GBK Book shop

GBK Book shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GBK Book shop, Book shop, Gyobingauk.

01/10/2024
11/05/2024
အမျိုးသမီးများကို ဖတ်စေချင်သော စာအုပ် ၂အုပ်--------------------------------------------"သူမ" နဲ့ "သူ့လိုမိန်မ"အထက်တန်းစာ...
28/02/2024

အမျိုးသမီးများကို ဖတ်စေချင်သော စာအုပ် ၂အုပ်
--------------------------------------------
"သူမ" နဲ့ "သူ့လိုမိန်မ"

အထက်တန်းစားမိန်းမ ဖြစ်ချင်ရင် အခုလို အိမ်အလုပ်တွေ လုပ်တတ်လို့ မိန်းမပီသလှပြီရယ်လို့ အထက်တန်းစား ဖြစ်မယ်မထင်နဲ့ ။

မိန်းမဆိုတာ ကြောက်သင့်မှ ကြောက်ရမယ် ၊ ရှက်သင့်မှ ရှက်ရမယ် ။

တကယ့်မိန်းမ ဖြစ်ချင်ရင် မိန်းမအမူအယာ နဲ့ ယောကျာ်းစိတ် ရှိရမယ် ။ နားလည်ရဲ့လား ။ ယောကျ်ားအမူအရာနဲ့လည်း မိန်းမစိတ် ရှိရမယ် ။

အဲ့လိုမှ မရှိရင် အဲဒီမိန်းမဟာ ‌ေသရောပဲ ၊
အရှင်လတ်လတ်နဲ့ အသုံးမ၀င်ဘဲ ‌ေသတာကို ပြောတာ။

ဘာအဖိုးတန်သလဲ...

မိန်းမကလဲ ဖြစ်ရပြန် ၊ ကိုယ့်ကိုယ်ကိုယ်လဲ နောက်ပြန်ဆွဲနေပြန်ပြီဆိုရင် ခပ်လည်လည် ခပ်ပွေပွေယောကျာ်းမျိုးရရင် ဒူးနဲ့မျက်ရည် သုတ်နေရပြီပဲ ။

#ဂျာနယ်ကျော်မမလေး
#သူလိုမိန်းမ

သူမ-၈၀၀၀ကျပ်
သူ့လိုမိန်းမ-၅၀၀၀ကျပ်

သဘောကျ ဖတ်ရှုလို၍ မှာယူလိုပါက page cbတွင် မှာယူနိုင်ပါတယ် 🌹

သက်ငယ်မုဒိန်းအမှုပေါင်း ၁၀၀ မှာ ၁၂ ယောက်ဟာ "ဖခင်" တွေဖြစ်ကြတယ်၁၀၀ မှာ အယောက် ၈၀ ဟာ အသိထဲကဖြစ်တယ်"သူစိမ်းတွေခေါ်ရင်မလိုက်...
28/02/2024

သက်ငယ်မုဒိန်းအမှုပေါင်း ၁၀၀ မှာ
၁၂ ယောက်ဟာ "ဖခင်" တွေဖြစ်ကြတယ်

၁၀၀ မှာ အယောက် ၈၀ ဟာ အသိထဲကဖြစ်တယ်

"သူစိမ်းတွေခေါ်ရင်မလိုက်နဲ့"လို့သင်ပေးပေမယ့်
ရင်းနှီးသူတွေလက်ထဲကျ
ကိုယ်တိုင်ထည့်ပေးမိတတ်တယ်...

- အဖိုးကမြေးကို
- အဖေကသမီးကို
- ပထွေးက မယားပါသမီးကို
- အကိုကညီမကို ဖြစ်နေတတ်ကြတယ်...

- Tom ကောင်မလေးကို
- သီလရှင်ကို
- မသန်စွမ်းကို
- ဆွံအနားမကြားကို
- စိတ်ဝေဒနါသည်ကို ပစ်မှတ်ထားလာကြတယ်...

အကယ်၍ သားယောက်ျားလေးဖြစ်နေတာတောင်မှ
အာသာပြေချင်လို့ ဆွဲဆောင်ခံလိုက်ရတဲ့
ကောင်လေးတစ်ယောက်အကြောင်းလည်း
ဒီစာအုပ်ထဲမှာပါတယ်...

- မိဘမဲ့ဂေဟာက ကလေးတွေ
- အိမ်ဘေးကအဖိုးကြီးတစ်ယောက်နဲ့
ဖအေမအေတွေက စိတ်ချလို့ထားခဲ့တဲ့ကလေးတွေ
- မုန့်ဖိုးတွေပေးပေးတတ်တဲ့ ရွာလူကြီး
- စစ်ဘေးရှောင်ကလေးတွေ
- နိုင်ငံခြားမှာအလုပ်လုပ်မလားဆိုပြီး လိင်ကျွန်ဖြစ်သွားတာတွေ ဘယ်လောက်တောင်များနေပြီလဲ...

- သားမွေးထားသည်ဖြစ်စေ
- သမီးလေးမွေးထားသည်ဖြစ်စေ

မုဒိန်းကောင်တွေဖြစ်မသွားဖို့နဲ့
မုဒိန်းအကျင့်မခံရဖို့အတွက်
ကိုစိုးထိုက်ဟာ ရင်တွေအကွဲခံပြီး
ရေးထားပုံရတယ်...

