှင့် အမြို့မြို့ အနယ်နယ် မှလည်း မှာယူနိုင်ပါတယ်ရှင်။
ဗူး​သေး ၃၀၀၀
ဗူးကြီး ၅၀၀၀
(ဘယ်သူ ​စျေးတက်တက် တို့ မတက်​သေးဘူး​နော် 😘)

09/07/2021

ဆိုင်ဖွင့်မည့်ရက်ကို ပြန်လည်​ကြေညာ​ပေးသွားပါမည်။

အား​ပေးမှုအတွက် ​ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 😇

08/07/2021

မနက်ဖြန် ဆိုင်ပိတ်ပါသည်

ဆိုင်ဖွင့်ပွဲ တစ်လပြည့် အထိမ်းအမှတ် အလှူ​ဒါနလေးပြုခဲ့ပါသည် 😊ချစ်မိတ်​ဆွေများ အားလုံးလဲ ကုသိုလ်ထပ်တူ ရ၍ ကျန်းမာရွှင်လန်းက...
04/07/2021

ဆိုင်ဖွင့်ပွဲ တစ်လပြည့် အထိမ်းအမှတ် အလှူ​ဒါနလေးပြုခဲ့ပါသည် 😊
ချစ်မိတ်​ဆွေများ အားလုံးလဲ ကုသိုလ်ထပ်တူ ရ၍ ကျန်းမာရွှင်လန်းကြပါ​စေရှင် 🙏🙏🙏

မနက်ဖြန် အ​မေ့​မွေး​နေ့​လေးမှာ ဆိုင်တွင် လာ​ရောက်စားသုံးသူ မိတ်​ဆွေများအားလုံးကို ​ရှယ်ကော်ဖီပူပူ​လေး ☕ FOC (အခမဲ့) ပေးမ...
18/06/2021

မနက်ဖြန် အ​မေ့​မွေး​နေ့​လေးမှာ ဆိုင်တွင် လာ​ရောက်စားသုံးသူ မိတ်​ဆွေများအားလုံးကို ​ရှယ်ကော်ဖီပူပူ​လေး ☕ FOC (အခမဲ့) ပေးမှာ ဖြစ်ပါတယ်ရှင်... 🤗

ချစ်မိတ်​ဆွေများ လာ​ရောက်အား​​ပေးကြဖို့ မ​မေ့နဲ့ဦး​နော် 🥰

#အ​မေ အသက်ရှည်၊ ကျန်းမာ ၊ စိတ်ချမ်းသာပါ​စေ 🙏

Menu အသစ် ပလာတာသုပ်က စရောင်းတဲ့ နာရီဝက် အတွင်းကုန်သွားလို့ နောက်လာမေးလို့မရောင်းလိုက်ရတဲ့မိတ်ဆွေများကို အားနာပါတယ်ရှင် ၊...
17/06/2021

Menu အသစ် ပလာတာသုပ်က စရောင်းတဲ့ နာရီဝက် အတွင်းကုန်သွားလို့ နောက်လာမေးလို့မရောင်းလိုက်ရတဲ့မိတ်ဆွေများကို အားနာပါတယ်ရှင် ၊၊

အမြဲ Positive Review တွေပဲရနေရအောင် ကြံဖန်လုပ်ရေးနေတာလား ထင်စရာရှိပါမယ်

တကယ်နောက်ကွယ်က ကျွန်မတို့ရောင်းတော့မယ်ဆိုရင်

⭐အရင်ဆုံး study & research လုပ်ရပါတယ် ( ချက်ပြုတ်နည်း၊ တည်ခင်းနည်း၊ သန့်ရှင်းအောင်ထိန်းသိမ်းနည်း စသဖြင့်ပေါ့...)

⭐ ပြီးရင် မိတ်ဆွေတွေရဲ့ အကြံပေး၊လမ်းညွှန်ချက်တွေကို နားထောင်ပြီး ဂရုတစိုက်ပြင်ရပါတယ်

⭐ ကုန်ကြမ်းရွေးချယ်ဝယ်ယူနည်း (ဘယ်ဆီက သန့်တယ်၊ ဘယ်အသားကလတ်တယ်၊ ပဲမှုန့်ကအစ တခုချင်း Details လေ့လာပြီး ဝယ်ယူပါတယ်)

⭐ မိတ်ဆွေတို့အတွက် ရောင်းတမ်းမတင်ခင် testing အရင်မြည်းစမ်းရပါတယ် (အိမ်မှာက Foodies တွေချည်းပဲမို့ သူတို့ approved မလုပ်မချင်းရောင်းဖို့မဖြစ်ပါဘူး😅)

