Than Than Htay Store

Than Than Htay Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Than Than Htay Store, No. 1304, 5 Road, 8 Ward, Bogale.

Meizu M3 Noteအောင် မြင့်မြတ်  နည်းပညာသတင်း  No commentsMid-range ဖုန်းတွေ တော်တော်များများ ဈေးကွက်ထဲဝင်ရောက်လာတာတွေ့ရပြ...
17/10/2016

Meizu M3 Note
အောင် မြင့်မြတ် နည်းပညာသတင်း No comments

Mid-range ဖုန်းတွေ တော်တော်များများ ဈေးကွက်ထဲဝင်ရောက်လာတာတွေ့ရပြီး high-end တွေထက်စာရင် ဈေးနှုန်းသိပ်မကြည့်ရဘဲ အရည်အသွေးပြည့်ဝတာကြောင့် သုံးစွဲသူပရိသတ်တွေ ပေါများလာပါတယ်။ ဈေးနှုန်း သင့်တင့်တဲ့ အဆင့်မြင့်စမတ်ဖုန်းတွေ ဖြစ်ကြတဲ့ Xiaomi Redmi Note 3, Huawei Honor 5X စတဲ့ ဖုန်းတွေ ကလည်း Mid-range တွေဖြစ်ကြပြီး မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ Meizu M3 Note ဟာဆိုရင် M2 Note ရဲ့ အောင်မြင်မှုကို ဆက်လက်သယ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။ M3 Note ဟာ upgrade လုပ်ထားတဲ့ Phablet တစ်လုံးဖြစ်ပြီး ဈေးနှုန်းနဲ့ကြည့်လိုက်ရင် အလှပဆုံးဖုန်းတစ်လုံးဆိုတာ လက်ခံနိုင်ပါတယ်။ အခြားစိတ်ဝင်စား စရာကောင်းတဲ့ feature တွေ အများစုပါဝင်နေပြီး M3 Note ရဲ့ Tool Box app ကနေ အသုံးဝင်တဲ့ သံလိုက် အိမ်မြှောင်၊ မှန်၊ ပေတံ စတာတွေ ဆောင်ရွက်နိုင်ပါတယ်။ Magnifier feature ပါ ထည့်သွင်းထားပြီး Fingerprint sensor ဟာ mTouch 2.1 ဖြစ်ပါတယ်။ Upgrade version ဖြစ်တာကြောင့် တုံ့ပြန်မှုတွေကို ခပ်မြန်မြန်လုပ်ဆောင်ပေးနိုင်ပါတယ်။ M3 Note မှာ ကြီးမားတဲ့ 4100mAh ဘက်ထရီကို တပ်ဆင်ပေးထားပြီး အားအပြည့်သွင်းချင်ရင် အချိန် ၃ နာရီပေးရင် လုံလောက်ပါတယ်။

Design & Build

Display အတွက် IPS LCD နည်းပညာအစား LTPS display နည်းပညာကို M3 Note မှာ သုံးထားပါတယ်။ M3 Note ရဲ့ Display ကို 2.5D Curved glass နဲ့ ဖုံးအုပ်ပေးထားပြီး ရုပ်ထွက်အရည်အသွေးဟာ 1080×1920 pixels full HD ထိ မြှင့်တက်လာတာမို့ ချီးကျူးစရာကောင်းပါတယ်။ မျက်နှာပြင် ၅.၅ လက်မအရွယ်ရှိပြီး မြင်ကွင်းကောင်းအောင် ဘေးဘောင်တွေကို အလွန်ပါးလွှာနေအောင် ဖန်တီးပေးထားပါတယ်။

Display

Android OS 5.1 (Lollipop) ကို Meizu ရဲ့ Flyme OS 5.1 နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး Flyme OS ကြောင့် gesture, wakeup feature, SmartTouch စတဲ့ app တွေ ပါဝင်နေပါလိမ့်မယ်။ M3 Note ကို ပေးဝယ်ရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ အကောင်းဆုံးကင်မရာလုပ်ဆောင်ချက်တွေ ရရှိနိုင်ပြီး အဓိကကင်မရာဟာ 13MP ဖြစ်ပါတယ်။ PDAF နည်းပညာအသုံးပြုထားပြီး ပုံရိပ်တွေ တိကျပြတ်သားစေပါတယ်။ Full HD ဗီဒီယိုရိုက်ကူး နိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာကို တွေ့နိုင်ပါတယ်။

Operating System and Camera

စွမ်းဆောင်ရည်အတွက် Meizu ဟာ mid-range ဖုန်းအမျိုးအစားတွေရဲ့ နောက်ဆုံးပေါ် Mediatek MT6755 Helio P10 chip ကို အသုံးပြုထားပြီး Octa-core processor နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ RAM ပမာဏ 2GB ရှိပြီး ဂရပ်ဖစ်ဆိုရင် Mali-T860 MP2 ကို ထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါဝင်ပြီး micro SD နဲ့ 128GB အထိ မြှင့်တင်နိုင်ပါတယ်။

Performance

အလွန်လှပတဲ့ အလူမီနီယမ်သတ္တုစပ်ကိုယ်ထည်နဲ့ တည်ဆောက်ပေးထားတဲ့ Meizu M3 Note ဒီဇိုင်းကို အဆင့်မြင့်နည်းပညာတွေသုံးကာ ဖန်တီးပေးခဲ့ပြီး အရင်ဖုန်းတွေနဲ့တူညီတဲ့ ဒီဇိုင်းမျိုးဖြစ်ပေမယ့် အရည်အသွေး ကတော့ ပိုကောင်းလာပါတယ်။ ကျောဘက်ဒီဇိုင်းကိုလည်း ရိုးရှင်းသပ်ရပ်နေအောင် ဖွဲ့စည်းပြင်ဆင်ပေးခဲ့ပြီး သတ္တုဒီဇိုင်းဖြစ်တာကြောင့် လက်ထဲမှာ ခံ့ခံ့ညားညားနဲ့ကိုင်သုံးနိုင်ပါတယ်။ အရွယ်အစားနဲ့ လိုက်ဖက်အောင် လည်း ဒီဇိုင်းကိုဖန်တီးပေးခဲ့တာမို့ လက်တစ်ဖက်တည်းနဲ့ အဆင်ပြေပြေသုံးနိုင်ပါတယ်။ ဒီဇိုင်းကို အသေးစိတ် ပြောပြရရင် M3 Note မှာ sensors, earpiece, ကင်မရာတို့နဲ့ဖွဲ့စည်းထားပါတယ်။ ရှေ့မျက်နှာပြင်မှာတွေ့ရတဲ့ Home ခလုတ်ဟာ Fingerprint ဆောင်ရွက်တဲ့အခါ အသုံးဝင်ပါတယ်။ ကျောဘက်ကင်မရာရဲ့အောက်နားမှာ dual LED flash ကို ထည့်သွင်းထားပြီး flash ရဲ့ အောက်မှာ Meizu တံဆိပ်ကို သပ်သပ်ရပ်ရပ်ထည့်သွင်း ထားပါတယ်။ Power ခလုတ်နဲ့ volume ခလုတ်တို့ကို ဖုန်းရဲ့ညာဘက်ဘေးမှာ တပ်ဆင်ပေးထားပြီး အောက်ခြေမှာ dual grill ကို တွေ့နိုင်ပါတယ်။ M3 Note ကို တောင့်တင်းခိုင်မာအောင် သတ္တုနဲ့တည် ဆောက်ပေးထားတာဖြစ်တာကြောင့် အကောင်းဆုံးဒီဇိုင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Specification

Display : 5.5 inches, LTPS IPS LCD capacitive touchscreen

Memory : 16/32 GB, 2/3 GB RAM, microSD, upto 128GB

Camera : 13 Megapixel, phase detection autofocus dual-LED (dual tone) flash, Geo-tagging

OS : Android OS, v5.1 (Lollipop)

Meizu m3 Max”မကြာခင်မှာထွက်ရှိလာတော့မယ့် Meizu m3 Max ကိုဘက်ထရီ စွမ်းအား ပိုင်းမှာအထူးမြှင့်တင်ပေးထားပြီးမျက်နှာပြင်ကျယ်...
19/09/2016

Meizu m3 Max”

မကြာခင်မှာထွက်ရှိလာတော့မယ့် Meizu m3 Max ကိုဘက်ထရီ စွမ်းအား ပိုင်းမှာအထူးမြှင့်တင်ပေးထားပြီးမျက်နှာပြင်ကျယ် ကျယ်ကိုအသုံးပြုနိုင် ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာသုံးစွဲနိုင်ပြီး Nano SIM Card 2 Card ကိုတစ်ပြိုင်နက်တည်းထည့်သွင်းသုံးနိုင်ပါမယ်။ ဖုန်းအရွယ်အစားက 163.4x81.6x7.9 mm ရှိပြီး 189g အလေးချိန်ရှိပါတယ်။ ၆လက်မ အကျယ်ရှိ တဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen နဲ့ပြုလုပ်ပေးထားပြီး 1080x1920 pixels ပမာဏရှိတဲ့မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပြီး ၁လက်မ အတိုင်းအတာအရဆိုရင်တော့ ~367ppi pixels သိပ်သည်းဆ ပမာဏကိုရရှိနိုင်မှာဖြစ်ပါတယ်။ Flyme UI နဲ့ multitouchစနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရိုက်နိုင်ဖို့အတွက် အနောက်ကင်မရာက 13MP resolution ရှိပြီး 30fps မှာ 1080p အရည် အသွေးရှိဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာကတော့ 5MP resolution ရှိပါတယ်။ Internal memory 64GB ကိုထောက်ပံ့ပေးထားပြီး RAM ကတော့ 3GB ပါရှိပါမယ်။

