Dream Musical lnstrument Shop

Dream Musical lnstrument Shop Touch your dream

15/06/2026

စော်ကြည်နှုန်း ကျအောင်လို့
ဆံပင်ညှပ်လိုက်တာ ဆိုတဲ့
ဘဲလေးတစ်ဗွေ ပေါ့ 🤭🤭🤭
သူလည်း တီးချင်တယ်ဆိုပြီး ပူဆာလွန်းလို့
သူစိတ်ကျေနပ်သွားအောင် လွယ်တာလေး သင်ပေးလိုက်တယ်
#ပန်းချစ်သူ
Tharno
Me
Guitar House
Dream Musical lnstrument Shop

  တွေကိုတော့ ပုံရိုက်တင်ချိန်မရအောင်ကိုအားပေးကျပါသော ၊ လမ်းညွှန်ပေးကျပါသော …တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူ...
25/03/2026

တွေကိုတော့ ပုံရိုက်တင်ချိန်မရအောင်ကို
အားပေးကျပါသော ၊ လမ်းညွှန်ပေးကျပါသော …
တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိလျှက်ပါဗျာ 🙏🙏🙏
ကတော့ပုံရိုက်တင်ချိန်ရပါပြီ 🤭🤭🤭
လေးလုံးရောက်ပါတယ် ဦးသူယူပါဗျ
Dream Musical lnstrument Shop

14/03/2026

🥰🥰🥰

💪💪💪

 #စစ်ကိုင်းလမ်း …..😔😔😔"စစ်ကိုင်းလမ်းက စောင့်နေမယ် သူ မှာလို့...."(၁)“တိုးထွက်မယ့် မနက်နေရောင် ဖြာထွန်းရင်...” တဲ့။ ခိုင်...
27/02/2026

#စစ်ကိုင်းလမ်း …..😔😔😔

"စစ်ကိုင်းလမ်းက စောင့်နေမယ် သူ မှာလို့...."

(၁)
“တိုးထွက်မယ့် မနက်နေရောင် ဖြာထွန်းရင်...” တဲ့။ ခိုင်ထူးရဲ့ ကြည်လင်တက်ကြွတဲ့ အသံနဲ့အတူ “စစ်ကိုင်းလမ်း” သီချင်းရဲ့ အဖွင့်စာသားလေးဟာ မြတ်နိုးစရာလေး။ ညရဲ့အမှောင်ထုထဲကနေ တိုးပြီးထွက်လာတဲ့ အရုဏ်ဦးရဲ့ အလင်းဖြာဖြာလေးကို ရင်ထဲပေါ်လာစေတယ်။ “စစ်ကိုင်းလမ်း” ဟာလည်း ကိုနေဝင်းသီချင်းတွေထဲမှာ ဂန္ထဝင်သီချင်းတပုဒ်ဆိုရင် မမှားပါဘူး။ နှစ်ပေါင်း ၄၀ ကျော်လာခဲ့ပေမယ့် အခုထိ ရှင်သန်နေဆဲ ပြည်သူတွေ မြတ်နိုးနေဆဲ သီချင်းတပုဒ်ဖြစ်ပါတယ်။

သီချင်းနာမည်ဖြစ်တဲ့ “စစ်ကိုင်းလမ်း” ကို ပရိသတ်တွေတော်တော်များများက အစဦးပိုင်းမှာ ရန်ကုန်တက္ကသိုလ်ထဲက စစ်ကိုင်းလမ်းကိုပြောတာလို့ပဲ ထင်မှတ်ခဲ့ကြပါတယ်။ အင်တာဗျူးတွေမှာ ကိုနေဝင်းက စစ်ကိုင်းလမ်းအကြောင်း ရှင်းပြထားတာကို ကြည့်လိုက်ရတော့မှ စစ်ကိုင်းလမ်းဟာ မန္တလေးနဲ့စစ်ကိုင်းကြားက စစ်ကိုင်းလမ်းဆိုတာကို သိသွားခဲ့ကြပါတယ်။

