ACA November

Directions

ACA November Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ACA November, Shopping & retail, Hlegu.

စမ်းချောင်းပိတ်မိနေသူများ +9517536509 US သံရုံး ဖုန်းနံပါတ်ပါ။ ပိတ်မိနေတဲ့သူတွေ အဲ့ဒီဖုန်းဆီဆက်ပြီး အကူအညီတောင်းပါ။ MM p...
08/03/2021

စမ်းချောင်းပိတ်မိနေသူများ +9517536509 US သံရုံး ဖုန်းနံပါတ်ပါ။ ပိတ်မိနေတဲ့သူတွေ အဲ့ဒီဖုန်းဆီဆက်ပြီး အကူအညီတောင်းပါ။ MM plaza တုန်းက သူတို့ထုတ်ပေးတာပါ။

Shopping & retail

08/03/2021

အချို့ကပွဲကလှပြီ ဆိုပြီးရေးနေလို့

ရွှေတိဂုံဘုရားဂေါပက ဦးလေးကြီး
သေတာ မကောင်းဘူးဗျ....

အဲ့တာလောင်စာလောင်းတယ် ခေါ်တယ်...

ဦးလေးကြီးသားက စစ်သားဗက မ55က

အခုအချိန်မှာ....ဘာမှန်းမသိပဲ...
အသတ်ခံရ ရင်...

ဘယ်သူကသတ်တာဘာညာ လာဦးမှာ..
ပြီးတော့....မီးလောင်ရာကိုလေပင့်လိုက်တာ....
ဆီလောင်းလိုက်တာ...

ပြည်သူကသတ်ပါတယ် ပဲ ဖြစ်ဦးမှာ...

တပ်မိသားစုဝင်တွေကို...အခုအချိန်အထိပြည်သူက
ဘာတိုက်ခိုက် မှုမှ မလုပ်သေးဘူး...
Social Punishment ပဲလုပ်ထားသေးတာ....

အခုလို...အသတ်ခံလိုက်ရတာကို...
နှစ်ဖက်စလုံးက စွတ်စွဲလိမ့်မယ်...

ပြီးရင် အဲ့ဗက က...သေနတ်ကိုင်ပြီး...
လူရှေ့ပြန်ထွက်လာမှာ...

သူ့ခေါင်းထဲ...တရားခံကိုဘယ်လိုရှာလာမလဲမသိဘူး..
သူဘယ်သူပြောတာယုံမလဲမသိဘူး...

အဲ့အချိန်မှာ....သူ့လက်ညိုးက...
တော်တော်လေးစကားပြောသွားလိမ့်မယ်...
ကြောက်စရာပြောတာမဟုတိဘူး...

ကျနော်တို့ ....
သတိထားရတော့မှာက.....
ဒီပွဲကို မီးကုန်ရမ်းကုန်ယမ်းစေချင်တဲ့သူရှိနေပြီ
ဆိုတာသိရမှာ......

မရမ်းရင်တောင်...ရမ်းအောင်...
တစ်ခုပြီးတစ်ခု လုပ်တော့မှာ.....

ဒီဗက မှ မဟုတ်ဘူး....
တပ်ဘက်က...အများကြီး ဒီထက်ပိုဝုန်းဒိုင်းကြဲလာအောင်.....လုပ်ကြတော့မှာ...
အဲ့တာကိုဆူးတွေရိုက်ထည့်တယ် ခေါ်တယိ...

ကျနော်တို့ကိုဆူးတွေကရိုက်ထည့်ပြီးသား...
အခုက...တစ်ဖြည်းဖြည်းနဲ့ ပျော့ပြောင်းလာတော့မယ့်
ဘက်ပြောင်းလာတော့မယ့်...ရဲတွေတပ်ဘက်ကလူတွေ
ရင်ထဲကို....သပ်တွေရိုက်ထည့်လိုက်တာ...

ဗက နှစ်ယောက်နဲ့ ရဲတော်တော်များများ CDM ပြီးမှ...
ဒါဖြစ်တာ.....
အဲ့တာကို သတိထားရလိမ့်မယ်...

