Thin Thin mini shop

Thin Thin mini shop ကုန်စုံဆိုင်နှင့်စားစရာမုန့်နှင့်?

26/09/2023

"မှတ်သားဖွယ်ရာ ဘဝနေနည်းများ"

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတက်သည် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။



#𝗦𝗵𝗶𝗻𝗲𝗭𝗮𝘆𝗮𝗿𝗢𝗼

09/01/2023
ဖီးကြမ်းငှက်ပျောအစွမ်းဒီနေ့က စပြီး စားတော့ မယ်။ မကြိုက်လည်းစားကြိုက်လည်းစားပဲ တစ်ရက်ကို ငှက်ပျောသီး (၃)လုံး စားပေးခြင်းဖ...
30/09/2022

ဖီးကြမ်းငှက်ပျောအစွမ်း

ဒီနေ့က စပြီး စားတော့ မယ်။ မကြိုက်လည်းစားကြိုက်လည်းစားပဲ

တစ်ရက်ကို ငှက်ပျောသီး (၃)လုံး စားပေးခြင်းဖြင့် ရရှိမည့် အကျိူးကျေးဇူးများ

(၁) အသက် ၄၀ကျော်လာသည် နှင့် ရိုးတွင်းချဉ်ဆီ လျော့လာပြီး အရိုးအဆစ် နာကျင်လာတတ်ပါတယ်။ ဒါကြောင့် မနက် နေ့ ည ငှက်ပျော် သီးမှည့် (၃) လုံး စားပေးပါ ။

(၂) အစာအိမ် ကင်ဆာသမားများနှင့် အရိုး ကင်ဆာ သမားများငှက်ပျောသီး စားပေးခြင်းဖြင့် ရောဂါကို မြန်မြန် သက်သာစေမှာပါ ။

(၃) စိတ်ဖိစီးပြီး စိတ်ညစ်မှု ဝေဒနာဖြစ်လျှင် ငှက်ပျော် သီးမှည့် စားပေးပါ ။

(၄) ကျောက်ကပ် အားနည်း ကျောက် ကပ် နာကျင်မှု အတွက် ပိုတက္စီယံ ကြွယ်ဝသော ဌက်ပျောသီးကို နေ့စဉ် စားပေးပါ ။

(၅) အူမကြီး မြန်ဆန်စွာ အလုပ် လုပ်နိုင်ရန် နေ့စဉ် ငှက်ပျောသီး စားပါ ။

(၆) မျက်စိမှုန်ခြင်း မျက်စိတိမ် ကပ်ခြင်းများ အတွက် နေ့စဉ် ငှက်ပျောသီး စားပါ ။

(၇) ဝမ်းချူပ်ပြီး အပူအပုတ် ကိန်းအောင်းနေလျှင် ညစဉ် ငှက်ပျောသီး စားပေး ပါ ။

(၈) ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိ ဖြစ်နေလျှင်လည်း ငှက်ပျောသီး တစ်နေ့ ၃လုံး စားပေးပါ ။

(၉) လေးဘက်နာ အဆစ်အမြစ် ကိုက်ခဲနေ လျှင် လည်း ငှက်ပျောသီး စားပေးပါ ။

မေတ္တာဖြင့်
ပြန်လည်မျှဝေပေးပါတယ်။
credit to original writer

28/06/2022
သက်ရောက်တွက်နည်း----------------------------------တစ်နှစ်တစ်ခါ မိမိကိုယ်တိုင် ဗေဒင်တွက်ကြည့်ဖို့ နည်းလေးပါ။တွက်နည်း မိမိ...
29/01/2022