(၂)
စစ်ကိုင်းလမ်းသီချင်းဟာ မြစ်ငယ်မြို့နယ်ထဲက “ဥယျာဉ်လေးရွာ” နဲ့လည်း ပတ်သက်နေသလို “အသုံးလုံး စီမံကိန်း” နဲ့လည်း ဆက်နွှယ်နေပါတယ်။ သက်ကြီးရွယ်အို စာမတတ်သူ ပပျောက်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့အတူ အသုံးလုံးစီမံကိန်းကြီး မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ အသုံးလုံးဆိုတာ “အရေး၊ အဖတ်၊ အတွက်” ဆိုတဲ့ ၃ ခုထဲက အ ကိုယူပြီး အ သုံးလုံးလို့ ခေါ်ခဲ့ကြတာပါ။ စာလည်း ရေးတတ်ရမယ်။ စာလည်း ဖတ်တတ်ရမယ်။ သင်္ချာလည်း တွက်တတ်ရမယ်ပေါ့။ ပညာရေးဝန်ကြီးဌာန အထူးအရာရှိတဦးဖြစ်တဲ့ ဆရာကြီး ဦးသံဗျင် (၁၉၀၄-၁၉၉၇) က အသုံးလုံးစနစ်ကို စတင်တီထွင်ခဲ့တာပါ။

၁၉၆၄ ခုနှစ် နွေရာသီမှာ သင်တန်းဆရာလေးဦးနဲ့အတူ ဆရာကြီးဦးသံဗျင်ဟာ မိတ္ထီလာမြို့နယ်၊ အရှေ့ စံပြကျေးရွာမှာ အသုံးလုံးစနစ်ကို စတင်သင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှ အသုံးလုံးစနစ်ဟာ နိုင်ငံတော်အဆင့်ဖြစ်သွားပြီး အသုံးလုံးစီမံကိန်းကြီးအနေနဲ့ ၁၉၆၄ ကနေ ၁၉၈၄ အထိ နှစ် ၂၀ ခန့် မြန်မာပြည်တဝှမ်း သင်ကြားပေးခဲ့ကြပါတယ်။ ဆရာကြီးဦးသုခကလည်း အသုံးလုံးသင်ကြားမှုအကြောင်းကို “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဆိုတဲ့ နာမည်နဲ့ ရုပ်ရှင်ရိုက်ကူးပြီး ၁၉၇၃ ခုမှာ ရုံတင်ပြသခဲ့ပါတယ်။ ဦးအံ့ကျော်က အကောင်းဆုံးဇာတ်ပို့ဆုရပြီး ဦးသုခကတော့ ဒါရိုက်တာဆု၊ ဓာတ်ပုံဆုတွေ ရရှိခဲ့ပါတယ်။

(၃)
ကုလသမဂ္ဂကလည်း ၁၉၇၁ ခုမှာ အသုံးလုံးစီမံကိန်းကြီးကို “မိုဟာမက် ရီဇာပါလာဗီ-The Mohamed Reza Pahlavi Prize” ဆုကို ချီးမြှင့်ခဲ့ပါတယ်။ ၁၉၆၄ ကနေ ၁၉၈၄ အထိ နှစ်ပေါင်း ၂၀ ခန့်အတွင်း အသုံးလုံးစီမံကိန်းကြီးကို တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းပေါင်းစုံမှ လုပ်အားပေး ကျောင်းသူ၊ ကျောင်းသားပေါင်း ၇၀၀၀၀ ကျော်။ ဒေသခံ ဆရာ၊ ဆရာမ၊ လုပ်အားပေး ကျောင်းသူ၊ ကျောင်းသားပေါင်း ၅ သိန်းကျော်နဲ့ မြန်မာနိုင်ငံအနှံ့ သင်ကြားပေးခဲ့ကြတာဖြစ်ပါတယ်။