ကျနော်တို့အမှုမှန်ပေါ်ပေါက်အောင်လုပ်ရလိမ့်မယ်..

တစ်ကယ်ပဲ ဘုရားက...ကားတွေလာတောင်းတာလား..
CCTV ရှိလား...ကြည့်ရတော့မယ်
လုပ်ဖော်ကိုင်ဖက်တွေကိုမေးရတော့မယ်...
လုပ်ဖော်ကိုင်ဖက်တွေမှာလညး် အန္တရာယ်ရှိလာတယ်...

တစ်ကယ်သော့လာတောင်းတာဘယ်သူ...
နောက်ဆုံးဘယ်လိုပြန်တယ်..
ဘာနဲ့ပြန်တယ်...
အဲ့တာတွေကို...စဥ်းစားပေးကြရလိမ့်မယ်...

ဗက ကလည်း...ခေါင်းအေးသွားတဲ့အခါ...
စဥ်းစားသင့်တယ်..

အဖြစ်မှန်ကိုရှာတွေ့ဖို့လိုတယိ...

အဲ့ post အောက်မှာ....သွား မခနဲ့နဲ့ဗျ...
အဲ့တာမိုင်းထောင်ထားတာ....
ခများတို့ရော...ဗကရော...
ဘယ်သူနင်းမလဲမသိသေးတာ...

အဲ့တော့...ကျနော်တို့..ဒီ Case ကို...
နည်းနည်းကူရလိမ့်မယ်.....

အဖြစ်မှန်က ဘာနဲ့ အနီးစပ်ဆုံးလဲဆိုတာကိုပဲ
ပြောရလိမ့်မယ်..

ခုတောင်အဲ့အောက်မှာ....လူပ်သွားတဲ့သူဟာ
ပြည်သူတွေလို့စွတ်စွဲနေကြ ပြီ...

သတင်းကပါ...ထစွတ်စွဲရင်..
မလွယ်ဘူး...

သေချာတာကတော့....ဒီပွဲကို...
ကိုင်တဲ့သူဟာ......
တပ်ဖက်ကို ဆိီလောင်းနေပြီ
ဆိုတာပဲ....

အချို့အရာတွေက....သိကိုသိအောင်
လုပ်ထားရလိမ့်မယ်....

အကယ်၍များ...ဒီပြစ်မှု ကျူးလွန်သူဟာ..
တပ်ဘက်ကဆိုရင်တော့...
တော်တော်ကြီး...ကိုယုတ်မာတဲ့သူဖြစ်သွားပြီ...

အကျိုးဆက်က များပါတယ်...
ဖြစ်နိုင်ရင်...ဒီကိစ္စကို...
အမှုမှန်ပေါ်ပေါက်​ေစချင်ပါတယ်...

ဒါဟာ...ဆူးပါ....
ရိုက်ထည့်သူဟာတော်တော်ယုတ်မာပါတယ်...

စမ်းချောင်းအကူညီလိုအပ်နေပြီ ။ စမ်းချောင်းက လုံးဝ lockdown ဖြစ်သွားပါပြီ။ ဘယ်ကိုမှ ထွက်လို့်မရတော့ဘူး။ ရေသမားတောင် အပြင်ထ...
08/03/2021

စမ်းချောင်းအကူညီလိုအပ်နေပြီ ။ စမ်းချောင်းက လုံးဝ lockdown ဖြစ်သွားပါပြီ။ ဘယ်ကိုမှ ထွက်လို့်မရတော့ဘူး။
ရေသမားတောင် အပြင်ထွက်လို့ မရဘူး။
မြေနီကုန်း၊ ပဒုမ္မာ၊ ဗားကရာ၊ ကြည့်မြင်တိုင်၊ အိုးဘို အနီး
ဆုံးဘက်တွေက ဆူဆူပူပူ လုပ်ပေးမှ စမ်းချောင်းကအသက်ရှူ ချောင်ပါမယ်။ စမ်းချောင်းသားတွေကတော့ စွဲထားတဲ့ တပ်တွေ မပြန်မချင်း ပုန်းနေကြဖို့ပဲ အဆိုပြုနေပါတယ်။ မြေနီကုန်း၊ ပဒုမ္မာ၊ ဗားကရာ၊ ကြည့်မြင်တိုင်၊ အိုးဘို အနီးဆုံးဘက်တွေက ဆူဆူပူပူ လုပ်ပေးမှ စမ်းချောင်းက အသက်ရှူချောင်ပါမယ်။

