Z&T Local Clothing

Z&T Local Clothing ပစ္စည်းမှန် ဈေးနှုန်းမှန် စေတနာမှန?

ကဲ ..ဘယ်လိုပြောရမလဲသူ့ရဲ့အရောင်လေးက ခရမ်းပြာနုရောင်🥰လေးလားးးးး(soft purple-blue)😁
05/07/2026

ကဲ ..
ဘယ်လိုပြောရမလဲ
သူ့ရဲ့အရောင်လေးက ခရမ်းပြာနုရောင်🥰လေးလားးးးး
(soft purple-blue)😁

🎵🎵ကြည့်မိလို့ ကြိုက်သွားရင်ကွယ် တာဝန်ယူမယူ🎵🎵🎵🎵🎵
01/07/2023

🎵🎵ကြည့်မိလို့ ကြိုက်သွားရင်ကွယ်

တာဝန်ယူမယူ🎵🎵🎵🎵🎵

19/11/2022

ကိုယ်ရသင့်ရထိုက်တာကိုတောင်းဖို့ ဝန်မလေးပါနဲ့
(သင် ဝင်ငွေနည်းနေရတဲ့အကြောင်းရင်း - ၁)

လူအများစုဟာ ကိုယ့်ကိုယ်ကိုယ် လျှော့တွက်ကြတယ်။ အထူးသဖြင့် ကိုယ့်ရဲ့လုပ်နိုင်စွမ်းအတွက် အဖိုးအခတစ်ခုတောင်းတဲ့အခါ တန်ရာတန်ကြေးတောင်းဖို့ တွန့်ဆုတ်တတ်ကြတယ်။

ကျွန်တော် မီဒီယာတစ်ခုမှာ Executive Editor တာဝန်ယူစဉ်က အလုပ်လာလျှောက်တဲ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေရဲ့အလုပ်လျှောက်လွှာတွေကိုကြည့်ရင် အများစုရဲ့ မျှော်မှန်းလစာက ထင်ထားတာထက် နည်းကြတယ်။ အဲဒီတော့ အလုပ်ခန့်ပြီဆိုရင် HR က ဒီနှုန်းနဲ့ပဲ ညှိပါတော့တယ်။ တချို့လည်း မျှော်မှန်းလစာနေရာမှာ “ညှိနှိုင်း” ဆိုပြီး ထည့်ကြတယ်။ ဘယ်လောက်လိုချင်မှန်းမသိသလိုဖြစ်နေတယ်။

တချို့လည်း တောင်းတဲ့လစာနည်းနေမှန်း သုံးလလောက်မှသိပြီး အဲဒီအချိန်ကျမှ လစာနည်းလို့ တိုးပေးဖို့ပြောကြတာရှိတယ်။ ဒါပေမဲ့ သူတို့လိုလူတွေအတွက်ကံမကောင်းတာက ကုမ္ပဏီတွေက ဝန်ထမ်းရဲ့ Performance ကိုကောင်းကောင်းမမြင်ရသေးတဲ့ကာလတိုလေးမှာ လစာတိုးတောင်းတိုင်း တိုးပေးကြလေ့မရှိပါဘူး။

ဒီလိုပဲ Freelance Job တွေလုပ်တဲ့အခါ အဆင်ပြေသလိုပေးပါဆိုသူတွေလည်း အများကြီးရှိတယ်။ အဆင်ပြေသလိုရဲ့ အဓိပ္ပာယ်က ဘယ်လိုမှကို ရေရေရာရာမရှိတာပါ။ တစ်ခါတလေ အဆင်ပြေသလိုဆိုတာရဲ့ အဓိပ္ပာယ်ဖော်ရတာကိုက အတော်ခေါင်းစားရတာ။

ဒီလို ရသင့်ရထိုက်တာကို မတောင်းဖြစ်ရတဲ့ အကြောင်းရင်းတွေများစွာရှိတယ်။ ပထမတစ်ချက်က ပြောရမှာအားနာတာ။ ကိုယ်က ဒီလောက်တောင်းလိုက်ရင် မတန်တဆကြီးတောင်းလိုက်တာဖြစ်သွားမလားလို့တွေးကြတာ။ မြန်မာ Culture အရ နဂိုကတည်းကအားနာတတ်ကြတော့ ငွေရေးကြေးရေးနဲ့ပတ်သက်ရင် ပိုပြီးအားနာတတ်ကြတယ်။