ကိုနေဝင်းရဲ့ချစ်သူကောင်မလေးဟာလည်း အသုံးလုံးစီမံကိန်းကြီးထဲမှာ လုပ်အားပေးခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသူတွေထဲက ကျောင်းသူတဦးဖြစ်ပါတယ်။ သူမဟာ ရန်ကုန် AGTI ကျောင်းသူတယောက်ဖြစ်ပါတယ်။ ၁၉၇၁-၇၂ လောက်မှာ အသုံးလုံးသင်ကြားပေးဖို့အတွက် မြစ်ငယ်မြို့နယ်၊ ဥယျာဉ်လေးကျေးရွာကို သူမတို့ တာဝန်ကျခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုနေဝင်းဟာ မန္တလေးမှာ နေထိုင်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့် မြစ်ငယ်ဘက်ရောက်နေတဲ့ ချစ်သူကို ကိုနေဝင်းက သွားရှာပါတယ်။ လယ်ထွန်စက်တခုကိုစီးပြီး တရွာဝင်တရွာထွက် လိုက်ရှာချိန်မှာတော့ ညနေပိုင်းမှာ ဥယျာဉ်လေးရွာမှာရှိတယ်ဆိုတဲ့ သတင်းကို ရလိုက်ပါတယ်။

(၄)
အဲတညမြစ်ငယ်ကို ပြန်အိပ်ပြီး နောက်နေ့မနက်ကျမှ ဥယျာဉ်လေးရွာကို သွားတွေ့ပါတယ်။ အသုံးလုံးသင်တဲ့ ဆရာ၊ ဆရာမတွေဟာ စာသင်ချိန်ပြီးရင် ရွာသူရွာသားတွေရဲ့ အလုပ်ကို ဝိုင်းကူကြပါတယ်တဲ့။ ကိုနေဝင်းရောက်သွားချိန်မှာ သူ့ချစ်သူက ပဲရွေးပေးနေတယ်လို့ ဆိုပါတယ်။ ကိုနေဝင်းကိုမြင်တော့ “ကိုညီ လာတယ်” ဆိုပြီး ပြေးလာတယ်တဲ့။ ကိုနေဝင်းရဲ့ အိမ်နာမည်က “ကိုညီ” လို့ သိရပါတယ်။ အဲဒီတနေ့လုံး စကားတွေပြောကြတယ်။ “စကားလက်စ မသတ်နိုင်အောင် လေပြေသွေး” ကြတာပေါ့။

ညနေစောင်းလာတော့ ချစ်သူကောင်မလေးက ကိုနေဝင်းကို မန္တလေးပြန်ဖို့အတွက် စစ်ကိုင်းလမ်းကနေ လမ်းတဝက်အထိ လိုက်ပို့တယ်တဲ့။ “လမ်းတဝက်ထိ ကိုယ့်ကို ပြန်ပို့ရင်း...ဆို” ပေါ့။ လမ်းတဝက်မှာရှိတဲ့ စစ်ကိုင်းတံတားနားက ညောင်ညိုပင်ရိပ်လေးမှာ စစ်ကိုင်းကနေ မန္တလေးသွားမယ့်ကားကို စောင့်ကြတယ်။ စစ်ကိုင်းကားလာတော့ ကိုနေဝင်းက တားစီးတယ်။ ကားသမားက ခများတို့ ကံကောင်းတယ်။ ဒီကားက ဒီနေ့အတွက် နောက်ဆုံးကားတဲ့။ မန္တလေးပြန်တော့မယ့်ကိုနေဝင်းကို ချစ်သူကောင်မလေးက လှမ်းမှာတယ်။ မနက်ဖြန်မနက်ကျ ဒီနေရာမှာပဲ သူ့ကိုလာကြိုပါတဲ့။ ဒီစစ်ကိုင်းလမ်းကနေ သူစောင့်နေမယ်တဲ့။

(၅)
“တိုးထွက်မယ့် မနက်နေရောင်ဖြာ ထွန်းရင်..
စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့။
ချိန်းထားတဲ့ သဲမြေပြင်အိုရိပ်ဆီ...
မျှော်သူကို ကြိုလင့်ရန် ကိုယ်လာမယ်လို့
အခုညတော့ အိပ်နိုင်မယ် မထင်ဘူး.....”

