Htate Htar Baby & Lady Collections Online Shop

Htate Htar Baby & Lady Collections Online Shop Baby goods / kids goods

ကျွန်တော့်သမီးက သူ့ကို ကျောင်းပြောင်းပေးပါလို့ ကျွန်တော့်ကိုလာပြောတယ်... ။သမီးက မျက်ရည်လည်းကျမနေပါဘူး။ အော်ကြီးဟစ်ကျယ်လည...
20/11/2025

ကျွန်တော့်သမီးက သူ့ကို ကျောင်းပြောင်းပေးပါလို့ ကျွန်တော့်ကိုလာပြောတယ်... ။

သမီးက မျက်ရည်လည်းကျမနေပါဘူး။ အော်ကြီးဟစ်ကျယ်လည်းမပြောပါဘူး။ ကလန်ကဆန်လုပ်တာလည်းမဟုတ်ပါဘူး။ တစ်မနက်ခင်းမှာ ကျွန်တော်အလုပ်သွားဖို့အတွက် လက်ဆွဲသေတ္တာထဲကို ပစ္စည်းတွေထည့်နေတုန်း သမီး ကျွန်တော့်အနားကိုလာပြီး ခပ်တိုးတိုးလေး လာပြောတာပါ -

"ဖေဖေ... သမီး တခြားကျောင်းမှာ ပြောင်းနေလို့ရသလား..."

ကျွန်တော် တစ်ချက်တွေသွားတယ်။
"တစ်ခုခုဖြစ်လို့လား..."လို့ သမီးကိုမေးကြည့်တယ်။ သမီးက ပြန်ဖြေတယ်။ "ဘာမှမဖြစ်ပါဘူး..."တဲ့။ "သမီးမှာ သူငယ်ချင်းတွေမရှိဘူးလား..."လို့ ကျွန်တော်ထပ်မေးကြည့်တယ်။ သမီးက ပခုံးတစ်ချက်တွန့်ပြီးပြန်ဖြေတယ် "သမီး မပြောတတ်ဘူးဖေဖေ..." တဲ့။

"ကျောင်းမှာ သမီးကို အနိုင်ကျင့်တာတွေဘာတွေရှိသလား..."လို့ ကျွန်တော်မေးကြည့်သေးတယ်။ သမီးဆီက ဘာစကားမှထွက်မလာတော့ဘူး။

ညရောက်တော့ ကျွန်တော် ဘယ်လိုမှအိပ်လို့မပျော်ဘူး။ နောက်ရက်မနက်ကျတော့ သမီးတို့ကျောင်းကိုသွားဖို့ ကျွန်တော့်မှာ အကြောင်းပြချက်တစ်ခုရှာရတယ်။ ကျောင်းကိုရောက်တော့ "ကျောင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ စကားပြောစရာရှိလို့ပါ..."လို့ ကျွန်တော်ပြောလိုက်တယ်။ ဒါပေမယ့် ကျွန်တော်လည်း သူတို့နဲ့ တကယ့်ကိုတွေ့ချင်နေတာပါပဲ။

ကျောင်းအုပ်နဲ့တွေ့ဖို့အတွက် ကျောင်းလွှတ်ချိန်မရောက်သေးတာနဲ့ စင်္ကြန်လမ်းမှာ ကျွန်တော်စောင့်နေလိုက်တယ်။ အဲဒီမှာပဲ သမီးကို ကျွန်တော်လှမ်းမြင်လိုက်တယ်။ ကျောင်းခြံစည်းရိုးနားမှာ၊ လက်ထဲမှာ ဓာတ်ဗူးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ့ရှေ့က မြေပြင်ကို ငေးကြည့်နေတယ်။

မိန်းကလေးတစ်အုပ် သမီးရှေ့ကဖြတ်သွားကြတယ်။ ပါးစပ်က တိုးတိုးတိုးတိုးပြောပြီး တခစ်ခစ်ရယ်သွားကြတယ်။ ချာတိတ်လေးတစ်ယောက်က သမီးအင်္ကျီကို ဖျော်ရည်နဲ့ပက်ပြီး ထွက်ပြေးသွားတယ်။ အဲဒါကို ကောင်မလေးတစ်ယောက်က သမီးမသိအောင်ဓာတ်ပုံရိုက်ပြီး တခြားသူတွေကိုပြလိုက်တယ်။ ပြီးတော့ သူတို့အားလုံး အကျယ်ကြီးရယ်လိုက်ကြတယ်။

ကျွန်တော် သမီးကိုကြည့်လိုက်တယ်။ သမီး ဘာမှပြန်မတုံ့ပြန်ဘူး။
အခါတိုင်းလုပ်နေကျအတိုင်း နှုတ်ခမ်းတွေကို ခပ်တင်းတင်းဖိပြီးကိုက်ထားရုံပဲ။

ဒါပေမယ့် ကျွန်တော်ရင်နာရတာက ကလေးတွေကြောင့်မဟုတ်ဘူး။ လူကြီးတွေကြောင့်။

ဆရာမတစ်ယောက် သမီးရှေ့ကဖြတ်လျှောက်သွားတယ်။ အဖြစ်အပျက်အားလုံးကို အဲဒီဆရာမ မြင်ထားတယ်။ ဆရာမက သမီးကိုတစ်ချက်ကြည့်တယ်၊ တခြားလူတွေကိုတစ်ချက်ကြည့်တယ်... ပြီးတော့ ဘာမှမဖြစ်သလို ဆက်လျှောက်သွားတယ်။