နောက်တစ်ချက်က ကိုယ့်ကိုယ့်ကိုယ်လျှော့တွက်တာ။ ငါက လိုအပ်ချက်တွေရှိသေးတယ်၊ တောင်းလိုက်တာများသွားရင် မျက်နှာပူစရာတွေဖြစ်ကုန်မယ်ဆိုတာမျိုး။

နောက်တစ်ချက်က အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာ။ ရွေးစရာသိပ်မရှိတဲ့အခါကျတော့ ဒီလောက်ရလည်းမဆိုးပါဘူး၊ အဓိကကအလုပ်လေးရရင်ပြီးရောဆိုပြီး ရတဲ့လစာနဲ့ လုပ်လုပ်ကြတာ။

ကိုယ်က ရသင့်ရထိုက်တာကိုမတောင်းရင် တစ်ဖက်ကလည်း ကိုယ့်ကို ကိုယ်တောင်းတဲ့နှုန်းအတိုင်းပဲ ပေးဖို့များပါတယ်။ ဒါက ဝန်ထမ်းတွေ၊ ပရော်ဖက်ရှင်နယ်တွေ လစာ၊ ဝင်ငွေနည်းရတဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီတော့ ကိုယ့်တန်ဖိုးကိုယ် လျှော့မတွက်ပါနဲ့။ ကိုယ်ရသင့်ရထိုက်တာကို တောင်းဖို့လည်း ဝန်မလေးပါနဲ့။ တချို့အရာတွေက တစ်ဖက်ကမပေးတာထက် ကိုယ်ကတောင်းဖို့လိုအပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Hein Zaw

#ဝင်ငွေ

အလုပ်လုပ်တဲ့အခါ “ပ” သုံးလုံးနဲ့ရွေးတယ်။၁။ ပျော်လား? ၂။ ပိုက်ဆံရလား?  (ကိုယ်လိုချင်တဲ့ဘဝနေထိုင်မှုပုံစံကိုပံ့ပိုးပေးနိုင်...
28/07/2022

အလုပ်လုပ်တဲ့အခါ “ပ” သုံးလုံးနဲ့ရွေးတယ်။

၁။ ပျော်လား?
၂။ ပိုက်ဆံရလား?
(ကိုယ်လိုချင်တဲ့ဘဝနေထိုင်မှုပုံစံကို
ပံ့ပိုးပေးနိုင်လား?)
၃။ ပိုကြာလေ ပိုကျွမ်းကျင်လာလေဖြစ်မလား?
(Mastery)

Phyo Paing @ Derek

လွန်ခဲ့တဲ့နှစ်အနည်းငယ်က နယ်ကအပ်ချုပ်သူတယောက်နဲ့ အွန်လိုင်းမှာတွေ့တယ် သူ့နာမည်က မယဉ်တဲ့ အတန်းပညာ ၃ တန်းပဲမို့ ပညာရေးအားနည...
02/07/2022

လွန်ခဲ့တဲ့နှစ်အနည်းငယ်က နယ်ကအပ်ချုပ်သူတယောက်နဲ့ အွန်လိုင်းမှာတွေ့တယ် သူ့နာမည်က မယဉ်တဲ့ အတန်းပညာ ၃ တန်းပဲမို့ ပညာရေးအားနည်းတယ် ငွေကြေးနောက်ခံမရှိဘူး သူများနဲ့နိုင်းယှဉ်ပြီး အားငယ်တယ် ဖက်ရှင်အလုပ်က သူ့ဘဝနဲ့အလှမ်းဝေးတယ် ဒီဇိုင်နာအလုပ်ကို လုပ်နိုင်ပါ့မလား အားငယ်ကြောင်းအမြဲပြောတယ် ရင်ဖွင့်တယ် ကျနော်အားပေးဖို့သူမျော်လင့်တယ် (သို့) တယောက်ယောက်ရဲ့ဖေးမကူညီမှုကိုမျော်လင့်တယ် ဒါကြောင့် အားပေးခဲ့တယ် အချိန်အတော်ကြာသွားတဲ့ထိ သူမပြောင်းလဲမသွားဘူး နဂိုတိုင်းအဆင်မပြေကြောင်းပဲတဖွဖွပြောပြန်တယ်