နှစ်ဦးတွေ့တဲ့ ညနေကိုပြန်တွေးရင်းတွေးရင်းနဲ့ အဲဒီညတော့ ကိုနေဝင်းတယောက် အိပ်နိုင်မယ်မထင်ဘူးတဲ့။ စိတ်ထဲမှာ ညနေက အတူတွေ့ခဲ့ကြတာလေးတွေကို ပြန်တွေးလိုက်၊ မနက်ဖြန်မနက်တွေ့ရင် တ‌ယောက်နဲ့တယောက်အပြုံးတွေနဲ့ နှုတ်ဆက်ဖို့ ကြိုတွေးလိုက်နဲ့ စိတ်တွေ လေဟုန်စီးနေမှာ အသေချာပါပဲ။ ကိုနေဝင်းဟာ အဲဒီအချိန်တုန်းက မန္တလေး ၃၅ လမ်း၊ ၇၄ လမ်းမှာ နေပါတယ်။ မန္တလေးဘူတာကြီးနဲ့ နီးတယ်။ ၄ ပြခန့်ပဲ ဝေးပါတယ်။ ဒီတော့ ရထားသံကို အိမ်ကနေ ကြားရလေ့ရှိပါတယ်။ ပုံမှန်နေ့တွေမှာတော့ ရထားသံကို ဒီအတိုင်း အမှုမဲ့အမှတ်မဲ့ပေါ့။ ဒါပေမယ့် ဒီညမှာတော့ ကြားရတဲ့ ရထားသံတွေဟာ ထူးခြားနေတယ်။ “ကြားရတဲ့ ရထားသံ ရင်ခုန်သံအလား” တဲ့။ ကြားရတဲ့ ဒီရထားသံတွေဟာ သူ့ရင်ခုန်သံတွေ အလား ထင်မှတ်ရလောက်အောင် ချစ်သူနဲ့မနက်ဖြန်တွေ့ဖို့အတွက် ရင်တွေအရမ်းခုန်နေခဲ့တယ်။
(၆)
၁၉၈၃ မှာဆိုခဲ့တဲ့ မူမှာတော့ ခိုင်ထူးဟာ “ကြားရတဲ့ ရထားသံ ရင်ခုန်သံအလား” လို့ ဆိုပါတယ်။ နောက်ပိုင်းပြန်ဆိုတဲ့ မူတွေမှာတော့ “ကြားရတဲ့ ရထားသံ ရင်ခုန်သံလား” ဆိုပြီး “လား” နဲ့ပဲဆိုခဲ့ပါတယ်။ ပြန်ဆိုကြသူတွေလည်း “ရင်ခုန်သံလား” လို့ပဲ ဆိုကြတာတွေ့ရတယ်။ “အလား နဲ့ လား” ဟာ ဆင်တယ်ထင်ရပေမယ့် မတူဘူးလို့ ခံစားရပါတယ်။ “အလား” ဆိုတာက တခုခုနဲ့ နှိုင်းယှဥ်တဲ့ ဥပမာသဘောရှိတယ်။ အလားသဏ္ဍာန်တူတယ်ဆိုတာမျိုးပေါ့။ “လား” ကတော့ ဟုတ်လား၊ စားမလား စသဖြင့် မေးခွန်းမေးတဲ့ အဓိပ္ပါယ်ရှိပါတယ်။ ဒီနေရာမှာတော့ နှစ်ခုလုံးက သင့်လျော်တယ် ခံစားရတယ်။