အဲဒီညမှာ ကျွန်တော် ကျောင်းကိုစာတစ်စောင်ရေးတယ်။ ကျွန်တော် နေ့ခင်းက မြင်ခဲ့တာတွေကို အကုန်ထည့်ရေးလိုက်တယ်။ သမီးကိုယ်တိုင် ဘယ်တော့မှထုတ်ပြောမှာမဟုတ်တဲ့ အကြောင်းအရာတွေပါ ထည့်ရေးလိုက်တယ်။
- သမီးရဲ့မှတ်စုစာအုပ်တွေ ခဏခဏဝှက်ထားခံရတာ။
- သမီးကို နံရံနဲ့ဆောင့်တွန်းခံရတာ။
- သမီးရဲ့ဓာတ်ပုံတွေကို WhatsApp group မှာတင်ပြီး ဝိုင်းလှောင်ကြတာ။

ကျောင်းက ပြန်စာကတော့ ခပ်တိုတိုပဲ။

"စိတ်မပူပါနဲ့... ကလေးတွေဆိုတော့ ကလေးသဘာဝအတိုင်း စကြနောက်ကြတာတွေရှိတာပါပဲ... ကျွန်မတို့ ကြည့်ပြီးဖြေရှင်းလိုက်ပါ့မယ်..." တဲ့။

ဒါပေမယ့် သူတို့ ဘာတစ်ခုမှလုပ်မပေးခဲ့ဘူး။

အဲဒီညနေခင်းမှာ သမီးက ကျွန်တော့်ကို ခပ်တိုးတိုးလေးလာမေးတယ်။
"စဉ်းစားပြီးပြီလား ဖေဖေ..." တဲ့။
ကျွန်တော်လည်း "စဉ်းစားပြီးပြီသမီး..."လို့ပြန်ဖြေလိုက်တယ်။ "အဲဒီကျောင်းကို နောင်ဘယ်တော့မှသွားစရာမလိုတော့ဘူး..."လို့လည်း ထပ်ပြောလိုက်တယ်။

"ဘာဖြစ်လို့လဲဖေဖေ..."လို့ သမီး ကျွန်တော့်ကို ပြန်မမေးဘူး။ သူ့ကျောပိုးအိတ်ကလေးကို အခန်းထောင့်မှာသွားထားပြီးတော့ ကာလရှည်ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လွှတ်ချလိုက်ရသလို စိတ်လက်ပေါ့ပါးသွားတဲ့ပုံနဲ့ သက်ပြင်းကြီးတစ်ချက်ချလိုက်တယ်။

ဒီနေ့ သမီး ကျောင်းအသစ်မှာ သွားတက်တယ်။ ကျောင်းသစ်က အရင်ကျောင်းထက် ပိုမကြီးပါဘူး။ ပိုပြီးလည်း မခမ်းနားဘူး။ ဒါပေမယ့် ပိုပြီးတော့ ကြင်နာတယ်။

အခုကျောင်းမှာ သူတို့က သမီးမျက်နှာကိုကြည့်ပြီး ခင်ခင်မင်မင်စကားပြောကြတယ်။ သမီးကို နာမည်တပ်ပြီးခေါ်ကြတယ်။ သမီးအနေနဲ့ အန္တရာယ်ကင်းဖို့အတွက် ဟိုးအရင်တုန်းကလို တချောင်ချောင်မှာကုပ်နေစရာမလိုဘူး။

ကလေးတစ်ယောက်က ဘယ်တော့မှ စိတ်ရူးပေါက်ပြီး ကျောင်းပြောင်းချင်တယ်လို့ မတောင်းဆိုပါဘူး။ သူတို့မှာ ရင်ဆိုင်နိုင်စရာ အားအင်တွေကုန်သွားပြီဆိုမှ ပါးစပ်ကထုတ်ပြောကြတာပါ။

ကလေးတစ်ယောက်အတွက် အနာကျင်ရဆုံးဒဏ်ရာကတော့ တခြားကလေးတွေကလုပ်လို့မဟုတ်ပါဘူး။ လူကြီးတွေက ဘာမှလုပ်မပေးကြလို့ပါ။

ကျွန်တော်တို့သားသမီးတွေရဲ့ အသံတိတ်သင်္ကေတတွေကို ဉပေက္ခာပြုမထားမိပါစေနဲ့။ "အဲဒီကျောင်းကိုပြန်မသွားချင်တော့ဘူး..." ဆိုတဲ့ စကားလုံးရိုးရိုးလေးရဲ့နောက်ကွယ်မှာ အထီးကျန်မှုတွေ၊ အကြောက်တရားတွေ၊ အားလုံးက ပစ်ပယ်ထားကြတယ်လို့ခံစားနေရတာတွေ အကုန်ပါတယ်။

သူတို့လေးတွေကို စကားပြောခွင့်ပေးလိုက်ပါ။ သူတို့စကားတွေကို နားထောင်ဖို့၊ သူတို့အတွက် တစ်ခုခုလုပ်ပေးနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ သတ္တိတွေမွေးလိုက်ပါ။

ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်ရံမှာ ကလေးတစ်ယောက်ရဲ့ ခပ်တိုးတိုးလေးပြောတဲ့စကားသံဟာ သူ့ရဲ့အကျယ်လောင်ဆုံးငိုကြွေးသံနဲ့တူနေလို့ပါပဲ...။

အများကြီးနောက်ကျသွားတဲ့အထိ စောင့်မနေပါနဲ့။
စောင့်ကြည့်နေပါ။ နားစွင့်နေပါ။ အကောင်အထည်ဖော်ပါ။
ကလေးတိုင်းဟာ ဘေးကင်းလုံခြုံမှုနဲ့ထိုက်တန်ပါတယ်... ။ ပြီးတော့ ကြင်နာခြင်းတွေ မေတ္တာတရားတွေနဲ့ရောပေါ့... 💕

Translated by

ဒီ​ခေတ်မှာ သားသမီးအပူမရှိတာ ကံ​ကောင်းခြင်းတစ်ခုပါ။တစ်ကယ်​တော့​လေ က​လေး​မွေးရတာ ဒီဘက်​ခေတ်မှာ တစ်ကယ်ခက်ခဲပါတယ်။ ​မွေးပြီး...
23/03/2025

