Eain Shin Ma Online

Eain Shin Ma Online ❤️ အိတ် ဒီဇိုင်းအစုံ
လက်လီ လက်ကား ဝယ်ယူရရှိနိုင်ပါတယ်

Eain Shin Ma Online Store မှၾကိဳဆိုပါတယ္ရွင့္
လူသုံးကုန် အိမ်သုံးပစွည်း အမျိုးမျိုး တနေရာထဲမှာ
စုံစုံလင်လင်နဲ ပစွည်းကောင်းလေးတွေရောင်းပေးနေသော page လေးဖြစ်ပါတယ်ရှင့်

Positive Energy များတဲ့သူ ဖြစ်အောင်နေထိုင်ပါ ။ကိုယ်နဲ့ ပတ်သက်လာသမျှ လူတွေဟာ ကိုယ့်ကြောင့် တိုးတက်ရတာမျိုး ၊ ပျော်ရွှင်ရတ...
21/07/2026

Positive Energy များတဲ့သူ ဖြစ်အောင်နေထိုင်ပါ ။

ကိုယ်နဲ့ ပတ်သက်လာသမျှ လူတွေဟာ ကိုယ့်ကြောင့် တိုးတက်ရတာမျိုး ၊ ပျော်ရွှင်ရတာမျိုး ၊ စိတ်လုံခြုံနွေးထွေးရတာမျိုး ခံစားရအောင် နေထိုင်ပါ ။

လူတစ်ယောက်နား ကပ်လိုက်လို့ အပူတွေကူးစက်တာ
မျိုး ကြုံရဖူးတယ်မဟုတ်လား ။ တွေ့တာနဲ့ အဆင်မပြေကြောင်းတွေ ညဉ်းညူမယ် ၊ သူများအတင်းတွေ ပြောမယ်ဆိုတဲ့သူတွေဟာ Negative Vibes တွေ ကြီးစိုးနေတာပဲ ။ အဲ့သလို လူမျိုးမဖြစ်စေနဲ့ ။

အတင်းမပြောနဲ့ မညဉ်းညူနဲ့ ။ ဆဲဆို ရိုင်းစိုင်းတာတွေ မပြောနဲ့ ။ ကောင်းတာပြောပြော ဆိုတာပြောပြော စကားဟာ စကားပဲမဟုတ်လား ။ တိုးတက်ရာ တိုးတက်ကြောင်းတွေ ပြောတတ်သူဖြစ်အောင့်လေ့လာပါ။ စာအုပ်တွေဖတ်တာဟာ positive energy များတဲ့သူဖြစ်စေပါတယ် ။ အဓိပ္ပာယ်ရှိတဲ့စကားတွေပြောတတ်လာတယ် ၊ တွေးတောဆင်ခြင်းနိုင်စွမ်းတွေ ပိုကောင်းလာတယ် ၊ စိတ်သဘောထား ပြည့်ဝတဲ့သူဖြစ်စေတယ် ။ ဒါမှသာ ကိုယ့်ဘေးနားက လူတွေကိုလဲ အထောက်ကူဖြစ်နိုင်မှာ ။

ပျော်စရာတွေ မျှဝေပါ ။ ဟာသတွေပြောပါ ။ ချစ်သူခင်သူတွေနဲ့ နွေးထွေးစွာနေထိုင်ပါ ။ မေတ္တာတရားထားပြီး ဆက်ဆံပြောဆိုပါ ။ အဓိကက စိတ်ပါပဲ စိတ်ကောင်းကောင်းထားမယ် ၊ စိတ်ကို ကြည်အောင်နေမယ်ဆို အကြည်ဓာတ်တွေဟာ ကိန်းအောင်လာမှာပါပဲ ။ ဒါဆို ကိုယ့်ဘေးနားကပ်သူတိုင်းဟာ အေးချမ်းရတာပါပဲ ။