⭐ နောက်ဆုံး feedback တွေကိုပြန်နားထောင်ပါတယ် ( ဆိုင်နာမည်တက်လာတာက customer တွေရဲ့စကားကိုအလေးထားဂရုစိုက်ပြီး နားထောင်ပြင်ဆင်လို့ပါ၊ ဘယ်မြို့က ဘာအစားသောက်နာမည်ကြီးတယ်ဆိုပေမဲ့ သူ့အတိုင်းလိုက်လုပ်လို့ အဆင်မပြေပြန်ပါဘူး၊ ကာလံဒေသံ ကွာခြားချက်အရ ကိုယ့်မြို့ရဲ့အကြိုက်ကို ပြင်ဆင်နိုင်ဖို့က အဓိကအကျဆုံးပါပဲရှင်)

ယခု ဝမ်းနည်းအားနာစွာကြေငြာရမှာက ကျွန်မ‌တို့ဆိုင်ရဲ့ Quality Control နဲ့ ကုန်ကြမ်းပြန်စိစစ်ဖို့အတွက် မနက်ဖြန်တစ်ရက် ပိတ်ခွင့်ပြုပါရှင်

စားသုံးသူမိတ်ဆွေများအားလုံး ကျေးဇူးအထူးတင်ရှိပါတယ်ရှင်

မုန့်ပြားသလက်သုပ် ၅၀၀ ကျပ်
မုန့်တီ၊ မုန့်ဟင်းခါး၊ ၈၀၀ ကျပ်
ခေါက်ဆွဲသုပ်
အုန်းနို့ခေါက်ဆွဲ ၉၀၀ ကျပ်
ပလာတာသုပ် ၁၀၀၀ ကျပ်

🏬 MPT ရုံးဝန်း

☎️ 09-259112299

💐ပန်းသတင်း လေညှင်းဆောင်သလို လူသတင်း လူချင်းဆောင်တယ်တဲ့ ☺️ကျွန်မတို့ဆိုင်ရဲ့ အစားအသောက်နဲ့ဝန်ဆောင်မှု အပေါ်ကြိုးစားအားထုတ...
16/06/2021

💐ပန်းသတင်း လေညှင်းဆောင်သလို လူသတင်း လူချင်းဆောင်တယ်တဲ့ ☺️

ကျွန်မတို့ဆိုင်ရဲ့ အစားအသောက်နဲ့ဝန်ဆောင်မှု အပေါ်ကြိုးစားအားထုတ်မှုကို မိတ်ဟောင်းတွေက ကောင်းသတင်းတွေ ဆောင်ကျဉ်းပေးတာကြောင့် မိတ်သစ်‌တွေ အများကြီးရရှိခဲ့ပါတယ်

🙏ကျေးဇူးအထူးတင်ရပါတယ်ရှင်🙏

နောက်တစ်ခုကတော့ ဆိုင်ကိုနေ့တိုင်းလာအားပေးတဲ့သူတွေ ရိုးအီလာမှာဆိုးလို့ Menu 2 ခု ထပ်တိုးပါတယ်နော်

⭐ မုန့်ပြားသလက်သုပ် ၅၀၀
⭐ ပလာတာသုပ် ၁၀၀၀

မနက်ဖြန်လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်

🏬 MPT ရုံးဝန်း
☎️ 09-259112299

Super Sunday မှာ မိုးအေးအေးနဲ့အိမ်မှာကွေးကောင်းနေလို့ မနက်စာလွတ်မှာမပူပါနဲ့ ဆိုင်က ၁၂ နာရီထိဖွင့်ပါတယ်ရှင့်ဖုန်းတချက်ဆက်...
13/06/2021

Super Sunday မှာ မိုးအေးအေးနဲ့အိမ်မှာကွေးကောင်းနေလို့ မနက်စာလွတ်မှာမပူပါနဲ့ ဆိုင်က ၁၂ နာရီထိဖွင့်ပါတယ်ရှင့်
ဖုန်းတချက်ဆက်လိုက်ရုံနဲ့လဲ လာပို့ပေးဦးမှာပါနော်
🏬 MPT ရုံးဝန်း
☎️ 09-259112299

