KHN Clothes&Cosmetics Online Shopping

KHN Clothes&Cosmetics Online Shopping အထည်နှင့်အလှကုန်ပစ္စည်းများကို ဈေး

08/10/2021

စာချုပ်ချုပ်မည်ဆိုလျှင် လက်ရောက်ပေးအပ်ပါသည် ဆိုသည့်ကိစ္စ
===================================

💰 ငှားရမ်းသည် ဖြစ်စေ၊ ပေါင်နှံသည် ဖြစ်စေ ၊ ပေးကမ်းသည် ဖြစ်စေ ၊ ရောင်းသည်ဖြစ်စေ ၊ လက်ရောက်ပေး အပ်မှုသည် ပါဝင်လာစမြဲ ဖြစ်သည်။ ဥပမာ - အရောင်းအဝယ်ပြုသည်ဆိုပါက ဝယ်သူက ငွေကို ပေးချေပြီး ရောင်းသူက ပစ္စည်းကို ပေးအပ်မည် ဖြစ်သည်။

💰 လက်ရောက်ပေးအပ်မှုနှင့် စပ်လျဉ်း၍ ယခု တင်ပြမည့် အကြောင်း အရာသည် ရွှေ့ပြောင်းနိုင်သော ပစ္စည်း အတွက်ဖြစ်ပါမူ ပြဿနာ ပေါ်ပေါက်စရာမရှိဟု ဆိုရပါမည်။ သို့သော် မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွင်မူ ပြဿနာရှိနိုင်သည် ဖြစ်သောကြောင့် လက်ရောက်ပေးအပ်မှုကိစ္စနှင့် ပတ်သက်၍ စာချုပ်များ ချုပ်ဆိုကြမည် ဆိုပါက သတိမူနိုင်ရန် အချက်တစ်ရပ်အနေဖြင့် တင်ပြလိုပါသည်။

💰 စာချုပ်ချုပ်ရာတွင် စာတစ်လုံး၏ တန်ဖိုး မည်မျှ ခရီးပေါက်သည်၊ မည်မျှ အရေးပါသည်ဆိုသည့် အချက်ကိုပါ တစ်ပါတည်း ဆင်ခြင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

💰အိမ်နှင့်မြေ အရောင်းအဝယ်ပြုလုပ်သည့် ကိစ္စတစ်ရပ်ကို နမူနာပေးတင်ပြပါမည်။ ထုံးစံအတိုင်း စရန်ငွေပေး သော သဘောတူစာချုပ်တစ်ခု ပြုလုပ်ကြပါသည်။ ငွေအပြီးပေးချေသောနေ့တွင် အပိုင်ရောင်းသူက အပိုင် ရောင်း သော အိမ်နှင့်မြေကို အပြီးလက်ရောက်ပေးအပ်ပါမည်ဟူသော သဘောတူညီချက်တစ်ရပ်ကိုလည်း စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုကြရပါသည်။

💰 စာချုပ်ပါ သဘောတူမှုအတိုင်း အပိုင်ဝယ်ယူသူက ငွေများ အရစ်ကျပေးသွင်းလာခဲ့ရာမှ နောက်ဆုံး ကျန်ရှိ သော ရောင်းဖိုးငွေကို အပြီးအကျေ အပိုင်ရောင်းသူသို့ ပေးချေလာပါသည်။ အပိုင်ရောင်းသူကလည်း မူလ ချုပ်ဆိုခဲ့ကြသည့် သဘောတူကတိစာချုပ်တွင် ဖော်ပြပါရှိထားသည့်အတိုင်း ငွေအပြေအကျေ ပေးချေသောနေ့ တွင် အိမ်နှင့်မြေကို အပိုင် ဝယ်ယူလက်ဝယ်သို့ အပြီး လက်ရောက်ပြန်လည်း ပေးအပ်ပါသည်။

💰 အပိုင်ဝယ်ယူသူသည် လက်ရောက်ပေးအပ်ခံရသော အိမ်နှင့်မြေရှိရာသို့ သွားရောက်သောအခါ နေအိမ်တွင် လူအချို့ နေထိုင်လျက်ရှိနေသည်ကို တွေ့ရပါသည်။

💰 ဤတွင် အပိုင်ရောင်းသူနှင့် အပိုင်ဝယ်ယူတို့ ပြဿနာတက်ပါတော့ သည်။ အပိုင်ဝယ်ယူသူက အိမ်နှင့်မြေကို ၎င်းအား လက်ရောက်ပေးအပ်ခဲ့ခြင်းမရှိဟု အပိုင်ရောင်းသူအား စွပ်စွဲပါသည်။ အပိုင်ရောင်းသူကလည်း အိမ်နှင့်မြေကို အပိုင် ဝယ်ယူသူသို့ လက်ရောက်လွှဲပြောင်းပေးအပ်ပြီး ဖြစ်သည်။ ထိုသို့ လက်ရောက်လွှဲပြောင်း ပေးအပ်ခဲ့သည့် အချိန်မှအစပြု၍ ယခုအချိန်အထိ အိမ်နှင့် မြေသည် အပိုင်ဝယ်ယူသူ၏ လက်ဝယ်တွင် ရှိနေပြီ ဟုဆိုသည်။