Positive energy ရှိတာဟာ ရုပ်ရည် ၊ အချိုးစား ပြေပြစ်နေမှ မဟုတ်ဘူး သူ့ရဲ့ အကောင်းမြင်စိတ်ထားကိုက ဆွဲဆောင်မှုအားရှိနေတာ ။ အဲ့ဒါက သူ့ကို ပိုကြည့်ကောင်းစေတာ ။ Positive Vibes တို့ဆိုတာဟာ သူ့အလိုလို ဖြစ်တည်နေတာမဟုတ်ပဲ ကိုယ်တိုင် ဖန်တီးတည်ဆောက်ရတာမျိုးပါ ။

Good listener တွေဟာ positive energy များသူတွေပါပဲ ။ လူတော်တော်များများဟာ သူတို့ပြောချင်တာပဲ ဇွတ်ပြောတတ်ကြတယ် တစ်ဖက်လူစကားဆို သိပ်နားထောင်မပေးတတ်ကြဘူး ။ good listener တွေဟာ တစ်ဖက်လူ ခံစားချက်ကို သေချာနားထောင်ပေးတယ် ၊ စာနာပေးတယ် ၊ စိတ်ရှည်တယ် ။ သူတို့ဆီ ရင်ဖွင့်ရရင် ကိုယ့်ရဲ့ အပူချိန်တစ်ဝက်လောက်က လျော့ကျသွားစေတာပဲ ။ စိတ်လုံခြုံနွေးထွေးရတယ် ။
ထပ်တူခံစားပြီး ၊ စိတ်ရှည်စွာနားထောင်ပေးခြင်းဟာ
ကူညီခြင်း တစ်မျိုးပါပဲ ။ လူတွေဟာ စကားပြောဖော်ဆိုတာ လိုအပ်တယ် ။ အထူးသဖြင့် သူတို့ရဲ့ ခံစားချက်ကို စိတ်ရှည်စွာ နာထောင်ပေးတတ်သူမျိုးကို ပိုလိုအပ်ကြတယ် ။ ရင်ထဲက အပူတွေကို ရင်ဖွင့်လိုက်တာနဲ့ တစ်ဝက်လောက်က ငြိမ်းချမ်းသွားရတာပဲ မဟုတ်လား ။

လူတွေဟာ ပြောဆိုရင် ပြောနိုင်တယ်
နားထောင်ပေးဖို့တော့ ခက်ကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က နားထောင်ပေးတတ်အောင် လေ့ကျင့်ပါ ။ ဒါဟာ လူချစ်လူခင်ပေါစေသလို ကိုယ့်ဘေးကလူတွေအတွက် အကျိုးပြုပါတယ် ။

ဒါ့ကြောင့် ကိုယ့်ဘေးက ဘယ်သူ့ကိုမဆို သူတို့ပြောချင်တာရှိရင် နားထောင်ပေးလိုက်ပါ ။
သူတို့အတွက် များစွာ အကူညီရသလို ကိုယ်လည်း ကုသိုလ်ရပါတယ် ။

Positive energy များသူတွေဟာ လူချစ်လူခင်ပေါများတယ် ၊ မျက်နှာပွင့်တယ် ၊ လူအများလေးစားကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က Positive Energy များအောင်ကြိုးစားပြီး နေထိုင်ပါ ၊ ဘေးကလူတွေကိုမျှဝေပါ ။

ဒါဆို ကိုယ့်ကမ္ဘာလေးဟာ ပိုစိမ်းလန်းပြီး ၊ ပိုအေးချမ်းပါလိမ့်မယ် ။ ကိုယ့်ဘေးမှာပွင့်တဲ့ ပန်းကလေးတွေဟာလည်း ပို၍ မွှေးပျံပါလိမ့်မယ် ။

🌷 ပစွည်းအဝင်လေးပါရှင့်🥰 လူကြိုက်များပီး အရောင်းသွက် Item ချည်းပဲမို့ ပစွည်းလေးတွေအကုန်မြန်ပါတယ်ရှင့်💌မှာယူလိုပါက page cb...
08/07/2026