ဒါ့အပြင် အပိုdataတွေကိုသိမ်းဆည်းဖို့အတွက်လည်း micro SD Card ကို 256GB အထိထပ်မံစိုက်ထည့်နိုင်ပါတယ်။ ထည့်သွင်းအသုံးပြုပေးထားတဲ့ chipset အမျိုးအစားကတော့ Mediatek MT6755 Helio P10 ပါ။ စွမ်းရည် မြင့်မားတဲ့ Non-removable 4100mAh battery က အသုံးပြုပြီးအားပြန်သွင်း တဲ့အခါမှာမိနစ် ၃၀အတွင်း ဘက်ထရီစွမ်းအား ၅၀ ရာခိုင်နှုန်းလောက် ပြန်လည် အားဖြည့်ပေးနိုင်ပါတယ်။



Network - GSM/HSPA/LTE
CPU - OC (4x1.8 GHz Cortex-A53 &
4x1.0 GHz Cortex-A53)
Memory - 64 GB (up to 256 GB)
OS - Android OS, v5.1 (Lollipop)
Bluetooth - v4.1, A2DP, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Huawei မှ Back Camera နှစ်လုံးပါဝင်တဲ့ P9 ကိုထုတ်လုပ်ပြီးနောက်မှာP9 နည်းတူ Back camera နှစ်လုံးပါဝင်တဲ့ Honor 8 ကိုထပ်မံ...
21/07/2016

Huawei မှ Back Camera နှစ်လုံးပါဝင်တဲ့ P9 ကိုထုတ်လုပ်ပြီးနောက်မှာ

P9 နည်းတူ Back camera နှစ်လုံးပါဝင်တဲ့ Honor 8 ကိုထပ်မံထုတ်လုပ် မိတ်ဆက်လိုက်ပြန်ပါပြီ။

Honor 8 ကို RAM 4GB နဲ့ လက်ဗွေရာစနစ်တို့ပါ ထည့်သွင်းပေးထားပြီး P9 နဲ့တော်တော်ဆင်တူ

အောင်ဖန်တီးထားတာကို တွေ့ရပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၅.၂ လက်မနဲ့ဖွဲ့စည်းထားပါတယ်။

Front camera ကို 8 MP ထည့်သွင်းထားပြီး Back camera မှာတော့ 12 MP ပါဝင်တဲ့

camera နှစ်လုံးကိုတပ်ဆင်ထားပါတယ်။ Processor အနေနဲ့ octa-core Kirin 950 ကိုအသုံးပြု

ထားပြီး EMUI 4.1 / Android 6.0 Marshmallow နဲ့လာမှာဖြစ်ပါတယ်။



Software ပိုင်းအနေနဲ့ P9 နည်းတူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Network ပိုင်းအနေနဲ့ 4G LTE

စနစ်ထိအသုံးပြုနိုင်မှာဖြစ်ပြီး SIM နှစ်ကဒ်ထိုးဖုန်းတစ်လုံးဖြစ်ပါတယ်။ Battery ပိုင်းကတော့

3000 mAH ပါဝင်မှာဖြစ်ပြီး Colour ပိုင်းမှာဆိုရင်တော့ ပုလဲဖြူရောင်၊ ရွှေအိုရောင်၊ အနက်ရောင်

ပန်းရောင်၊ အပြာရောင် တို့ရရှိမှာဖြစ်ပါတယ်။



Honor 8 ကို တရုတ်နိုင်ငံမှာ July 19 တွင်စတင်ရောင်းချသွားမှာပါတယ်။

RAM 3GB နဲ့ Internal storage 32 GB ပါဝင်တဲ့ Honor 8 လည်းထွက်ရှိလာမှာဖြစ်ပြီး ယခုဖော်ပြထားတဲ့

model ကတော့ 298$ နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ RAM 4GB Internal storage 32 GB မော်ဒယ်ကတော့

343$ နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး ၊ RAM 4GB နဲ့ Internal storage 64GB မော်ဒယ်ကတော့ 373$ အထိ

ကျသင့်မှာ ဖြစ်ပါတယ်။



Refer – http://www.gsmarena.com/

GSMArena.com - The ultimate resource for GSM handset information

အားကောင်း ကောင်း မဝင်သည့် ဖုန်းတစ်လုံးကို ဘယ်လို ပြန်ပြင်မလဲBy Thet Naing Soe -July 19, 201601540Share on FacebookTweet ...
21/07/2016

အားကောင်း ကောင်း မဝင်သည့် ဖုန်းတစ်လုံးကို ဘယ်လို ပြန်ပြင်မလဲ
By Thet Naing Soe -
July 19, 2016
0
1540
Share on Facebook
Tweet on Twitter

တကယ်လို့ သင့်ဖုန်းရဲ့ ဘက်ထရီဟာ ကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုရင် သင့်ဖုန်းရဲ့ အားသွင်း Charger နဲ့  ဘက်ထရီပျက်သွားပြီလို့ ချက်ချင်းမယူဆလိုက်ပါနဲ့ ဦး။ကိုယ်တွေ့ တစ်ခုအပေါ်မူတည်ပြီး ပြဿနာ နှင့် ဖြေရှင်းချက်ဆိုတာဟာ သင်ထင်ထားတာထက် ပိုပြီး ရိုးရှင်းပါတယ်။ သင့်ရဲ့ ဖုန်း ၊ တက်ဘလက်ဟာ အား လုံးဝ မဝင်တော့ဘူးဆိုရင် အားမဝင်တဲ့ ဖုန်းတစ်လုံးကို နည်း ၁၁ မျိုးနဲ့ ဖြေရှင်းကြည့်ရအောင်ပါ။

ဖုန်းတစ်လုံး ဘာကြောင့် အားမဝင်တော့တာလဲ။

ပြဿနာဆိုတာ သူ့ အတိုင်းအတာနဲ့ သူ ဖြစ်ပေါ်ပါတယ်။ သင့်ဖုန်းဟာ အားသွင်းထားတဲ့အခါ အားမဝင် တော့တာပဲ ဖြစ်ဖြစ် အလွန်နှေးကွေးစွာ အားဝင်တာပဲဖြစ်ဖြစ် ( တစ်ခါတစ်လေဆို အားမသွင်းတာထက် ပိုမြန်တယ် ဆိုရုံပါပဲ) ဖြစ်တတ်ပါတယ်။ ဒါကတော့ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ဒီနေရာမှာ ဖြေရှင်းချက် တစ်ချို့ ကို ပြောပြထားပါတယ်။

(၁) ကိုယ့်ဘာသာ ပြင်လို့ ရနိုင်တဲ့ USB port

အလွယ်ဆုံး အမြန်ဆုံးဖြစ်ပြီး အထိရောက်ဆုံးဖြေရှင်းချက်တစ်ခုကတော့ သင့်ဖုန်းရဲ့ တကယ့် ဟာ့ဒ်ဝဲလ် ပိုင်းကို ကိုယ့်ဘာသာ အနည်းငယ်ပြင်ပေးလိုက်တာဖြစ်ပါတယ်။ ပြဿနာကတော့ USB အပေါက်ထဲက သတ္ထုမျက်နှာပြင် နဲ့  microUSB charger က ကောင်းကောင်း ထိမနေလို့ ဖြစ်တတ်ပါတယ်။ဖြစ်တတ်တာက ထုတ်လုပ်သူတွေရဲ့ ချို့ ယွင်းချက်ကြောင့်ဖြစ်စေ အားသွင်းကြိုးကို အဆက်မပြတ် တပ်လိုက်ဖြုတ်လိုက် လုပ်တာ ကြောင့်လည်း ဖြစ်စေ ဖြစ်နိုင်ပါတယ်။

သင်လုပ်ဖို့ လိုအပ်တာကတော့ စက်ကို shut down ချပိတ်ပြီး ဘက်ထရီကို ဖြုတ်ထားပါ။ သွားကြားထိုး တံလို အချောင်းသေးသေးလေးသုံးပြီး သင့်စမတ်ဖုန်း ၊ တက်ဘလက်ရဲ့ USB ပေါက်ထဲကမှာရှိတဲ့ ခလုတ်လေး ကို ခပ်ဆဆ မ ပေးရပါတယ်။ ဂရုတစိုက်နဲ့ ညင်ညင်သာသာလေး လုပ်ပေးပါ။ ပြီးတာနဲ့  သင့်ရဲ့ ဘက်ထရီကို ပြန် ထည့်ပြီး ပလပ်တပ် အားပြန်သွင်းလိုက်ပါ။ ဆယ်ခုမှာ ကိုးခုက အဲသလို လုပ်ပေးဖို့ လိုပါတယ်။