💰 အပိုင်ရောင်းသူ၏ ထုချေချက်ဆိုလိုရင်းမှာ ၎င်းအနေနှင့် ရောင်းသော အိမ်နှင့်မြေမှ ဖယ်ရှားထွက်ခွာ ပေးခဲ့ပြီးဖြစ်ကြောင်း ၊ ထို့နောက် အပိုင်ဝယ်ယူသူသို့ အိမ်နှင့်မြေကို လက်ရောက်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ အိမ် နှင့်မြေတွင် လူအချို့ ကျန်ရှိခြင်းမှာ ၎င်းနှင့်မသက်ဆိုင်ကြောင်း၊ ၎င်းအနေနှင့် စာချုပ်တင် သဘောတူထား သည့်အတိုင်း လက်ရောက်ပေးအပ်ပြီးဖြစ်ကြောင်း ထုချေခြင်း ဖြစ်သည်။

💰 နေထိုင်သူများ၏ ပြောပြချက်အရ ၎င်းတို့သည် -- - - - - - - - - - အိမ်ငှားဖြစ်ကြောင်း သိရပါသည်။

💰 ဖော်ပြပါပြဿနာကို ပြန်လည်စမ်းစစ်ရာတွင် စာချုပ်ချုပ်စဉ်က ( ငွေကို အပြီးပေးချေချိန်တွင် အိမ်နှင့် မြေ ကို အပိုင်ဝယ်ယူသူသို့ အပြီး လက်ရောက်လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည် ) ဟူသော နေရာတွင် ( ငွေကို အပြီးပေးချေ ချိန်တွင် အိမ်နှင့်မြေကို နေထိုင်သူမရှိ ၊ အပိုင်ဝယ်ယူသူသို့ အပြီး လက်ရောက်လွှဲပြောင်း ပေး အပ်ရမည် ဖြစ်သည် ) ဟူ၍ မဖော်ပြ မချုပ်ဆိုမိခဲ့၍ အထက်ပါ အတိုင်း ပြဿနာဖြစ်ရခြင်း ဖြစ်သည်ဟူ၍ ဆိုရ မည်ဖြစ်ပေသည်။

(အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ်ချုပ်မည်ဆိုလျှင် ဆောင်ရန်ရှောင်ရန်များ ၊ စာ ၈၇ ) ။
Crd.,

အား လုံး အ တွက် လေး စား စွာ ဖြင့်-


🧑‍⚖️🍀

04/10/2021

စာအုပ်တစ်အုပ်ကို အကျိုးရှိရှိနဲ့ မှတ်မိနေအောင် ဖတ်နည်း

ဒီနေ့ ToeTeter တွေကို ပြောပြချင်တာကတော့ Limitless ရဲ့ FASTER Method ဖြစ်ပါတယ်။

ကျွန်တော်တို့ စာအုပ်တစ်အုပ်၊ ဗဟုသုတအသစ် တစ်ခုခုကို ဖတ်ပြီး လေ့လာပြီးပေမယ့် နောက်တစ်နေ့ရောက်တဲ့ အခါမှာ မေ့သွားတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့တွေပဲ ကြုံတွေ့နေရတာတော့ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ လူသားတွေဟာ သူတို့လေ့လာထားတဲ့ အထဲက ၅၀ ရာခိုင်နှုန်းခန့်ကို တစ်နာရီအတွင်းမှာပဲ မေ့သွားတတ်ပြီး၊ ပျမ်းမျှအားဖြင့် ၇၀ ရာခိုင်နှုန်းလောက်ကိုတော့ ၂၄ နာရီအတွင်းမှာပဲ မေ့သွားလေ့ရှိကြပါတယ်။

ဒါကြောင့် ပထမဆုံးအနေနဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရာမှာ အချိန်မဖြုန်းမိစေဘဲ မမေ့အောင်ဖတ်နည်းကို ပြောပြပေးသွားမှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ လေ့လာမှုနဲ့ ဦးနှောက်ရဲ့ စုပ်ယူမှုအားကောင်းအောင် စာလေ့လာမှုအပိုင်း၊ အမြန်ဖတ်နည်းအပိုင်းနဲ့ မှတ်ဉာဏ်တိုးတက်မှုအပိုင်းတို့ အတွက် အဆင့်မြင့် နည်းစနစ်တွေကိုလဲ ဝေမျှပေးသွားမှာပါ။

စာအုပ်တစ်အုပ်ကို အချိန်အပိုင်းအခြားနဲ့ စနစ်တကျဖတ်နည်း

သုတေသနလေ့လာချက်တွေအရ ကျွန်တော်တို့ရဲ့ အလုပ်တစ်ခုအပေါ် အာရုံစိုက်နိုင်စွမ်းဟာ ၁၀ မိနစ်ကနေ မိနစ် ၄၀ အတွင်းမှာပဲ ရှိပါတယ်။ မိနစ် ၄၀ ထက်ပိုပြီး အလုပ်တစ်ခုကို လုပ်မိရင်တော့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ စိတ်ဟာ အာရုံလွင့်ပြယ်လာပါတော့တယ်။ အဲ့ဒီ့အတွက်ကြောင့် စာဖတ်တဲ့နေရာမှာ Francesco Cirillo ရဲ့ Pomodoro technique (ပိုမိုဒိုရိုနည်းစနစ်)ကို သုံးဖို့အကြံပေးချင်ပါတယ်။ Pomodoro နည်းစနစ်ကတော့ အလုပ်တစ်ခုလုပ်ဖို့အတွက် အကောင်းဆုံးကြာချိန်ကတော့ ၂၅ မိနစ်ဖြစ်ပြီး ၅ မိနစ် နားသင့်တယ်လို့ပြောပါတယ်။ ၂၅ မိနစ်အချိန်ပိုင်းတစ်ခုကို Pomodoro တစ်ခုစာ လို့သတ်မှတ်ပါတယ်။ စာအုပ်တစ်အုပ်ကိုဖတ်တဲ့အခါမှာ Pomodoro တစ်ခုစာ ၂၅ မိနစ်ဖတ်ပြီး ဦးနှောက်ကို ၅ မိနစ် အနားပေးသင့်ပါတယ်။