ဘယ်လိုစိတ်နဲ့ကြိုးစားရေးတယ်တော့ မသိပေမယ့်
ဖတ်ရသူအဖို့ကတော့ ၁၅၇ မျက်နှာသာရှိသော
ဒီစာအုပ်ပါးပါးလေးကို အဆုံးထိမဖတ်နိုင်ဘူး

တချို့နေရာမှာ ရင်တွေပူလောင်နေတယ်
တချို့နေရာမှာ တောက်ခေါက်မိတယ်
တချို့နေရာမှာ ဒါလားဗုဒ္ဓဘာသာတွေဆိုပြီး
ဖြစ်မိတယ်...

အရွယ်မရောက်သေးတဲ့ကလေးတွေ
လက်တည့်မစမ်းမိဖို့သော်လည်းကောင်း
အစမ်းသပ်ခံရသူဖြစ်မလာဖို့သော်လည်းကောင်း
S*x Education ဟာမဖြစ်မနေလိုအပ်နေပြီလို့
"ကျွန်တော်နှင့်ပန်းကလေးများ" စာအုပ်က
ထောက်ပြလို့နေပြီ...

- ခယ်မပါရင်တော့နှိပ်တာပဲ
- ဂေါင်ထိအကုန်စားကွာ
- ယောက်ျားဆိုတာစုံမှကွ
- မင်းစော်မင်းမစားရသေးဘူးလား
- မင်းစော်နဲ့တောင်မအိပ်သေးရင်လူညံ့ပဲ
စတဲ့စကားလုံး ဘယ်အတိုင်းအတာထိ
တွန်းပို့သွားသလဲဆိုတာ ဒီစာအုပ်မှာတွေ့ရမယ်...

- ငါတို့ဘုန်းကြီးကို ဒီကောင်မကဆွဲဆောင်တာ
- လုံလုံခြုံခြုံမဝတ်လို့ မုဒိန်းအကျင့်ခံရတာပေါ့
- သူ့ကိုလုပ်တဲ့ကောင်က HIV ရှိတယ်
သူ့ကျမရှိဘူးဆိုတော့ တခြားကောင်တွေနဲ့
အိပ်နေတာမို့လို့ပေါ့
- မုဒိန်းအကျင့်ခံရတဲ့ ကောင်မရွာပြန်လာရင် ရွာနာတယ်
စတဲ့ Victim Blaming စကားလုံးတွေနဲ့ပဲ
ဆက်ပီးထိုးနှပ်နေဦးမှာလား...

သက်ငယ်မုဒိန်းဆိုလို သက်ပြည့်သွားရင်ရော မုဒိန်းမှုမမြောက်ဘူးလို့ ယူဆလို့ရသလား...

Facebook မှာတွေ့ကြိုက်ပြီး ဟော်တယ်ရောက်၊ ဗိုက်လည်းရရော ရအောင်လုပ်တဲ့သူက ကိုယ့်ကို ယူမယ်လို့များ ထင်နေသလား...

ကိုယ်က အတူတူနေတဲ့ s*x tape တွေ ရိုက်ခွင့်ပြုပြီး၊ ကွဲလည်းကွဲရော သူက ဖြန့်မယ်ဆိုရင် ဘယ်လိုလုပ်ကြမှာလဲ...

- မှန်ကန်တဲ့ S*x Education ဆိုတာဘာလဲ?
- ဒါမျိုးတွေမကြုံအောင် ဘယ်လိုသတိထားမလဲ?
- ထားတဲ့ကြားက ကြုံလာရင်ရော ဘယ်လိုစိတ်ဓာတ်နဲ့ ကျော်ဖြတ်မလဲ?
ဒီမေးခွန်းအတွက် ဒီစာအုပ်မှာ အဖြေရှိတယ်။

- မုဒိန်းမှုဖြစ်ရင် ကျူးလွန်သူကို သေဒဏ်ပေးလို့ရလား..
- တစ်ရှက်ကနေ နှစ်ရှက်ဖြစ်မှာစိုးလို့ ငွေပေးပြီးကြေအေးလို့ရော ရလား...
- မုဒိန်းကျင့်သူက အတည်ယူပါမယ်ဆိုလို့ ကိုယ့်သမီးကို မုဒိန်းကျင့်သူလက်ထဲ ထည့်ပေးလိုက်လို့ရရောလား...
အဲ့အကြောင်းတွေ ဒီစာအုပ်မှာရေးထားပေးတယ်...။

ရင်မောစရာအဖြစ်အပျက်တွေကို၊ အတိုဆုံးသောစာကြောင်း ကျစ်ကျစ်လစ်လစ်နဲ့ ရေးထားတဲ့ ဒီစာအုပ်
ဖတ်ကြည့်ဖို့ တန်ကြောင်း အာမခံလိုက်ပါတော့တယ်...
စာအုပ်တန်ဖိုး 8000ကျပ်
messagerမှတဆင့်ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

#ကိုစိုးထိုက်ဖဒို
#ကျွန်တော်နှင့်ပန်းကလေးများ

09/01/2023

ဝေ့ရဲ့ခုမှစထောင်တဲ့ book gp လေးမို့အားပေးကြပါအုံးရှင့်.....😘😘😘
လိုချင်တဲ့စာအုပ်လေးတွေရှိရင်လည်းcb ကနေတဆင့်လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်

Address

Gyobingauk

Website

Alerts

Be the first to know and let us send you an email when GBK Book shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category