13/06/2026
Hatomugi ထဲက စျေးသင့်ပြီး Quality လုံးဝ မညံ့တဲ့ မျက်နှာသစ်ဆေးလေးတွေ 👌
မင်မင်က routine skincare အဆင့်မှာ
မျက်နှာသစ်တဲ့ အဆင့်ကို အကြိုက်ဆုံးပါ 😁
မျက်နှာသစ်ပြီးချိန် မှန်ထဲမှာ ကိုယ့်မျက်နှာက
အဖြူဆုံးပဲ 😄 သုံးလိုက်တဲ့ မျက်နှာသစ်ဆေးက
ကြည်လင်ပြီး ဖွေးသွားတာကို သဘောကျတာမို့
မျက်နှာသစ်ဆေးဆို အရမ်းရွေးချယ်ပါတယ်
တချို့မျက်နှာသစ်ဆေးတွေ သစ်သာ သစ်လိုက်တယ်
မျက်နှာပေါ် ချော်ကျိကျိနဲ့ ကျန်ခဲ့တာမျိုး
မျက်နှာသစ်ပြီးချိန် skin tone က မလင်းသွားတာမျိုးဆို
တစ်ကြိမ် နှစ်ကြိမ် သစ်ပြီးရင် ဆက်မသုံးတော့ဘူး
အိမ်မှာကြိုက်တဲ့သူ သစ်ပဲ 😄
Hatomugi facial foam တွေကို ရောင်းသာရောင်းတာ
သူ့စျေးကြောင့် အထင်စမောပြီး ယူမသုံးကြည့်မိဘူး
ကိုယ့်စီ ဝယ်တဲ့ အမတွေ ညီမတွေက
ဒါလေးရလား ? အရင်တခေါက်ကဝယ်တာ
အရမ်းကောင်းလို့ ကြိုက်လို့နဲ့ လာလာပြောကြမှ
စမ်းကြည့်ဖြစ်တာ တကယ်ကြီး ကောင်းတယ်
စျေးပေါပြီး မင်မင် ဖြစ်ချင်တဲ့ အတိုင်းပဲ
ဂျေးပြောင်ပြီး မျက်နှာကို ကြည်ထွက်သွားတာနော်
အမြုပ်ထွက်အားလည်း ရှယ်ကောင်း
ဒီထဲက အပြာရင့်လေးက medicated လေး
တချို့ရက်တွေ ဝက်ခြံ တစ်လုံးစ နှစ်လုံးစထွက်ရင်
သူ့ကို သုံးပြီး ကျောက ဝက်ခြံတွေပါ တိုက်ပစ်တာ
ဒါလေးတွေကလေ တစ်ဗူးလောက် ဘေစင်မှာထောင်ထားရင်
တစ်အိမ်လုံး သုံးလို့ရတာမို့လို့ အရမ်းအဆင်ပြေသော
ဗူးတွေကလည်း အတော်ကိတ်တာ
စျေးတွေက ၃သောင်းတောင် မပြည့်ဘူး