ဒီ​ခေတ်မှာ သားသမီးအပူမရှိတာ ကံ​ကောင်းခြင်းတစ်ခုပါ။

တစ်ကယ်​တော့​လေ က​လေး​မွေးရတာ ဒီဘက်​ခေတ်မှာ တစ်ကယ်ခက်ခဲပါတယ်။ ​မွေးပြီးလို့ ကြီးပျင်းလာဖို့ဆိုတာကလည်း အနည်းဆုံး လူနှစ်​ယောက်​လောက်လိုပါတယ်။ မိခင်ဖြစ်သူက အလုပ်လုပ်​နေသူဆိုရင်
တခြားသူ ကူဖို့​ခေါ်ထားရပါတယ်။ မိခင်က ပိုက်ဆံရှာတဲ့အလုပ်မလုပ်မှသာ သားသမီးကို ​သေချာထိန်း​ကျောင်းလုပ်​ဆောင်​ပေးနိုင်တာပါ။

ဒီလို ရုန်းကန်​နေရတဲ့ ​ခေတ်အ​ခြေအ​နေမှာ က​လေးမရှိတာဟာ အပူအပင်ကင်းပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ​ပေါ့ပါးလွတ်လပ်စွာ ရှင်သန်နိုင်ပါတယ်။ က​လေးမရှိတာဟာ အမျိုးသမီးအတွက် ကံ​ကောင်းမှုတစ်ခုလို​တောင် မြင်ရနိုင်တဲ့အပိုင်း​တွေ ရှိလာပါတယ်။

မိခင်​တွေဟာ သားသမီး ကျန်းမာ​ရေးချို့တဲ့ပြန်ရင် ငါ အသုံးမကျလို့လား...သားသမီး ပညာ​ရေး တခုခုဆိုရင်လည်း ငါ မလုပ်​ပေးနိုင်လို့လား...လူမှု​ရေးကိစ္စတစ်ခုခုဆိုရင်လည်း ငါ ဘာလို​နေတာလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုနဲ့ အမြဲရှင်သန်​နေရတယ်။ တခြားသူတစ်​ယောက်ကို စိတ်ထဲအမြဲ​​တွေးပြီး လုပ်​ဆောင်​နေရတယ်။ တစ်ခါတစ်​လေလည်း ​​ခြေကုန်လက်ပမ်း ကျတဲ့ အခိုက်အတန့်​တွေ ကြုံရတယ်။

အိမ်ရှင်မ​တွေ..မိခင်​တွေဟာ မနက်စာကို ​မစဥ်းစားရပဲ အဆင်သင့်​လေး စား​သောက်ရတာဟာ သူတို့အတွက် တစ်ကယ့်​ပျော်စရာပါ။ အမြဲတမ်း ဘာချက်ရမလဲ..သားသမီး​ကို ဘာ​ကျွေးရမလဲ...ငါ ချက်တာကို​​ရော သူက စားပါ့မလားဆိုတဲ့ စိတ်​တွေနဲ့ပဲ တစ်​နေ့တစ်​နေ့ ရှင်သန်ပီး အလုပ်ရှုပ်​နေရတယ်။ သူများအတွက် ပြင်ဆင်ချက်ပြုတ်​နေဖို့ပဲ ​တွေး​တော​နေရတယ်။ဒါဟာ အစားအ​သောက်ကိစ္စပဲ ရှိ​​သေးတာပါ။ တခြားပညာ​ရေး၊ လူမှု​ရေး ၊ ​ပေါင်းသင်းဆက်ဆံ​ရေး စသဖြင့် ရှုပ်​ထွေးမှု​ပေါင်းစုံနဲ့။

တခြားသူ​တွေကို စိတ်ချမ်းသာ​စေချင်တဲ့ မိခင်​တွေဖြစ်ခဲ့ရင် ပိုလို့​တောင် ပင်ပန်းရပါတယ်။ ဟယ်...အိမ်သား​တွေ အဆင်​ပြေရဲ့လားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အချိန်နဲ့အမျှ....

​ပြောချင်တာက သူငယ်ချင်း​တွေထဲမှာ သားသမီးမရှိသူ​တွေ အားငယ်တာ​တွေ၊ စိတ်ဓါတ်ကျတာ​တွေ မြင်​နေရလို့ပါ။ တစ်ကယ်က ကိုယ့်တစ်​ယောက်တည်းအတွက် ရှင်သန်ရခြင်းကို ​ကျေနပ်ပါ။ အပူအပင်ကင်းစွာနဲ့ ဖြတ်သန်းရခြင်းဟာ ကံ​ကောင်းမှုတစ်ခုပါလို့ ဆိုလိုက်ပါရ​စေ။

ကျမလို အစားအ​သောက်စိတ်မဝင်စား၊ အအိပ်အ​နေလည်း နည်းလွန်းလှ​​တဲ့ သားတစ်​ယောက်ရဲ့ မိခင်တစ်​ယောက်ဘဝလို ဒီ​နေ့ ငါ့သားကို အစားစား​အောင် ဘာလုပ်ရမလဲ မသိဘူးဆိုတဲ့ အ​တွေးမျိုး​တွေနဲ့ ရှုပ်မ​နေရ​တော့​ဘူး​လေ​နော်။

ကိုယ်စီစဥ်တာကို အားရပါးရစားရင်​တော့ ​စိတ်ချမ်းသာရ​ပေမယ့်...မစားတဲ့အခါမှာ​တော့ မိခင်​တွေ ထိုင်ငိုချင်စိတ်​ပေါက်ရပါတယ်။ က​လေးမရှိရင် ဒါမျိုး​တွေလဲ မကြုံရ​တော့ဘူး​လေ​နော်။

ဒါ​ကြောင့် သားသမီးမရနိုင်တဲ့ အမျိုးသမီး​တွေ စိတ်ဓါတ်မကျပါနဲ့...က​လေးရှိလာရင်လဲ ပင်ပန်းမှု​တွေ တသီကြီးနဲ့ပါ။ ကိုယ့်ရဲ့​ပျော်ရွှင်မှုကို တခြားနည်းလမ်းနဲ့ ​ရှာ​ဖွေနိုင်ကြပါ​စေ​လို့ ​ပြောရင်းနဲ့.....