တစ်ခုခုကို လေ့လာတဲ့အခါမှာ Pomodoro technique ဟာ မှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ အကြောင်းပြချက်တွေကြောင့် တိတိကျကျပြောရရင် Effect of Primacy နဲ့ Effect of Recency ကြောင့် တကယ်လဲ အလုပ်ဖြစ်ပါတယ်။ Effect of Primacy ဆိုတာကတော့ ကျွန်တော်တို့ဟာ Learning session တစ်ခု၊ အတန်းတစ်ခု၊ Presentation တစ်ခု ရဲ့ အစပိုင်းမှာ လေ့လာထားသမျှကို ပိုပြီး မှတ်မိလေ့ ရှိကြပါတယ်။ Effect of Recency ဆိုတာကတော့ နောက်ဆုံး လတ်တလော လေ့လာထားတဲ့ အရာတွေကိုလဲ မှတ်မိတာကိုပြောတာပါ။

ကျွန်တော်တို့ဟာ စာအုပ်တစ်အုပ်ကို နှစ်နာရီဆက်တိုက် မရပ်မနားဘဲ ဖတ်မယ်ဆိုရင် ဖတ်ထားသမျှရဲ့ ပထမ မိနစ်၂၀ စာကိုပဲ မှတ်မိပါလိမ့်မယ်။ မိနစ် ၃၀ လောက်ကစလို့ ဖတ်သမျှကို မေ့သွားနိုင်ပြီး ဖတ်ထားတာရဲ့ နောက်ဆုံးပိုင်းလောက်ကိုသာ မှတ်မိပါလိမ့်မယ်။ ဦးနှောက်က စုပ်ယူဖို့အတွက် အနားမပေးဘဲ ဒါမှမဟုတ် ဖတ်ထားသမျှကို ပြန်တွေးကြည့်ဖို့ အချိန်မပေးဘဲ ဆက်တိုက်ဖတ်မယ်ဆိုရင် ပထမဆုံးနဲ့ နောက်ဆုံးရဲ့ ကြားထဲက အရာအားလုံးက အရာမထင်ပဲဖြစ်နေမှာပါ။ ဒါကြောင့် စာအုပ်ဖတ်တဲ့အခါမှာ Pomodoro တစ်ခုစာ (၂၅ မိနစ်) စီသာ အာရုံစိုက်ပြီး ဖတ်သင့်ပါတယ်။ ၂၅ မိနစ်ပြည့်တဲ့အခါမှာ စာအုပ်ကို ရောက်တဲ့နေရာမှာ ခဏရပ်ပြီး ၂၅ မိနစ်အတွင်း ဖတ်ထားသမျှ လေ့လာထားသမျှကို ချရေးသင့်ပါတယ်။

FASTER Method ကိုသုံးပါ

FASTER Method ဆိုတာကတော့ စာအုပ်တစ်အုပ်ကို ဖတ်တဲ့နေရာမှာ မြန်မြန်လေ့လာနိုင်စေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ Forget, Act, State, Teach, Enter, Review ရဲ့ အတိုကောက်လဲဖြစ်ပါတယ်။

Forget - မေ့ပစ်ပါ

စာအုပ်ဖတ်တဲ့နေရာမှာ အာရုံလွင့်ပြယ်စေမယ့် အရာ ၃ ခုကို မေ့ပစ်ပါ။

ပထမဆုံးကတော့ အသစ်တစ်ခုကို လေ့လာတဲ့အခါ ကျွန်တော်တို့ဟာ ဘာသာရပ်အကြောင်းကို ကိုယ်တကယ်သိထားတာထက် ပိုပြီး နားလည်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး ယခင်ကလေ့လာဖူးတဲ့ သိထားသမျှတွေကို မေ့ပစ်ပါ။ စိတ်က ရှင်းနေမှသာ ပညာအသစ်၊ ဗဟုသုတအသစ်တွေကို မှတ်သားနိုင်မှာပါ။

နောက်တစ်ချက်တော့ အရေးမကြီးတဲ့ အရာတွေကို မေ့ထားပါ။ စာအုပ်တစ်အုပ်ကို ဖတ်နေတုံးမှာ စိတ်ကိုလွင့်ပြယ်စေမယ့် တခြားအရေးမကြီးတဲ့ အကြောင်းအရာတွေကို မတွေးပါနဲ့။ အဲ့အတွေးတွေကို မှတ်စုစာအုပ်ထဲမှာ ခဏလောက်ချရေးထားပြီး စာဖတ်ပြီးကာမှသာ ဆက်လုပ်ပါ။

နောက်ဆုံးအနေနဲ့ မေ့ထားရမှာကတော့ ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကိုပါပဲ။ ကိုယ့်ကိုယ်ကို ဉာဏ်မကောင်းပါဘူး၊ အကြာကြီး လေ့လာရတယ်၊ စတဲ့ အချက်တွေကိုမေ့ထားလိုက်ပါ။ ကျွန်တော်တို့ရဲ့ တတ်နိုင်စွမ်းတွေက ပုံသေမရှိပါဘူး။ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကိုသာ တွန်းလှန်နိုက်ရင် ကျွန်တော်တို့ ဘယ်အရာကိုမဆို လေ့လာနိုင်ပါတယ်။