သက်ရောက်တွက်နည်း
----------------------------------
တစ်နှစ်တစ်ခါ မိမိကိုယ်တိုင် ဗေဒင်တွက်ကြည့်ဖို့ နည်းလေးပါ။
တွက်နည်း မိမိရောက်ဆဲ အသက်ကိုတည် ၈ နဲ့စားပါ။ အကြွင်းကိုယူ၍ လက်ယာရစ်ပါ။ ဥပမာ ၂၅ နှစ်ပြည့်ပြီး နောက်တစ်ရက်ဆိုရင် ၂၆ ယူရပါမည်။
ဥပမာ။ ။ အသက် ၂၆ နှစ် တနင်္လာသား
၂၆÷၈=၂ ကြွင်းသည်။
တနင်္လာသား ၂ ကြွင်းဖြစ်၍ တနင်္လာသက်ရောက်မှ စ၍ ၂ ကွက်မြောက်ကို ကြည့်လျှင် အင်္ဂါသက်ရောက် ကျသောကြောင့် အဂါင်္သက်ရောက်အဟောကိုဖတ်ပါ။
------------------------------------
တနင်္လာသက်ရောက် သောမဂြိုလ်
အချစ်ရေး မေတ္တာရေး စန်းပွင့်ခြင်း အမွေအနှစ် ဥစ္စာများရတတ်ခြင်း မောင်ကောက်ရ သူဌေးကျော်ကိန်းဖြစ်လို့ စီးပွားဥစ္စာ ရတနာတိုးတတ်၍ အလုပ်အကိုင်အဆင်ပြေ မြေယာအမွေအနှစ်ရတတ်ပါမည်။ အထက်လူကြီးများ၏ ချီးမြှင့်မြှောက်စားမူခံရတတ်ပါမည်။ ကဆုန် ဝါခေါင် တန်ဆောင်မုန်းလများတွင် ကြာသပတေး တနင်္လာနေ့သားများကြောင့် အလုပ်စီးပွား တိုးတတ်အဆင်ပြေနိုင်ပါမည်။ အိမ်ထောင်ကျတတ်မည်။ ယောင်္ကျားလေးဆိုလျှင် မိန်းကလေးနှင့် အချစ်နယ်လွန်တတ်ပြီး မယူမဖြစ်ယူရတတ်မည်။ မယူခဲ့သော်ငွေလျော်ရကိန်း ကြုံတတ်ပါသည်။
အဂါင်္သက်ရောက် ပါပဂြိုလ်
အချစ်ရေး အိမ်ထောင်ရေး မတည်ငြိမ် ဗျာများရတဲ့ အချိန်ဖြစ်မည်။ အဆင်မပြေ ပဋိပက္ခများ ကြုံတွေ့ ရတတ်မည်။ လူမူရေးပြသနာများ ငွေအတွက် ချစ်သူခြင်းအဆင်မပြေမူ့ အိမ်ထောင်ဘက်၏ ရန်လိုမူ သူတပါးနှင့်ခိုက်ရန်ပြသနာ ကြုံတွေ့ရခြင်းများ မတော်တဆသွေးထွက်သံယိုဖြစ်ခြင်း အချုပ်အနှောင်သင့်တတ်ခြင်း လက်အောက်ငယ်သား တော်လှန်ခြင်း မိန်းကလေးအတွက်နှင့် ပြသနာများဖြေရှင်းရခြင်း စက်ပစ္စည်း ထွက်တတ် ပျက်တတ်ခြင်း ရန်ငြိုးရန်စရှာတတ်ခြင်းများ ကြုံတွေ့တတ်ပါမည်။ ခရီးတစ်ဆစ်ချိုး သွားရတတ်ပါမည်။
ဗုဒ္ဓဟူးသက်ရောက် သောမဂြိုလ်
အချစ်ရေးစန်းပွင့်ြ့ပီး အိမ်ထောင်ကျတတ်မည်။ အိုးသစ်အိမ်သစ် နေရာသစ် ရွှေ့ပြောင်းရခြင်းများ ရာထူး အလုပ်အကိုင် အဆင်ပြေတိုးတတ် ငွေကြေးရှာဖွေလို့ ကောင်းချိန်ဖြစ်မည်။ အချစ်ရေးတွင် အပြိုင်အဆိုင်များပေါ်ပေါက်တတ်ပြီး ချစ်မူရေးရာကိစ္စများ ဖြေရှင်းရတတ်ပါမည်။ အချစ်အတွက်နဲ့ စကားများ ရန်များ မနာလိုရန်ငြိုးဖွဲ့ခြင်း ခံရတတ်ပါသည်။ အရှေ့တောင်အရပ်က လာဘ်လာဘများ ဝင်လာတတ်ပါသည်။ လူလွတ်ဖြစ်လျှင် အိမ်ထောင်ကျတတ်ပါမည်။ စိတ်ချမ်းသာရသောခရီး ဘုရားဖူးခရီးသွားရတတ်ပါမည်။ ကျောက်နီ ပတ္တမြား ရတနာ ရွှေငွေ ရရှိစေမဲ့နှစ်ဖြစ်သည်။ ဒီနှစ်ထဲတွင် ရသလောက် ပြန်ထွက်တတ် မမြဲတတ်၍ သတိရှိဖို့ လိုပါမည်။
စနေသက်ရောက် ပါပဂြိုလ်
ဇနက္ကမင်းသား ကုန်တင်လှေပျက်၍ သမုဒ္ဒရာရေပြင် ပင်ပန်းကြီးစွာ ကူးခပ်ခဲ့ရတဲ့ ကိန်းလို့ဆိုပါတယ်။ အရောင်းအဝယ် အမြတ်အစွန်းမရှိဘဲ ဆုံးရှုံးတတ်ခြင်း မီး ခိုးသူ ပျက်စီးခြင်း အိမ်ထောင်ရေး အဆင်အပြေမူများ မိန်းမအတွက်နှင့် လူမူရေးပြသနာများ ဖြေရှင်းရခြင်း လုပ်ငန်းနှင့်ပတ်သပ်၍ တရားရင်ဆိုင်ရခြင်း အချုပ်အနှောင်ကျတတ်ခြင်း မတော်တဆ သွေးထွက်သံယိုထိခိုက်မိတတ်ခြင်း ချေးငှားထားသောငွေကြေး ပြန်မရနိုင်ခြင်းများ အိမ်ထောင်ရေး အချစ်ရေးတွင်လဲ အနှောက်အယှက် အဖျက်အစီးများ ကြုံတွေ့နိုင်သောနှစ်ဖြစ်၍ သတိထားသင့်ပါသည်။
ကြာသပတေးသက်ရောက် သောမဂြိုလ်
တပေါင်း တန်ခူး ကဆုန်လတွင် ငွေကြေးလာဘ်ရွှင်စေပါမည်။ အလုပ်အကိုင်များ မဆင်ပြေစီးပွားရေးတိုးတတ် အကျိုးခံစားခွင့်များ ရရှိနိုင်မည့်နှစ်ဖြစ်သည်။ လူပျိုအပျိုဖြစ်လျှင် အချစ်ရေးစန်းပွင့်တဲ့နှစ်ဖြစ်ပြီး အနောက်အရပ်ကချစ်သူတွေ့တတ်ပါမည်။ အချစ်ရေးအဆင်ပြေ အိမ်ထောင်ရေးအဆင်ပြေတဲ့နှစ်ဖြစ်မည်။ တစ်ခုသတိထားရမှာက အချစ်ကိုမယုံလွယ်ပါနှင့်။ သူတစ်ပါးကြောင့် သားသမီးကြောင့် မျက်နှာပျက် အရှက်ရတတ်ခြင်း စွပ်စွဲပြောဆိုခံရခြင်းများ ခံရတတ်ပါသည်။ ကွဲကွာခဲ့သော အိမ်ထောင်ဘက် ချစ်သူနှင့် ပြန်လည်အဆင်ပြေပေါင်းဖက်ရတတ်ပါသည်။