🌷 ပစွည်းအဝင်လေးပါရှင့်

🥰 လူကြိုက်များပီး အရောင်းသွက်
Item ချည်းပဲမို့ ပစွည်းလေးတွေ
အကုန်မြန်ပါတယ်ရှင့်

💌မှာယူလိုပါက page cb မှ မှာယူပေးပါရှင့်

🚛 မြန်မာတနိုင်ငံလုံး အိမ်ရောက် ငွေချေ
ရပါတယ်ရှင့်

❤️အသစ်ဝင်ထားတာလေးတွေပါချစ်တို့ရေလက်လီ လက်ကား ရပါတယ်ရှင့်
08/06/2026

❤️အသစ်ဝင်ထားတာလေးတွေပါ
ချစ်တို့ရေ

လက်လီ လက်ကား ရပါတယ်ရှင့်

💥 Instockကြိုး ၂ ကြိုးပါပီး Quality ကောင်းတဲ့Half Moon အိတ်လေး Price * 35500 ksလက်လီ လက်ကားရ🔶 Ninjavan deli ရောက်တဲ့ မြိ...
23/05/2026

💥 Instock

ကြိုး ၂ ကြိုးပါပီး Quality ကောင်းတဲ့
Half Moon အိတ်လေး

Price * 35500 ks

လက်လီ လက်ကားရ

🔶 Ninjavan deli ရောက်တဲ့ မြို့တိုင်း
အိမ်ရောက်ငွေချေရပါသည်။

ပိုက်ဆံတွေ ဘယ်လောက်ရှာရှာ ကျန်းမာရေး မကောင်းရင်အလကားပဲနော်ကျန်းမာရေး ဗဟုသုတ ရစေဖို့Crd....
23/05/2026

ပိုက်ဆံတွေ ဘယ်လောက်ရှာရှာ
ကျန်းမာရေး မကောင်းရင်
အလကားပဲနော်

ကျန်းမာရေး ဗဟုသုတ ရစေဖို့

Crd....

နေအိမ်မှာ ဒါတွေဖြစ်နေရင် လာဘ်တိတ်စေတယ်နော်၁။ အိမ်ရှေ့တံခါးဝနှင့် ဝင်ပေါက်များ ရှုပ်ပွနေခြင်းအိမ်၏ ပင်မဝင်ပေါက်သည် လာဘ်လာ...
18/05/2026

နေအိမ်မှာ ဒါတွေဖြစ်နေရင် လာဘ်တိတ်စေတယ်နော်

၁။ အိမ်ရှေ့တံခါးဝနှင့် ဝင်ပေါက်များ ရှုပ်ပွနေခြင်း

အိမ်၏ ပင်မဝင်ပေါက်သည် လာဘ်လာဘနှင့် ကောင်းမြတ်သော စွမ်းအင်များ ဝင်ရောက်ရာ လမ်းကြောင်းဖြစ်ပါတယ်
ဖိနပ်များ စည်းကမ်းမဲ့ ချွတ်ထားခြင်း၊ အမှိုက်သရိုက်များ ရှိနေခြင်း၊ ပင့်ကူအိမ်များ ရှိနေခြင်းသည် လာဘ်ရွှင်ခြင်းကို အဓိက တားဆီးသော အကြောင်းရင်းဖြစ်ပါတယ်
စွမ်းအင်ကောင်းများသည် သန့်ရှင်းသပ်ရပ်သော နေရာကိုသာ နှစ်သက်သဖြင့် ရှုပ်ပွနေသော ဝင်ပေါက်သည် လာဘ်တိတ်စေပါတယ်

မိမိအိမ်၏ ဝင်ပေါက်နှင့် တံခါးဝကို အမြဲတမ်း သန့်ရှင်းနေအောင် ထားရှိရပါမယ်
ဖိနပ်များကို ဖိနပ်စင်ဖြင့် သပ်ရပ်စွာ ထားသိုပါ။ ညနေစောင်းအချိန်များတွင် အိမ်ရှေ့မီးကို ထွန်းလင်းထားခြင်းဖြင့် လာဘ်လာဘကို ဖိတ်ခေါ်နိုင်ပါတယ်
ဝင်ပေါက်တွင် အလင်းရောင် ကောင်းစွာရရှိခြင်းသည် အိမ်တွင်းသို့ မင်္ဂလာရှိသော အရာများ ဝင်ရောက်လာစေရန် လမ်းပြပေးသကဲ့သို့ ဖြစ်ပါတယ်