ရင်ခုန်သံအလားဆိုရင် ကိုယ့်ရင်ခုန်သံကို ရထားသံနဲ့ နှိုင်းယှဉ်လိုက်တာဖြစ်ပြီး ရင်ခုန်သံလားဆိုရင်တော့ ကြားရတဲ့အသံဟာ ကိုယ့်ရင်ခုန်သံလား ရထားသံပဲလားဆိုပြီး မေးလိုက်တာဖြစ်ပါတယ်။ Confuse သဘောလေးပါတယ်ပေါ့။
(၇)
ရင်တွေခုန်နေတာနဲ့ တညလုံး အိပ်မပျော်။ ဒီလိုနဲ့ ရထားသံလေးကြားတော့ တွေးလိုက်တယ်။ အော်... မိုးလင်းလာပြီပေါ့။ မိုးလင်းလာတာကို ကိုနေဝင်းက “တိုးထွက်မယ့် မနက်နေရောင်ဖြာ ထွန်းရင်..... နေညိုချိန် နေ့ကူးရင်...” ဆိုပြီး ‌ရေးသွားတာလေး သိပ်သဘောကျမိတယ်။ မိုးလင်းလာပြီဆိုတော့ ဆက်အိပ်နေလို့ မဖြစ်တော့ဘူး။ စစ်ကိုင်းလမ်းကို သွားချိန်ပြီ။ သူဆက်အိပ်နေလို့ နောက်ကျသွားရင် ချစ်သူကောင်မလေးက အကြာကြီးစောင့်နေရမှာ။ ဒါကြောင့် မျှော်သူကို ကြိုလင့်ဖို့ အိတ်ကလေးလွယ် လိုင်းကားလေးစီးပြီး စစ်ကိုင်းလမ်းကို ထွက်လာခဲ့လိုက်တယ်။ အိတ်လေးလွယ် လိုင်းကားစီးပြီး စစ်ကိုင်းလမ်းသွားတာကို ဖွဲ့သွားတာလေးလည်း သိပ်ကိုသဘောကျမိတယ်။

“သယ်ဆောင်ရာ အိတ်လည်းပြင်
ယာဉ်မြန်ကို စီး
ခရီးထွက်ဖို့ တို့ .. လာနေပြီလေ...”

ဒီစာသားမှာ ကာရန်လေးတွေ ပါတယ်။ “ပြင်..ယာဉ်၊ စီး..ရီး” တဲ့။ ဒါဟာလည်း ကာရန်တခုပါပဲ။ ဒီလိုလေး ရေးစပ်လိုက်တော့ ရိုးနေတဲ့အဓိပ္ပါယ်လေးက ဆန်းလာတယ်။ ခန့်လာတယ်။ ထည်ဝါသွားပါတယ်။

(၈)
စစ်ကိုင်းလမ်းကစောင့်နေတဲ့ ချစ်သူကို သွားကြိုပြီး မန္တလေးကိုပြန်လာကြတယ်။ ကိုနေဝင်းတို့ဟာ မြင်းလှည်းလေးတစီးငှါးပြီး မန္တလေးတောင်ကို ဘုရားဖူးသွားကြပါတယ်တဲ့။ တောင်ခြေတနေရာက ဘုရားမြတ်ရှေ့မှာ ဘုရားပန်းလေးတွေ လှူကြတယ်။ ချစ်သူကောင်မလေးဟာ ကိုနေ
ဝင်းဆီက ပန်းလေးနဲ့ သူ့ဆီကပန်းလေးကို တစုတည်းပေါင်းပြီး ဘုရားပန်းအိုးထဲအတူတူ စိုက်ပြီး လှူခဲ့တယ်တဲ့။ နှစ်ဦးသား အတူတူပေါင်းဖက်ဆုံဆည်းပါရစေဆိုတဲ့ ဆုတောင်းလေးနဲ့ပေါ့။ ဒီအဖြစ်ပျက်လေးကနေ “သို့.. တရံတခါဆီ” ဆိုတဲ့ သီချင်းလေး ဖြစ်လာခဲ့တယ်။ စစ်ကိုင်းလမ်းရဲ့ အဆက်သီချင်းလေးလို့ ဆိုရမှာပါပဲ။

ဒါပေမယ့် သူတို့ရဲ့ ဆုတောင်းတွေ မပြည့်ခဲ့ကြဘူး။ ကိုနေဝင်းဟာ အနုပညာသမားမလို့ ဘဝအာမခံချက်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ချစ်သူကောင်မလေးရဲ့အသိုင်းဝိုင်းက သဘောမတူတာကြောင့် ဝေးခဲ့ကြရတယ်။ ဝေးခဲ့တဲ့အတွက်ကြောင့် “မောင့် လပြည့်ဝန်း” ဆိုတဲ့ သီချင်းလည်းဖြစ်လာခဲ့သလို “ခတ္တာ” ဆိုတဲ့ သီချင်းလေး ပေါ်လာခဲ့ပါတယ်။ စစ်ကိုင်းလမ်းထဲက AGTI ကျောင်းသူလေးဟာ မောင့်လပြည့်
ဝန်းလည်းဖြစ်သလို ခတ္တာသီချင်းထဲက ပုန်းညက်ပန်းလေးလည်း ဖြစ်ပါတယ်။