Act - တက်တက်ကြွကြွလုပ်ဆောင်ပါ

ကျွန်တော်တို့ဟာ ငယ်ငယ်ထဲက အတန်းထဲမှာ စာသင်သမျှကို ငြိမ်ငြိမ်လေးသာ ထိုင်နားထောင်ခဲ့ကြရတဲ့ Passive learning နဲ့သာ လေ့လာခဲ့ကြရပါတယ်။ စာဖတ်တဲ့နေရာမှာ active ဖြစ်နိုင်သမျှ ဖြစ်အောင် လုပ်ပါ။ Notes တွေချမှတ်ပါ။ အရေးကြီးတဲ့အချက်တွေကို Highlight လုပ်ပါ။ စာကြောင်းတိုင်းကို အရေးကြီးတဲ့အချက်အနေနဲ့ Highlight လုပ်စရာမလိုပါဘူး။ အကုန်လုံးကို အရေးကြီးတယ်လို့ သတ်မှတ်နေရင် အကုန်လုံး အတူတူဖြစ်ပြီး ဘယ်အရာကမှ ပိုပြီး အရေးပါတဲ့အရာဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ပိုပြီး တက်တက်ကြွကြွ စာဖတ်ချင် စာလေ့လာချင်ပါသလား။ ဖတ်ထားသမျှကို ချရေးလိုက်ပါ။ စာဖတ်တဲ့နေရာမှာ တက်ကြွလေလေ စာလေ့လာရတာ ပိုကောင်းလေ၊ ပိုမြန်လေ၊ လေ့လာသမျှကို ပိုမှတ်မိလေပါပဲ။

State - စာလေ့လာဖို့ အခြေအနေကောင်းတစ်ခုကို ဖန်တီးပါ

ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ခန္ဓာကိုယ်ရဲ့ အခြေအနေကို ထိန်းချုပ်နိုင်ရင် ပျင်းရိဖို့ကောင်းတဲ့ လေ့လာခြင်းတွေကို စိတ်လှုပ်ရှားစရာ၊ စူးစမ်းလေ့လာဖွယ်ရာ၊ ပျော်စရာ အခြေအနေတွေအဖြစ်ကို ပြောင်းလဲနိုင်မှာပါ။ ဒီလိုထိန်းချုပ်နိုင်ဖို့အတွက် စာလေ့လာမယ့် ပတ်ဝန်းကျင်၊ ခန္ဓာကိုယ်အနေအထား၊ စိတ်အခြေအနေတို့ကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ပါ။ သိလာရမယ့် အသိပညာအသစ်တွေအတွက် စိတ်လှုပ်ရှားမှု၊ စွမ်းအင်ပြည့်ဝမှုတွေ ရှိနေပါစေ။ လက်တွေ့လုပ်ကြည့်သင့်တာကတော့ မလေ့လာခင်မှာ ကိုယ့်ရဲ့ စိတ်အခြေအနေကို ဘယ်လောက် တက်ကြွနေသလဲ၊ ဘယ်လောက် အားအင်တွေပြည့်နေလဲ၊ ဘယ်လောက် စိတ်လှုပ်ရှားနေလဲ ဆိုတာ ၁ ကနေ ၁၀ အတွင်း Rating ပေးပါ။ ကိုယ့်ရဲ့ Rating တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို အဖြေရှာပါ။

Teach - ပြန်သင်ပေးပါ

တခြားတစ်ယောက်ကို ပြန်သင်ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာပါ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့လေ့လာထားသမျှကို Presentation လုပ်ရမယ့် အခါမျိုးမှာ တခြားသူကို ပြန်ရှင်းပြပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လေ့လာကြပါတယ်။ အာရုံလဲ ပိုစိုက်မိကြပါတယ်။ ပြန်သင်ပေးတယ်ဆိုတာ တကယ်တော့ နှစ်ခါပြန် လေ့လာတာနဲ့ တူတူပါပဲ။ ကိုယ့်ဘာသာကိုယ် တစ်ခါလေ့လာဖြစ်ပြီး တခြားသူကို ပြန်သင်တဲ့အခါမှာ တစ်ခါလေ့လာဖြစ်ပါတယ်။ လေ့လာတဲ့နေရာမှာလဲ အဖော်တစ်ယောက်နဲ့ ဒါမှမဟုတ် အသင်းအဖွဲ့လိုက် အတူတူလေ့လာနိုင်ပါတယ်။

Enter - Calendar မှာ ထည့်သွင်းပါ

ကျွန်တော်တို့ရဲ့ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး Tool တစ်ခုကတော့ Calendar ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ လုပ်ဆောင်စရာမှန်သမျှကို အချိန်စာရင်းမှာ ထည့်သွင်းလေ့ရှိကြပါတယ်။ စာအုပ်ဖတ်ဖို့အတွက် အချိန်စာရင်းကို Calend‎ar မှာထည့်သွင်းပါ။ ဖတ်ထားသမျှရဲ့ အကျဉ်းချုပ် Headline ကိုလဲ Calendar မှာ ရက်အလိုက် ရေးမှတ်ထားပါ။

Review - ပြန်နွှေးပါ

မေ့တတ်တာတွေကို လျော့ကျစေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ပြန်နွှေးတာပါပဲ။ တစ်နေ့စာအတွက် စာမဖတ်ခင်မှာ အရင်နေ့က ဖတ်ထားတဲ့ စာကို မိနစ်အနည်းငယ်လောက် မှတ်မိထားသမျှကို ပြန်ပြောကြည့်တာ ချရေးတာမျိုး လုပ်သင့်ပါတယ်။