ရာဟုဂြိုလ် ပါပဂြိုလ်
စီးပွားရေးကျဆင်း အလုပ်အကိုင်များ အဆင်မပြေ ငွေကြေးဆုံးရှုံး နစ်နာတတ်ပါသည်။ ဘာဘဲလုပ်လုပ် အဆင်မပြေနိုင် အဝင်မရှိဘဲ အထွက်သာများနေတတ်ပါမည်။ ဥစ္စာပစ္စည်းများ ကျပျောက်ခြင်း အခိုးခံရခြင်း အပြိင်အဆိုင်အတိုက်အခံများပေါခြင်း ကျန်းမာရေးညံ့ခြင်း လေနာ ရင်နာ ဝမ်းနာ မတော်တဆထိခိုက်နာ မျက်စိရောဂါ လေဖြတ်ခြင်း အသက်အန္တရာယ် စိုးရိမ်ရခြင်းများ ကြုံတွေ့တတ်ပါသည်။ လူမျိုးကွဲများနှင့် ပြသနာခိုက်ရန်ကြုံခြင်း လူမျိုးကွဲကြောင့်ဘဲ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတတ်အဆင်ပြေစေပါမည်။ အိမ်ထောင်ရေး မတည်ငြိမ်နိုင် လင်မယားခြင်း ကွာရှင်းလမ်းခွဲရတတ်ပါသည်။ အထက်လူကြီး ငြိုငင်အထင်လွဲ မိတ်ဆွေကောင်းများ ပျက်စီး မိန်းမကြောင့် ရန်ငြိုးထား အန္တရာယ်ပေးနိုင်ပါသည်။ အနေအထိုင် အသွားအလာဆင်ခြင်ရမည့်နှစ်ဖြစ်သည်။
သောကြာသက်ရောက် သောမဂြိုလ်
အချစ်ရေး စန်းပွင့်သော နှစ်ဖြစ်၍ အိမ်ထောင်ကျတတ်ပါမည်။ ရှောင်လွဲ၍မရအောင် အိမ်ထောင်ကျကိန်းပါ။ အလုပ်အကိုင်ရာထူးတိုးမြှင့်ခံရခြင်း အိုးသစ်အိမ်သစ် နေရာသစ်သို့ရွေ့ပြောင်းရခြင်း မင်းစိုးရာဇာများမှ ချီးမြှင့်မြှောက်စားခံရခြင်း ရပ်ရွာအုပ်ချုပ်လူကြီးဖြစ်ရခြင်း ရပ်ရေးရွာရေး နိုင်ငံရေးနှင့် ဌာနဆိုင်ရာများတွင် ဦးစီးဦးဆောင်ပြုလုပ်ရခြင်း အကြီးအကဲဖြစ်ရတတ်ခြင်း အလုပ်အကိုင်စီးပွားတိုးတတ် ရတနာရွှေငွေလာဘ်လာဘကောင်းများ တိုးပွားစေခြင်း မင်္ဂလာရှိသောအမူကိစ္စများ ဆောင်ရွက်ပေးရခြင်းများ ဆန်ရေ စပါး ရွှေငွေပြည့်စုံစွာ ရမည့်နှစ်ဖြစ်ပါသည်။ ရဟန်းဖြစ်လျှင်လဲ ကျောင်းဆောင် အလှူရှင်ပေါ်လာပါမည်။
တနင်္ဂနွေသက်ရောက် ပါပဂြိုလ်
တပို့တွဲ တပေါင်းလများတွင် ငွေကြေးအတွက် စကားများ ရန်ဖြစ်ရခြင်း မိခင် ဖခင်ကျန်းမာရေးညံ့တတ်ခြင်း ဆွေမျိုးသားချင်းများကြောင့် စိတ်သောက အပူသင့်တတ်ခြင်း တန်ခူး ကဆုန် ပြာသိုလမှာ သားသမီး ဆွေမျိုးလက်အောက်ငယ်သားများကြောင့် အမူအခင်းပြသနာများဖြေရှင်းရတတ်မည်။ အိုး အိမ်နေရာ အလုပ်ရွေ့ပြောင်းရတတ်သည်။ သူခိုးအခိုးခံရခြင်း မီးအန္တရာယ်ပေးခြင်း ချစ်သူတွေ့လျှင်လဲ မလွတ်လပ်သောချစ်သူမျိုးနှင့် ကြုံတွေ့တတ်ပါမည်။ တကယ်လို့ ကြာသပတေးသားသမီးက တနင်္ဂနွေ သက်ရောက်ကျတယ် ဆိုရင်တော့ ယာဉ်ကား စက်ပစ္စည်း ဝင်နိုင်ပါသည်။
မိမိနာမည် မွေးသက္ကရာဇ်အလိုက် အဟောထပ်မံကွဲပြားနိုင်ပါသည်။
-----------------------------
သက်ရောက်တစ်ခုထဲက အဓိကမကျပေမဲ့ ပါပဂြိုလ်စားပြီး၊ ည့ံတဲ့သက်ရောက်ကျနေရင် ဘာဘဲလုပ်​လုပ်​ သတိလေးထားလုပ်ပါ။
ဥပမာ ။ ။ အဂါင်္ဂြိုလ်စား အဂါင်္သက်ရောက်၊ စနေဂြိုလ်စား စနေသက်ရောက်၊ ရာဟုဂြိုလ်စား ရာဟုသက်ရောက်၊ တနင်္ဂနွေဂြိုလ်စား တနင်္ဂနွေသက်ရောက်တွေဟာ ဘုမ္မိကျတဲ့နှစ်တွေဖြစ်လို့ အဲဒီနှစ်တွေမှာ အထူးသတိထားပြီး ငွေချေးခြင်း၊ လုပ်ငန်းသစ်တိုးချဲ့ခြင်း၊ရောင်းဝယ်ခြင်း၊ အိမ်ထောင်ပြုခြင်းတွေ တတ်နိုင်သမျှရှောင်ပါ။
ငွေလူလိမ်ခံရခြင်း၊ငွေလျော်ရခြင်းမျိုးတွေ ကြုံတွေ့နိုင်တာကြောင့် တတ်နိုင်သမျှ ငြိမ်ငြိမ်နေပါ။ မိတ်ရင်းဆွေရင်း ယုံကြည်ရတဲ့သူကို ငွေချေးပေးရင်တောင်မှ အကြောင်းတစ်ခုခုကြောင့် ပြန်ရဖို့ ခက်ခဲတတ်ပါတယ်။ ခါတိုင်းထက်ပိုပြီး ကုသိုလ်ကောင်းမူပြုပေးပါ။
ဂြိုလ်စားတွက်နည်းကိုတော့ အခွင့်သာလျှင် တင်ပေးပါ့မယ်ရှင်....
--------------------------------------------------
သက်ရောက် ယတြာများ
*********************
ယတြာမေးထားသူများ အတွက် ဆရာကြီး မင်းသိင်္ခ၏ သက်ရောက်ယတြာချေနည်းကို ပြန်မျှဝေပါသည်။
တနင်္ဂနွေသက်ရောက် ။ ။ သစ်သီး ( ၆ ) မျိုး၊ ရှောက်သီးသုပ်၊ယပ် ( ၄ ) လက် ၊ သောက်တော်ရေ ( ၆ ) ခွက် မိမိအိမ်ဘုရားမှာ လှူပါ။
မိမိအိမ်တွင်ရှိနေသော မြေအိုးအပဲ့၊ပန်းအိုးအပဲ့ ၊မီးချောင်းအပျက်များ ရှာဖွေစွန့်ပစ်ပါ။ ဘဲဥ ပြုတ် ခွေးလေးတွေအား ကျွေးပါ။
~~~~~~~~~~~~~~~~~~~~~