#ပီကိုလ်း



#

IS Preschool တတ်နေတဲ့ ၄ နှစ်ခွဲသမီးလေးမေမေပါရှင့်။ သူငယ်ချင်းက ကမ္ဘာ့ပညာရေးအကောင်းဆုံး ဆိုတဲ့ ဖင်လန်မှာ မူလတန်းပြဆရာပါ။ ...
27/03/2023

IS Preschool တတ်နေတဲ့ ၄ နှစ်ခွဲသမီးလေးမေမေပါရှင့်။ သူငယ်ချင်းက ကမ္ဘာ့ပညာရေးအကောင်းဆုံး ဆိုတဲ့ ဖင်လန်မှာ မူလတန်းပြဆရာပါ။ ကလေးပညာရေးအတွက် သူနဲ့ ဆွေးနွေးဖြစ်တဲ့ အချက်လေးတွေ ထဲက မေမေတို့ သိသင့်တယ် ထင်တာလေးတွေ မျှဝေပေးလိုက်ပါတယ်။

ကလေးကိုကျောင်းဘယ်ချိန်စပို့ရမလဲ?

အချိန်နဲ့ မဆိုင်ဘူး။ ဉာဏ်ရည်နဲ့ပဲဆိုင်တယ်။ ကလေးတစ်ယောက်စီက ဖွံ့ဖြိုးမှုမတူကြဘူး။ ဘယ်အချိန်ကျောင်းပို့ရမလဲဆိုတာထက် ဉာဏ်ရည် ဘယ်လောက်မှာ ကျောင်းပို့ရမလဲဆိုတာ စဉ်းစားရမှာ။ အဲ့တာမိဘတော်တော်များများမှားတတ်တဲ့ အမှားပဲ။

၁)ကလေးက တနေ့တာ ကြုံတွေ့ရသမျှ နင့်ကိုစီကာပတ်ကုံး နင့်ကို သေချာ ပြန်ပြောပြတတ်ပြီလား?

၂)သူလိုချင်တာ၊ မလိုချင်တာ၊ ကြိုက်တာ မကြိုက်တာကို ဘယ်သူ့ကိုဖြစ်ဖြစ် ရဲရဲဝံ့ဝံ့ ပြောဆိုဖော်ပြရဲပြီလား? မသိတာကို မေးရဲပြီလား?

၃)သူ့ရဲ့ သူများထိကိုင် မခံသင့်တဲ့သူ့ရဲ့ private part တွေကိုသေချာနားလည်ပြီး ဘယ်လို ကာကွယ်ရမှန်းသိပြီလား?

၄)အနိုင်ကျင့်ဗိုလ်ကျမှုတွေကြုံလာရင် ဘယ်လောက်ထိသည်းခံပြီး ၊ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ သိပြီလား?

အဲ့ ၄ ချက်မပြည့်စုံမချင်းကလေးကို ဘယ်ကျောင်းမှ မပို့နဲ့ ။ အိမ်မှာပဲ လေ့ကျင့်ပေးပါ။ အဲ့တာ သူ့အတွက် ကာကွယ်ရေး ဒိုင်းတွေပဲ ။ အိမ်ဆိုတဲ့ လုံခြုံတဲ့ကမ္ဘာကနေ ထွက်ပြီး အန္တရာယ် အပြည့်နဲ့ အပြင်လောကမှာ တရက် ၄/၅ နာရီ သွားနေမယ့်ကလေးနော်။ နင်သေချာ ပြင်ဆင် လေ့ကျင့်ပေးရမှာ။

သူများကလေး ဒီအသက် ကျောင်းထားလို့ လိုက်ထားတယ်ဆိုတာ တအားမှားယွင်းတဲ့ အတွေးအခေါ်။ အဲ့လို မပြင်မဆင်နဲ့ ကျောင်းပို့လိုက်လို့ ဒုက္ခရောက်တဲ့ ကလေးတွေအများကြီးရှိတယ် ။ ကျောင်းပို့ရင် နင်တို့ အမေတွေက ကလေးကို အဝတ်အစား၊ မျက်နှာ အလှအပ ၊ ဆံပင် ၊ အိတ် ဖိနပ် ၊ ထမင်းဗူး ပြင်ပေးကြတယ်။ အပေါ်ယံပဲ အားရပါးရ ပြင်ဆင်ပေးလိုက်ကြတယ်။ အမှန်တကယ် အရေးကြီးတဲ့ ကလေးရဲ့ အခြေခံ စိတ်ဓါတ်ကိုကျ ဘာလို့ သေချာ ပြင်ဆင်မပေးကြတာလဲ။ စဉ်းစားနော်။

