04/09/2026
EverFit KED or EverFit KEB မဝယ်ထားဘူး …
ဘတ်ဂျက်အရ မဝယ်ချင်ဘူးဆို ….
လာပါ …. အိမ်မှာ မိနစ် ၃၀-၄၅ ပေးရုံနဲ့ ဘယ်မှသွားစရာမလို အချိန်မရွေး Kegel freehand exercise လေ့ကျင့်လို့ရပါပြီနော် 💓
အက်မင်တို့အနေနဲ့ မိမိပစ္စည်းဝယ်လိုရေးကအဓိကမဟုတ်ပါဘူး ….
အများသူငါ ကျန်းမာမယ် အကျိုးရှိမယ်ဆို ငွေမကုန် အကျိုးရှိ tips လေးတွေ ဝေမျှချင်ပါတယ် 💓
၁. ပက်လက်အိပ်ပြီး relax ထားပါ …
Exhale , Inhale ဆိုတဲ့ ဝင်သက် ထွက်သက်လေး ကိုလုပ်ချိန် မိမိ မိန်းမကိုယ်မာဆယ်လေးကို ညှစ်ပါ …
ညှစ်ထားပါ ၅-၁၀ စက္ကန့် .. ပြီးမှ ပြန်ဖြေလျော့ပါ …
အကြိမ်ရေ ၃၀ ကို ၃ ကျော့ လုပ်ပါရှင် 🌷
၂. Bridge လို့ခေါ်တဲ့ exercise ပါ ..
ဒူးလေးထောင်ပါ … ခါးလေးမြှောက်ပါ … မြှောက်တဲ့ချိန် ၅-၁၀ စက္ကန့်လောက် မွေးလမ်းမာဆယ်လေး ညှစ်ထားပေးပါ … ပြီးမှ ပြန်ဖြေလျော့ပါ …
အကြိမ်ရေ ၃၀ ကို ၃ ကျော့ လုပ်ပါရှင် 🌷
၃. လေးဘက်လေးကုန်းချိန် ခါးကိုခွက်ထားပါ .. ခါးခွက်ချိန် ဝင်လေ အဝရှုသွင်းပါ ..
ခါးကို ပုံပါအတိုင်း ကုန်းချိန် ထွက်လေ မှုတ်ထုတ်ပါ … မှုတ်ထုတ်ချိန် ဝမ်းဗိုက်ကိုညှစ်ပါ မွေးလမ်းမာဆယ်ကို အာရုံထားညှစ်ပါ …
၅-၁၀ စက္ကန့်လောက် မွေးလမ်းမာဆယ်လေး ညှစ်ထားပေးပါ … ပြီးမှ ပြန်ဖြေလျော့ပါ …
အကြိမ်ရေ ၃၀ ကို ၃ ကျော့ လုပ်ပါရှင် 🌷
၄. ခြေနှဘက်ကို V ပုံစံကားထားပါ …
ဝင်လေ ထွက်လေ အဓိကမှတ်ချိန် မွေးလမ်း မာဆယ်ကို ညှစ်ပါ …
၅-၁၀ စက္ကန့်လောက် မွေးလမ်းမာဆယ်လေး ညှစ်ထားပေးပါ … ပြီးမှ ပြန်ဖြေလျော့ပါ …
အကြိမ်ရေ ၃၀ ကို ၃ ကျော့ လုပ်ပါရှင် 🌷
၅. တင်ပခွေထိုင်ပါ … ဝင်လေ ထွက်လေ အဓိကမှတ်ချိန် မွေးလမ်း မာဆယ်ကို ညှစ်ပါ …
၅-၁၀ စက္ကန့်လောက် မွေးလမ်းမာဆယ်လေး ညှစ်ထားပေးပါ … ပြီးမှ ပြန်ဖြေလျော့ပါ …
အကြိမ်ရေ ၃၀ ကို ၃ ကျော့ လုပ်ပါရှင် 🌷
၆. နံရံဖြစ်စေ စားပွဲဖြစ်စေ အနားမတ်တပ်ရပ်ပါ …
ခြေဖျားထောက်ချိန် ဝင်လေရှုပါ … ထိုအချိန် မွေးလမ်းမာဆယ် ညှစ်ပါ
၅-၁၀ စက္ကန့်လောက် မွေးလမ်းမာဆယ်လေး ညှစ်ထားပေးပါ … ပြီးမှ ခြေဖျားပြန်ချပြီး ထွက်လေဖြေလျော့ပါ …
အကြိမ်ရေ ၃၀ ကို ၃ ကျော့ လုပ်ပါရှင် 🌷
ကဲ ငွေမကုန် အကျိုးရှိ နောက်လေထွက်လဲသက်သာမယ် ဆီးဝမ်းထိန်းနိုင်မယ် …..
လွယ်ကူတဲ့အပြင် တကယ်ကို ထိရောက်ပါတယ်နော် 💝