(၂) ချည်စ အဝတ်စ ချိုချဉ်နဲ့ ဖုန်မှုန့် တွေကို ဖယ်ရှားပါ။

သင့်ရဲ့ ဖုန်းကို ဂျင်းဘောင်းဘီအိတ်ထဲ ထည့်တတ်ပါသလား။ အဲသလိုဆိုရင် ချည်စတွေက လက်သည် တရားခံဖြစ်နိုင်ပါတယ်။ USB ကနေအားသွင်းရာမှာ စိတ်ချမှုမရှိရတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အဖြစ်များတတ် တာက ကျွန်တော်တို့ ရဲ့ Levis ဂျင်းထည်ရဲ့အိတ်ကပ်ကနေ အဝတ်စတွေ ဝင်နေတတ်တာကြောင့်ဖြစ်ပါတယ်။

ကိုယ့်လက်ကိုင်အိတ်ထဲက ချိုချဉ်ထုပ်ပွင့်ပြီး ဖုန်းအားသွင်းပေါက်ကို ချောကလက်တွေနဲ့ ပိတ်ဆို့ နေ တာမျိုး လည်း ကျွန်တော်တို့ တွေ့ နေကျပါ။

လေမှုတ်စက်နဲ့ အဲဒီအမှိုက်တွေကို မှုတ်ထုတ်လိုက်ရင် ကိုယ့်ရဲ့ USB ပေါက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ။

(၃) Switch ကေဘယ်ကြိုးများ

အားသွင်းတဲ့ charger တစ်ခုရဲ့ အားအနည်းဆုံးအပိုင်းက socket ပေါက်ထဲ ပလပ်တပ်ထားတဲ့ adapter မဟုတ်ဘဲ အားသွင်းကြိုးသာ ဖြစ်ပါတယ်။ အက်ပ်ပဲလ်သုံးစွဲသူတွေဟာ ဒီနေရာမှာ သိပ်အကြမ်းမခံတတ်ပါဘူး။ အကြောင်းကတော့ အက်ပ်ပဲလ်ရဲ့ပိုင်ဆိုင်မှုတစ်ရပ်ဖြစ်ပြီး ဈေးကြီးလှတဲ့ အလင်းထွက်အားသွင်း ကေဘယ်ကြိုး တွေဟာ ၁၅ မိနစ်ဝန်းကျင်လောက်ပဲ သက်တမ်းခံတာဖြစ်လို့ ပါ။ ဒါပေမယ့်လည်း ကေဘယ်ကြိုးအားလုံးရဲ့ ဘဝ ဟာ ခက်ခဲပြီး ကြိုးတွေဟာ ခေါက်သွားလိုက် လိမ်သွားလိုက်နဲ့ သံသရာလည်နေတော့တာပါပဲ။ကိုယ့်ဖုန်းနဲ့  လိုက်ဖက်တဲ့ ကေဘယ်မသုံးဘဲ တွေ့ ကရာ USB ကေဘယ်လ်ကြိုးတွေနဲ့  အလွယ်အစားထိုးသုံးတာကလည်း အားသွင်းရာမှာ အဆင်မပြေတဲ့အကြောင်းပါပဲ။

ချို့ ယွင်းချက်ရှိတဲ့ ကေဘယ်လ်တစ်ခုကို အပြစ်တွေ ရှာစစ်ဖို့ အလွယ်ကူဆုံးနည်းကတော့ တခြား မတူ တဲ့ ကေဘယ်လ်ကြိုးတစ်ချောင်းနဲ့ စမ်းကြည့်ပြီး ကိုယ့်ဖုန်းနဲ့  ကိုက်မကိုက် ကြည့်ဖို့ ပါ။ တကယ်လို့ ကိုယ့်ဖုန်းနဲ့  အဲဒီကေဘယ်လ် ကောင်းကောင်း အလုပ်ဖြစ်တယ်ဆိုရင် မူလကေဘယ်လ်ကြိုးမှာ အပြစ်အနာအဆာ ရှိတယ် လို့  သိရပါမယ်။ အဲသလိုမှ မဟုတ်ရင် အဲဒီမှာ တစ်ခြား ပြဿနာပေးနေတဲ့ အရာတစ်ခုခု ရှိနေလို့ ပါပဲ။

(၄) adapter အမျိုးအစားကို အသေအချာစစ်ဆေးပါ။

တကယ်လို့ ကေဘယ်လ်ကြိုးမှာ ပြဿနာ ဖြစ်မယ် မထင်ရဘူးဆိုရင် adapter ခုံကို စစ်ကြည့်ပါ။ အထူးသဖြင့် အားသွင်းကြိုး ဖြုတ်လို့ ရတဲ့ ခေါင်းနေရာကို စစ်ပါ။ အားသွင်းတဲ့ charger တွေအမြောက်အများထဲ မှာ ပြဿနာတွေကို တွေ့ ရပါတယ်။ အဲဒီမှာရှိတဲ့ USB ပေါက်ဟာ ကြိုးကို တပ်လိုက် ဖြုတ်လိုက် လုပ်ပါများလာ ရာကနေ အပေါက်ချောင်သွားတာမျိုး ဖြစ်သွားတတ်ပါတယ်။

နောက်တစ်ခုစစ်ဆေးရမှာက charger နဲ့ cable နှစ်ခု ပေါင်းစပ်နေတဲ့ နေရာဟာ ဖုန်းအမျိုးမျိုးပေါ် အလုပ်ဖြစ်မဖြစ် စစ်ကြည့်ပါ။အကြောင်းကတော့ ဒါက သင့်ဖုန်းရဲ့ ကေဘယ်လ်နဲ့ အားသွင်းပေါက်မှာထက် အပြစ်အနာဖြစ်နေတဲ့ ဖြစ်နိုင်ခြေကို ရှာဖွေရှင်းထုတ်ရတာမှာ ပိုပြီး အထောက်အကူ ဖြစ်စေပါတယ်။သင့်ရဲ့ အားသွင်းပေါက်မှာ ပြဿနာ မရှိအောင် လုပ်ထားဖို့ တော့လိုပါတယ်။

(၅) ဘေးကင်းဖို့ သာ ပထမဆိုတာ သတိရပါ။

သင့်ဖုန်းကို ရေရှိတဲ့အနီးအနားနဲ့  အလွန်အပူရှိန်မြင့်နေတဲ့ အနေအထားမျိုးမှာ အားမသွင်းပါနဲ့ ။ တကယ်လို့ သင်ဟာ အားသွင်းကြိုးနဲ့ charger တစ်ခုကို အစားထိုးသုံးထားရင် သတိထားဖို့ လိုပါတယ်။ အင်တာနက် မှာ တက်လာတဲ့  သတင်းတွေအရ ဈေးပေါပေါ charger တစ်ခုကို အစားထိုးသုံးမိလို့  ညသန်းခေါင် ကြီး မှာ စမတ်ဖုန်းတွေ ထပြီး ပေါက်ကွဲကုန်တယ်ဆိုတာတွေ လည်းတွေ့ ရပါတယ်။ ဒါက လျှပ်စစ်ပစ္စည်းဖြစ်လို့  ကိုယ်ဝယ်တဲ့ ပစ္စည်းဟာ သင့်လျော်ရာ ဘေးအန္ဘရာကင်းတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။

သင့်ဖုန်းထဲမှာ စွမ်းအင်ဘယ်လောက်များများ သိမ်းထားသလဲဆိုတာကို သင်သိစေဖို့  အောက်က ဗွီဒီယိုကို ဝင်ကြည့်လို့ ရပါတယ်။( အိမ်မှာတော့ မစမ်းသပ်ပါနဲ့ ။)

ယခုဆောင်းပါးရဲ့ အရင်ကဖော်ပြချက်တွေဟာ သုံးစွဲသူတွေကို ညနက်သန်းခေါင်လွန်အောင် ဖုန်းအား မသွင်းဖို့ သတိပေးထားတာပါ။ရှင်းအောင်ပြောရရင် သင့်ဖုန်းကို အားပိုသွင်းမိတာကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ခေတ်သစ် စမတ်ဖုန်းတွေမှာဆိုရင် ဘက်ထရီအားပြည့်ပြီးတာကို ဆက်ပြီး အားသွင်းထားတယ်ဆိုရင် မပျက်စီး ရအောင် ကာကွယ်ဖို့  အတိုင်းအတာတွေ ပါလာပါတယ်။