ကလေးတွေက တစ်ယောက်နဲ့ တယောက်မတူကြတာ ငါပြောပြီးပြီ။ သူများကလေး ဒါတွေ ၃ နှစ်နဲ့ ရပေမယ့် နင့်ကလေး ၄ နှစ်မှ ရချင်ရမယ်။ တချို့ ၂ နှစ်နဲ့ နားလည်နေတဲ့ကလေးတွေရှိတယ်။ မျိုးစိတ်မတူတဲ့ သစ်ပင်တွေလိုပဲ။ တချို့ နှစ် ၃/၄၀ ကြာမှ အသီးသီးတယ်။ တချို့ ၆ လနဲ့သီးတယ်။ သူ့ခြံထဲကဗူးပင်နဲ့ နင့်ခြံထဲက ညောင်ပင် ယှဉ်မနေနဲ့ အလကားပဲ။ အရေးကြီးတာ ကိုယ့်ကလေးရဲ့ ဗီဇနဲ့ စိတ်နေစိတ်ထား ကို သေချာနားလည်အောင်လေ့လာပြီး သူထူးချွန်ရာကို ပံ့ပိုးပေးဖို့ပဲ ။

ကလေးကို နင့်အတ္တနဲ့ ဘောင်မခတ်နဲ့။ ကလေးအနာဂါတ်ကို နင့်စိုးရိမ်စိတ် နဲ့ မသတ်နဲ့ ။ ကလေးတွေဟာ ကလေးပါ။ ဆော့ပါစေ ။ ကစားပါစေ ။ မိဘရင်ခွင်မှာ သူလုံလောက်တဲ့အချိန် အထိ အားရပါးရ ခိုဝင်နားပါစေ။

ကိုယ့်ကလေးကို တော်စေ ထူးချွန်စေချင်တယ်မို့လား။ ဘယ်တော့မှ သူများကလေးနဲ့ မယှဉ်နဲ့ ။ ပန်းချီဆွဲဝါသနာပါတဲ့ ကလေးဟာ ပန်းချီဆွဲခွင့်မရပဲ ကျောင်းစာမှာ ပထမ ရလို့ ပျော်နေမယ်ထင်လား။ ဘောလုံးကန်ချင်တဲ့ ကလေးဟာ ဘောလုံးကန်ခွင့် မရပဲ သင်္ချာ အမှတ်၁၀၀ ရလို့ ပျော်နေမှာတဲ့လား။ နင်ဖြစ်စေချင်လို့ သာမန်ဆရာဝန် ဖြစ်လာတဲ့ကလေးဟာ နင်သာသူ့ဘဝ မှာ မရှိခဲ့ရင် ကမ္ဘာကျော် ပန်းချီဆရာကြီး ဖြစ်နေမှာ ဆိုတဲ့ စကားကို အမြဲသတိရပါ။

ငါထပ်ပြောမယ်။ ပထမဆုံး ပညာရေးဆိုတာ ကလေးတိုင်းရဲ့ အကြီးမားဆုံး စိန်ခေါ်မှူပဲ။ ပေါ့ပျက်ပျက်အတွေးနဲ့ ဘေးအိမ်ကလေး ကျောင်းထားလို့ ဆိုပြီး ၊ ကျောင်းလိုက်မပို့ပါနဲ့ ။ သူ အဆင်သင့် ဖြစ်ပြီ ဆိုမှ ပို့ပါ။

ဟုတ်ပြီ။ အဲ့တာဆို ငါ ဘယ်လို ပြင်ဆင်ပေးရမလဲ?

၁)ကလေးကိုကျောင်းမပို့ခင် နေ့တိုင်းအလေ့အကျင့်လုပ်ပြီးမေး။ နင်မရှိချိန် သူဘာတွေလုပ်တယ်။ သယ်သူနဲ့တွေ့တယ် ။ ညတိုင်းမေး ။ ၂ ပတ်ဆို နင်မမေးတောင် သူ့ဘာသာ ပြောတတ်လာမယ်။ အချိန်ပေးပြီး နားထောင်ပေး။

၂)သူကျ နဲနဲခက်တယ်။ တချို့ ၅/၆လအချိန်ယူရတယ်။ ဘယ်လိုလုပ်ရမလဲဆို ကလေးကို မဆူနဲ့ ။ လုံးဝ မဆူနဲ့ ။ ဘာလုပ်လုပ်မဆူနဲ့။ ၃ /၄ နှစ်ကလေးဟာ နင့်လို ကိုယ်လုပ်တာတစ်ခုရဲ့ အကျိုးအပြစ်ကို နားမလည်သေးဘူး။ ဟိုဟာ မလုပ်နဲ့ ဒီဟာမလုပ်နဲ့ ပြောတာတွေ။ အဆိုးဆုံးက ဘာလို့ ဘယ်လို့ ဆိုတာ မရှင်းပြပဲ၊ ငါပြောတယ် မလုပ်နဲ့ ဆို မလုပ်နဲ့ ဆိုတဲ့စကားပဲ။ လျှာမရှည်နဲ့ ဆိုတာတွေ ။ သူမေးတာတွေကို ပြန်မဖြေ ပဲ လျစ်လျူရှု တာတွေ ။ လူကြီးတွေစကားပြောနေတုန်း ဝင်ပြောလို့ မာန်မဲတာတွေ ဟာ ဒီနေရာမှာ အဆိုးရွားဆုံးပဲ။ ရှောင်ရမယ်။

သူပြောသမျှကို တလေးတစား နားထောင်ရမယ်။ မိဘ/ ဒါမှ မဟုတ် တခြားလူ စကားပြောနေရင်လည်း သူတလေးတစား နားထောင်ရမယ်ဆိုတာ သိလာမယ်။ မိဘစကားဝိုင်း သူထဲဝင်ပြောတဲ့ အခါ အကုန်လုံးက အချိန်ပေးနားထောင်ပေးရမယ်။ သူပြောလို့ပြီးပြီဆို ကိုယ်ပြောရင်ရင်လည်း သူနားလည်လည် မလည်လည် နားထောင်ပါစေ။ ဒါဟာ ဆရာ/ ဆရာမ စာသင်တာကို နားထောင်ဖို့ အလေ့အကျင့်ကောင်းပဲ။ စကားပြောပြီးတိုင်း သူ့အမြင်ကိုမေးပါ။ ဒါမှ ကျောင်းမှာစာသင်ပြီးပြန်မေးတဲ့အခါ သူဖြေရဲမယ်။ ပြောရဲဆိုရဲမယ်။