အသိဉာဏ်ရှိရှိ ‎ရွေးချယ်ပါ

ပြင်သစ်အတွေးအခေါ်ပညာရှင် Jean-Paul Sartre ကပြောခဲ့ပါတယ်။ "Life is C between B and D." ဘဝဆိုတာ မွေးဖွားခြင်း Birth ရဲ့ "B" နဲ့ သေဆုံးခြင်း Death ရဲ့ "D" ကြားထဲက ကျွန်တော်တို့ ပြုလုပ်ရတဲ့ ရွေးချယ်မှု (Choice ရဲ့ "C" ) တွေပါ။ ကိုယ့်ရဲ့အတားအဆီး ကန့်သတ်ချက်တွေကို ကိုယ်တိုင်ကျော်လွှားဖို့ဆိုတာက ကိုယ်ပိုင်ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ မကျော်လွှားဖို့ကလဲ ရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ အခုပဲ မှန်ကန်တဲ့ ‎‎ရွေးချယ်မှုကို သေချာစဉ်းစားပြီး အသိဉာဏ်ရှိရှိ ရွေးချယ်လိုက်ပါ။
ရွေးချယ်ပြီးရင်တော့ ကိုယ့်ရဲ့ စိတ်ကို သန္နိတ်ဋ္ဌာန် ချမှတ်ပြီး အတိအကျလုပ်ဆောင်ပါ။ လူအများစုဟာ လုပ်သင့်တဲ့အရာကို သိပေမယ့် တကယ်မလုပ်ကြပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ လုပ်သင့်ကြောင်းကိုပဲ တွေးကြပြီး ကိုယ့်ကိုယ်ကို ကတိမပေးကြလို့ပါပဲ။ စာအုပ်တစ်အုပ်ကိုဖတ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ ကတိဝန်ခံချက်ကို ချရေးပါ။ ကျွန်တော်တို့ တစ်စုံတစ်ခုကို ချရေးလိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ကတိပေးရာရောက်ပြီး တကယ်လဲ လုပ်ဖြစ်လာလေ့ရှိပါတယ်။ ဒါကြောင့် ဒီစာအုပ်ကို Pomodoro တစ်ခုချင်းစီ ခွဲကာ ဖတ်မည့်အကြောင်း FASTER method ကို သုံးမည့်အကြောင်း စသဖြင့် ကတိဝန်ခံချက်တစ်ခု ရေးထားပါ။

အမှန်တကယ် လိုအပ်နေတဲ့ အဖြေကတော့ မေးခွန်းတွေမေးဖို့ပဲဖြစ်ပါတယ်။

စာအုပ်တစ်အုပ်ကို ဖတ်ပြီးတဲ့ အခါမှာ မမှတ်မိနေပဲ မေ့သွားရတဲ့ အကြောင်းရင်းတစ်ခုကတော့ မှန်ကန်တဲ့ မေးခွန်းတွေကို မမေးနေလို့ပဲဖြစ်ပါတယ်။ ဦးနှောက်ဟာ တစ်စက္ကန့်တိုင်းမှာ သတင်းအချက်အလက်ပေါင်း ၁၁ သန်း Bit လောက်ကို လက်ခံရရှိပါတယ်။ ဒါပေမဲ့ တကယ်သိမ်းထားတဲ့ သတင်းအချက်အလက်ကတော့ တစ်စက္ကန့်မှာ ၅၀ Bit လောက်သာ ရှိပါတယ်။ ဒီလို သတင်းအချက်အလက်တွေကို စစ်ထုတ်ပေးတာကတော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Reticular Activating System (RAS) ပဲဖြစ်ပါတယ်။ RAS ဟာ အိပ်စက်ခြင်းနဲ့ အမူအကျင့်များ အပါအဝင် လုပ်ဆောင်ချက်ပေါင်းများစွာကို တာဝန်ယူထားတဲ့ အပြင် အဓိပ္ပါယ်မရှိတဲ့ ထပ်ခါထပ်ခါဖြစ်နေတဲ့ လှုံ့ဆော်မှုတွေကို လျစ်လျူရှုပြီး တခြားလှုံ့ဆော်မှုတွေကို အာရုံခံတဲ့ ဖြစ်စဉ်တစ်ခုကိုလဲ လုပ်ဆောင်ပါသေးတယ်။

RAS က တဆင့် ကျွန်တော်တို့အတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ဆီရောက်အောင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးခြင်းပဲ ဖြစ်ပါတယ်။ RAS ဟာ algorithm တစ်ခုလိုပါပဲ။ ကျွန်တော်တို့ စိတ်ဝင်စားပုံပေါ်တဲ့ အရာတွေကိုသာ ပြပေးပြီး၊ ထိတွေ့မှုသိပ်မရှိတဲ့ အရာတွေကို ဖုံးကွယ်ထားပါတယ်။ ဒါကြောင့် တခါတလေမှာ ကျွန်တော်တို့လိုချင်တဲ့ အဖြေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။ အဖြေကို ထင်ရှားစေမယ့် အဖြေနဲ့ ကိုက်ညီမယ့် မေးခွန်းတွေကို မေးဖို့ပဲ လိုအပ်တာပါ။

တွေးခေါ်ခြင်းဆိုတာ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သတ်ပြီး မေးခွန်းတွေမေးကာ အဖြေရှာတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ သင်းအုပ်ဆရာ Mandell Creighton က ပညာရေးရဲ့ စစ်မှန်တဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က လူတစ်ယောက်ကို မေးခွန်းတွေ ဆက်တိုက်မေးလာအောင် ပြုလုပ်ခြင်း လို့ပြောခဲ့ပါတယ်။

