ChoCo Baby Store&Thrift Shop

ChoCo Baby Store&Thrift Shop ChoCo Baby Store & Thrift Fashion
ကန်တောင်ပိုင်း/ရွှေကမ္ဘာဝင်းဆိုင်တန်း

📱☎️09454923303🤙🤙
📱☎️09781601110🤙🤙
📱☎️09960208690🤙🤙

09/11/2022
ဘေထုပ်ဝတ်တာရှက်စရာလား…(ဖတ်ရူ့ချိန် ၄ မိနစ်)ဟော.. ဟိုကောင်မလေးဝတ်ထားတာ ပုံပုံစတိုးကအင်္ကျီပဲ(လမ်းဘေးမှာပုံရောင်းတဲ့ဘေထုပ်...
19/01/2021

ဘေထုပ်ဝတ်တာရှက်စရာလား…
(ဖတ်ရူ့ချိန် ၄ မိနစ်)

ဟော.. ဟိုကောင်မလေးဝတ်ထားတာ ပုံပုံစတိုးကအင်္ကျီပဲ
(လမ်းဘေးမှာပုံရောင်းတဲ့ဘေထုပ်သည်ကိုပုံပုံစတိုးလို့
ခေါ်ခြင်းဖြစ်ပါတယ်) အဲ့လိုစလိုက်ရင်ငယ်ငယ်က
အော်ငိုပြီးအမေကိုပြဿနာရှာဖူးကြလား?
ကျွန်မကတော့ငယ်ငယ်ကအဲ့လိုစခံရရင်အရမ်း
ရှက်တတ်တယ်။ ဘာလို့လဲဆိုတော့ ဘေထုပ်ဝတ်တာကို
ရှက်စရာတစ်ခုလို့မြင်နေလို့ဖြစ်ပါတယ်။
ဒါပေမဲ့အခုနောက်ပိုင်းတော့ မရှက်တော့ပါဘူး ကိုယ်ဝတ်ထားတဲ့အဝတ်အစားပေါ်ကိုလဲ ဘေ လား Showroom
ကလားဘယ်သူမှတကူးတကလိုက်ကြည့်နေမှာမဟုတ်ဘူးထင်တယ်လေနော်။ ဒါ့ကြောင့်ဒီနေ့မှာတော့ဘေထုပ်
ဝတ်တာရှက်စရာမဟုတ်ဘူးလို့လက်ခံလို့ရတဲ့အကြောင်း
လေးတွေကိုပြောပြပေးသွားပါမယ်နော်။

1.အဟောင်းထည်တွေကိုဝတ်ဆင်ခြင်းက စွန့်ပြစ်
ပစ္စည်းတွေကိုလျှော့ချရာရောက်ပါတယ်။
ဟုတ်ပါတယ် လက်ရှိကမ္ဘာလူဦးရေက 7.8 Billion
အထိတိုးပွားလာပါတယ်။ဒီလိုတိုးပွားလာတာနဲ့အတူ အဝတ်အထည်လိုအပ်မှုကလဲပိုများလာပါတယ်။
ဒါ့ကြောင့်ထုတ်ကုန်ပစ္စည်းအသစ်တွေကိုသာ
ဆက်လက်မှီခိုနေမယ်ဆိုရင်ကျွန်မတို့ကမ္ဘာကြီးက
ဘယ်လိုမှ အသက်ရှုချောင်မှာမဟုတ်ပါဘူးရှင့်။
အမေရီကန်ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်
ရေးအဖွဲ့ (EPA)ရဲ့အဆိုအရ တစ်နှစ်မှာတစ်ကမ္ဘာလုံး
အတိုင်းအတာအရ အဝတ်စွန့်ပြစ်မှုဟာ တန်ချိန် ၁၀
သန်းကျော်တောင်ရှိပါတယ်တဲ့။ ဒါဟာတစ်နှစ်လူ
တစ်ယောက်မှာ ပေါင် ၆၀ ဝန်းကျင်အဝတ်တွေစွန့်
ပြစ်နေပါတယ်။ဒီတော့ဘေထုပ်တွေကိုပြန်ဝတ်ဆင်
လိုက်ခြင်းက ကျွန်မတို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ
ရောက်တယ်လို့ ပြောလို့ရပါတယ်။

2. စက်ရုံများတိုးပွားလာမှုကိုထိန်းသိမ်းရာရောက်ပါတယ်။
တိုးတက်မှုတိုင်းမှာဆုတ်ယုတ်မှုရှိတယ်ဆိုတဲ့စကား
ကလဲမမှားပါဘူး။ နိုင်ငံတိုင်းမှာ အဝတ်အထည်
စက်ရုံတွေကမိူလိုပေါက်နေတာပါပဲ။
အဲ့ဒီကထွက်တဲ့စွန့်ပြစ်ပစ္စည်းတွေကို ကျွန်မတို့ဘယ်လိုပုံစံ
နဲ့လျှော့ချသင့်ပါသလဲ? အထိရောက်ဆုံးနည်းလမ်း
ကတော့ Recycle ပြန်လုပ်သင့်တာပါ။ နှစ်တစ်နှစ်မှာ
ဖိနပ်နဲ့ အထည်အလိပ် ထုတ်လုပ်မှုကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု ၅ % တိုးလာတယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ဘေထုပ်အဝတ်အထည်တွေဟာကျွန်မ
တို့ကမ္ဘာကြီးကိုတစ်ဖက်တစ်လမ်းက အကျိုးပြုရာ
ရောက်ပါတယ်။

