NAN YOON

NAN YOON အလှအပနှင့် အသုံးအဆောင်ပစ္စည်းများ

25/07/2020

Good morning!
Have a good day!

ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းတွေက အစားအသောက်အနေအထိုင်နဲ့ ဆက်စပ်နေပါတယ်။ ကိုယ်သုံးတဲ့ skincare ပစ္စည်းတွေနဲ့ မတည့်တဲ့အခါလည...
24/07/2020

ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းတွေက အစားအသောက်အနေအထိုင်နဲ့ ဆက်စပ်နေပါတယ်။
ကိုယ်သုံးတဲ့ skincare ပစ္စည်းတွေနဲ့ မတည့်တဲ့အခါလည်း ဝက်ခြံပေါက်နိုင်သလို ကိုယ်စားသုံးတဲ့ အစားအသောက်တွေကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။

ဒါဆို ဘယ်လိုအစားအသောက်တွေက ဝက်ခြံဖြစ်စေနိုင်သလဲ…

(၁) အားဖြည့်အချိုရည်
အားဖြည့်အချိုရည် တွေမှာ သကြားတွေ များစွာ ပါဝင်တဲ့အပြင် အာဟာရမဖြစ်စေပါဘူး။ ဒါတွေက ၀က်ခြံကို ဖြစ်လာစေတာကြောင့် အားဖြည့်အချိုရည်တွေကို ရှောင်ပေးပါ။ တချို့အားဖြည့်အချိုရည်တွေမှာ ဗီတာမင် ဘီ ပါတာကြောင့် အသားအရေကို ကျိန်းစပ်စေပြီး ၀က်ခြံတွေ ပိုဖြစ်လာစေပါတယ်။

(၂) ဆီကြော်မုန့်
ဝက်ခြံပေါက်နေချိန်မှာ ဆီကြော်မုန့်တွေကို ရှောင်ပေးရပါမယ်။ အဆီများတဲ့ အစားအစာ ဘယ်လိုမျိုးမဆို ကြက်ကြော် ၊ အာလူးကြော် ၊ ဘာဂါ ၊ သကြားလုံး စတာတွေကို မစားပါနဲ့။အဆီများများ ပါတဲ့ အစားအစာကို စားပေးတာက အသားအရေကို မကျန်းမာစေတဲ့အပြင် ဝက်ခြံတွေ စုပြုံထွက်လာတာမျိုး ဖြစ်လာစေပါတယ်။

(၃) ခေါက်ဆွဲပြုတ်
စည်သွပ်ဗူး အစားအစာတွေ ၊ ခေါက်ဆွဲဗူးတွေက စားရတာ လွယ်ကူသလို အရသာလည်းရှိပါတယ်။ ဒါပေမယ့် ဒီအစားအစာတွေက သင့်မျက်နှာအသားအရေကို ဖျက်ဆီးပစ်နေတာဖြစ်ပါတယ်။ ဒီအစားအစာမှာ ပါတဲ့ ဓာတုပစ္စည်းတွေက သင့်အသားအရေကို ထိခိုက်စေပါတယ်။ တစ်ခါတစ်ရံမှာ အသားအရေ ဓာတ်မတည့်တာမျိုးပါ ဖြစ်စေပါတယ်။

(၄) ဓာတုဆေးတွေပါတဲ့ အနီရောင် အသား
အသားတွေ ၀ယ်တဲ့အခါမှာ သဘာဝအသားမျိုးကိုပဲ ရွေးဝယ်ပေးပါ။ ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေကို ၀ယ်စားမိလေ သင့်အသားအရေကို ထိခိုက်လာလေဖြစ်ပါတယ်။ တိရစ္ဆာန်တွေကို ဟော်မုန်းကြီးထွားအောင် ဆေးတွေကျွေးတာက ကျန်းမာစေတဲ့ အသားမျိုးကို ရမှာမဟုတ်ပါဘူး။ ဒီိလိုအသားမျိုးကို စားမိရင် ၀က်ခြံတွေကို ပိုဆိုးလာစေပါတယ်။

(၅) နို့ထွက်ပစ္စည်း
နွားနို့ကနေ ရတဲ့ နို့ထွက်ပစ္စည်းတွေမှာ သွေးချိုကို တက်စေပါတယ်။ နို့ထွက်ပစ္စည်းမှာ ဟော်မုန်းကိုမြှင့်နိုင်ပြီး ချွေးပေါက်တွေကို ပိတ်စေပြီး ၀က်ခြံတွေကိုဖြစ်စေပါတယ်။ နွားနို့က ခန္ဓာကိုယ်မှာရှိတဲ့ insulin အဆင့်ကို မြှင့်စေပြီး မျက်နှာပေါ်က အဆီတွေကို ပိုထွက်လာစေပါတယ်။ နွားနို့မှာပါတဲ့ amino acids က ၀က်ခြံတွေကို ပေါက်စေပါတယ်။ ၀က်ခြံပေါက်တတ်သူတွေ ၊ အဆီပြန်သူတွေ ရှောင်ပေးသင့်ပါတယ်။

Address

Banmaw
225304

Telephone

+919789741050

Website

Alerts

Be the first to know and let us send you an email when NAN YOON posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share