တနင်္လာသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ကံကော် ( ၂ ) ညွန့်၊ နှင်းဆီ ( ရ ) ပွင့် နှင့် နန်းကြီးသုပ် ၊နံကထိုင် ၊နွားနို့ နှင့် ကိတ်မုန့် လှူပေးပါ။
မိမိအိမ်တွင်ရှိသော လွယ်အိတ်အဟောင်း၊ အရက်ပုလင်းခွံများရှိလျှင် ရှာဖွေစွန့်ပါ။
အာလူးနဲ့ ဝက်သားချက်၍ အရူးကို ထမင်းကြွေးပါ။
~~~~~~~~~~~~~~~~~~~~~~
အင်္ဂါသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ရွက်လှ (၇)ညွန့်၊ ရွှေထီး ( ၄ ) လက်​​၊ ရေ​တော်​သက်​​စေ့၊ ဆွမ်းသက်​​စေ့၊ ဆီမီးသက်​​စေ့ လှူဒါန်းပူ​ဇော်​ရပါမည်​။
မိမိအိမ်တွင် နာရီ​ဟောင်း၊ စက်​ပစ္စည်းဟောင်းတွေရှိနေလျှင် ရှာဖွေစွန့်ပစ်​ရပါမည်​။
~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူးသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် ပိတောက် ( ၇ ) ညွန့်၊ ဒံပေါက်၊ထောပတ်ထမင်း ၊ပေါင်မုန့်ထောပတ်သုပ် လှူပေးပါ။
သခွါးသီးမှာ သွားကြားထိုးတံ ၂၆ ချောင်း
စိုက်၍ ရေတွင်မျှောပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~
စနေသက်ရောက်။ ။ မိမိအိမ်ဘုရားတွင် အုန်းသီး၊ အုန်း ( ၁ ) ညွန့် သပြေ ( ၆ ) ညွန့်၊
အုန်းသီးပါသော မုန့် ( ၆ )ခု လှူပါ။
စနေနေ့ ညနေစောင်းမှာ လုံချည်အဟောင်း
တစ်ထည် ရေနံဆီလောင်းပြီး မီးရှို့လိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး သက်ရောက်။ ။ မိမိအိမ်ဘုရားတွင် အုန်းနို့ခေါက်ဆွဲ၊ အုန်းသီးစိတ်၊သြဇာ ( ၃ ) ညွန့်၊ အုန်း ( ၆ ) ညွန့်၊ အုန်းစိမ်း ဆားသိပ် လှူပေးပါ။
ကြာသပတေးနေ့ ညနေမှာ
ပဲကြော် ခွေးလေးတွေအားကြွေးပါ။တနင်္လာနေ့ ညနေတွင် ငါးလွှတ်ပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~
ရာဟု သက်ရောက်။ ။ မိမိအိမ်ဘုရားမှာ
ခရေ ( ၆ ) ညွန့်၊ကော်ရည် ခေါက်ဆွဲ၊ ခေါင်းလောင်း၊ ကြက်လျှာ ( ၆ ) လက် လှူပါ။
သောကြာနေ့ ညနေမှာ ဆိတ်သားဟင်းနဲ့
ထမင်းကြမ်းနယ်ပြီး ခွေးလေးတွေအားကျွေးပါ။ လမ်းဆုံမှာ သဲခင်းပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာသက်ရောက်။ ။ မိမိအိမ်ဘုရားမှာ ဇီးပြား၊ပေါက်စီ၊ စံပါယ်ပန်း၊ ဆီထမင်း လှူပေးပါ။
စနေနေ့ ညနေမှာ ထန်းလျှက် ( ၁၁ ) ခဲ
စက္ကူကန်တော့နှင့် ထုပ်၍ ခွေးလေးတွေကိုပစ် ပေါက်ကြွေးလိုက်ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တကယ်လို့ နိုင်ငံရပ်ခြားနှင့် ကိုယ့်မြို့ကိုယ့်ရွာမဟုတ်ဘဲ တခြားမြို့ရောက်နေလို့ စသည်ဖြင့် ယတြာလုပ်ဖို့ အခက်အခဲ ရှိခဲ့ရင် မလုပ်ဖြစ်ရင်လဲ စိတ်ခုနေစရာမလိုပါဘူး။ မိမိစိတ်ကိုအမြဲကြည်လင်အောင်ထိန်းပြီး မိမိလက်လမ်းမှီသမျှ မိမိတတ်နိုင်သမျှလေး ကုသိုလ်လေးတွေ လုပ်ပေးရင်လဲ အဆင်ပြေပါတယ်။
ဥပမာ။ ။ သွားရင်းလာရင်းနဲ့ လမ်းမပေါ်ရောက်လာတဲ့ အကောင်ငယ်လေးတွေကို သူများတတ်နင်းမိမှာ ဆိုးလို့ လမ်းဘေးပြန်ချပေးခြင်း၊ယာဉ်သွားလမ်းပေါ်ရောက်နေတဲ့ ခဲတွေ တွေ့ခဲ့ရင် ဖယ်ပေးခြင်း၊မိမိရပ်ကွက် ဒါမှမဟုတ် မိမိလမ်းထဲမှာ ချိုင့်ခွက်တွေရှိနေရင် တစ်ခုခုနဲ့ ညီညာအောင် လုပ်ပေးခြင်း၊ရေအိုးစင်လှူခြင်း၊ရေတွင်းရေကန် လမ်းတံတား အလှူခံဌာနတွေမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းခြင်း၊ ရပ်ကွက်ထဲမှာရှိတဲ့ လမ်းပေါ်က ခွေးလေးတွေကို အစာကျွေးခြင်း၊ ခိုစာကျွေးခြင်း၊ ငှက်ကလေးများလွွှတ်ပေးခြင်း၊ ငါးလွွှတ်ပေးခြင်း၊ ငါးစာကျွေးခြင်း၊
ဘုန်းကြီးကျောင်းတို့ ဘုရားတို့ ရောက်ရင်လဲ တံမျက်စည်းလှဲ ရေအိမ်သန့်ရှင်းပေးခြင်း၊
သက်ကြီးရွယ်အိုများကို ကူညီဖေးမပေးခြင်း၊ မြို့ကြီးတွေမှာဆိုရင်လဲ ကားစီးတာကအစ မိမိထက်ကြီးသူကို နေရာပေးခြင်း၊ပြည့်တဲ့အိုးကို ထပ်မဖြည့်ဘဲ အမှန်တကယ် လိုအပ်နေတဲ့နေရာကိုရွေးချယ်ပြီး အလှူဒါန ပြုပေးခြင်း စသည် စသည်ဖြင့် ခါတိုင်းထက်ပိုပြီး လုပ်ပေးမယ်ဆိုရင် အစစအရာရာ အတွက် ယတြာလုပ်ပြီးသလိုပါဘဲ ....
အစစအရာရာ အဆင်ပြေချောမွေ့၍ ကိုယ်စိတ်နှလုံး အေးငြိမ်းကြပါစေ...