3. ဘေထုပ်အထည်တွေဟာ ကမ္ဘာပေါ်ရှိ မြေကြီးနဲ့ရေအရင်းအမြစ်ကိုထိန်းသိမ်းရာရောက်ပါတယ်။
ဒီလိုပြောလို့ဘာမှမဆိုင်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်။
ဒါပေမဲ့တိုက်ရိုက်သက်ဆိုင်တဲ့အကြောင်းအရင်းရှိပါတယ်။ အဝတ်အထည်တော်တော်များများရဲ့ကုန်ကြမ်းက
ဝါဂွမ်းကနေလာတာပါ။ တစ်နှစ်မှာဝါဂွမ်းစိုက်ပျိုးမှု
အတွက်မြေ ၂.၅ % အသုံးပြုရပါတယ်။ ဒါပေမဲ့ ပိုးသတ်
ဆေးအသုံးပြုမှုမှာတော့ ၁၆% အထိအသုံးပြုနေရပါတယ်။
အဲ့ဒီဓာတုပစ္စည်းအားလုံးက ရေအရင်းအမြစ်ထဲကိုရောက်
သွားကြတာပါပဲ။ ဒါ့ကြောင့် ရေအရင်းအမြစ်ကိုထိန်းသိမ်းရာရောက်တယ်ဆိုတဲ့အဖြေဟာ မှားမယ်မထင်ပါဘူးရှင့်။

4.ငွေကိုခြွေတာရာရောက်ပါတယ်။
ဒီစျေးနဲ့ဘေထုပ်ဝယ်တော့မလား အသစ်ပဲဝယ်မှာပေါ့
ဆိုတဲ့စကားသံတွေကြားဖူးကြမှာပါ။ ဒါပေမဲ့ ဘေထုပ်
မှာလဲအစားစားရှိပါတယ်။ တကယ့် Quality တွေကိုစျေး
ပေါပေါနဲ့ပြန်လည်ဝတ်ဆင်နိုင်တာတွေလဲရှိပါတယ်။ Admin ကိုယ်တိုင်လဲ ကိုယ့်မှာရှိတဲ့ငွေကို နိုင်သ
လောက်ပဲအသုံးချပြီး အသစ်တွေဝယ်ဝတ်ပါတယ်။
ဒါပေမဲ့ရေရှည်မှာ ဘေထုပ်လောက်တောင်ပုံမလာတာမျိုး
Branded မဖြစ်တာမျိုး တစ်ခါဝတ်ပြီးမဝတ်ချင်တော့တာမျိုးဖြစ်တတ်ပါတယ်။ ဒီတော့ စျေးပေါပေါနဲ့ အသစ်တွေဝယ်ဝတ်ပြီးလွှင့်ပြစ်မလား ၊ ဘေထုပ် Grade A Quality တွေကိုပဲ ပေါချောင်ကောင်းဝယ်ဝတ်များကိုယ်တိုင်စဉ်းစားလို့
ရပါတယ်။
ကဲဒီတော့ မင်မင်လဲစာရေးရတာ လက်တော်တော်ညောင်းသွားပါပြီ။ Second ဆိုတာနေရာတိုင်းမှာရှိပါတယ်။
အခုဆို ဖုန်းတောင် Second Hand လေးကိုပေါချောင်းကောင်း ဝယ်ကိုင်နိုင်ရင် ကြံဖန်ဂုဏ်ယူနေတတ်ကြသေး
တာအဝတ်အစားကြမှရှက်စရာမလိုဘူးထင်ပါတယ် :3 ။
ကဲ ဒီတော့ဘေထုပ်ဝတ်တာရှက်စရာမဟုတ်ဘူး
ဆိုတာကိုပြောကြားရင်း ပြည်ထောင်စုသမ္ဓတ
ဘေထုပ်နိုင်ငံတော်ကြီးထူထောင်လိုက်ကြရအောင်နော်။ :P😛😛😛

Vintage

26/11/2020

ဘောင်းဘီရှည်တေ အသစ်ထပ်ရောက်မယ်နော်😊
#အသစ်ဖောက်ရင်မပြောလို့ဆိုပီးစိတ်ဆိုးကြနက်😍

23/10/2020

မိုးချုပ်တဲ့ထိ အထည်တွေအများကြီးလာအားပေးသွားကြတဲ့ sis လေးတွေကျေးဇူးအများကြီးတင်ပါတယ်နော်😍😍😍😍
မင်မင်လဲခုမ နားရတယ် post အသစ်လေးတွေတော့ မနက်ဖြန်မှတင်ပါ့မယ်နော် စောင့်နေတဲ့သူလေးတွေကို sorry ပါလို့😊😊😊

21/10/2020

AK လက်ရှည်ပါးလေးတွေတင်ရမလား😇
ယုန်မွှေးထူတွေတင်ရတော့မလား😇
ဘယ်ဟာပိုစိတ်ဝင်စား​ကြပါသလဲရှင်😁😁

ဂါဝန်လေးတွေပါရှင် 😍😍ဆိုင်ခန်းမဖွင့်ရသေးလို့ photo အဆင်မပြေခဲ့ရင် sorry ပါနော်ကြိုက်ရင် hello လုပ်လိုက်ပါနော်😊☎📱📱
18/10/2020

ဂါဝန်လေးတွေပါရှင် 😍😍
ဆိုင်ခန်းမဖွင့်ရသေးလို့ photo အဆင်မပြေခဲ့ရင် sorry ပါနော်
ကြိုက်ရင် hello လုပ်လိုက်ပါနော်😊☎📱📱

Address

Gangaw
04214

Telephone

+959454923303

Website

Alerts

Be the first to know and let us send you an email when ChoCo Baby Store&Thrift Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ChoCo Baby Store&Thrift Shop:

Share