ဘက်ထရီတစ်လုံးကို အားသွင်းလိုက်တာနဲ့ အပူထွက်လာပါတယ်။ စမတ်ဖုန်းဟာ ခေါင်းအုံးအောက်တို့  အံဆွဲတို့ လို ထဲရောက်နေတယ်ဆိုရင် အပူလွန်ကဲဖို အကြောင်းဖန်လာပါတယ်။ ဒီတော့ ညဥ့်နက် သန်းခေါင်အထိ သင့်ဖုန်းကို အားသွင်းထားတယ်ဆိုရင် ဘေးကင်းတဲ့နေရာမှာပဲ ထားပါ။

(၆) ဘက်ထရီ အစားထိုးလဲပါ။

ဘက်ထရီတွေဟာ သက်တမ်းအကြာကြီးမခံတတ်ပါဘူး။ နှစ်အတန်ကြာပြီဆိုတာနဲ့ အားသွင်းရခက် လာတတ်ပါတယ်။ အားသွင်းလိုက် ဖြုတ်လိုက် လုပ်တာ ကြာတာနဲ့ အမျှ ဘက်ထရီတွေကို အစားထိုးလဲလှယ်ဖို့  သိပ်မကြာတော့ပါဘူး။သင့်ဘက်ထရီက ခြောက်လလောက်နဲ့ လစ်သွားရင် အပြစ်အနာရှိလို့ ဖြစ်နိုင်ပြီး အခမဲ့ အစားလဲလှယ်မှုရဖို့  warranty အာမခံလုပ်ထားသင့်ပါတယ်။ ဒါပေမယ့် ဘက်ထရီဟာနှစ်နှစ်ထက် သက်တမ်း ပိုကြာလာပြီဆိုရင် အဲဒီဘက်ထရီ သက်တမ်းကုန်တော့မှာပါ။

တစ်ချို့ ချို့ ယွင်းချက်ရှိတဲ့ ဘက်ထရီတွေဟာ အပြစ်ရှာဖို့ လွယ်ပါတယ်။ အကြောင်းက အဲဒီမှာ အရည် တွေ စိမ့်ထွက်လာတာမျိုး နဲ့  ဘက်ထရီဖောင်းလာတာမျိုးဖြစ်လာတာတွေ့ ရလို့ ပါ။ ဒါမျိုးကလည်း အပြင်ကနေ ကြည့်လို့ မသိ သာဘူးဆိုတော့ ဖုန်းကာဗာဖြုတ်ပြီး ဘက်ထရီကို စစ်ပါ။( တတ်နိုင်ရင် တစ်ချို့ ဖုန်းတွေမှာ ဘက်ထရီ အကန့် လေးတွေကို ဖုံးအုပ်ထားပါတယ်။)

ကာဗာကို မခွာဘူးဆိုရင်ဖုန်းကို ပက်လက်လှန်ပြီး လှည့်ကြည့်ပါ။ပူပြီး စူထွက်နေတဲ့ ဘက်ထရီက ပုံစံ ပျက်နေပါတယ်။ အဲဒီဖောင်းနေတာကို ကြည့်လို့ မတွေ့ ရပါဘူး။ဒါပေမယ့် ဖုန်းကို လှည့် လှည့်ကြည့်ရင်ကိုပဲ ရပါပြီ။ တကယ်လို့  သင့်ရဲ့ ဘက်ထရီဟာအရည်စိမ့် နေပြီး ဖောင်းကားနေတယ်လို့ သံသယရှိရင် သင့်ဖုန်းကို ဖုန်းပြင်ဆိုင်ပို့ ပြီး တစ်ခြားစိတ်ချရတဲ့ အစားထိုးဘက်ထရီတစ်ခုကို ဝယ်လိုက်ပါ။

(၈) မှန်ကန်တဲ့ source ကနေ အားသွင်းပါ။

ဖုန်းအားသွင်းတဲ့ socket တစ်ခုကနေ အားသွင်းခြင်းဟာ PC ကွန်ပျူတာ တို့ လက်ပ်တော့ တို့ ကနေ အားသွင်းတာထက် ပို ပြီး မြန်ပါတယ်။အကြောင်းက ကွန်ပျူတာရဲ့ USB ပေါက်တွေကနေ ပါဝါသိပ်များများ စားစား မပို့ နိုင်လို့ ကြောင့်ပါ။ socket အုံတစ်ခုဟာ USB ပေါက်ထပ် ပါဝါကို နှစ်ဆ ဖြန့် ဖြူးနိုင်ပါတယ်။ charger ကနေ ပါဝါပို့ နိုင်တာကလည်း ငါးဆထိ ရှိလာပါတယ်။ ဆိုလိုတာက အားသွင်းရာမှာလည်း အရမ်းကို မြန်လာ ပါတယ်။ဒီတော့ သင့်ဖုန်းကို အားသွင်းရာမှာ နှေးကွေးလာပြီး ဖုန်းကို လက်ပ်တော့နဲ့ ချိတ်ဆက်ထားတာ ဆိုရင် ပြဿနာက အဲ့ဒါပါပဲ။

သင့်ရဲ့အားသွင်းတဲ့ charger အုံဟာ ပါဝါကောင်းကောင်း ဖြန့် ဖြုးတဲ့ပုံမပေါ်ဘူးဆိုရင် ဒီcharger နဲ့  သင့်ရဲ့ဖုန်းကိုက်ညီမှုရှိမရှိ စစ်ဆေးပါ။တစ်ခြားဖုန်းမှာသုံးတဲ့ charger ကလည်း သင့်တော်တဲ့ ပါဝါပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ဥပမာ ဆိုပါတော့ ဘလူးတုနားကြပ်အတွက် အားသွင်းတဲ့ charger တစ်ခုဟာ စမတ်ဖုန်းတွေအတွက် သီးသန့် ဒီဇိုင်းဆွဲထားတဲ့ အားသွင်း charger တွေလောက် ပါဝါပမာဏများများစားစား ကို မထုတ်ပေးနိုင်ပါဘူး။ မကြာသေးမီက ထွက်လာတဲ့ အဆင့်မြင့်ဖုန်းတွေမှာဆို ဘက်ထရီကို အမြန်အားသွင်း နိုင်ဖို့ ထောက်ပံ့ပေးထားတဲ့ ဖုန်းတစ်လုံး သင့်မှာ ရှိပေမယ့် ပါဝါကို ဖြန့် ဖြူးပေးတဲ့ charger မရှိပါဘူး။ ဒီတော့ အသေးစိတ် ဖတ်ရှုစစ်ဆေးဖို့ ပါပဲ။

(၈) ဆော့ဖ်ဝဲလ်ကို အဆင့်မြင့်ခြင်း (သို့ ) အရင် ဗားရှင်းထဲကအတိုင်း ပြန်သုံးခြင်း လုပ်ပါ

ဆော့ဖ်ဝဲကို update လုပ်ခြင်းနဲ့  အန်းဒရိုက်ဗားရှင်းအသစ်တွေဟာ သင့်ဖုန်းရဲ့ ဘက်ထရီသက်တမ်းကို အကြီးအကျယ် ကမောက်ကမ ဖြစ်သွားစေနိုင်ပါတယ်။ အထူးသဖြင့် ဖုန်းအဟောင်းတစ်ခုထဲကို လက်ရှိ ဆော့ဖ်ဝဲလ်တစ်ခုကို ထပ်ပြီး အဆင့်မြှင့် upgrade လုပ်လိုက်တဲ့အခါမျိုးမှာဆို အဖြစ်များတတ်ပါတယ်။ နှစ်နှစ်လောက်သက်တမ်းရှိတဲ့ ဖုန်းတစ်လုံးဟာ ဆော့ဖ်ဝဲကို update လုပ်ဖို့ အခက်အခဲတွေ ရှိနေတတ်ချိန်မှာ ဖုန်းအသစ်တွေကတော့ နောက်ဆုံးရ ဆော့ဖ်ဝဲလ်တွေနဲ့ အကောင်းဆုံးအနေအထားကို ရယူသုံးစွဲနိုင်ပါတယ်။

အခုပြောသလို ဖြစ်လာပြီး ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် အရင်က အန်းဒရိုက်ဗားရှင်းကနေ ပြန် သွားပြီး ပြန်သုံးကြည့်ဖို့ စဉ်းစားကြည့်ပါ။ ဒါပေမယ့် security ပိုင်းတော့ အန္တရာယ်ရှိနိုင်တာကိုလည်း သတိပြုပါ။ နောက်ဆုံးထွက် ဆော့ဖ်ဝဲလ်ဗားရှင်းဟာ သင့်ဖုန်းကို လုံခြုံစေဖို့ အမြဲတမ်း ထောက်ခံချက်ပေးထားကြတာပါ။ အရင်က ဗားရှင်းဟောင်းကို ကိုယ့် စမတ်ဖုန်ပေါ်ပြန်တင်တာကနေ ဖြစ်နိုင်တဲ့ ပြဿနာကလည်း လျစ်လျှူရှုထား လို့ ရတာ ဖြစ်လို့  မှတ်သားသင့်ပါတယ်။