Crd 🙏🙏🙏
Original writer ✍️

 #နွေရာသီကျောင်းပိတ်ရက် #ဂီတသင်တန်းကျောင်း  Guitar House🎸Guitar(Rhythm/Bass/Lead)🎹Keyboard🥁Drum🎤Vocal🎻Violin  #သင်တန်းမျ...
27/02/2026

#နွေရာသီကျောင်းပိတ်ရက်
#ဂီတသင်တန်းကျောင်း
Guitar House
🎸Guitar(Rhythm/Bass/Lead)
🎹Keyboard
🥁Drum
🎤Vocal
🎻Violin
#သင်တန်းများအားတစ်နေရာထဲမှာ မိမိကြိုက်နှစ်သက်ရာရွေးချယ်သင်ကြားနိုင်ပါတယ်ဗျ
🚦မဟာမြိုင်မီးပွိုင့်အနီး🚦
🏡မဟာမြိုင်လမ်းမ၊ငွေပလ္လင်လက်ဖက်ရည်ဆိုင်ဘေး၊နန္ဒသူရိယလမ်း။

အသေးစိတ်သိလိုပါကဆက်သွယ်ရန်-
Dream Musical lnstrument Shop
☎️-09666690321/09780973655

26/02/2026

မနက်ခင်းတိုင်းကို
သည်လိုအသံလေးတွေနဲ့ 🥰🥰🥰

🎼🎼🎼

25/02/2026


Class ရဲ့
အပျင်းပြေ / အညောင်းပြေ Game ကတော့
ဆရာ ခေါ်ကြေးပါ 🤭🤭🤭

ကျွန်တော်ရဲ့ မိတ်ဆွေဟောင်းများနှင့် မိတ်ဆွေသစ်များအတွက် သတင်းလေးပါးချင်လို့ပါ …  Guitar House လေးနဲ့Dream Musical lnstru...
23/01/2026

ကျွန်တော်ရဲ့ မိတ်ဆွေဟောင်းများနှင့် မိတ်ဆွေသစ်များအတွက် သတင်းလေးပါးချင်လို့ပါ …

Guitar House လေးနဲ့
Dream Musical lnstrument Shop ကို
ယခု (၁) လပိုင်း (January) လကုန်လျှင်
( #မဟာမြိုင်မီးပွိုင့်အနီး)
မဟာမြိုင် လမ်းမတန်းအဝင် ညာဘက်ခြမ်းတွင်ရှိသော
Ruby ကားအလှဆင်လုပ်ငန်း နှင့် ငွေပလ္လင်ကဖေး
(၂)ဆိုင်ကြားတွင် ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ပါတယ်ခင်ဗျာ …..

အားလုံးကိုကျေးဇူးအထူးတင်ရှိလျက် …🙏🙏🙏

ကဲ ….နောက်တစ်သုတ်(ဦးသူယူနော်🥰)Dream Guitar House Dream Musical lnstrument Shopပဲခူးကားဝန်းအရှေ့ 09780973655
29/10/2025

ကဲ ….
နောက်တစ်သုတ်(ဦးသူယူနော်🥰)
Dream Guitar House
Dream Musical lnstrument Shop
ပဲခူးကားဝန်းအရှေ့ 09780973655

Big shout out to my newest top fans! 💎Zaw Shin, Win Thu MyoDrop a comment to welcome them to our community,
14/09/2025

Big shout out to my newest top fans! 💎

Zaw Shin, Win Thu Myo

Drop a comment to welcome them to our community,

Address

Bago

Telephone

+959780973655

Website

Alerts

Be the first to know and let us send you an email when Dream Musical lnstrument Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share