ဆရာမစီမှာ အချစ်ရေး၊ အိမ်ထောင်ရေး ၊ လူမူရေး၊ စီးပွားရေး သိုက်ဆက် အကြားအမြင် မေးမြန်းချင်သူများအသေးစိတ်မေးမြန်နိုင်ပါပြီ

#ဆရာမရွှေရုပ်လွှာအကြားအမြင်

နမောငါးချက် စီးပွားတက် ကျင့်စဉ် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏မိမိနေအိမ်ဘုရားတွင် ပန်း ရေချမ်း ဆီးမီး နံ့သာတိုင် ကပ်လှူ၍နမောငါးချက် ကျင့်စဉ...
12/01/2022

နမောငါးချက် စီးပွားတက် ကျင့်စဉ်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

မိမိနေအိမ်ဘုရားတွင်
ပန်း ရေချမ်း ဆီးမီး နံ့သာတိုင် ကပ်လှူ၍
နမောငါးချက် ကျင့်စဉ် ပြုလုပ်ပါ
မိမိမွေးနေ့မှစ၍ပြုလုပ်ရပါမည်။

ပထမ= နမောတဿ (၅)ပါတ်
ဒုတိယ= နမောတဿ ဘဂဝတော (၅)ပါတ်
တတိယ= နမောတဿ အရဟတော (၅)
စတုတ္ထ= နမောတဿ သမ္မာသမ္ဗုဒ္ဓဿ (၅)ပါတ်
ပဥ္စမ = နေမာတဿ ဘဂဝေတာ အရဟေတာ သမ္မာသမ္ဗုဒ္ဓဿ (၅)ပါတ်

အားလုံး (၂၅)ပါတ် စိပ်ရပါမည်။

မိမိနိုင်သလောက် (၉)ရက် တစ်ကြိမ်
သို့မဟုတ် (၁၈)ရက်စိပ်ပါ။
မွေးနေ့ မှပြန်စပြီး
မကြာခဏ အဓိဌာန်၍စိပ်ပေးပါ
နေ့စဉ်ပြုလုပ်နိုင်ပါက ပို၍ကောင်းပါသည်။

ဘုရားရှေ့မှာ သေချာ အဓိဌာန်၍
မိမိလိုရာဆု တစ်ခုတောင်း၍စိတ်ပါ
အကျိုးပေးမြန်ပါလိမ့်မည်။

ယခုအဓိဌာန်အား ယုံကြည်စွာဖြင့်ပြုလုပ်ခဲ့သော
အမျိုးသမီး တစ်ဦးသည်
နေ့စဉ် လိုလိုပင် နှစ်လုံးထီဂဏန်းအား
အိမ်မက်တွင် လာရောက်ပေးခြင်းမျိုး
ကြုံတွေ့ခဲ့ရပါသည်။

အခြား အမျိုးသမီးတစ်ဦးမှာ
ဤကျင့်စဉ်အား အခါမလပ် ပြုလုပ်ခဲ့သောကြောင့်
အိမ်ငှားဘဝမှ နေ၍
ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားဖြင့်
နေနိုင်သော သူတစ်ဦးအဖြစ်
ရောက်ရှိခဲ့ပါသည်။

လက်တွေ့မြင်တွေ့ရသည်များကို
ရေးသားထားပါသည်။

ဘဝတွင် အဆင်မပြေဘူးဟုသာ
ညည်းငြူ နေကြပြီး လက်တွေ့တွင်
မိမိကိုယ်တိုင်မှ ဘုရားမေ့ တရားမေ့
ကျင့်ကြံအားထုတ်မူမရှိသော်
ဘယ်သို့သော ယတြာကမှ
မိမိအား အစွမ်းကုန် ကူညီနိုင်မည်မဟုတ်ပေ။

မိမိကိုယ်တိုင်မှလည်း
ကြိုးစားကျင့်ကြံ၍ နေထိုင်မှသာ
ကံကြမ္မာအဆိုးပျောက်၍ ကံကြမ္မာအကောင်းရောက်မည်သာဖြစ်၏။

ယုံယုံကြည်ကြည်ဖြင့်ပြုလုပ်ပါက
အကျိုးပေးမြန်ပါသည်။

ဆရာမကိုယ်တိုင်လည်း အဓိဌာန်ဖြင့် စိပ်ခဲ့ဖူးပါသည်။
အဓိဌာန် အလျောက် အကျိုးပေးခဲ့ပြီး
အခက်အခဲအကြပ်အတည်းတွေ ကျော်လွှားနိုင်ပြီး စိတ်ချမ်သာခြင်းကို ရရှိခဲ့ပါသည်။

ထို့ကြောင့် ပြန်လည်မျှဝေခြင်းပါ။

ဤအဓိဌာန်ကျင့်စဥ် ပြုလုပ်သူအပေါင်း
စီးပွားလာဘ်လာဘတိုးတတ်ပြီး
ဘုန်းတန်ခိုး သြဇာ အာဏာကြီးမား၍
ဘဝအခြေအနေ မြင့်မားကြပါစေ။


