31/12/2021
B&G Merlot vs Desiree
Wine လေးစမ်းသောက်ချင်လို့၊ ဘယ်ဟာစမ်းသောက်ရမလဲ ဆိုတဲ့သူတွေအတွက်ပါ။Taste တွေ Aroma တွေပုံကြီးမချဲ့တော့ပဲ ဘာရွေးသင့်လည်းပဲ ပြောပြပေးမှာပါ။
B&G ကျတော့ အဲ့လိုမဟုတ်ပါဘူး။ အရမ်းလည်း sweet မဖြစ်သလို အရမ်းလည်း smooth မဖြစ်ပါဘူး။ Little sweet & delicate finish လို့ပြောလို့ရပါတယ်။ ပြီးတော့ သူ့ရဲ့ fruity ဖြစ်တဲ့ taste လေးကလည်း ပေးရတဲ့စျေးနဲ့ တန်ပါတယ်။ B&G က ပြင်သစ်ဝိုင်ပါ။
အဲ့တော့ ဘယ်ဟာရွေးရမလဲဖြစ်လာပါပြီ။
အချိုကြိုက်ရင် Desiree ရွေးပါ။ Sweet တယ် အီတယ် ဆိုပေမယ့် အရမ်းမဆိုးပါဘူး။ သောက်နေကျမဟုတ်တဲ့သူတွေဆိုရင် သတိထားမိမှာတောင် မဟုတ်ပါဘူး။ မိန်းကလေးတွေ ဆိုရင်လည်း Desiree ရွေးတာပိုအဆင်ပြေမယ်ထင်ပါတယ်။
B&G ကတော့ စျေးလည်းပိုသက်သာတယ်။ ထက်ဝက်လောက်ထိကို သက်သာပါတယ်။ တစ်ခါတစ်ေလသောက်တတ်တဲ့ occasional drinker တွေက wine ကို စမ်းပြီးစသောက်ကြည့်မယ်ဆိုရင် B&G Merlot ရွေးပါ။ Desiree ဆိုရင် ချို/အီနေမှာဆိုးလို့ပါ။
သူငယ်ချင်းတွေ စုံကြမယ်။စျေးကလည်းသက်သာတော့ မတရားသောက်မယ့်သူတွေပါတောင် အဆင်ပြေပါတယ်။
Girls Date တို့ / Staycation တို့/ ခရီးသွားတာတို့မှာ ချိုချိုလေးလည်းကြိုက်တယ်၊ အများကြီးလည်း မသောက်ချင်ဘူးဆိုရင်တော့ Desiree ရွေးပါ။ အီမှာကို အရမ်းတော့ မကြောက်ပါနဲ့။
နောက်တစ်ခုက B&G Merlot ဖြစ်ဖြစ် Desiree ဖြစ်ဖြစ် chill ရပါမယ်။ အဲ့တာအရေးကြီးပါတယ်။ သေချာ chill ပြီးမှ သောက်ပါ။ အဲ့တာမှ wine ရဲ့အရသာ/အနံ့ ပေါ်လွင်မှာပါ။
Food Pairing အနေနဲ့ကတော့ B&G ဆိုရင် Red Wine နဲ့လိုက်ဖက်တဲ့ Steak, Cheese, Meat စတာတွေနဲ့ pair လို့ရပါတယ်။ Desiree ကတော့ desert wine လိုမျိုးဖြစ်တဲ့အတွက် food pairing ကတော်တော်များများနဲ့ အဆင်ပြေမှာပါ။
Price ကတော့ B&G Merlot ဆိုတစ်လုံးကို 10000-15000 လောက်ရှိပါတယ်။ Desiree ကတော့ 30000 ဝန်းကျင်ပါ။