06/03/2021

ကောင်းလိုက်တဲ့ ကလောင်သွေး

ဖတ်ကြည့်ကြပါဗျာကြယ်သီးဖြုတ်ပီး စောင့်နေသူများ မပါ။

𝑪𝑶𝑷𝑰𝑬𝑫 :

"ဟဲ့..ဘယ်သွားမလို့လဲ"
"ဆန္ဒသွားပြမလို့"

Shoe ဖိနပ်ကြိုးချည်နေတုန်း ရောက်လာတဲ့ သူငယ်ချင်းမလေးရဲ့အမေးကို မော့မကြည့်ဘဲ ဖြေလိုက်တယ်။

" အားနေရင် အိမ်ထဲမှာအိပ်နေစမ်းပါဟယ် ...

အရူးထပြီး လမ်းပေါ်ထွက်အော်နေကြတော့လည်း နိုင်မှာမှမဟုတ်တာ ...

ဟိုကပစ်သတ်လို့ သေရတာပဲရှိမယ် "

" အေး... ရင်းလိုက်ရတဲ့အသက်တွေအတွက် ပိုပြီးတော့ထွက်ရမှာပဲ ...

နိုင်မှာမဟုတ်ဘူးလို့ မပြောနဲ့ ...
နိုင်တဲ့အထိ တိုက်မှာ "

"ဘာနဲ့တိုက်မှာလဲ ...
နင်တို့ လိပ်ခေါင်းထွက်အောင်အော်နေလည်း အလကားပဲ ...
သူပြောသလို တစ်နှစ်စောင့်ကြည့်လိုက်ပေါ့ ...

တစ်နှစ်ပြည့်ရင် ရွေးကောက်ပွဲပြန်လုပ်ပေးမယ် ပြောထားတာပဲဟာ ...

အဲဒီအချိန်မှ ကတိမတည်ရင် အားလုံးဝိုင်းအော်ကြပေါ့... "

ကြိုးချည်ပြီးသွားတဲ့ဖိနပ်ကို နေသားကျအောင်ခါလိုက်ရင်း သူ့မျက်နှာကို တည့်တည့် ပြန်ကြည့်ဖြစ်တယ်။

"အင်း..ထားပါ ...
ဒါနဲ့ ဟိုဘက်ရပ်ကွက်က ကျော်ကြီး နင့်ကိုအဖြေတောင်းတာ ငြင်းလိုက်တယ်ဆို ...

သူ့ကို လက်ထပ်ဖို့တောင်းဆိုတာကို နင်ကအဖက်မလုပ်ဘူးဆို ... "

" ဟဲ့ ဒီလို ဆေးသမား အရက်သမား လူရမ်းကားကို ငါကအဖက်လုပ်စရာလား ...
မုဒိန်းကောင် ထောင်ထွက်ကို "

" လက်မခံရင် ကားတင်ပြေးမှာလို့ပြောနေတယ်နော် ...

အတင်းအဓမ္မအနိုင်ကျင့်ယူရင် နင်ဘာလုပ်လို့ရမလဲ ...

သူကဇ.နဲ့ဟ ...
အဖော်လူမိုက်တွေလည်းရှိတယ်၊အင်အားမမျှဘူးလေ "

" မမျှလည်း အသေခံပြန်ချမှာပဲ ...
ဒင်းလိုကောင်မျိုးတော့ မယူဘူး "

" ပြန်ချလည်း နင်နိုင်မှာမှ မဟုတ်တာ "

" ဟဲ့ မနိုင်ဘူးဆိုတိုင်း ကြယ်သီးအဆင်သင့်ဖြုတ် ငြိမ်ခံပေးနေရအောင် ငါက မိန်းမပျက် မဟုတ်ဘူး ...

အသက်နဲ့ရင်းပြီး ရသလောက်တော့ ပြန်လုပ်မှာပဲ ...