13/12/2021

ကညနက အသစ်ပြောင်းလဲတပ်ဆင်ပေးတဲ့ မြို့နယ်အလိုက် ကားနံပါတ်ပြား နံပါတ်

တိုင်းဒေသကြီး/ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီ အတွင်းရှိ
မြို့နယ်အလိုက် Region Code & Number စာရင်း (အဆိုပြု)
ကချင်ပြည်နယ်
(က) ပူတာအို
(၁) ခေါင်လန်ဖူး KCN-1
(၂) ဆွမ်ပရာဘွမ် KCN-2
(၃) နောင်မွန်း KCN-3
(၄) ပူတာအို KCN-4
(၅) မချမ်းဘော KCN-5
(ခ) ဗန်းမော်
(၆) ဗန်းမော် KCN-6
(၇) မံစီ ၊ KCN-7
(၈) မိုးမောက် KCN-8
(၉) ရွှေကူ KCN-9
(ဂ) မိုးညှင်း
(၁၀) ဖားကန့် KCN-10
(၁၁) မိုးကောင်း KCN-11
(၁၂) မိုးညှင်း KCN-12
(ဃ) မြစ်ကြီးနား
(၁၃) ချီဖွေ KCN-13
(၁၄) ဆော့လော် KCN-14
(၁၅) တနိုင်း KCN-15
(၁၆) မြစ်ကြီးနား KCN-16
(၁၇) ဝိုင်းမော် - KCN-17
(၁၈) အင်ဂျန်းယန် KCN-18
ကယားပြည်နယ်
(က) ဘောလခဲ
(၁) ဖားဆောင်း KYH-1
(၂) ဘောလခဲ့ KYH-2
(၃) မယ်စဲ KYH-3
(ခ) လွိုင်ကော်
(၄) ဒီးမော့ဆို KYH-4
(၅) ဖရူဆို KYH-5
(၆) ရှားတော KYH-6
(၇) လွိုင်ကော် KYH-7
ကရင်ပြည်နယ်
(က) ကော့ကရိတ်
(၁) ကော့ကရိတ် KYN-1
(၂) ကြာအင်းဆိပ်ကြီး KYN-2
(ခ) ဖာပွန်
(၃) ဖာပွန် KYN-3
(ဂ) ဘားအံ
(၄) ဘားအံ KYN-4
(၅) လှိုင်းဘွဲ့ KYN-5
(၆) သံတောင်ကြီး KYN-6
(ဃ) မြဝတီ
(၇) မြဝတီ KYN-7
ချင်းပြည်နယ်
(က) ဖလမ်း
(၁) တီးတိန် CHN-1
(၂) တွန်းဇန် CHN-2
(၃) ဖလမ်း CHN-3
(ခ) မင်းတပ်
(၄) ကန်ပက်လက် CHN-4
(၅) ပလက်ဝ CHN-5
(၆) မတူပီ CHN-6
(၇) မင်းတပ် CHN-7
(ဂ) ဟားခါး
(၈) ထန်တလန် CHN-8
(၉) ဟားခါး CHN-9
စစ်ကိုင်းတိုင်းဒေသကြီး
(က) ကလေး
(၁) ကလေး SGG-1
(၂) ကလေးဝ SGG-2
(၃) မင်းကင်း SGG-3
(ခ) ကသာ
(၄) ကသာ SGG-4
(၅) ကောလင်း SGG-5
(၆) ထီးချိုင့် SGG-6
(၇) ပင်လည်ဘူး SGG-7
(၈) ဗန်းမောက် SGG-8
(၉) ဝန်းသို SGG-9
(၁၀) အင်းတော် SGG-10
(ဂ) ကန့်ဘလူ
(၁၁) ကန့်ဘလူ SGG-11
(၁၂) ကျွန်းလှ SGG-12
(၁၃) တန့်ဆည် SGG-13
(၁၄) ရေဦး SGG-14
(ဃ) ခန္တီး
(၁၅) ခန်တီး SGG-15
(၁၆) နန်းယွန်း SGG-16
(၁၇) လဟယ် SGG-17
(၁၈) လေရှီး .SGG-18
(၁၉) ဟုမ္မလင်း SGG-19
(င) စစ်ကိုင်း
(၂၀) စစ်ကိုင်း SGG-20
(၂၁) မြင်းမူ SGG-21
(၂၂) မြောင် SGG-22
(စ) တမူး
(၂၃) တမူး SGG-23
(ဆ) မော်လိုက်
(၂၄) ဖောင်းပြင် SGG-24
(၂၅) မော်လိုက် SGG-25
(ဇ) မုံရွာ
(၂၆) ချောင်းဦး SGG-26
(၂၇) ဘုတလင် SGG-27
(၂၈) မုံရွာ SGG-28
(၂၉) အရာတော် SGG-29
(ဈ) ယင်းမာပင်
(၃၀) ကနီ SGG-30
(၃၁) ဆားလင်းကြီး SGG-31
(၃၂) ပုလဲ SGG-32
(၃၃) ယင်းမာပင် SGG-33
(ည) ရွှေဘို
(၃၄) ခင်ဦး SGG-34
(၃၅) ဒီပဲယင်း SGG-35
(၃၆) ရွှေဘို SGG-36
(၃၇) ဝက်လက် SGG-37
တနင်္သာရီတိုင်းဒေသကြီး
(က) ကော့သောင်း
(၁) ကော့သောင်း TNI-1
(၂) ဘုတ်ပြင်း TNI-2
(ခ) ထားဝယ်
(၃) ထားဝယ် TNI-3
(၄) ရေဖြူ TNI-4
(၅) လောင်းလုံး TNI-5
(၆) သရက်ချောင်း TNI-6
(ဂ) မြိတ်
(၇) ကျွန်းစု TNI-7
(၈) တနင်္သာရီ TNI-8
(၉) ပုလော TNI-9
(၁၀) မြိတ် TNI-10
ပဲခူးတိုင်းဒေသကြီး
(က) တောင်ငူ
(၁) ကျောက်ကြီး BG0-1
(၂) တောင်ငူ BGO-2
(၃) ထန်းတပင် BGO-3
(၄) ဖြူး BG0-4
(၅) ရေတာရှည် BGO-5
(၆) အုတ်တွင်း BGO-6
(ခ) ပဲခူး
(၇) ကဝ BGO-7
(၈) ကျောက်တံခါး BGO-8
(၉) ညောင်လေးပင် BGO-9
(၁၀) ဒိုက်ဦး BGO-10
(၁၁) ပဲခူး BGO-11
(၁၂) ရွှေကျင် BGO-12
(၁၃) ဝေါ BG0-13
(၁၄) သနပ်ပင် BG0-14
(ဂ) ပြည်
(၁၅) ပေါက်ခေါင်း BG0-15
(၁၆) ပေါင်းတည် BGO-16
(၁၇) ပန်းတောင်း BGO-17
(၁၈) ပြည် BGO-18
(၁၉) ရွှေတောင် BGO-19
(၂၀) သဲကုန်း BGO-20
(ဃ) သာယာဝတီ
