၀မ်ဖွန်း - Wan Phone

၀မ်ဖွန်း - Wan Phone ဒေသခံများနှင့်အတူ အကောင်းဆုံးပြည်တွင်းထွက်ပစ္စည်းများကို ရောင်းချပေးသွားမှာပါ။

13/09/2026

ရှမ်းဟင်းတခွက် အီမျှစ်ကြော်
မးစားဖူးသေးရင်အရသာမသိဘူးပေါ့
ရှမ်းတွေအတွက်တော့ ဒီဟင်းတခွက်နဲ့တင် အိုကေပြီ သတ်သတ်လွတ် အီမျှစ်ပလာချောင် အီမှစ်က မုန့်ညင်းကိုအချဥ်တည် အခြောက်ခံပြီးမှရလာတာပါရှင့် 🥬🥬🥬

11/09/2026

ကြည့်ရင်သာခနလေး ဟင်းချက်တာက တအားအချိန်ပေးရတာပဲ
ရာသီဥတုကပူ ဟင်းအ‌ငွေ့တွေကရိုက်နဲ့ နေ့တိုင်းဟင်းချက်ကျွေးတဲ့သူရှိရင် နေ့တိုင်းကျေးဇူးတင်စကားပြောသင့်တယ် 😇😇

ကိုယ်မချက်ပဲသူများချက်တာစောင့်စားမလားဆိုတော့လဲ အိမ်ကလူတွေဟင်းချက်လက်ရာက ကိုယ်ထက်ဆိုးတာတွေချည်းပဲ.......
ဟိုကရင် ချက်တဲ့ငါးတွေ ဖားတွေကလဲ မကြိုက်ပြန်ဘူး

ချက်ရအုံးမှာပေါ့ ငါ..........

09/09/2026

၀က်ခြေထာက်စွပ်ပြုတ် 🐽🐽🐽

ကုိယ်ချက် ကိုယ်ကြိုက် ကိုယ်ကောင်းပဲလေ
🐽🐽🐽

08/09/2026

အ၀ါရောင်စတေကာလေးတွေအကြောင်းပြောရမယ်ဆိုရင်တော့ ရင်ခုန်တာပေါ့ 😅😅

စျေးလျော့တယ်လေ 😅

ထိုင်းမှာနေတာ ဘယ်လောက်ကြာကြာခုထိ မြန်မာကျပ်နဲ့တွက်ပြီး၀ယ်နေတုန်းပဲ 😆

06/09/2026

နောက်နေ့မှ အမွေးပါတဲ့မုန့်ထပ်၀ယ်စားပြမယ်နော်

ဒီနေ့တော့ ပန်းကန်ဆေးဖော့တုံးလေးပဲအရင်စမ်းကြည့်ထားပါတယ်

ကြုံလို့တခုပြောပါအုံးမယ်
ထိုင်းတွေရဲ့ မုန့်အချိုတို့ ကိတ်မုန့်တို့က အရမ်းအရမ်း အရမ်းကိုမှ ချိုပါတယ်

မြန်မာပြည်မှာထက်ကိုအချိုပိုကဲပါတယ်
အဲ့ဒါတကယ်ပါ 😒😒

05/09/2026

အရုပ်လေးတွေ လုပ်ရတာလဲစိတ်ကလေးငြိမ်ပြီး အကုသိုလ်ကင်းတယ် 😌😌

ခုတေလာစိတ်၀င်တစားလုပ်မိတဲ့ အလုပ်လေးတခုပဲ

03/09/2026

ကျမရဲ့တနေ့တာကတော့ဟင်းချက်လိုက် အလုပ်ပြေးလုပ်လိုက်ပဲ

ဘာမှထူးထူးဆန်းဆန်းလဲမရှိနေဘူး

ယောက်ကျားသာမယူခဲ့ရင် ခုချိန်ဘာဖြစ်ပြီး ဘယ်ရောက်ပြီး ဘာတွေလုပ်နေမလဲ ကုိယ်ကိုကိုယ်တွေးမိတယ်

သေချာတာတခုကတော့ ပိတ်ရက်ဆိုတနေကုန်အိပ်မိမှာပဲ
ခုကလေးအမေကျတော့ နားရက်မရှိဘူးနော်

ယောက်ကျားမရခင်ကတော့ မယူနဲ့ပြောတဲ့ စီနီယာတွေ ကလေးထိန်းဆိုတာ နားရက်မရှိတာကျကြိုမပြောဘူးနော်ယူတို့ 🫩🫩

01/09/2026

ရွှေဖရုံသီး ကြက်ဥကြော်
ထိုင်းတွေက ဖရုံသီးက်ုဆိူမချက်စားကြဘူး ကြော်စားကြတာများတယ် ဒီလိုကြက်ဥနဲ့ကြော်တာကတော့ ထိုင်းတခါပြင်ထမင်းဆိုင်တွေမှာလဲတွေ့ရတတ်ပါတယ်

29/08/2026

ကလေးတွေနဲ့ဆေးချယ်တဲ့နေ့လေးပေါ့
Screen Time မများအောင်လို့ကြံဖန်ဆော့ပေးရတာပါပဲ
ဒီတခေါက်တော့ ကလေးတွေကိုယ်တိုင်လုပ်တဲ့အရုပ်လေးတွေကိုသူတို့ကိုယ်ပိုင်စိတ်ကူးလေးနဲ့အရောင်ချယ်ကြတာ ကလေးတွေလဲစိတ်၀င်စားကြတယ် ဒီဗီဒီယိုမှာဘာမှထွေထွေထူးထူးတော့မပါပါဘူးရှင့်

26/08/2026

ကြက်အချိုချက်လေး ချက်စားကြမယ်
ကလေးရှိရင် ဒီလိုလေးချက်ကျွေးကြည့်နော်

ကလေးတွေကတော့အရမ်းကြိုက်ပါတယ်

Address

Dawbon

Website

Alerts

Be the first to know and let us send you an email when ၀မ်ဖွန်း - Wan Phone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share