ဒီလိုကောင်လက်ထဲတော့ ဘဝအပျက်မခံဘူး "

သူ့အဖြေကိုကြားတော့ အသံထွက်အောင်ရယ်မိရော ...

" ဘာဖြစ်လဲ ...
သူနင့်ကို လူသိရှင်ကြားယူမှာပဲဟာ ...
တကယ်လို့ မကောင်းရင်လည်း တရားဝင်ပြန်ကွာရှင်းပေးပါ့မယ်လို့ အာမခံတယ်လေ ...

တစ်နှစ်လောက် ပေါင်းကြည့်ပေါ့ ...
နင့်ကိုချစ်တဲ့စိတ်နဲ့ သူ့အကျင့်တွေပြင်ချင်ပြင်မှာပေါ့ ...

မကောင်းရင် ကွာလိုက်ပေါ့ ...
အဲချိန် မကွာပေးရင် ငါတို့လည်း ဝိုင်းပြောပေးမှာပေါ့ ... "

"ဘာ ... ဘယ်တုန်းကမှ အကျင့်မကောင်းဖူးတဲ့လူကို
နောက်ကောင်းချင်ကောင်းလာမှာပေါ့ ဆိုပြီး ယူကြည့်ရအောင် ငါကအရူးလား ...

ပေါင်းကြည့်ပြီးမှ မကောင်းလို့မယူတော့ပါဘူး ပြောလို့ရအောင်ကလည်း အဲကောင်က လွယ်လွယ် ပြန်ကွာပေးမယ်တဲ့လား ...

ပြီးတော့ အဲအကောင်က သူ့လက်ထဲက အချိန်တွေမှာ ငါ့ကိုအလှကြည့်ထားမှာမို့လား ...

တစ်နှစ်မပြည့်ခင်ကို ဖွတ်ဖွတ်ညက်ညက်ကြေနေလိမ့်မယ် ...

မတော်လို့ ကလေးပါရသွားရင် ထွက်လာတဲ့ဟာလေးတွေက ပြန်ထည့်လိုမရဘူးဟဲ့ မသာမရဲ့ ...

ဒါ ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စဟ ...

ငါက လူယုတ်မာရဲ့ မျိုးဆက်ကိုတော့ မမွေးထုတ်ပေးနိုင်ဘူး "

ဒေါသတကြီးနဲ့ လေသံမာလာတဲ့ သူငယ်ချင်းမကို ကြည့်ပြီး တစ်ချက်ပြုံးလိုက်မိတယ် ...

" အေး ...
နင့်တစ်ယောက်နဲ့ပဲဆိုင်တဲ့ ဘဝတစ်ခုစာအိမ်ထောင်ရေးတောင်မှ လူကောင်းကိုပဲ နင်လိုချင်ရင် ...

လူယုတ်မာကို စောင့်ကြည့်ဖို့ မယုံကြည်နိုင်ရင် ...

မျိုးဆက်ပေါင်းများစွာရဲ့ အနာဂတ်နဲ့ဆိုင်တဲ့ နိုင်ငံအရေးမှာ ငါတို့ကလည်း သမိုင်းမကောင်းတဲ့လူကို အချိန်ပေး စောင့်ကြည့်ဖို့ ယုံကြည်စရာအကြောင်းမရှိဘူး ...

ခု လက်ရှိကိုတောင်မှ ဘာကတိမှမတည်တဲ့ ...

ပြည်သူကိုငဲ့ညှာမှုမရှိဘဲ သတ်ချင်သလိုသတ် နေ တဲ့ ...

ဥပဒေကိုလည်း ပြင်ချင်သလိုပြင်နဲ့ အမျိုးမျိုးကလိန်ကျနေတဲ့

လူက တစ်နှစ်ပြည့်ရင် ပြန်ပေးမယ်ဆိုတဲ့စကားကို နင်ကဘာကြည့်ယုံနေတာလဲ ...

ဒီကြားထဲ သူလုပ်ချင်ရာလုပ် အနိုင်ကျင့်တာကို ငုံ့ခံနေရမှာလား ...