၂။ အိမ်တွင်းရှိ ပျက်စီးနေသော ပစ္စည်းများနှင့် နာရီပျက်များ ထားရှိခြင်း

အသုံးပြု၍မရတော့သော ပစ္စည်းအဟောင်းများ၊ ကွဲအက်နေသော မှန်များ၊ ပန်းကန်များနှင့် အထူးသဖြင့် ရပ်တန့်နေသော နာရီများသည် အိမ်တွင်းရှိ တိုးတက်မှုစွမ်းအင်များကို ရပ်တန့်စေပါတယ်
မြန်မာ့အယူအဆအရ ပျက်စီးနေသော အရာဝတ္ထုများသည် ဆုတ်ယုတ်ခြင်းနှင့် အမင်္ဂလာကို ဆောင်တတ်သဖြင့် စီးပွားရေး တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါတယ်
နာရီပျက်များသည် အချိန်၏ ရပ်တန့်ခြင်းကို ကိုယ်စားပြုပြီး လုပ်ငန်းဆောင်တာများ ကြန့်ကြာစေတတ်ပါတယ်

ဤအခြေအနေကို ဖြေရှင်းရန်အတွက် ကွဲအက်နေသော ဖန်ခွက်၊ ပန်းကန်များကို နှမြောတွန့်တိုခြင်းမရှိဘဲ စွန့်ပစ်ပါ။ ပျက်နေသော နာရီများကို ချက်ချင်းပြင်ဆင်ပါ သို့မဟုတ် ဘက်ထရီအသစ် လဲလှယ်ပါ။ ပြင်၍မရတော့သော အီလက်ထရောနစ် ပစ္စည်းဟောင်းများကို အိမ်တွင်းမှ ဖယ်ရှားရှင်းလင်းပါ။ အိမ်တွင်း၌ အလုပ်လုပ်နေသော၊ အသုံးပြု၍ရသော ပစ္စည်းများကိုသာ ထားရှိခြင်းဖြင့် တိုးတက်မှု စွမ်းအင်များကို လည်ပတ်စေနိုင်ပါတယ်

၃။ ရေပိုက်များ ယိုစိမ့်နေခြင်းနှင့် ရေအိမ် (အိမ်သာ) အနေအထား မှားယွင်းခြင်း

ရေသည် စည်းစိမ်ဥစ္စာနှင့် ငွေကြေးစီးဆင်းမှု၏ သင်ေ္ကတဖြစ်ပါတယ်
ရေပိုက်များ၊ ဘုံဘိုင်ခေါင်းများမှ ရေများ တောက်လျှောက် ယိုစိမ့်နေခြင်းသည် မိမိ၏ ငွေကြေးဥစ္စာများ အလဟဿ ယိုဖိတ်ထွက်ခွာနေခြင်းကို ကိုယ်စားပြုပါတယ်
အိမ်သာတံခါးကို အမြဲဖွင့်ထားခြင်းသည်လည်း အိမ်တွင်းရှိ ကောင်းသောစွမ်းအင်များကို စုပ်ယူပျောက်ကွယ်စေပါသည်။ ရေအိမ်မှ ထွက်ပေါ်လာသော အနံ့အသက်များသည်လည်း အိမ်၏ ကျက်သရေကို ညှိုးနွမ်းစေပါတယ်

ရေယိုစိမ့်နေသော ပိုက်များနှင့် ဘုံဘိုင်ခေါင်းများကို အမြန်ဆုံး ပြုပြင်ပါ။ အိမ်သာတံခါးကို အသုံးပြုပြီးတိုင်း အမြဲတမ်း ပိတ်ထားရန် အကျင့်လုပ်ပါ။ ရေချိုးခန်းနှင့် အိမ်သာကို သန့်ရှင်းစွာထားရှိပြီး အနံ့အသက်ကောင်းမွန်အောင် ဂရုစိုက်ပါ။ အိမ်သာအတွင်း လေဝင်လေထွက် ကောင်းမွန်စေရန်နှင့် အမွှေးနံ့သာများ ထားရှိခြင်းဖြင့် မကောင်းသော စွမ်းအင်များကို ဖယ်ရှားနိုင်ပါတယ်

