12/10/2026
ဝက်ခြံ အဆီဖုသမား Sensitive Skin Oily Skin သမားတွေကြားမှာ အရမ်းနာမည်ကြီးတာလေးနော် 🌱
🧚♂️သောင်း လောလောလတ်လတ် သုံးနေတဲ့ IUNIK CENTELLA CALMING GEL CREAM Review...🧚♂️
သောင်းက Oily to Combination skin ပါ...ဒီဘူးလေးကို သောင်းတစ်ယောက်ထဲ နေ့ဘက်ဆို ၁ကြိမ် ညဘက်ကို ၁ကြိမ်...တစ်ရက် နှစ်ခါလောက်လိမ်းမယ်ဆို... ၂လလောက်အသုံးခံပါတယ်...
အခုတောင်ညှစ်ကြည့်ရတာ ကုန်တော့မယ်ထင်တယ်🥺
သောင်းလို ညဘက်ပါသုံးချင်တယ်ဆိုရင်တော့ Hydrating Sheet Mask ,Mini Mask လေးတွေသုံးသုံးပေး...
Sensitive Skin,Oily Skin & Acne Prone Skin Type တွေအတွက်တော်တော်လေးသင့်တော် တယ်....
Dry Skin သမားတွေတော်တော်များများကတော့ Moisture
အပြည့်ရတယ်လို့ ခံစားရမှာမဟုတ်လောက်ဘူး...
TEA TREE နဲ့ တည့်ရင် ပိုအဆင်ပြေတယ်...Niacinamide နဲ့ Adnosine ကskin ကိုသိသိသာသာ စွဲသုံးရင်သုံးသလို Bright ဖြစ်လာစေတယ်...😇
Gel Cream ဆိုပေမဲ့ Texture ကျဲကျဲလေးနဲ့ ရေနဲ့ထိလို့ အေးအေးလေး ဖြစ်သွားသလို လိမ်းလိုက်ရင် smoot ဖြစ်ပြီး အိအိလေး လိမ်းရတာ...Made in Korea ပါ
သောင်းဝယ်ထားတာတော့ကြာပြီ...
Mugwort တို့ Cica တို့နဲ့မတည့်ဘူးဆိုရင် သုံးသင့်တယ်...သောင်းဆို ဝက်ခြံထွက်ရင်ဖြစ်ဖြစ် Moisturizer သုံးဖို့စိတ်ထဲထင့်နေရင် သူ့ပဲသုံးတယ်...Safety ဖြစ်တယ်ခံစားရလို့
သောင်းတို့လို Skin မျိုးတွေဆို လုံးဝအဆင်ပြေတယ်...ဝက်ခြံသမားတွေနဲ့ နေလောင်ထားတဲ့သူတွေအတွက်ဆိုပိုသိသာတယ်...သူ့ gel cream လေးက တော်တော်လေး ပေါ့ပေါ့ပါးပါး ဖြစ်တယ်...🍃
ညဘက်ပါသုံးချင်တယ်ဆို...Mask တွေကြားထဲမှာကပ်ဖို့မမေ့ပါနဲ့...Hydration အပြည့်ဖြစ်နေတဲ့ skin လိုချင်ရင် ရေသောက်ဖို့လည်း မမေ့ရဘူးနော်...🌝
သောင်းအတွက်ကတော့ Fav....အဆီဖုတွေနဲ့ ဝက်ခြံတွေနဲ့ မို့ လမ်းပျောက်နေလို့ Tea Tree နဲ့မတည့်ရင် Try ကြည့်စေချင်ပါတယ်. .🤎
Onlineshop နဲ့ Cosmetic store တော်တော်များများမေးဝယ်လို့ရပါတယ်ရှင့်...