ဒီလို လူယုတ်မာလက်ထဲ နိုင်ငံကို တစ်နှစ်မပြောနဲ့ တစ်ရက်လေးတောင် မထားချင်လို့ အသက်နဲ့ရင်းပြီးပြန်တိုက်ယူနေရတာပဲ ...
ရှင်းလား "

ဒါမှ မရှင်းသေးရင် လူမလုပ်နဲ့တော့ ...

𝑪𝒓𝒆𝒅𝒊𝒕:

Author - နွေဦးဝိုင်

 ခု 613K ရှိပါပြီ။ လူသန်းချီပြီး သဘောတူညီကြောင်းပြကြမယ်။ဒီနေ့ ၀၅/၀၃/၂၀၂၁မှာ ကုလသမ္မဂလုံခြုရေးကောင်စီ မြန်မာ့အရေး ဆုံးဖြတ...
05/03/2021


ခု 613K ရှိပါပြီ။ လူသန်းချီပြီး သဘောတူညီကြောင်းပြကြမယ်။
ဒီနေ့ ၀၅/၀၃/၂၀၂၁မှာ ကုလသမ္မဂလုံခြုရေးကောင်စီ မြန်မာ့အရေး ဆုံးဖြတ်မဲ့ အစည်းအဝေးရှိပါတယ်။

ကျေးဇူးပြုပြီး ပုံတွေကို အရင်ဖုံးထဲကို ဆွဲပါ။ ပြီးမှစာပါ ကူးပြီး ပုံနှင့်တကွ ပြန်တင်ပေးပါ။ မရှယ်ပါနဲ့။
Put photos on Twitter as well.

04/03/2021

🎈ကဲ တိုက်စစ်မှူး GZ လေးတို့ရေ 🎈
ခွာစစ်ကိုသုံးပါတဲ့နော် Dr Sa Sa ပြောပြီ

ကမ္ဘာ့ စစ်ခုံ ရုံးက
Dr Sa Sa တင်သွင်းတဲ့...
စစ်ကောင်စီကို ပြင်းထန် စွာ အရေးယူ ဖို့...
အဆို ကို...
လက်ခံ ပြီးပါပြီ....

ဆန္ဒ ပြ နေ ကြတဲ့...
သူရဲကောင်းများ.... အင်အား တအား မသုံးပါနဲ့
မထိခိုက်စေပါနဲ့.....
ခွာစစ်ကို.... အသုံးပြုပါ

crd
အရေးတော်ပုံ အောင်ရမည်

=================
(၀င်ဖတ်ရုံဆို သင်ပဲသိမယ်
ကူးယူပီးပြန်တင်ရင် များများသိမယ်
သင့်သဘောပါ )

ဒါကကြောက်လိုမဟုတ်ပါဘူး GZလေးတွေ ကို အဆုံရှုံးမခံနိုင်လို့ပါ တန်ဖိုးခြင်းလဲမတူလို့ပါ မေတ္တာရပ်ခံတောင်းဆိုပါတယ်

03/03/2021

#လိုင်းမဖြတ်ခင်_အမြန်ဖြန့်ပေးကြပါ။

UN အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က "ငြိမ်းချမ်းစွာနေကြပါ၊ တပ်မတော်က ဖြိုခွင်းနှိမ်နင်းဖို့ အကြောင်းပြချက်ပေးနိုင်အောင် စောင့်နေပါတယ်။ အန္တရာယ်ကင်းအောင်နေကြပါ" လို့ သတိပေးသလိုပဲ၊ CNN ကလည်း "သူတို့ထောင်ချောက်ထဲ မဝင်ကြပါနဲ့" လို့သတိပေးနေပါတယ်။

အဲဒါကို နားလည်မှု့လွဲမှာစိုးလို့ UN အထူးကိုယ်စားလှယ်က "ပြည်သူတွေကစပြီး အကြမ်းဖက်လိုက်မိမှာကို စိုးရိမ်တာပါ၊ တပ်မတော်က အဲဒါကို ဆွပေးနေပါတယ်၊ ဂရုစိုက်ကြပါ" လို့ ထပ်ရှင်းပြပါတယ်။