အလားတူပဲ တစ်ခါတစ်ရံမှာ ဖုန်းရဲ့ ဘက်ထရီသက်တမ်းဟာ update လုပ်လိုက်လို့ သိသိတာတာ တိုးတက် သွားနိုင်ပါတယ်။ ဒီတော့ သင့်အန်းဒရိုက်ဗားရှင်းပေါ်ကနေ သွားဖို့ စဉ်းစားထားတယ်ဆိုရင် Setting ကနေ About phone အတိုင်းသွားပြီး update လုပ်ဖို့  စစ်ဆေးသင့်ကြောင်းပါ။

(၉) ဖုန်းပိတ်ထားပါ။

ဖုန်းအားသွင်းနေတုန်း ဘက်ထရီစားစေတဲ့ apps/features တွေကို သုံးခြင်းဟာလည်း သင့်ဖုန်းရဲ့ သက်တမ်းကို အလျင်အမြန် တိုတောင်းသွားစေတတ်ပါတယ်။ တကယ်လို့  တစ်ယောက်ယောက်နဲ့  skype ကို တောက်ပနှုန်း brightness ရာနှုန်းပြည့်တင်ပြီး ပြောနေစဉ် အားသွင်းထားမယ်ဆိုရင် ဖုန်းမှာ တစ်ခြား wi-fi နဲ့  4G ပိတ်ထားစဉ် အားသွင်းရတာထက် ပိုပြီး ကြာတတ်ပါတယ်။

တကယ်လို့  သင့်ဖုန်းမှာ အမြန်ဆုံး အားဝင်တာကို တွေ့ ချင်တယ်ဆိုရင် အားသွင်းနေတဲ့အခါမှာ ဖုန်းကို airplane mode ပေးပြီးလုံးဝ ပိတ်ထားလိုက်ပါ။ သင့်ဖုန်းဟာ ပါဝါအပြည့်အဝရဖို့  အိပ်စက်အနားပေးထားတယ် လို့ တွေးလိုက်ပါ။

(၁၀) သင့်ဘက်ထရီစွမ်းရည်ကို အတိအကျရအောင်လုပ်ပါ။

တစ်ခါတစ်ရံမှာ သင့်ဖုန်းမှာ ရှိတယ်လို့ ထင်ထားတဲ့ ဘက်ထရီလယ်ဗယ်ဟာ မှားယွင်းနေတတ်ပါတယ်။ ဒါရဲ့ သက်ရောက်မှုကတော့ သင့်ဖုန်းဟာ မလိုအပ်ခင်အထိ ဘက်ထရီအဆင့်ကို ကန့် သတ်ထားမှာဖြစ်ပြီး ဘက်ထရီရဲ့ နောက်ဆုံးကျန်တဲ့ ၂ ရာခိုင်အထိ သုံးလို့ ရအောင် တစ်နာရီစာချန်ထားခြင်းတွေအပါအဝင် လုပ်ဆောင်ချက်တွေက ကွဲလွဲပါတယ်။

စမတ်ဖုန်းဘက်ထရီကို ဘတ်ထရီစွမ်းရည်အပြည့်အဝရအောင်လုပ်နည်းနဲ့ ပတ်သတ်တဲ့ လမ်းညွှန် တစ်ခုကို ကျွန်တော်တို့ ရေးခဲ့ဖူးပါတယ်။ ဒီတော့ ဒီနေရာမှာ ပြန်ပြီး ရေးမပြတော့ပါဘူး။ သို့ သော် သင့်ရဲ့ ဖုန်းရဲ့ ပါဝါချို့ ယွင်းချက်ကို အပြည့်အဝမရှင်းထုတ်ရသေးခင် သိထားရမှာ တစ်ခုရှိပါတယ်။

(၁၁) သင့်ဘက်ထရီရဲ့ ဗို့ အားနဲ့ အမ်ပီယာကို စစ်ကြည့်ပါ။

ဒီအချက်နဲ့ ပတ်သတ်ပြီး Patrick ရဲ့ မှတ်ချက်မှာ ပြန်လည်ဖော်ပြထားပါတယ်။ ဒီအချက်က သင့်ကို ချို့ ယွင်းချက်ရှိနေတဲ့ ကေဘယ်လ် သတ်မှတ်ရာမှာ အမြန်ဆုံးသတ်မှတ်နိုင်အောင် ကူညီပေးပါတယ်။ Android ဖုန်းတွေအတွက်အောက်မှာ ဖော်ပြထားတဲ့ လင့်မှ Amperage app ကို Google Play ကနေ အခမဲ့ဒေါင်းလုပ်ရယူလိုက်ပြီး ဖွင့်လိုက်ပါ။

Download Ampere for Android

အခုဆို သင့်ရဲ့ charger နဲ့ ချိတ်ဆက်ပါတယ်။ interface က အစီမ်းရောင်ပြောင်းသွားပြီး ထိပ်နားက စာသားက တော့ “measuring ” လုပ်နေတယ်လို့  ပြောပါလိမ့်မယ်။ တကယ်လို့ ဒါကိုမတွေ့ ရဘူးဆိုရင် ဒါမှမဟုတ် ဘာမှ ဖြစ်မလာဘူးဆိုရင် သင့်ဖုန်းကို လျှပ်စီး မဝင်နေဘူးလို့ ဆိုလိုပါတယ်။

Mobile လောကမှာအောင်မြင်မှု့တစ်ခုကိုပိုင်ဆိုင်ထားတဲ့ Meizu ဟာသူတို့ရဲ့နောက်ထပ်model သစ်တသ်မျိုးကိုထုတ်လုပ်လိုက်ပြန်ပါပြီ။...
21/07/2016

Mobile လောကမှာအောင်မြင်မှု့တစ်ခုကိုပိုင်ဆိုင်ထားတဲ့ Meizu ဟာသူတို့ရဲ့နောက်ထပ်

model သစ်တသ်မျိုးကိုထုတ်လုပ်လိုက်ပြန်ပါပြီ။ တန်ဖိုးနည်းပြီးလူကြိုက်များတဲ့ Meizu ဟာ

RAM 4GB နဲ့သူတို့ရဲ့ MX6 ဆိုတဲ့ဖုန်းတစ်လုံးကိုထပ်မံမိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။



MX6 ဟာ RAM 4GB ပါဝင်ပြီး deca-core MediaTek Helio X20 ကိုအသုံးပြုထားတဲ့

processor အမြင့်စားဖုန်းတစ်လုံးဖြစ်ပါတယ်။ deca-core MediaTek Helio X20 processor ဟာ

core တစ်ခုနဲ့တစ်ခုအကြားမှာ အလုပ်လုပ်နိုင်တဲ့နှုန်းထားပေါ်မူတည်ပြီး ဖုန်းရဲ့အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်တွေကို

အမျိုးအစားခွဲခြားလုပ်ဆောင်ပေးသွားမှာဖြစ်ပတယ်။ ARM Mali-T880 graphid chip ကိုထည့်သွင်းပေးထားတာ

ကြောင့် Game ဆော့သူများအတွက်အကြိုက်တွေ့စေမဲ့ ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။



MX6 ရဲ့ဖုန်းမျက်နှာပြင်ပိုင်းကိုတော့ 5.5 လက်မနဲ့ဖွဲ့စည်းထားတဲ့အပြင် Full HD အမျိုးအစားမျက်နှာပြင်ကို

အသုံးပြုထားပါတယ်။ Back camera ကတော့ 12 Megapixel ရှိပြီး Exmor RSIMX 386 ဆန်ဆာကိုပါ

ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ သူ့ရဲ့ USB type ကိုတော့ USB type C အသုံးပြုထည့်သွင်းထားတာ

ကြောင့် PC နဲ့ data အကူးအပြောင်းလုပ်တဲ့အခါ မြန်ဆန်မှု့ရှိစေမှာဖြစ်ပါတယ်။ Battery ပိုင်းမှာဆိုရင်လဲ

အသုံးပြုထားတဲ့ RAM တွေ processor တွေအတွက်ကောင်းကောင်းအလုပ်လုပ်နိုင်အောင် 3060 mAh ကို

ထည့်သွင်းပေးထားပါတယ်။



အရောင်အမျိုးအစားကတော့ Gray, Silver, Champagne Gold, Rose Gold ဆိုပြီးရရှိနိုင်မှာဖြစ်တဲ့အပြင်

FingerPrint ပါပါဝင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ဆိုရင်တော့ ဒေါ်လာ ၃၀၀ ( မြန်မာငွေ ၃၆၀,၀၀၀ )

ခန့်ကျသင့်မှာဖြစ်ပြီး တရုတ်နိုင်ငံမှာ July 30 ရက်နေ့ကနေစတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။



refer – gadgets.ndtv.com





အဆင်ပြေပါစေ။

Samsung Galaxy S4 ရဲ့ Smart Scroll function ကို On နည်း နဲ့ အသုံးပြုနည်း------------------------------------------------...
01/07/2016