မိုးအေးအေး + မနက်‌စာကောင်းကောင်း + ကော်ဖီပူပူ ☕ = Perfect Morning‌တစ်နေ့တာ ပင်ပန်းမှုတွေကို ရင်ဆိုင်နိုင်ဖို့ မနက်စာကောင...
12/06/2021

မိုးအေးအေး + မနက်‌စာကောင်းကောင်း + ကော်ဖီပူပူ ☕ = Perfect Morning

‌တစ်နေ့တာ ပင်ပန်းမှုတွေကို ရင်ဆိုင်နိုင်ဖို့ မနက်စာကောင်းကောင်းက အရမ်းအရေးကြီးပါတယ်နော်
(Admin က တော့ မနက်စာမကောင်းရင် တစ်နေကုန်စိတ်မကြည်တော့တာ) 🥴

မိတ်ဆွေများရဲ့ အကြံပေးတောင်းဆိုမှုများကြောင့် အုန်းနို့ခေါက်ဆွဲ၊ မုန့်တီသုပ်၊ မုန့်ဟင်းခါးသုပ် နှင့် ခေါက်ဆွဲသုပ်များကို...
11/06/2021

မိတ်ဆွေများရဲ့ အကြံပေးတောင်းဆိုမှုများကြောင့် အုန်းနို့ခေါက်ဆွဲ၊ မုန့်တီသုပ်၊ မုန့်ဟင်းခါးသုပ် နှင့် ခေါက်ဆွဲသုပ်များကို

🌅မနက် ( ၆နာရီ မှ ၁၂နာရီအထိ ) ဝယ်ယူအားပေးနိုင်ပါပြီ

ကျန်းမာရေးဦးစားပေးပြီး ချက်ပြုတ်ထားတာမလို့ ကုန်ကြမ်းနဲ့ သန့်ရှင်းရေးကိုတော့ စိတ်ချပါရှင့်

ဖုန်းဆက်လိုက်တာနဲ့ လာပို့ပေးမှာဆိုပေမယ့် ဆိုင်မှာဆိုရင် မိတ်ဆွေတို့ ကျန်းမာရေးနဲ့ privacy အတွက် တစ်ခုံနှင့် တစ်ခုံ အဝေးကြီးမှာ ထားထားပြီး ရေတမာပင်ရိပ်အေးအေးလေးအောက်မှာ Wi-Fi free သုံးရင်း အေးဆေးထိုင်လို့ရတာမို့ ဆိုင်လာစားဖို့ Recommend ပေးပါတယ် ( admin အကြိုက်ဆုံးကတော့ ဟင်းရည်စိတ်ကြိုက် ထပ်တောင်းလို့ရတာပါပဲ😁)

🏬 MPT ရုံးဝန်းအတွင်း
☎️ 09-259112299

အသုပ်တစ်ပွဲ ၈၀၀
အုန်းနို့ခေါက်ဆွဲ တစ်ပွဲ ၉၀၀

အစားကောင်း စားရရင် ကိုယ် ချစ်ခင်ရတဲ့သူတွေကို သတိရတတ်ကြတယ်တဲ့ ❣️ သင်ရော မော့် လက်ရာလေးကို စားမိပြီး ဘယ်သူတွေကို သတိရမိသွာ...
08/06/2021

အစားကောင်း စားရရင် ကိုယ် ချစ်ခင်ရတဲ့သူတွေကို သတိရတတ်ကြတယ်တဲ့ ❣️

သင်ရော မော့် လက်ရာလေးကို စားမိပြီး ဘယ်သူတွေကို သတိရမိသွားလဲ ??? 😋💛

ပုဂံမြို့မှ  ချစ်မိတ်​ဆွေများရှင်...🤗မနက်ဖြန် ပုဂံကို အုန်းနို့​ခေါက်ဆွဲ ​အော်ဒါရှိတဲ့အတွက် အုန်းနို့​ခေါက်ဆွဲချစ်သူများ...
07/06/2021

ပုဂံမြို့မှ ချစ်မိတ်​ဆွေများရှင်...🤗
မနက်ဖြန် ပုဂံကို အုန်းနို့​ခေါက်ဆွဲ ​အော်ဒါရှိတဲ့အတွက် အုန်းနို့​ခေါက်ဆွဲချစ်သူများ deli free ဖြင့် ​ကြိုတင် မှာယူနိုင်ပါပြီရှင် 🙆‍♀️

အုန်းနို့​ခေါက်ဆွဲ တစ်ပွဲ- ၈၀၀ ကျပ်
📲09-259112299

Address

Anawyahtar Street
Bagan

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Maw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share