ကိုယ့်ကိုယ်ကို ပြန်မေးတဲ့ မေးခွန်းတွေထဲကမှ ကိုယ့်ကိုလွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခု ဒါမှမဟုတ် နှစ်ခုတော့ ရှိတတ်ကြပါတယ်။ လူအများစုကတော့ ကိုယ့်ကို တခြားလူတွေ နှစ်သက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းကိုမေးတတ်ကြပါတယ်။ တခြားလူတွေကြိုက်နှစ်သက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းမျိုး မေးတဲ့သူတွေဟာ သူတို့ရဲ့ ပုံစံအစစ်အမှန်ကို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်သတိမထားမိပေမယ့် တခြားသူတွေရဲ့ အကြိုက်ကိုလိုက်ပြီး ပြောင်းနေမိတဲ့ အတွက်ပါပဲ။

သင့်ကို လွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခုကရော ဘာဖြစ်မလဲ? Limitless စာအုပ်ရဲ့ စာရေးဆရာ Jim Kwik ကို လွှမ်းမိုးစေတဲ့ မေးခွန်းတစ်ခုကတော့ How do I make this better? ဒီ့ထက် ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ စိတ်ကို ပြင်ဆင်ပါ

မေးခွန်းတွေက ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုတွေကို လမ်းညွှန်ပေးပါတယ်။ စာအုပ်ကို မဖတ်ခင်မှာ လုံလောက်တဲ့ မေးခွန်းတွေကို မမေးတဲ့ အတွက်ကြောင့် လူတွေဟာ သူတို့ရဲ့ အာရုံစူးစိုက်မှု၊ သဘောပေါက်နားလည်မှုနဲ့ မှတ်ဉာဏ်တွေမှာ အားနည်းတတ်ကြပါတယ်။ စာအုပ်ကိုမဖတ်ခင်မှာ မှန်ကန်တဲ့ မေးခွန်းမျိုးတွေကို ပြင်ဆင်ထားမယ်ဆိုရင်တော့ စာအုပ်ကိုဖတ်တဲ့ အခါမှာ အဖြေတွေကို တွေ့ရမှာပါ။

စာအုပ်မဖတ်ခင်မှာ ကိုယ့်ကိုယ်ကို မေးထားသင့်တဲ့ ဒီမေးခွန်း ၃ ခုကိုတော့ လက်တွေ့လုပ်ဆောင်သင့်ပါတယ်။ မေးခွန်းတွေကတော့ ရလာတဲ့ အသိပညာကို ဘယ်လို အသုံးပြုမလဲ။ ဘာကြောင့်လဲ။ ဘယ်အချိန်မှာ အသုံးပြုမလဲဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီမေးခွန်း ၃ ခုကို မြင်သာတဲ့နေရာ စားပွဲပေါ်၊ Phone မှာ ချရေးထားပါ။ ဒီမေးခွန်း ၃ ခုက စာအုပ်ထဲက လေ့လာထားသမျှကို ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲ၊ နှလုံးသားထဲ ထိ စွဲနေအောင် မှတ်မိနေစေပြီး အသိပညာတွေကို စွမ်းအားတွေအဖြစ် ပြောင်းပေးပါလိမ့်မယ်။

ToeTet.com
မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ။

04/10/2021

မွေးမြူသူတွေ အတွက် စိန်ခေါ်မှုများ
ဒီစက်တင်ဘာလထဲ ငွေပင်လယ်ဂျာနယ် page မှာ မွေးမြူသူတွေ ရှုံးရတဲ့ အကြောင်းအရင်း ဘာတွေဖြစ်မလဲ ဆိုပြီး အဖြေ (၃)ခုပေး ပေးပါဆိုပြီး မေးမြန်းပြီး အမြင်သဘောထား ရယူခဲ့ပါတယ်။
မြန်မာနိုင်ငံအနှံ့က မွေးမြူသူ ၈၈ ဦးက သူတို့ရဲ့ အမြင်တွေကို Coment မှာ ရေးသား ပေးခဲ့ကြပါတယ်။ ဒီလိုအချိန်ကြီးမှာ ငွေပင်လယ်ဂျာနယ်အနေနဲ့ မတူတဲ့ဒေသတွေက မတူတဲ့ မွေးမြူရေးသမားတွေကို တစ်ဦးချင်း လိုက်လံမေးမြန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။နောက် တစ်ခါ အခုလို Coment မှာ ပွင့်လင်းစွာ အမြင်တွေကို တင်ပြခြင်းဖြင့် page မှာ ဒီ Post ကို ဝင်ကြည့်သူအားလုံး ဖုံးကွယ်ထားခြင်း မရှိဘဲ တစ်ယောက်နဲ့ တစ်ယောက် အမြင် တွေ အခြေအနေတွေကို သိနိုင်လို့ အလွန်အကျိုးရှိတယ်လို့ ယုံကြည်ပါတယ်။
ရေးပြထားတဲ့ အမြင်တွေကို တူရာအုပ်စုခွဲကြည့်ရာမှာ အဓိက ရှုံးရ တဲ့အချက်တွေ တနည်းအားဖြင့်ဆိုသော် စိန်ခေါ်မှုတွေမှာ (၁) ဈေးကွက် မခိုင်မာခြင်း (၃၈ ရာခိုင်နှုန်း)၊ (၂) အစာ၊ ဆေးဝါး စတဲ့ သွင်းအားစုတွေ မြင့်တက်ခြင်း (၂၂ ရာခိုင်နှုန်း)၊ (၃) မွေးမြူရေးဆိုင်ရာ နည်းပညာအခက်အခဲ (၁၅ ရာခိုင်နှုန်း)၊ (၄) မွေးမြူတဲ့ တိရစ္ဆာန်မျိုးတွေရဲ့အရည်အသွေး (၁၃ ရာခိုင်နှုန်း)၊ (၅) နိုင်ငံရေး၊ လူမှုရေးအခြေအနေ (၇ ရာခိုင်နှုန်း) နှင့် (၆) ပြည်ပက တရားမဝင်တင်သွင်းမှု (၅ ရာခိုင်နှုန်း) လို့ အကြမ်းဖျဉ်း ခွဲလို့ရပါတယ်။