Samsung Galaxy S4 ရဲ့ Smart Scroll function ကို On နည်း နဲ့ အသုံးပြုနည်း
---------------------------------------------------
ဖုန်းရဲ့ Setting > My Device tab > Smart Screen ထဲသို့ဝင်ပြီး Smart Scroll ခလုတ်ကို On ပါ။ ပြီးလျှင် ဖုန်းရဲ့ Web Browser သို့ဝင်ပါ။
Scroll များများဆွဲကြည့်ရမယ့် Page ဖြင့် စမ်းသပ်ရန် Google website သို့ဝင်ပြီး မိမိရှာလိုရာ result တစ်ခုခုကိုရှာလိုက်ပါ။ ပြီးလျှင် ဖုန်းရဲ့ ရှေ့ကင်မရာဘေးက sensor များကိုတည့်တည့်ကြည့်ပြီး မျက်တောင်နှစ်ချက်မှခတ်ပါ။ ပြီးလျှင် ခေါင်းနှင့် မျက်လုံးကိုအနည်းငယ် screen ရဲ့အောက်ဘက်ခြမ်းသို့ကြည့်သည့် အနေအထားအနည်းငယ်ပြောင်းပါ။ Web Page သည် အောက်သို့ auto scroll ဆွဲသွားပါမည်။ page ရဲ့အပေါ်ခြမ်းကိုပြန်ကြည့်လိုပါက ခေါင်းနှင့်မျက်လုံးကို အနည်းငယ် screen ရဲ့အပေါ်ဘက်ခြမ်းကိုကြည့်သည့်အနေအထား အနည်းငယ်ပြောင်းပါ။ Web Page သည် အပေါ်ဘက်သို့ auto scroll ဆွဲသွားပါမည်။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။

Thet Naing Soe (Myanmar Mobile Application Store)
www.myanmarmobileapp.com

01/07/2016

မင်္ဂလာပါ ..။
ကျွန်တော်တို့ မြန်မာပြည်ရဲ့Mobile Market ကို အကြီးမားဆုံးနေရာယူထားလျက်ရှိတဲ့ Huawei ကနေ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Smartphone အမျိုးအစားဖြစ်သော Huawei P9 ကို ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်ခင်ဗျားး ..။

Camera ပိုင်းမှာ နာမည်ကြီးလှတဲ့ နဲ့တူတူ Co-Engineered အနေနဲ့ထုတ်လုပ်ထားတဲ့ Huawei P9 ဟာ Camera ပိုင်းမှာ အလွန်ကောင်းမွန်မယ်ဆိုတာကို အထူးတလည်တောင်မှ အမွှန်းတင်စရာမလိုတော့ပါဘူး ..။

Huawei ရဲ့ P9 ဆောင်ပုဒ်လေးကိုက "Reinvent Smartphone Photography" ဆိုတဲ့အတိုင်း မိမိတို့ရဲ့ အလည်အပတ်ခရီးသွားရာနေရာများမှာ၊ ဒါမှမဟုတ် မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝအလှအပလေးတွေကို P9 ရဲ့Dual Camera နဲ့ Pro ဆန်ဆန် ကောင်းမွန်စွာ ရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ် ။

လက်ရှိမှာ Huawei P9 ရဲ့ Camera ဘယ်လောက်ကောင်းမွန်ကြောင်းကို Social Media ပေါ်မှာ လက်တွေ့တင်နေတဲ့ Professional Photographer များကလည်း ထောက်ခံချက် မှတ်ချက်များ ပေးထားတာကိုတွေ့မြင်ရပါတယ်။ ဒါကြောင့် တန်ဖိုးကြီးကြီး Professional Camera လည်း မ၀ယ်ချင်ဘူး ဒါပေမဲ့ Professional Camera လိုမျိုးလည်း ပုံထွက်ကောင်းကောင်းတွေ ဓါတ်ဖမ်း ချင်တယ်၊ သွားလေရာ ပေါ့ပေါ့ပါးပါး ကိုင်ဆောင်သွားချင်တယ် ဆိုတဲ့ ကျွန်တော်တို့ မိတ်ဆွေများအတွက် Huawei P9 လေးကို ညွှန်းပါရစေခင်ဗျ ..။

သွားရင်းစားရင်း ရိုက်ထားတဲ့ ပုံလေးတွေကိုလည်း နမူနာကြည့်လို့ရအောင်လည်း တင်ပေးထားပါတယ်ခင်ဗျ ..။ :D :D :D

P9 မထွက်ခင်မှာ Co-Engineered ဖြစ်တဲ့အတွက် ဈေးနှုန်းတော်တော်မြင့်မားမယ်လို့ တော်တော်များများ ထင်မြင်မိကြပါတယ် ..။ ဒါပေမဲ့ လက်ရှိမှာ Huawei P9 ကို ဈေးနှုန်း 559,000 ks နဲ့ရောင်းချပေးသွားမှာမို့ တန်ဖိုးလုံးဝသင့်တဲ့ မော်ဒယ်တစ်ခုလို့လည်း ထပ်ညွှန်းပါရစေခင်ဗျ ..။ :D :D :D လက်ဆောင်အနေနဲ့ Photography Box (Include Tripod & Selfie Stick), Original Leather Back Cover (45,000 ks worth), Book Cover (25,000 ks worth) လက်ဆောင်အနေနဲ့ပါဝင်ပါတယ်ခင်ဗျာ ..။ လက်ဆောင်ပေးတဲ့ Photography Box က နည်းနည်းကြီးတာမို့ တစ်ယောက်တည်းဆို မနိုင်မနင်းဖြစ်နေမှာစိုးလို့အဖော်လေးတစ်ယောက်လောက်တော့ ခေါ်ခဲ့ဖို့ အကြံပေးပါရစေခင်ဗျ ..။ :D :D

*** Original Leather Cover & Book Cover က အရေအတွက် အကန့်အသတ်ရှိတာမို့ မြန်မြန်လေး လာဝယ်မှ စိတ်ချရပါမယ်ခင်ဗျ ..။ :D :D :D ***

Huawei P9 ကို One Year Official Warranty နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး P9 ရဲ့ Technical Specification အသေးစိတ်ကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ..။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ..။

http://consumer.huawei.com/en/mobile-phones/p9/index.html

Photo Credit - Ko Yan Naung Win (MM5 Group Co., Ltd)

The Huawei P9 smartphope has been co-engineered with LEICA. The result is a stunning device with ground-breaking dual-lens 12-megapixel camera technology.

မင်္ဂလာပါ ..။ဒီရက်ပိုင်းအတွင်း ဈေးနှုန်းလည်းတန် သုံးရတာလည်း အဆင်ပြေ လူကြိုက်လည်းများတဲ့ Devices တွေအများအပြားဝင်ရောက်လာပါတ...
01/07/2016

မင်္ဂလာပါ ..။

ဒီရက်ပိုင်းအတွင်း ဈေးနှုန်းလည်းတန် သုံးရတာလည်း အဆင်ပြေ လူကြိုက်လည်းများတဲ့ Devices တွေအများအပြားဝင်ရောက်လာပါတယ် ..။

လက်ရှိ Smartphones ဈေးကွက်မှာ လူကြိုက်အများဆုံး ရေပန်းအစားဆုံးလို့ ပြောလို့ရတဲ့ MI ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် Authorized Offline Sales Distributor အနေနဲ့ ပေးခဲ့ပြီလည်း ဖြစ်ပါတယ် .။ ဒါကြောင့်မို့ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ MI ချစ်သူများကလည်း Xiaomi Devices တွေကို Official (1) Year warranty နဲ့ စတင်ဝယ်ယူနိုင်နေပြီလည်းဖြစ်ပါတယ် ..။

ကျွန်တော်တို့ Win Mobile World အနေနဲ့လည်း Official MI Devices တွေကို တရားဝင် ကိုယ်စားလှယ်ထံမှနေပြီး Sub Distributor အနေနဲ့ လက်လီရော လက်ကားပါ စတင်ရောင်းချပေးနေပြီဖြစ်တာမို့ လက်ကားလိုချင်တဲ့ လူကြီးမင်းများအနေနဲ့လည်း ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်နိုင်ပြီဖြစ်ပါတယ် ခင်ဗျာ ....။

#ယခုချိန်ခါလို မီးခဏခဏပျက်တဲ့အခါ Battery အားမခံတဲ့ Devices တွေအသုံးပြုရတာ တော်တော်စိတ်ညစ်ဖို့ကောင်းမှာပါ ..။ မီးပျက်တော့ Internet လေးသုံးမယ်လုပ်လိုက်တုံးရှိသေး Battery က တဒုံးဒုံးနဲ့ ပြုတ်ကျ အကုန်မြန်နဲ့ တော်တော်စိတ်ညစ်ဖို့ကောင်းမှာအမှန်ပါပဲ ...။ Battery mAh များများပါပြီး Battery အားခံတဲ့ Devices တွေသုံးမှအဆင်ပြေမှပေါ့ ...။ :D :D