နောက်တော့ သူ့ကို ဒီဇိုင်နာတကယ်ဖြစ်ချင်ရင် ဖြစ်နိုင်ချေနဲ့လုပ်နိုင်ချေရှိတာကို ပြောပြတယ် သူ့ကိုအားမငယ်ဖို့ မပြောတော့ဘူး အားငယ်တဲ့သံသရာကနေလွတ်မြောက်ဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ်တိုင်ထလုပ်ဖို့ပဲလို့ပြောတယ် တလှမ်းခြင်းသွားခိုင်းတယ် သူလည်းကြိုးစားပြီးလိုက်လုပ်ကြည့်ရှာတယ် ပိုက်ဆံခက်ခက်ခဲခဲစုပြီးသင်တန်းတွေ ရသလောက် join တယ် သင်ခန်းစာတွေကို အသေးစိတ် note လိုက်မှတ်တယ်( သူများတွေထက် သူကပိုမှတ်တယ်) လေ့ကျင့်တယ် အမှားသိရင်ချက်ခြင်းပြင်တယ် နားမလည်လို့ ခေါင်းခနခနမူးတယ်တဲ့ သူ့သူငယ်ချင်းက နင်အဲ့တာတွေမကြည့်နဲ့ ရူးသွားမယ်တဲ့ သူပြန်ဖြေတာက ဟုတ်တယ် တကယ်ရူးနေပြီတဲ့ (ဖက်ရှင်ပညာက ရူးမှရတာလေ)

တစ်နှစ်ကျော်လောက်ကြာတဲ့အခါမှာ သူ့အတန်းပညာနဲ့အလှမ်းဝေးတဲ့ ဖက်ရှင်ပညာကို ကြိုးစားသင်ယူရင်း နဲနဲချင်းတတ်မြောက်လာတယ် ရည်ရွယ်ချက်ခိုင်မာလာတာတွေ့ရတယ် သူ့ကိုယ်သူယုံကြည်မှုရှိလာတယ် ပညာသင်ရမှာမကြောက်တော့ဘူး အဆင့်မြင့်တဲ့ fashion business သင်ခန်းစာတွေထိပါလေ့လာသင်ယူနိုင်ခဲ့တယ် နောက်ပိုင်း အားငယ်တဲ့အသံမကြားရတော့ဘူး ဖက်ရှင်ပညာပိုနားလည်လာသလို လက်ရာပိုကောင်းလာတယ် ဒီဇိုင်းတွေပိုလှလာတယ် သူ့ customer တွေ စိတ်ကျေနပ်မှုရလာတယ် သူ့ရဲ့ပထမဆုံးသင်တန်းသူတယောက်ရတော့ သူ့မှာပျော်လို့ ခုချိန်သူ့ဘဝက လုံးဝပြောင်းလဲသွားတာတော့မဟုတ်သေးဘူး ဒါပေမယ့် ဖြေးဖြေးချင်းရလဒ်ကောင်းဆီ ဦးတည်နေတာတော့သေချာတယ်

ဖက်ရှင်အလုပ်ကို အသက်မွေးဝမ်းကျောင်းလုပ်မယ့်သူများ သုံညကနေ အစပြုတဲ့သူတိုင်းသိရမှာက ငွေကြေးမရှိလို့
လက်တွဲခေါ်တဲ့သူမရှိလို့ အတွေ့အကြုံမရှိလို့ ပညာမတတ်လို့ သင်တန်းမတက်ရလို့ အားငယ်ရင်းအချိန်မကုန်ပါနဲ့ ဆင်ခြေမပေးပါနဲ့ အခက်အခဲတွေကနေသင်ခန်းစာယူရင်း ရှေ့ဆက်သွားပါ

fashion director Z Htoi San

ဒါပဲလေ 👍 😁
21/06/2022

ဒါပဲလေ 👍 😁

လာခဲ့နော်💞လှလှလေးချုပ်ပေးမယ်😁
16/06/2022

လာခဲ့နော်💞

လှလှလေးချုပ်ပေးမယ်😁

15/06/2022

Address

Bago

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Z&T Local Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share