၃)သားရှင်ဖြစ်ဖြစ်၊ သမီးရှင်ဖြစ်ဖြစ် ဒီအချက်က အရေးကြီးတယ်။ ကလေးရဲ့ အင်္ဂါ ၊ တင်ပါး နဲ့ ရင်သား၊ နှုတ်ခမ်းတွေကို မိဘနဲ့ သတ်မှတ်ထားတဲ့ သူ ( ဆရာမ) တွေကလွဲပြီး ဘယ်သူစိမ်း ကမှ ထိတာနမ်းတာမခံရဘူးဆိုတာ ၊ အဲ့တာတွေဟာ အရေးကြီးတဲ့ Private Part တွေဆိုတာ သေသေချာချာ သိအောင်သင်ရမယ်။

ကလေးကို ဘယ်သူ့ကိုမှ အာဘွားပေးဖို့ မသင်ပါနဲ့။ တအားမှားတဲ့ အယူအဆ ။ မိဘ ၂ ပါးကလွဲရင် ဘယ်သူမှ နမ်းတာ မခံတတ်ဖို့ ၊ ကိုယ်တိုင်ကလည်း သွားမနမ်းဖို့ဆုံးမပါ။ ကလေးကို သူစိမ်းက မြူသလို ချော့သလိုနဲ့ နှုတ်ခမ်းတွေပါးတွေ လိင်စိတ်နဲ့ နမ်းခံရတာဟာ အဲ့ဒီ အာဘွားပြဿနာကနေစတာပါ။ တချို့ကလေးတွေဟာ ကိုယ်တိုင်မသိပဲ အဲ့လို လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတာတွေ အများကြီး။ မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဦးဦးကို အာဘွားလေး ပေးပါဦး ၊ တီတီ့ကို အာဘွားလေးပေးပါဦးဆို ။ ပြုံးပြီး ခေါင်းခါပြတတ်အောင် သင်ထားပါ။ သူများလာနမ်းလဲ No လို့ပြောပြီး ရှောင်တတ်အောင်သင်ပါ။
No အာဘွားပါ။

၄)အနိုင်ကျင့်ဗိုလ်ကျမှူတွေဟာ ကလေးတိုင်းရဲ့ ပတ်ဝန်းကျင်မှာရှိတယ်။ ငါတို့ပတ်ဝန်းကျင်မှာလဲရှိတယ်။ ပတ်ဝန်းကျင်ကို ပြောင်းလဲလို့မရဘူး။ ကလေးကိုပြောင်းလဲပါ။ မကြောက်တတ်တဲ့ ကလေးဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပါ။

သရဲကြီးလာမယ်တို့၊ ဒေဝေါကြီးကိုက်မယ်တို့ ၊ အမေရိုက်မယ်တို့ဆိုတာ ကစ တာပါပဲ။ အမေတွေရဲ့ ချစ်တဲ့စိတ်ဟာ လိုတာထက်ပိုလာရင် ကလေးကို ပျက်စီးစေတယ်။ နင်ဘာနားလည်လို့လဲ ၊ ဒီလောက်လေးတောင် မတတ်ဘူးလား။ ညံ့လှချည်လား။ ဘယ်သူ့သားသမီးဆို ဘယ်လို ။ မဆိုင်ရင် ဝင်မပါနဲ့။ဆိုတာတွေအပြင် ၊ ဘာလေးဖြစ်ဖြစ် မေမေ့ဆီလာ မေမေလုပ်ပေးမယ်။ မေမေကိုင်ပေးမယ် နေရာတကာ မေမေပါနေတာဟာ ကလေးရဲ့ confidence lvl ကို တအားကျစေတယ်။ မေမေမရှိရင် လောကကို ရင်မဆိုင်ရဲတော့ဘူး ။ သွားရော ။

ကလေး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ကိစ္စတော်တော်များများ သူကိုယ်တိုင် လုပ်ပါစေ။ ရေသောက်မယ်မို့လား သွားကိုယ့်ဘာသာခပ်သောက် ။ ထမင်းစားပြီးပြီလား ပုဂံကို ဆေးမယ့်နေရာသွားတင်၊ စားရင်း အောက်ကျတယ် ။ ကျပါစေသား ပြီးရင် သေချာကောက် အမှိုက်ပုံးထဲထည့်။ အရုပ်ဝယ်ချင်တာလား စိတ်ကြိုက် ၁ ခုရွေး မေမေ ဟိုနားက ထိုင်စောင့်မယ် သားအချိန်ယူ ပါ ဆိုတာတွေ။ တော်လိုက်တာ ၊ သားက/ သမီးက သိပ်သတ္တိရှိတာပဲ၊ အမေဖြင့် မင်းအတွက် သိပ်ဂုဏ်ယူတာပဲ။ သား/ သမီး လုပ်တာဟာဖြင့် မှန်တယ်။ ဒီလိုလေးလုပ်ရင်ဖြင့် ပိုကောင်းမှာ စသည်ဖြင့် အားပေးစကားနဲ့ မိဘ ယုံကြည်မှုဟာ ကလေးရဲ့ confidence lvl ကို မြင့်လာစေတယ်။

အနိုင်ကျင့် ဗိုလ်ကျတဲ့ ကလေးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့လို confidence lvl မြင့်တဲ့ကလေးဟာ ဘယ်တော့မှ ငုံ့ခံမနေဘူး။ ပြန်ချရဲတယ်။ ပြန်ပြောရဲတယ် ။ မကြောက်ဘူး။ သတ္တိရှိတယ်။