ဈေးနှုန်းရော Specs ပါ သုံးရတာအဆင်ပြေတဲ့ Devices တွေအများအပြား ၀င်ရောက်လာတာမို့ ဒီတစ်ခေါက် အတန်ဆုံးဆိုတဲ့ Device ရွေးရတာတော့ သိပ်မလွယ်ပါဘူး ..။ ဒါပေမဲ့ Xiaomi ထဲမှာတော့ အတန်ဆုံးပါလို့ပြောလို့ရတဲ့ Device လေးတစ်ခုတော့ရှိပါတယ် ..။

Xiaomi Redmi 3 Pro ပါ ..။ သူ့ဈေးနှုန်း 165,000 ကျပ်ဝန်းကျင်မှာ Internal (32GB) RAM (3GB) နဲ့ CPU က Snapdragon Octa-Core ပါတဲ့ Devices မျိုးရွေးချယ်ရတော်တော်ခက်မှာပါ ..။ ဒါကြောင့် ဒီတစ်ခေါက် အတန်ဆုံးဆိုတဲ့ Device တစ်ခုအနေနဲ့ Xiaomi Redmi 3 Pro ကို Recommend ပေးချင်ပါတယ် ခင်ဗျ .။

(1) Year Official Warranty လည်းပါဝင် ဈေးနှုန်းကလည်း သင့်တင့်တာမို့ ရွေးချယ်သင့်တဲ့ မော်ဒယ်အမျိုးအစားတစ်မျိုးလည်းဖြစ်ပါတယ်ခင်ဗျာ ...။
အသေးစိတ် Specs တွေကို အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ..။
ပြီးတော့ လျင်မြန်လွန်းတဲ့ Fingerprint လေးကလည်းပါဝင်တာမို့ အားပေးသူမိတ်ဆွေအပေါင်းတို့ လုံးဝ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ ...။

How to choose the best Mid Range smartphone for you?သင့်အတွက်အကောင်းဆုံး တန်ဖိုးသင့် ဖုန်းတစ်လုံးကိုဘယ်လိုရွေးချယ်မလဲ ?[...
01/07/2016

How to choose the best Mid Range smartphone for you?
သင့်အတွက်အကောင်းဆုံး တန်ဖိုးသင့် ဖုန်းတစ်လုံးကိုဘယ်လိုရွေးချယ်မလဲ ?

[Zawgyi]

မင်္ဂလာပါ ..။ Mobile Review လေးတွေကို ဖတ်ရင်းနဲ့ မိမိတို့ရွေးချယ်ဝယ်ယူဖို့အတွက် Smartphone လေးတွေကို စိတ်ထဲမှာတော့ စဉ်းစားမိထားကြမှာပါ ..။
အဲ့လိုစဉ်းစားမိတဲ့ထဲမှာမှ ဈေးနှုန်းလေးတွေက တစ်ခုနဲ့တစ်ခုသိပ်မကွာ နောက်ပြီး လုပ်ဆောင်နိုင်စွမ်းကလည်း တစ်ခုနဲ့တစ်ခုသိပ်မကွာ ဘာရွေးလို့ရွေးဝယ်ရမှန်း
မသိ စဉ်းစားရတာ ခေါင်းရှုပ်တာမျိုး စတာတွေကို ကြုံမိကြမှာပါ .. ။ ဒါကြောင့်မို့ ဒီပို့စ်လေးကနေပြီး တစ်ခုခုကို ဆုံးဖြတ်ချက်ချနိုင်သွားတယ်ဆိုရင် ဖတ်ရကျိုးနပ်တာပေါ့ဗျာ ..။
ဒီပို့စ်မှာ ခုရက်ပိုင်းတွင် သုံးစွဲသူမိတ်ဆွေများကြား အရမ်းကို Hot နေတဲ့ Mid Range အမျိုးအစား Devices သုံးမျိုးကို နှိုင်းယှဉ်ဖော်ပြပေးသွားမှာပါ ..။

Smartphone တစ်လုံးဝယ်ယူရင် အရင်ဆုံးစဉ်းစားသင့်တာက မိမိဘယ်လိုအသုံးပြုမှာလဲ ? Brand Name လား ? Battery လား ? Performance လား ? စသဖြင့်ပေါ့ဗျာ ..။
အဲ့လိုမျိုးထဲမှာ ကိုယ်နဲ့အကိုက်ညီဆုံး နောက်ပြီး ကိုယ်နဲ့အသင့်တော်ဆုံး Device က အကောင်းဆုံးပဲလို့ပြောလို့ရပါတယ် .။

ဒီတစ်ခေါက် ရွေးချယ်ထားတဲ့ Devices (၃) မျိုးက Meizu Metal, Xiaomi Redmi Note 3, Huawei GR5 တို့ပဲဖြစ်ပါတယ် ...။ ဈေးတန်းအားဖြင့် သုံးသိန်းအောက်မှာရှိပြီး
စွမ်းဆောင်ရည်မြင့်မားတဲ့ Model (၃)ခုပဲဖြစ်ပါတယ် ..။ Device (၃) ခုလုံး Fingerprint ပါဝင်ပြီး တစ်ခုနဲ့တစ်ခု သုံးစွဲရတာခြင်းမတူပါဘူး ..။ တစ်ခုနဲ့တစ်ခုအားသာချက်
အားနည်းချက်လေးတွေတော့ရှိပါတယ် ..။ အားလုံးမှာ Back Camera (13MP) နဲ့ Selfie Cam (5MP) စီပါဝင်ပါတယ် ..။ Internal Storage ကတော့ 16GB 32GB စသဖြင့်
ကွာခြားကြပါတယ် ..။ Redmi Note 3 နဲ့ Meizu Metal မှာ 16GB & 32GB ဆိုပြီး (၂)မျိုးရှိပြီး Huawei GR5 မှာတော့ Internal Storage 16GB ပါဝင်ပါတယ် ..။
Fingerprint နေရာတွေက Redmi Note 3 နဲ့ Huawei GR5 မှာ ကျောဘက်မှာ ပါဝင်ပြီး Meizu Metal မှာတော့ အရှေ့ဘက်မှာ ပါဝင်ပါတယ် ..။ Fingerprint Unlock လုပ်တဲ့
နေရာမှာ အမြန်ဆုံးက Redmi Note 3 ဖြစ်ပြီး ဒုတိယက Metal ဖြစ်ပါတယ် နောက်ဆုံးကတော့ Huawei GR5 ဖြစ်ပါတယ် ..။ Fingerprint ကို အသုံးပြုလို့ရတဲ့ Function ပိုင်း
မှာဆိုရင်တော့ အများဆုံးအသုံးပြုလို့ရတာက Huawei GR5 ဖြစ်ပြီး လုပ်ဆောင်ချက် (၁၃) ခုထိလုပ်ဆောင်နိုင်ပါတယ် ..။ Privacy ပိုင်းဆိုင်ရာ စိတ်အချရဆုံး ဥပမာ လုံခြုံမှု အရှိဆုံးက
Metal ဖြစ်ပြီး အခိုးခံရရင်တောင် မိမိတို့ရဲ့ Lockscreen Password မသိပဲ မိမိဖုန်းကရယူသွားတဲ့သူက သုံးစွဲ၍မရနိုင်ပါဘူး ..။ Smart Remote ပိုင်းဆိုင်ရာတွေအသုံးပြုချင်ရင်တော့
Redmi Note 3 ကိုသာရွေးချယ်သင့်တာအမှန်ပါ ..။ လူကြားထဲမှာ Feature အလန်းတွေနဲ့ အသုံးပြုချင်ရင်တော့ Huawei GR5 ပေါ့ဗျာ ..။ ကျစ်ကျစ်လျစ်လျစ်နဲ့ စိတ်ချလက်ချ
အသုံးပြုချင်တယ်ဆိုရင်တော့ Meizu Metal ပါ ..။ Battery mAh များများနဲ့ ကြာကြာအသုံးပြုချင်တယ်ဆိုရင်တော့ Xiaomi Redmi Note 3 က စိတ်ချမ်းသာစေမှာအမှန်ပါပဲ ..။
ဖုန်းကလိလေ့ရှိသူ Geek များအတွက်ကလည်း Redmi Note 3 ကိုသာ ရွေးချယ်သင့်ကြောင်းပါ .. တည်တည်ငြိမ်ငြိမ်နဲ့ ကျစ်ကျစ်လျစ်လျစ်အသုံးပြုချင်သူများအတွက် Meizu
Metal ကိုရွေးချယ်သင့်ပြီး Official (1) Year Warranty နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ Huawei GR5 ကိုရွေးချယ်သင့်ကြောင်းပါ ..။ Body က (၃) မျိုးစလုံး Metal Body ပုံစံ
ပြုလုပ်ထားတာမို့ ကွာခြားချက်တော့မရှိပါဘူး ..။ အဲ လက်ရှိဖော်ပြထားတဲ့ Device Model (၃) မျိုးလုံးက Dual SIM Support Devices တွေပဲဖြစ်ပါတယ် ..။ External Storage
အနေနဲ့ကတော့ Meizu Metal က SD Card ကို SIM 2 Slot ထဲမှာ ထည့်ရမှာဖြစ်တာမို့ SD ထည့်သုံးရင် Single SIM အနေနဲ့ သုံးရမှာဖြစ်ပြီး Redmi Note 3 ကတော့
SD Card ထည့်သွင်းအသုံးပြုလို့မရပါဘူး .. Huawei GR5 ကတော့ Dual SIM Slot အပြင် SD Card ပါထပ်ထည့်သွင်းပြီးအသုံးပြုလို့ရမှာပဲဖြစ်ပါတယ် ..။