ဈေးကွက် မခိုင်မာခြင်း
ဖြေကြားထားသူအများစုက ကြက်မွေးမြူသူတွေဖြစ်လို့ ကြက်ဈေးကွက်ကို အဓိကထား ဖြေကြပေမယ့် အခြားတိရစ္ဆာန်မွေးမြူသူတွေရဲ့ အမြင်တွေနဲ့လည်း ထပ်တူနီးပါး ကျပါတယ်။ မွေးမြူသူတွေက ခိုင်မာတဲ့ ကြက်ဈေးကွက်ကို မဖော်ဆောင်နိုင်ဘဲ ဒိုင်တွေရဲ့ပေးတဲ့ ဈေးကိုပဲ ရနေတယ်လို့ ဖြေပါတယ်။ မွေးသူတွေက အကျိုးအမြတ် မခံစားရဘဲ ဒိုင်တွေက ရနေတယ်။ ဝက်မှာလည်း လိုင်စင်စီတွေကသာ ပိုအကျိုးအမြတ်ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီး ကုမ္ပဏီကြီးအချို့က ကြက်ဈေးကွက်ကို ချယ်လှယ်ထားတယ်။ သူတို့လိုရင် တစ် မျိုး၊ မလိုရင် တစ်မျိုးနဲ့ ဈေးကွက်ကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ဈေးကွက်က မတည် ငြိမ်တော့ မွေးမြူသူတွေက ဘယ်လိုမှခန့်မှန်းလို့ မရနိုင်ကြောင်း အမြင်တွေကို ပြောပြပါ တယ်။ ဒါတွေကို ထိန်းနိုင်ဖို့ အသားဈေးကွက်တစ်ခု ဖော်ဆောင်နိုင်ဖို့၊ မွေးမြူသူတွေ ညီညွတ်ကြဖို့ ၊
မွေးမြူရေးဆိုင်ရာအသင်းအဖွဲ့တွေက ဝင်ရောက်ထိန်းသိမ်းပေးကြဖို့ လိုတယ်လို့ဆိုကြပြီး၊ အသား (ကြက်သား၊ ဝက်သား)ကို အစိတ်အပိုင်းလိုက် ခုတ်ထစ်ပြုပြင်ထုတ်ပိုးပြီး အအေးခန်းထဲ သိုလှောင်ကာ လိုတဲ့နေရာ လိုတဲ့မြို့တွေအထိ ဖြန့်ဖြူးဖို့ နည်းလမ်းလုပ်သင့်တယ်လို့ တစ်ဦးက အကြံပြုပါတယ်။ ဝက်နဲ့ ပတ်သက်ပြီးတော့ လိုင်စင်စီစနစ်ကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ လိုတယ်လို့ အမြင်တွေကို ပြောပြကြပါတယ်။

အစာဆေးဝါး စသည့် သွင်းအားစုများ ဈေးမြင့်တက်ခြင်း
နောက်တစ်ချက်က အစာ၊ ဆေးဝါးစတဲ့ သွင်းအားစုတွေ တစ်နေ့ တခြား ဈေးမြင့် တက်လာနေခြင်းကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဒေါ်လာဈေးတက်လို့ အစာတွေ၊ ဆေးဝါးတွေဟာ တစ်နေ့တခြား ဈေးတက်လာနေပါတယ်။ ဒါပေမယ့် မွေးမြူသူတွေရတဲ့ဈေး၊ ခြံဖမ်းဈေးကတော့ တက်မလာဘူးလို့ ပြောကြပါတယ်။

မွေးမြူရေးနည်းပညာ
မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ နည်းပညာတွေကို မွေးမြူသူတိုင်း လက်လှမ်း မမီခြင်းကလည်း မအောင်မြင်ရခြင်းရဲ့ အချက်တစ်ချက်လို့ ဖြေကြပါတယ်။ မွေးမြူသူက သေသေချာချာ မွေးမြူစောင့်ရှောက်တတ်ရင်လည်း အရှုံးကို သက်သာစေတယ်။ တစ်ချို့ မွေးမြူသူတွေကလည်း သူများမွေးလို့ လိုက်မွေး လိုက်တာ ဂရုစိုက်မှု အားနည်းတတ်ကြတယ်လို့ ပြောပါတယ်။ တစ်ချို့နေရာတွေမှာ ကျွမ်းကျင်တဲ့ တိရစ္ဆာန်ကုသရေးဆရာဝန်တွေရဲ့ ကုသ စောင့်ရှောက်မှု လက်လှမ်း မမီတာတွေကလည်း အရေးကြီးတဲ့ အချက်တစ်ချက်အနေနဲ့ ပါဝင်တယ်လို့ ဆိုပါတယ်။