အဓိကအချက်က "Proactively" လို့ပြောတာကို သတိပြုကြပါ။ ကိုယ်ကစတင်ပြီး ပြုလုပ်တာကို ဆိုလိုတာပါ "Provoke" လို့ရှင်းရှင်းကြီး ပြောထားပါတယ်နော်၊ ဆွပေးနေတာကို ဆိုလိုပါတယ်။

သတိပြုနိုင်ကြဖို့ပါ၊ သူတို့မှာလည်း တစ်ခုခုအရေးယူဆောင်ရွက်ဖို့ကို လိုက်နာရမယ့်စည်းမျဉ်းတွေ၊ အဆင့်တွေအရမ်းရှုပ်ထွေးများပြားပါတယ်။ အဲဒီလို အဆင့်တွေကို ဖြတ်ကျော်နေရစဉ် တချို့အခြေအနေတွေမှာ လုပ်ချင်တိုင်းလုပ်လို့မရတာမို့ အဲဒီအခြေအနေမျိုးဖြစ်မလာအောင် ထိန်းထားဖို့သတိပေးနေတာလို့ ယူဆရပါတယ်။

ဆူပွက်နေတဲ့သွေးတွေကို ထိန်းထားကြပါအုံး။ တဖက်က သွေးတိုးစမ်းနေတာကို အထူးသတိထားရပါမယ်။

Credit: Burmese People

03/03/2021

စာထုတ်သတိပေးတာကို ဂရုမစိုက်တဲ့ လူသတ်ကောင်တွေကို သတိပေးနေတဲ့ UN။
ကမ္ဘာခေါင်းဆောင်တွေကလဲ Online ပေါ်တွင်လမ်းဆုံး။
အိုးးးး ကမ္ဘာကြီး မြန်မာနိုင်ငံသူ/သားတွေရဲ့ ရင်ထဲဝင်ကြည့်ပါအုံး။

အခု လက်ရှိ ဖြစ်နေတာဟာ စစ်ပွဲလည်းမဟုတ်ဘူး တိုက်ပွဲလည်းမဟုတ်ဘူး....
“လူသတ်ပွဲ” ဖြစ်ပါတယ်...။ လက်နက်မဲ့ပြည်သူတွေကို သွေးအေးအေးနဲ့ ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းဖြစ်ပါတယ်။

Current situation in Myanmar is neither war zone nor battleground. It’s clearly a massacre, killing unarmed civilians intentionally by state-sponsored terrorists.

ミャンマーの現在の状況は、戦争地帯でも戦場でもありません。 明らかに、これは虐殺であり、国家が資金提供したテロリストによって非武装の民間人を故意に殺害する行為でした。

缅甸目前的局势既不是战区,也不是战场。 显然,这是一场屠杀,是由国家资助的恐怖分子故意杀害手无寸铁的平民的行为。







Credit-ZMA

03/03/2021

တိုင်းရင်းသားတွေရဲ့ အသံကိုနားထောင်ပါ။ ဒီပွဲမှာ တိုင်းရင်းသားတွေပါလာမှရမှာ။ တိုင်းရင်းသားတွေဟာ ဒီသူပုန်စစ်သားအကြောင်းကောင်းကောင်းသိတယ်။

credit:

သို့

လူကြီးမင်းတို့က တိုင်းရင်းသားတွေ လိုချင်တဲ့
ဖက်ဒရယ် ဒီမိုကရေစီကို ပေးဖို့ အာမခံပေးပါ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို
'ပြည်သူတွေကို ကာကွယ်ခွင့်' တရား၀င်ပေးပါ။

၂၀၀၈ ခြေဥဖျက်သိမ်းရေးကို ကတိခံပေးပါ။

တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူတွေ
ပူးပေါင်းခွင့်ကို တရား၀င်ကြေညာပေးပါ။

အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကို
အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပေးပါ။

ပြည်သူ့ဆန္ဒကို သိဖို့ ကူးယူ ဖြန့်တင်ပါ။

Address

Hlegu

Website

Alerts

Be the first to know and let us send you an email when ACA November posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share