ဒီလောက်ဆိုရင်တော့ အားပေးသူမိတ်ဆွေများ မိမိတို့နဲ့ အကိုက်ညီဆုံးဖြစ်မဲ့ တန်ဖိုးသင့် Mid Range ကိုအကြမ်းဖျဉ်းအနေနဲ့ စဉ်းစားနိုင်ပြီလို့ထင်ပါတယ် ..။ Device တိုင်းဟာ သူ့ဟာနဲ့သူ
အားသာချက် အားနည်းချက်တွေ ရှိကြပြီး မိမိတို့ အဆင်ပြေဆုံး အကိုက်ညီဆုံးဖြစ်တဲ့ Device ဟာ အကောင်းဆုံးပါပဲလို့ တင်ပြလိုက်ပါရစေခင်ဗျာ ..။

01/07/2016
Dual Sim ရွေးချယ်စရာပေါများလာတဲ့ ဒီအချိန်မှာ ဈေးနှုန်းသက်သာစွာနဲ့ High Performance ရရှိတဲ့ Dual SIM အမျိုးအစား ဖုန်း တစ်...
06/10/2015

Dual Sim ရွေးချယ်စရာပေါများလာတဲ့ ဒီအချိန်မှာ ဈေးနှုန်းသက်သာစွာနဲ့ High Performance ရရှိတဲ့ Dual SIM အမျိုးအစား ဖုန်း တစ်မျိုးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ် ..။

ဈေးနှုန်းအားဖြင့်လည်း နှစ်သိန်းအောက်သာရှိပြီး Dual SIM/Dual Stand by အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..။

*Meizu* မှ ထုတ်လုပ်လိုက်တဲ့ Meizu M2 Note ပဲဖြစ်ပါတယ် ..။ CPU အနေနဲ့ 1.3GHz Octa-Core ပါဝင်ပြီးတော့ Memory (RAM) 2GB ပါဝင်ပါတယ် ..။

Internal Storage 16GB ပါဝင်ပြီး Micro SD card ကို 128GB ထိ Support လုပ်နိုင်ပါတယ် .။

Camera အနေနဲ့ဆိုရင်လည်း Back Camera 13MP ပါဝင်ပြီး Selfie Camera အနေနဲ့ 5MP ပါဝင်တာမို့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ် ..။
Display ပိုင်း အနေနဲ့ ကြည့်ရင်လည်း 1080x1920 pixels (~403 ppi pixel density) ထိရှိတာကြောင့်မို့ ကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ ဂိမ်း ကောင်းကောင်းလေးတွေကို ရုပ်ထွက်လှလှနဲ့ ဆော့နိုင်မှာပဲဖြစ်ပါတယ် ..။

IGZO Capacitive Touch screen ကြောင့် Touch Screen ရဲ့ Responsive ကလည်း ကောင်းမွန် မြန်ဆန်လှပါတယ် ..။

Meizu M2 Note မှာ အသုံးပြုထားတဲ့ OS Platform ကတော့ Android 5.1 based FlyMe OS 4.5 ကို အသုံးပြုထားတာမို့ Google ရဲ့ နောက်ဆုံးထွက် Lollipop Version ရဲ့ အရသာကိုခံစားနိုင်မှာလည်း ဖြစ်ပါတယ် .။

ဖုံးရဲ့ ကိုယ်ထည်အနေနဲ့ Polycarbonate unibody ကို အသုံးပြုထာားပြီး လုံးဝန်းတဲ့ ထောင့်စွန်းလေးတွေအပါအ၀င် ကျစ်လျစ်လှတဲ့ ဒီဇိုင်းကြောင့် လက်ထဲမှာ ကိုင်ရတာကိုက စီးစီးပိုင်ပိုင် ရှိနေမှာပါ ..။

Meizu M2 Note ဟာ Nano Dual SIM အမျိုးအစားနဲ့ ဖြစ်ပြီး ၂ ကဒ်စလုံး 4G Support ဖြစ်ပါတယ် .။ ဒါပေမဲ့ ထုံးစံအတိုင်း တစ်ပြိုင်နက်သုံးလို့ရမှာတော့ မဟုတ်ပါဘူး ..။

ရွေးချယ်စရာ Carrier ပေါများလှတဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ SIM card နှစ်ကဒ်ထည့်ထားပြီး တစ်ကဒ် လိုင်းမကောင်းတဲ့ အခါ နောက်တစ်ကဒ်ကို 3G အနေနဲ့ ဖြုတ်ပြီး ထည့်စရာမလိုပဲ ဖုံးထဲကနေပဲ Switch လုပ်ပြီး ပြောင်းလဲ သုံးစွဲနိုင်မှာဖြစ်ပါတယ် ..။

Meizu ရဲ့ FlymeOs မှာ ပါဝင်တဲ့ Features တွေအနေနဲ့ကတော့ Double Tap On Screen, Gesture Drawing Screen Off Period (Screen Off ထားတဲ့အချိန် M, O, S တဲ့ ပုံစံမျိုးဆွဲပြီး ကိုယ်နှစ်သက်ရာ App တစ်ခုကို တိုက်ရိုက် ပွင့်စေမှာပဲဖြစ်ပါတယ်)။ ဒါ့အပြင် SmartTouch Feature တစ်မျိုးလည်းပါဝင်ပြီး icon toggle လေးတစ်ခုကနေ မိမိအသုံးပြုလိုတဲ့ ပုံစံတွေကို Control လုပ်နိုင်မှာဖြစ်ပါတယ် ..။

Battery Capacity အနေနဲ့ 3100mAh ပါဝင်ပြီး လက်ရှိ အွန်လိုင်းပေါ်မှ User များရဲ့ Review များအရ Battery Performance ကောင်းမွန်ပါတယ်ဆိုတဲ့ မှတ်ချက်တွေကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ် ..။

အားနည်းချက်အနေနဲ့ကတော့ Dual SIM သုံးဖြစ်ပြီး SIM card နှစ်ကဒ်လုံး အသုံးပြုပါက SD Card အသုံးပြုနိုင်မှာ မဟုတ်ပဲ SD card အသုံးပြုလိုပါက SIM 2 Slot မှာ ထည့်သွင်း အသုံးပြုရတာပဲဖြစ်ပါတယ် .။

ဒါပေမဲ့လည်း Internal Storage 16GB ပါဝင်တာကြောင့် သာမာန်သုံးစွဲရုံလောက်ကတော့ လောက်ငှရုံသာမက ပိုပါ ပိုလျှံလို့နေပါတယ် ..။

နောက်အားနည်းချက်တစ်ခုကတော့ တရုတ်ပြည်တွင်း သုံးဖို့ အဓိကထား ထုတ်လုပ်ထားတဲ့အတွက် Google App တွေ Original မပါဝင်ပါဘူး .။ ဒါပေမဲ့လည်း Google App တွေကိုအဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်အောင် ပြန်လည်ထည့်သွင်းနိုင်ပါတယ် ..။ Android 5.1 အနေနဲ့ ထွက်ရှိလာတာ ဖြစ်တာမို့ မြန်မာစာ အနေနဲ့ Unicode Default ပါဝင်ပါတယ် .. ဇော်ဂျီ အသုံးပြုလိုလျင်လည်း လွယ်ကူစွာနဲ့ ဇော်ဂျီ အသုံးပြုနိုင်ပါတယ် ..။

နောက်ဆုံးအနေနဲ့ Meizu M2 Note ဟာ ပေးရတဲ့ဈေးနဲ့ ရရှိတဲ့ Performance ဟာ ထိုက်တန်နေပြီး Dual SIM အသုံးပြုလိုသူများအတွက် အရွေးမမှားသင့်တဲ့ မော်ဒယ် တစ်ခုလည်းဖြစ်ပါတယ် .။

ကာလာအနေနဲ့ အဖြူ၊ အမည်းနဲ့ အပြာ ရရှိနိုင်ပါတယ် ..။ Meizu ရဲ့ဒီဇိုင်း Performance နဲ့ FlyMe OS ရဲ့ Features များကို လာရောက် ကြည့်ရှုပြီး စမ်းသပ်သုံးစွဲနိုင်ဖို့ သတင်းကောင်းလေး ပါးလိုက်ရပါတယ် ခင်ဗျားး ..။
Meizu M2Note (White,Gray,Blue) - 165000

Address

No. 1304, 5 Road, 8 Ward
Bogale

Telephone

09450040282

Website

Alerts

Be the first to know and let us send you an email when Than Than Htay Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Than Than Htay Store:

Share