(၂၁) ကြို့ပင်ကောက် BG0-21
(၂၂) ဇီးကုန်း BGO-22
(၂၃) နတ်တလင်း BGO-23
(၂၄) မိုးညို BGO-24
(၂၅) မင်းလှ BGO-25
(၂၆) လက်ပံတန်း BGO-26
(၂၇) သာယာဝတီ BGO-27
(၂၈) အုတ်ဖို BGO-28
မကွေးတိုင်းဒေသကြီး
(က) ဂန့်ဂေါ
(၁) ဂန့်ဂေါ MGY-1
(၂) ဆော MGY-2
(၃) ထီးလင်း MGY-3
(ခ) ပခုက္ကူ
(၄) ဆိပ်ဖြူ MGY-4
(၅) ပခုက္ကူ MGY-5
(၆) ပေါက် MGY-6
(၇) မြိုင် MGY-7
(၈) ရေစကြို MGY-8
(ဂ) မကွေး
(၉) ချောက် MGY-9
(၁၀) တောင်တွင်းကြီး MGY-10
(၁၁) နတ်မောက် MGY-11
(၁၂) မကွေး MGY-12
(၁၃) မြို့သစ် MGY-13
(၁၄) ရေနံချောင်း MGY-14
(ဃ) မင်းဘူး
(၁၅) ငဖဲ MGY=15
(၁၆) စလင်း MGY-15
(၁၇) စတေုတ်ထရာ MGY-17
(၁၈) ပွင့်ဖြူ MGY-18
(၁၉) မင်းဘူး MGY-19
(င) သရက်
(၂ဝ) ကံမ MGY-20
(၂၁) ဆင်ပေါင်ဝဲ MGY-21
(၂၂) မင်းတုန်း MGY-22
(၂၃) မင်းလှ MGY-23
(၂၄) သရက် MGY-24
(၂၅) အောင်လံ MGY-25
မန္တလေးတိုင်းဒေသကြီး
(က) ကျောက်ဆည်
(၁) ကျောက်ဆည် MDY-1
(၂) စဉ့်ကိုင် MDY-2
(၃) တံတားဦး MDY-3
(၄) မြစ်သား MDY-4
(ခ) ညောင်ဦး
(၅) ကျောက်ပန်းတောင်း MDY-5
(၆) ညောင်ဦး MDY-6
(ဂ) ပြင်ဦးလွင်
(၇) စဉ့်ကူး MDY-7
(၈) ပြင်ဦးလွင် MDY-8
(၉) မိုးကုတ် MDY-9
(၁၀) မတ်တရာ MDY-10
(၁၁) သပိတ်ကျင်း MDY-11
(ဃ) မန္တလေး
(၁၂) ချမ်းမြသာစည် MDY-12
(၁၃) ချမ်းအေးသာဇံ MDY-13
(၁၄) ပြည်ကြီးတံခွန် MDY-14
(၁၅) မဟာအောင်မြေ MDY-15
(၁၆) အောင်မြေသာဇံ MDY-16
(၁၇) ပုသိမ်ကြီး MDY-17
(၁၈) အမရပူရ MDY-18
(င) မိတ်ထီလာ
(၁၉) မလှိုင် MDY-19
(၂၀) မိတ်ထီလာ MDY-20
(၂၁) ဝမ်းတွင်း MDY-21
(၂၂) သာစည် MDY-22
(စ) မြင်းခြံ
(၂၃) ငါန်းဇွန် MDY-23
(၂၄) တောင်သာ MDY-24
(၂၅) နွားထိုးကြီး MDY-25
(၂၆) မြင်းခြံ MDY-26
(ဆ) ရမည်းသင်း
(၂၇) ပျော်ဘွယ် MDY-27
(၂၈) ရမည်းသင်း MDY-28
မွန်ပြည်နယ်
(က) မော်လမြိုင်
(၁) ကျိုက်မရော MON-1
(၂) ချောင်းဆုံ MON-2
(၃) မုဒုံ MON-3
(၄) မော်လမြိုင် MON-4
(၅) ရေး MON-5
(၆) သံဖြူဇရပ် MON-6
(ခ) သထုံ
(၇) ကျိုက်ထို MON-7
(၈) ပေါင် MON-8
(၉) ဘီးလင်း MON-9
(၁၀) သထုံ MON-10
ရခိုင်ပြည်နယ်
(က) ကျောက်ဖြူ
(၁) ကျောက်ဖြူ RKE-1
(၂) မာန်အောင် RKE-2
(၃) ရမ်းဗြဲ RKE-3
(၄) အမ်း RKE-4
(ခ) စစ်တွေ
(၅) စစ်တွေ RKE-5
(၆) ပေါက်တော RKE-6
(၇) ပုဏ္ဏားကျွန်း RKE-7
(၈) ရသေ့တောင် RKE-8
(ဂ) မောင်တော
(၉) ဘူးသီးတောင် RKE-9
(၁၀) မောင်တော RKE-10
(ဃ) မြောက်ဦး
(၁၁) ကျောက်တော် RKE-11
(၁၂) မင်းပြား RKE-12
(၁၃) မြေပုံ RKE-13
(၁၄) မြောက်ဦး RKE-14
(င) သံတွဲ
(၁၅) ဂွ RKE-15
(၁၆) တောင်ကုတ် RKE-16
(၁၇) သံတွဲ RKE-17
ရန်ကုန်တိုင်းဒေသကြီး
(က) ရန်ကုန်(မြောက်ပိုင်း)
(၁) တိုက်ကြီး YGN-1
(၂) ထန်းတပင် YGN-2
(၃) မင်္ဂလာဒုံ YGN-3
(၄) မှော်ဘီ YGN-4
(၅) ရွှေပြည်သာ YGN-5
(၆) လှိုင်သာယာ YGN-6
(၇) လှည်းကူး YGN-7
(၈) အင်းစိန် YGN-8
(ခ) ရန်ကုန် (အရှေ့ပိုင်း)
(၉) တာမွေ YGN-9
(၁၀) တောင်ဥက္ကလာပ YGN-10
(၁၁) ဒဂုံမြို့သစ်(ဆိပ်ကမ်း) YGN-11
(၁၂) ဒဂုံမြို့သစ်(တောင်ပိုင်း) YGN-12
(၁၃) ဒဂုံမြို့သစ်(မြောက်ပိုင်း) YGN-13
(၁၄) ဒဂုံမြို့သစ်(အရှေ့ပိုင်း) YGN-14
(၁၅) ဒေါပုံ YGN-15
(၁၆) ပုဇွန်တောင် YGN-16
(၁၇) ဗိုလ်တထောင် YGN-17
(၁၈) မင်္ဂလာတောင်ညွှန့် YGN-18
(၁၉) မြောက်ဥက္ကလာပ YGN-19
(၂၀) ရန်ကင်း YGN-20
(၂၁) သာကေတ YGN-21
(၂၂) သင်္ဃန်းကျွန်း YGN-22
(ဂ) ရန်ကုန် (တောင်ပိုင်း)
(၂၃) ကိုကိုးကျွန်း YGN-23
(၂၄) ကော့မှူး YGN-24
(၂၅) ကျောက်တန်း YGN-25
