04/08/2025
ဧရာဘဏ်သို့ မြန်မာနိုင်ငံသားတိုင်း စစ်မှန်သော နိုင်ငံသားဆိုင်ရာအခွင့်အရေး၊ လုံခြုံမှု နှင့် မလိုလားအပ်သည်များကို ကာကွယ်မှုရရှိစေရန် သိရှိနားလည်သင့်သည့် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်(NRC)၊ ကိုယ်ရေးအချက်အလက်များနှင့်ပတ်သက်ပြီး ဗဟိုဘဏ်မှ ညွှန်ကြားချက်များကို ယခင်ပို့စ် Link >> https://www.facebook.com/share/p/1Ay9bexxpx/?mibextid=wwXIfr နဲ့ မျှဝေပြီးဖြစ်ပါသည်။ ဧရာဘဏ်မိတ်ဆွေများ သတိပြုမိစေရန် ထပ်ဆင့်မျှဝေဖော်ပြလိုက်ပါသည်။
(၁) မျှဝေခြင်းမပြုနှင့်
နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် (NRC) ဖြစ်စေ ကိုယ်ရေးအချက်အလက်များဖြစ်စေ တရားမဝင်သော App, Website, ဘဏ် (သို့) ငွေကြေးအဖွဲ့အစည်းများနဲ့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများသို့ အကြောင်းကြောင်းကြောင့် ပေးပို့မိခြင်း၊ ဖြည့်စွက်မိခြင်းများကြောင့် အမှတ်မထင် မျှဝေမိကာ မသမာသူများမှ မိမိရဲ့ အချက်အလက်များကို ခိုးယူအလွဲသုံးစားပြုလုပ်လာနိုင်ပြီး မိမိအား ၄င်းတို့၏လုပ်ငန်းစဥ်များထဲသို့ ပါဝင်ပတ်သက်စေနိုင်တာကြောင့် မျှဝေသောအခါ သေချာစွာစိစစ်သင့်ပါတယ်။
(၂) ကတ်အတုမသုံးနှင့်
နိုင်ငံသားစိစစ်ရေးကတ် (NRC) အတု သုံးစွဲခြင်းသည် ရာဇဝတ်မှုမြောက်ပါသဖြင့် ဥပဒေအရ စစ်ဆေးအရေးယူခြင်း ခံရနိုင်ရုံသာမက နိုင်ငံတော်လုံခြုံရေးပါ ထိခိုက်နိုင်သောကြောင့် မသုံးစွဲသင့်ကြောင့် အသိပေးလိုက်ရပါတယ်။
(၃) မိတ္တူဆွဲ၍ ပေးအပ်ခြင်းမပြုနှင့်
မသမာသူများမှ ၄င်းတို့၏လုပ်ငန်းစဥ်များတွင် မိမိ၏မှတ်ပုံတင် (NRC) နဲ့ ကိုယ်ရေးအချက်အလက်များကို အလွဲသုံးစားပြုလုပ်နိုင်ခြင်း၊ ၄င်းတို့၏ ကိုယ်ရေးအချက်အလက်များအစား မိမိ၏ ကိုယ်ရေးအချက်အလက်များနဲ့ အစားထိုး ဖုံးကွယ်ထားနိုင်ခြင်းတို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ် (NRC) (မိတ္တူ) ကို မလိုအပ်ဘဲ မိတ္တူဆွဲခြင်း၊ မသက်ဆိုင်သောသူများကို မျှဝေမိခြင်းများ မပြုလုပ်ရန် ဂရုပြုသင့်ပါတယ်။
နိုင်ငံသားစိစစ်ရေးကတ် (NRC) ကို ကောက်ရ/ တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးသို့ သွားရောက်အပ်နှံရမှာဖြစ်ပြီး ပျောက်ဆုံးပါက နီးစပ်ရာ ရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနရုံးသို့ မိတ္တူထုတ်ပေးခွင့်ကို ကိုယ်တိုင်လျှောက်ထားရမှာဖြစ်ပါတယ်။
ထိုကြောင့် မိမိကိုယ်တိုင်၊ မိမိ၏မိသားစုနဲ့ နိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရန်အတွက် နိုင်ငံသားစိစစ်ရေးကတ် (NRC) အစစ်အမှန်သာသုံးစွဲပြီး မိမိကိုယ်ရေးအချက်အလက်များကို ဂရုပြုထိန်းသိမ်းသင့်ကြောင်း မျှဝေလိုက်ရပါတယ်။
စိတ်ချယုံကြည် ဧရာဝတီ - Your Trusted Partner