၄။ ခြောက်သွေ့ညှိုးနွမ်းနေသော အပင်များနှင့် အစူးအချွန်ပါသော အပင်များ စိုက်ပျိုးခြင်း

သစ်ပင်ပန်းမန်များသည် သက်ရှိစွမ်းအင်ကို ပေးစွမ်းနိုင်သော်လည်း ညှိုးနွမ်းခြောက်သွေ့နေသော အပင်များသည် သေဆုံးခြင်းနှင့် ဆုတ်ယုတ်ခြင်း စွမ်းအင်ကို ထုတ်လွှတ်ပါသည်။ ထို့ပြင် ရှားစောင်းလက်ပပ်ကဲ့သို့သော အစူးအချွန်ပါသော အပင်များကို အိမ်တွင်း၌ ထားရှိခြင်းသည် မိသားစုဝင်များအကြား အငြင်းပွားမှုများနှင့် စီးပွားရေး အကြပ်အတည်းများကို ဖန်တီးနိုင်သည်ဟု အယူရှိကြပါတယ်
အချွန်အတက်များသည် ရန်လိုသော စွမ်းအင်ကို ဆောင်တတ်ပါတယ်

ညှိုးနွမ်းနေသော အပင်များနှင့် သစ်ရွက်ခြောက်များကို အမြန်ဆုံး ဖယ်ရှားပါ။ အိမ်တွင်း၌ စိုက်ပျိုးမည်ဆိုလျှင် အရွက်ဝိုင်းပြီး စိမ်းလန်းစိုပြည်သော အပင်မျိုး (ဥပမာ - ဂမုန်းပင်များ) ကိုသာ ရွေးချယ်စိုက်ပျိုးပါ။ အစူးအချွန်ပါသော အပင်များကို အိမ်အပြင်ဘက် လသာဆောင် သို့မဟုတ် ခြံစည်းရိုးအနီးတွင်သာ ထားရှိပါ။ စိမ်းလန်းသော အပင်များသည် အိမ်တွင်းသို့ လတ်ဆတ်သော လေနှင့် တိုးတက်ခြင်း စွမ်းအင်များကို ယူဆောင်လာပေးပါမယ်

၅။ မီးဖိုချောင် ရှုပ်ပွခြင်းနှင့် ဆန်အိုး၊ ဆားအိုးများ လွတ်ကင်းနေခြင်း

မီးဖိုချောင်သည် မိသားစု၏ ကျန်းမာရေးနှင့် စားဝတ်နေရေး ဖူလုံမှုကို ကိုယ်စားပြုသော နေရာဖြစ်ပါသည်။ မီးဖိုချောင် ညစ်ပတ်ရှုပ်ပွနေခြင်း၊ ညအိပ်ရာဝင်ချိန်တွင် ဆေးကြောရန်ကျန်ရှိသော ပန်းကန်များ ပုံထားခြင်းသည် ကျက်သရေကို ယုတ်လျော့စေပါတယ်
အိမ်၏ အသက်ဖြစ်သော ဆန်အိုးနှင့် ဆားအိုးများ လုံးဝပြောင်စင်သွားသည်အထိ ထားရှိခြင်းသည် ငတ်မွတ်ခေါင်းပါးခြင်း နိမိတ်ကို ဆောင်ပါတယ်

မီးဖိုချောင်ကို အမြဲသန့်ရှင်းအောင် ထားပါ။ ညဘက်တွင် ပန်းကန်များကို ဆေးကြောပြီးမှ အိပ်ရာဝင်ပါ။ ဆန်အိုးနှင့် ဆားအိုးများကို လုံးဝကုန်စင်သွားခြင်းမျိုး မဖြစ်စေဘဲ အနည်းဆုံး တစ်ဝက်ခန့် အမြဲရှိနေအောင် ဖြည့်တင်းထားပါ။ မီးဖိုချောင် သန့်ရှင်းသပ်ရပ်ပြီး စားနပ်ရိက္ခာများ အမြဲပြည့်စုံနေခြင်းသည် မိသားစု၏ စီးပွားရေး တည်ငြိမ်မှုနှင့် လာဘ်လာဘ ရွှင်လန်းခြင်းကို ဖိတ်ခေါ်ပါတယ်