(၂၆) ကွမ်းခြံကုန်း YGN-26
(၂၇) ခရမ်း YGN-27
(၂၈) ဆိပ်ကြီး/ ခနောင်တို YGN-28
(၂၉) တွံတေး YGN-29
(၃၀) ဒလ YGN-30
(၃၁) သန်လျင် YGN-31
(၃၂) သုံးခွ YGN-32
(ဃ) ရန်ကုန်(အနောက်ပိုင်း)
(၃၃) ကမာရွတ် YGN-33
(၃၄) ကျောက်တံတား YGN-34
(၃၅) ကြည့်မြင်တိုင် YGN-35
(၃၆) စမ်းချောင်း YGN-36
(၃၇) ဆိပ်ကမ်း YGN-37
(၃၈) ဒဂုံ YGN-38
(၃၉) ပန်းဘဲတန်း YGN-39
(၄၀) ဗဟန်း YGN-40
(၄၁) မရမ်းကုန်း YGN-41
(၄၂) လသာ YGN-42
(၄၃) လမ်းမတော် YGN-43
(၄၄) လှိုင် YGN-44
(၄၅) အလုံ YGN-45
ရှမ်းပြည်နယ်
(က) ကျောက်မဲ
(၁) ကျောက်မဲ SHN-1
(၂) နမ္မတူ SHN-2
(၃) နမ့်ဆန် SHN-3
(၄) ခင်ချို SHN-4
(၅) မန်တုံ SHN-5
(၆) သီပေါ SHN-6
(ခ) ကျိုင်းတုံ
(၇) ကျိုင်းတုံ SHN-7
(၈) မိုင်းခတ် SHN-8
(၉) မိုင်းယန်း SHN-9
(၁၀) မိုင်းလား SHN-10
(၁၁) မိုင်းပျဉ်း SHN-11
(ဂ) တာချီလိတ်
(၁၂) တာချီလိတ် SHN-12
(၁၃) မိုင်းဖြတ် SHN-13
(၁၄) မိုင်းယောင်း SHN-14
(ဃ) တောင်ကြီး
(၁၅) ကလော SHN-15
(၁၆) ဆီဆိုင် SHN-16
(၁၇) ညောင်ရွှေ SHN-17
(၁၈) တောင်ကြီး SHN-18
(၁၉) ပင်းတယ SHN-19
(၂၀) ပင်လောင်း SHN-20
(၂၁) ဖယ်ခုံ SHN-21
(၂၂) ရွာငံ SHN-22
(၂၃) ရပ်စောက် SHN-23
(၂၄) ဟိုပုံး SHN-24
(င) မူဆယ်
(၂၅) ကွတ်ခိုင် SHN-25
(၂၆) နမ့်ခမ်း SHN-26
(၂၇) မူဆယ် SHN-27
(စ) မိုးမိတ်
(၂၈) မဘိမ်း SHN-28
(၂၉) မိုးမိတ် SHN-29
(ဆ) မက်မန်း
(၃၀) နားဖန်း SHN-30
(၃၁) ပန်ဆန်း(ပန်ခမ်း) SHN-31
(၃၂) မက်မန်း SHN-32
(ဇ) မိုင်းဆတ်
(၃၃) မိုင်းဆတ် SHN-33
(၃၄) မိုင်းတုံ SHN-34
(ဈ) လားရှိုး
(၃၅) ကွမ်လုံ SHN-35
(၃၆) တန့်ယန်း SHN-36
(၃၇) မိုင်းရယ် SHN-37
(၃၈) လားရှိုး SHN-38
(၃၉) သိန်နီ SHN-39
(ည) လင်းခေး
(၄၀) မိုးနဲ့ SHN-40
(၄၁) မိုင်းပန် SHN-41
(၄၂) မောက်မယ်SHN-42
(၄၃) လင်းခေး SHN-43
(ဋ) လောက်ကိုင်
(၄၄) ကုန်းကြမ်း SHN-44
(၄၅) လောက်ကိုင် SHN-45
(ဎ) လွိုင်လင်
(၄၆) ကျေးသီး SHN-46
(၄၇) ကွန်ဟိန်း SHN-47
(၄၈) နမ့်စန် SHN-48
(၄၉) မိုင်းကိုင် SHN-49
(၅၀) မိုင်းရှူး SHN-50
(၅၁) လဲချား SHN-51
(၅၂) လွိုင်လင် SHN-52
(ဍ) ဟိုပန်
(၅၃) ပန်ဝိုင် SHN-53
(၅၄) မိုင်းမော SHN-54
(၅၅) ဟိုပန် SHN-55
ဧရာဝတီတိုင်းဒေသကြီး
(က) ပုသိမ်
(၁) ကန်ကြီးထောင့် AYY-1
(၂) ကျောင်းကုန်း AYY-2
(၃) ကျုံပျော် AYY-3
(၄) ငပုတော AYY-4
(၅) ပုသိမ် AYY-5
(၆) ရေကြည် AYY-6
(၇) သာပေါင်း AYY-7
(ခ) ဖျာပုံ
(၈) ကျိုက်လတ် AYY-8
(၉) ဒေးဒရဲ AYY-9
(၁၀) ဖျာပုံ AYY-10
(၁၁) ဘိုကလေး AYY-11
(ဂ) မအူပင်
(၁၂) ညောင်တုန်း AYY-12
(၁၃) ဓနုဖြူ AYY-13
(၁၄) ပန်းတနော် AYY-14
(၁၅) မအူပင် AYY-15
(ဃ) မြောင်းမြ
(၁၆) မြောင်းမြ AYY-16
(၁၇) ဝါးခယ်မ AYY-17
(၁၈) အိမ်မဲ AYY-18
(င) လပ်ပတ်တာ
(၁၉) မော်လမြိုင်ကျွန်း AYY-19
(၂၀) လပ်ပတ်တာ AYY-20
(စ) ဟင်္သာတ
(၂၁) ကြံခင်း AYY-21
(၂၂) ဇလွန် AYY-22
(၂၃) မြန်အောင် AYY32
(၂၄) လေးမျက်နှာ AYY-24
(၂၅) ဟင်္သာတ AYY-25
(၂၆) အင်္ဂပူ AYY-26
နေပြည်တော်
(က) ဒက္ခိဏ (တောင်ပိုင်း)
(၁) ဇမ်ဗူသီရိ NPW-1
(၂) ဒက်ခိဏသီရိ NPW-2
(၃) ပျဉ်းမနား NPW-3
(၄) လယ်ဝေး NPW-4
(ခ) ဥတ္တရ (မြောက်ပိုင်း)
(၅) ဇေယျာသီရိ NPW-5
(၆) တပ်ကုန်း NPW-6
(၇) ပုဗ္ဗသီရိ NPW-7
(၈) ဥတ်တရသီရိ NPW-8

Credit thet paing

Address

သုဝဏ္ဏလမ်း
Bago

Alerts

Be the first to know and let us send you an email when Thin Thin mini shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share