မိဘက တယုတယ နဲ့ အစစအရာရာ လိုက်လုပ်ပေးတဲ့ ကလေးတွေနဲ့ ၊ အမြဲဆူပူရိုက်နှက်ခံရတဲ့ကလေးတွေဟာ confidence lvl နိမ့်တာကြောင့် အမြဲခေါင်းငုံ့ခံတယ်။ အနိုင်ကျင့်တဲ့ သူကိုလည်း ပြန်မပြောရဲ ၊ ပြန်မလုပ်ရဲ ၊ မိဘကိုလည်း ပြန်မတိုင်ရဲပဲ အတန်းထဲမှာ အနှိမ်ခံ ဘဝ အလိုလို ရောက်သွားတယ်။

မိဘသိတဲ့အခါ ဆရာ/ ဆရာမကိုတိုင်တာ ၊ ကျောင်းပြောင်းတာတွေဟာ ခဏပဲ သက်သာမယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့စိတ် ၊ အားငယ်တဲ့ စိတ်ခံရှိတဲ့ ကလေးဟာ ဘယ်နေရာရောက်ရောက် အနှိမ်ခံရမှာ ပဲ။ ကျောင်းမှာတင် မဟုတ်ဘူး။ ကြီးလာတဲ့အထိ အလုပ်၊ အချစ်ရေး နဲ့ အိမ်ထောက်ရေးတွေ အထိပါ တဘဝလုံး အနှိမ်ခံရတော့တာပဲ။

အမယ်လေး ကျွန်မတို့ကလေ သားလေး/ သမီးလေးကို ပိုးမွေးသလိုမွေးထားတာ ဆိုရင် အဲ့ကလေးဘဝ သွားပြီပဲ။ မလုပ်ပါနဲ့။ ကိုယ့်ကလေးက confidence lvl နိမ့်နေသရွေ့ ဘယ်လောက်ကောင်းတဲ့ကျောင်းသွား ထားထား အဆင်မပြေနိုင်ဘူး။

ကျောင်းမှာ အနိုင်ကျင့်မခံရဖို့ ကလေးကိုယုံကြည်မှုပေး။ ခွန်အားပေးပါ။

ကဲ
အဲ့လောက်ဆို ကလေးကို ကျောင်းမထားခင် ဘာတွေ ပြင်ဆင်ရမလဲ သိပြီနော်။


#အိန်ဂျယ့်မေမေ

02/02/2023

ဟိုးနေ့က အင်္ကျီဝမ်းဆက်လေးတွက် ပေါက်မဲ နာမည်လေးပါနော် ၊ page error လေး ကြောင့် အရင်လို မန့်တဲ့သူတွေလည်း 🥺 သိပ်မရှိလို့ 😁 မင်မင် name picker လေးနဲ့ဘဲ မဲဖောက်ပေးလိုက်ပါတယ်နော်😍 ကြားထဲ နဲနဲကြာသွားတာ နားလည်ပေးပါနော် ❤️

ကံထူးသူလေး page က ph no လေးကိုဘဲ ဆက်ပြီး လိပ်စာလေး‌ လာပြောပေးပါနော် ၊ မင်မင် page messenger လည်း ကြောင်နေလို့ပါ 😁

မင်မင် page လေး ဘာမှမတင်တာ တော်တော်ကြာသွားလို့ 🥺 page reach သိပ်မတတ်တော့လို့🥺 မန့်တဲ့သူတွေ နဲသွားပြီ 🥺😁 မူရင်းပို့စ်အောက...
18/01/2023

မင်မင် page လေး ဘာမှမတင်တာ တော်တော်ကြာသွားလို့ 🥺 page reach သိပ်မတတ်တော့လို့🥺 မန့်တဲ့သူတွေ နဲသွားပြီ 🥺😁 မူရင်းပို့စ်အောက်မှာ ထပ်မန့်လို့ရသေးတယ်နော် 😍 like & share လေးကော အဆင်ပြေရင် လုပ်ပေးပါနော် 😍

ပေါက်မဲ no 99 ယောက်မြောက်ဆို ကြာနေမှာစိုးလို့ ပေါက်မဲ no 33 ၊ 33 ယောက်မြောက်မန့်မိသူကို လက်ဆောင်ပေးလိုက်‌မယ်နော် 😍😘

  မင်မင် page လေး ဘာမှမတင်တာ တော်တော်ကြာသွားလို့ 🥺 page reach သိပ်မတတ်တော့လို့🥺 မန့်တဲ့သူတွေ နဲသွားပြီ 🥺😁 မူရင်းပို့စ်အေ...
17/01/2023

မင်မင် page လေး ဘာမှမတင်တာ တော်တော်ကြာသွားလို့ 🥺 page reach သိပ်မတတ်တော့လို့🥺 မန့်တဲ့သူတွေ နဲသွားပြီ 🥺😁 မူရင်းပို့စ်အောက်မှာ ထပ်မန့်လို့ရသေးတယ်နော် 😍 like & share လေးကော အဆင်ပြေရင် လုပ်ပေးပါနော် 😍

ပေါက်မဲ no 99 ယောက်မြောက်ဆို ကြာနေမှာစိုးလို့ ပေါက်မဲ no 33 ၊ 33 ယောက်မြောက်မန့်မိသူကို လက်ဆောင်ပေးလိုက်တော့မယ်နော် 😍😘

မင်မင် page လေး နားထားတာ တော်တော်ကြာသွားပါပြီ မကြာခင် ပြန်စပါတော့မယ်ရှင် 😁

ခု အပျင်းပြေ အဲတစ်စုံလေး လက်ဆောင်ပေးပါမယ် 4နှစ် 5နှစ်ဆိုဒ်‌ေလး ၊ မင်မင်သမီးနဲ့ နဲနဲကြပ်နေလို့ပါ အစမ်းဘဲ ဝတ်ကြည့်ရသေးတဲ့ အသစ်လေးပါနော် 🥰