၆။ အိမ်တွင်း လေဝင်လေထွက် မကောင်းခြင်းနှင့် အလင်းရောင် ကင်းမဲ့ခြင်း

လေဝင်လေထွက် ပိတ်လှောင်နေပြီး နေရောင်ခြည် လုံလောက်စွာ မရရှိသော အိမ်များသည် အမိုက်မှောင်နှင့် အဆိုးမြင်စွမ်းအင်များကို စုဆောင်းမိတတ်ပါသည်။ အထူးသဖြင့် နေ့ဘက်တွင်ပင် မှောင်မိုက်နေသော အိမ်များသည် စိတ်ဓာတ်ကျဆင်းစေခြင်း၊ ကျန်းမာရေး ချို့တဲ့စေခြင်းနှင့် လုပ်ငန်းကိုင်ငန်းများ အဆင်မပြေဖြစ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်မှောင်မိုက်သော နေရာများသည် လာဘ်လာဘကို ပိတ်ပင်တားဆီးပါတယ်

နံနက်ခင်း အချိန်များတွင် ပြတင်းပေါက်များကို ဖွင့်လှစ်၍ လတ်ဆတ်သော လေနှင့် နေရောင်ခြည်ကို အိမ်တွင်းသို့ ဝင်ရောက်ခွင့်ပြုပါ။ အလင်းရောင် ကောင်းစွာမရသော ထောင့်များတွင် မီးသီးများ တပ်ဆင်၍ လင်းထိန်နေအောင် ပြုလုပ်ပါ။ အိမ်တွင်း၌ အမွှေးနံ့သာများ ပူဇော်ခြင်းဖြင့်လည်း လေထုကို သန့်စင်စေနိုင်ပါတယ် လင်းထိန်ပြီး လေဝင်လေထွက်ကောင်းသော အိမ်သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံပါတယ်

၇။ မိသားစုဝင်များအကြား အမြဲတမ်း ငြင်းခုံရန်ဖြစ်ခြင်းနှင့် မကောင်းသော စကားများ ပြောဆိုခြင်း

အိမ်တစ်လုံး၏ အကြီးမားဆုံးသော ကျက်သရေသည် ထိုအိမ်တွင် နေထိုင်သူများ၏ စိတ်နေစိတ်ထားနှင့် အပြောအဆိုပင် ဖြစ်ပါတယ် မိသားစုဝင်များ အချင်းချင်း အမြဲတမ်း ဆဲဆိုငြင်းခုံနေခြင်း၊ ကျိန်ဆဲခြင်း၊ "မရှိဘူး"၊ "မွဲပြီ" စသော အမင်္ဂလာစကားများကို နှုတ်မှ အမြဲထုတ်ဖော် ပြောဆိုနေခြင်းသည် မိမိတို့ကိုယ်တိုင် လာဘ်တိတ်စေရန် ဖိတ်ခေါ်နေခြင်းပါ
မကောင်းသော စကားသံများသည် အိမ်တွင်းရှိ ကောင်းသော စွမ်းအင်များကို ဖျက်ဆီးပစ်ပါတယ်

အိမ်တွင်း၌ မေတ္တာတရား ထားရှိပြီး အချင်းချင်း နားလည်မှုဖြင့် ဆက်ဆံပါ။ မနက်ခင်းအချိန်များတွင် ဘုရားပန်းရေချမ်း ကပ်လှူခြင်း၊ ပရိတ်တရားတော်များ ဖွင့်ထားခြင်းဖြင့် အိမ်တွင်းစွမ်းအင်ကို မြှင့်တင်ပါ။ အကောင်းမြင်သော စကားများ၊ မင်္ဂလာရှိသော စကားများကိုသာ ပြောဆိုသည့် အလေ့အကျင့်ကို မွေးမြူပါ။ မိသားစုဝင်များ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခြင်းသည် အိမ်၏ ကျက်သရေကို အမြင့်မားဆုံး ဖြစ်စေပါတယ်

အထက်ပါအချက်များကို ဂရုပြုရှောင်ကြဉ်ပြီး မိမိ၏ နေအိမ်ကို သန့်ရှင်းသပ်ရပ်စွာ ထားရှိခြင်း၊ ကိုယ်စိတ်နှစ်ပါး ကြည်လင်ရွှင်လန်းအောင် နေထိုင်ခြင်းဖြင့် လာဘ်လာဘများ တိုးပွားကာ စီးပွားရေး၊ လူမှုရေး ကိစ္စအဝဝတို့တွင် အောင်မြင်တိုးတက်လာမည် ဖြစ်ပါတယ်

Crd....

💠 Instock✔️ Half Flag ( အသားကောင်း )💐 Price..38500 mmkကြိုး 2ချောင်းအတွင်း 3 ကန့်ပါပါတယ် 🚚 ( မြို့ပေါင်း 250 ကျော် အိမ်ရ...
17/05/2026

💠 Instock

✔️ Half Flag ( အသားကောင်း )

💐 Price..38500 mmk
ကြိုး 2ချောင်း
အတွင်း 3 ကန့်ပါပါတယ်

🚚 ( မြို့ပေါင်း 250 ကျော် အိမ်ရောက်ငွေချေရပါသည်။ )


#အိတ်လက်လီလက်ကား

💠 Instockကြိုး ၂ ချောင်းပါ ခါးပတ်အိတ်✔️ Price..27500 mmk (အသားကောင်း)🚚 ( မြို့ပေါင်း 250 ကျော် အိမ်ရောက်ငွေချေရပါသည်။ )
17/05/2026

💠 Instock

ကြိုး ၂ ချောင်းပါ ခါးပတ်အိတ်

✔️ Price..27500 mmk (အသားကောင်း)

🚚 ( မြို့ပေါင်း 250 ကျော် အိမ်ရောက်ငွေချေရပါသည်။ )

လက်ချိတ်က ထည်ပီး လှနေလို့ဈေးကြီးမယ် မထင်နဲ့နော်တလုံးကို မြန်မာငွေ ၃၄၀၀၀ ကျပ်ထဲနဲ့Eain Shin Ma မှာ လက်လီ လက်ကားမှာလို့ရပီ...
17/05/2026

လက်ချိတ်က ထည်ပီး လှနေလို့
ဈေးကြီးမယ် မထင်နဲ့နော်
တလုံးကို မြန်မာငွေ ၃၄၀၀၀ ကျပ်ထဲနဲ့
Eain Shin Ma မှာ လက်လီ လက်ကား
မှာလို့ရပီနော်

အသားကောင်း Quality အာမခံ
ဈေးသင့်ပီး အကုန်မြန်တာမို့
အမြန်လေးတော့ မှာမှရမယ်နော်

💥 မြို့ပေါင်း ၂၀၀ ကျော် အိမ်ရောက်ငွေချေရတယ်နော် ချစ်တို့  ✔️ Instock  ပစွည်းအသင့်ရှိ🦋 Half Moon Bag      Quality ကောင်း💰...
12/05/2026

💥 မြို့ပေါင်း ၂၀၀ ကျော် အိမ်ရောက်ငွေချေရတယ်နော် ချစ်တို့

✔️ Instock ပစွည်းအသင့်ရှိ

🦋 Half Moon Bag
Quality ကောင်း

💰Price •• 36500 Ks

✔️ နက်/ဖြူ/သား/ညို/စိမ်း (၅)ရောင် ရပါမယ်

📱💬မှာယူလိုပါက page chatboxကနေ မှာယူလို့ရပါတယ်ရှင့်

📛Order Confirmed ပီးပါက
❌❌အရောင်ချိန်းခြင်း
❌❌အိတ်ဒီဇိုင်းလဲခြင်း မရပါရှင့်

Address

Yangon
Dagon
2015

Website

Alerts

Be the first to know and let us send you an email when Eain Shin Ma Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share