ပိန်သွယ်သွယ် သမီးလေးတွေနဲ့ ပိုအဆင်ပြေမယ်နော် နဲနဲထွားပြီး တုတ်ရင် ကျပ်မှာစိုးလို့ပါ ❤️

လာပို့ရင် deli ခလေးတော့ ရှင်းပေးလိုက်ပါနော်❤️

ကြိုက်တာ မန့်လို့ရပါတယ် မန့် 99 ယောက်မြောက် ယူပါနော် 😍 မန့်သူ အဲလောက်ထိ မရောက်ရင်တော့ 😁 ပေါက်မဲ no ပြန်ပြောင်းပေးမယ်နော် 😍

တစ်ယောက် တစ်ခါဘဲ မန့်ပေးပါနော် 😍

ဆေးရုံဆိုတော့လူပေါင်းစုံ အလွှာပေါင်းစုံ ရောဂါပေါင်းစုံ မြင်ရ တွေ့ရကြုံရတယ်…ခုမြင်ရတဲ့အင်္ကျီပန်းရောင်နဲ့ကလေးမလေးဆိုအသက်က...
21/11/2022

ဆေးရုံဆိုတော့
လူပေါင်းစုံ အလွှာပေါင်းစုံ
ရောဂါပေါင်းစုံ မြင်ရ တွေ့ရ
ကြုံရတယ်…

ခုမြင်ရတဲ့အင်္ကျီပန်းရောင်နဲ့
ကလေးမလေးဆို
အသက်က ၁၆နှစ်ရှိပြီ …

အပျိုဘော်ဝင်ခါစ
ချောချောလေးပါ
တောမှာနေကြတာတဲ့ …

တစ်နေ့…သူ့အမေက
ထမင်းဆာနေတဲ့အချိန်
သူ့သမီးက ချက်ထားတဲ့ဟင်းထဲ
ဘာတွေသွားထည့်လိုက် တယ်ဆိုလားပဲ
စားမရတော့ဘူးပေါ့ …

ဒါနဲ့စိတ်ဆိုးပြီး
ဒယ်အိုးနဲ့ ဂေါင်းကို
ခေါက်လိုက်တာ…

သတိမေ့သွားလို့ ဆေးရုံရောက်လာတယ်…

သတိရလာတော့..
၅နှစ်သမီးလေးအတိုင်းဖြစ်သွားတယ်…
စကားတွေမပီတော့ဘူး…
အသံကလည်းကလေးသံလေးဖြစ်သွားတယ်…

ကလေးလိုဆော့ ကလေးလိုအော်
ငိုလိုက်ရီလိုက် မုန့်စားလည်း လက်နှစ်ဖက်နဲ့ပလုပ်ပလောင်းရယ်…
သွေးလန့်သွားတာ တဲ့လေ…

သူ့အမေလည်းယူကြုံးမရပေါ့…

ခုတော့ အဖေရောအမေရော
ကလေးငယ်လေးလို
ပြုစုနေရတယ် …
ခု ဆေးရုံကဆင်းသွားပြီ…

ပြန်ကောင်းဖို့ မသေချာဘူးတဲ့…
ဝမ်းနည်းစရာပါ…

အရွယ်ရောက်တဲ့မိန်းကလေးတစ်ယောက်…

ကလေးလေးလို
အသိဥာဏ်ပဲရှိတော့တာ…

သူ့အတွက်ရော
မိဘတွေအတွက်က
တကယ်ရင်လေးစရာပါ…

မိဘတွေ
ကလေးတွေကိုရိုက်တဲ့အခါ…

ဂေါင်းတွေ၊ကျောကုန်းတွေ၊ရင်ဘတ်တွေ ရှောင်ကြပါ…

ဒီသာဓကလေးက
မိဘတွေအတွက်
သင်ခန်းစာလေးပါရှင် …

copy…Taungoo Thu

# Kyu Kyu

သားသမီး ရှိတဲ့ မိဘများ သေချာဖတ်ကြည့်ထားနော်…စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံး သတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့...
22/06/2022

သားသမီး ရှိတဲ့ မိဘများ သေချာဖတ်ကြည့်ထားနော်…

စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံး သတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ လေးမျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့
ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

အထက်က သုံးခုထဲမှာ.. ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (သူတို့ဆီက ကျောင်းတွေမှာတောင်နော်)

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ
သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။ ကိုယ့်ဦးနှောက် အသိဉာဏ် လယ်ဗယ်ကို တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ❓ (တွေ့ရှိချက် အသစ်တဲ့)👍

4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။

သားကွဲ၊ မယားကွဲ၊ အလုပ်ပြုတ်၊ စိတ်ကျ၊ ဆူဆိုက်လုပ်၊ လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. အေကျူလယ်ဗယ် နည်းနေခဲ့လို့.. ဆိုပါတော့..။

အကြံပြုချက်က...
မိဘတွေဟာ.. ကိုယ့်သားသမီး အေကျူလယ်ဗယ် မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

အချူပ်ပြောရရင်...

အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

သူရေးထားတဲ့.. နောက်ဆုံးစကားလေး ကြိုက်တယ်။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

original writer

🤗🤗☺️
18/06/2022

🤗🤗☺️

သင့်ရဲ့ချစ်လှစွာသောခင်ပွန်းအတွက်စပရိုက်လက်ဆောင် 😍😍😂
10/06/2022

သင့်ရဲ့ချစ်လှစွာသောခင်ပွန်းအတွက်စပရိုက်လက်ဆောင် 😍😍😂

Address

Dagon

Telephone

+959792231950

Website

Alerts

Be the first to know and let us send you an email when Htate Htar Baby & Lady Collections Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share