မျိုးအရည်အသွေး ညံ့ဖျင်းခြင်း
မွေးမြူတဲ့တိရစ္ဆာန်ရဲ့ မျိုးအရည်အသွေး ညံ့ဖျင်းတာ စံချိန်မမီတာ ကလည်း ရှုံးစေတဲ့ အချက်တစ်ချက်ပါလို့ ပြောပါတယ်။ အထူးသဖြင့် ကြက်ပေါက်တွေ အရည်အသွေးညံ့ဖျင်းတာ၊ တစ်သုတ်ထဲမှာပဲ ကြက်တွေ အရည်အသွေး တစ်ကောင်နဲ့ တစ်ကောင် မတူညီတာတွေ မကြာ ခဏ ကြုံတွေ့နေရကြောင်း ပြောကြပါတယ်။ ဒါကြောင့် ထုတ်ရက်ရောက်ပေမယ့်လည်း ဝိတ် တန်း မရောက်လို့ အစာပိုကျွေးရတာ စတဲ့ ထုတ်လုပ်မှုစရိတ် မြင့်တက်ခြင်း တွေလည်း ရှိတယ်လို့ သိရပါတယ်။

နိုင်ငံရေး၊ လူမှုရေး အခြေအနေများ
နိုင်ငံရေးအခြေအနေကြောင့် စီးပွားရေးတွေ ထိခိုက်ပြီး ဝယ်လိုအားတွေကို ကြီးစွာ
ထိခိုက်ရတယ်လို့လည်း ဖြေကြပါတယ်။ ဒီအပြင် ကိုဗစ်ကြောင့် ခရီးသွားလာမှုကန့်သတ်တာတွေ၊ သယ်ယူပို့ဆောင်ရေး စရိတ်တွေ ကြီးတာတွေကိုလည်း ထည့်စဉ်းစားရမှာဖြစ်သလို စားသောက်ဆိုင်တွေ ဖွင့်ခွင့်မရတာတွေလည်း ပါ ပါတယ်။

ပြည်ပမှ တရားမဝင်တင်သွင်းမှုများ
ပြည်ပကနေ ကြက်သား၊ ကြက်ဥတွေ၊ ကြက်အရှင်၊ ဝက်အရှင်တွေ တရားမဝင် ဝင်ရောက်နေမှုကြောင့် ပြည်တွင်း အသား/ဥ ထုတ်လုပ်မှုရဲ့ ဈေးကွက်ကို ထိခိုက်နေပါတယ်။ ပြည်ပက တရားမဝင် ဝင်တဲ့ အသား ဥ ၊ တိရစ္ဆာန်တွေက ထုတ်လုပ်မှုစရိတ် သက်သာတာ ကြောင့် ဘယ်လိုမှ ဈေးနှုန်း မယှဉ်နိုင်ပါဘူး။ နို့စားနွားမွေးသူတွေကတော့ ပြည်ပက နို့နှင့် နို့ထွက်ပစ္စည်းတွေကို တင်သွင်းမှုလျော့ချစေလိုတယ်လို့ အကြံပြုကြပါတယ်။
ယခုဖော်ပြမှုလေးတွေက တစ်ပြည်လုံးရဲ့ အခြေအနေကို မခြုံမိစေပေမယ့်လည်း မွေးမြူရေးသမားတွေအတွက် တစ်စုံတစ်ခုသော တွေးစရာ စဉ်းစားစရာလေးတွေ ရရှိပြီး
အကျိုးရှိစေမယ်လို့ ယုံကြည်ပါတယ်။ (ဒီသဘောထား
ကောက်ယူချိန်မှာ ငွေလဲနှုန်း ရုတ်တရက် မြင့်တက်မှု မ ဖြစ်ခင်က ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ သက်ရောက်မှုတွေ မပါခဲ့ပါဘူး)
ဖြေဆိုပေးခဲ့ကြသူ တစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။

04/10/2021

ပြသနာတစ်ခုကို
အကောင်းမြင်စိတ်နဲ့ တွေးပေးလိုက်တာက

အဲ့ပြသနာကို မဖြေရှင်းနိုင်ပေမယ့်

အနည်းဆုံးတော့ ကိုယ်စိတ်ချမ်းသာတယ်
အလုပ်တွေဆက်ကြိုးစားဖို့ စိတ်ညိုးနွမ်း မနေတော့ဘူးပေါ့

Fighting All 💪💪

04/10/2021

ပြီးပြည့်စုံအောင် စောင့်နေရင် ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ပါဘူးနော်
အဆင်သင့်ဖြစ်မယ့်နေ့ဆိုတာ တကယ်မရှိပါဘူး‼️

လုပ်ရင်းနဲ့တစ်ဖြည်းဖြည်းချင်းဖြည့်သွားရတာပါ

ဘယ်ချိန် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိနိုင်တဲ့အတွက်

ကိုယ့်အိမ်မက်ကို အခုပဲ ထပြီး အကောင်အထည်ဖော်လိုက်ပါ✌️

Fighting All 💪💪

04/10/2021

"ပေးကမ်းစာချုပ်" ချုပ်မယ်ဆိုရင်...

💎💎စိန်၊ ရွှေအစရှိသော ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကိုပေးကမ်းတဲ့နေရာမှာ စာချုပ် ချုပ်ပြီးပေးကမ်းလို့လည်းရတယ်၊ စာချုပ်မချုပ်ဘဲလည်း ပေးလို့ရပါတယ်။

🏡မြေ၊ အိမ် အစရှိတဲ့ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းမယ်ဆိုရင်တော့ ပေးကမ်းခြင်း စာချုပ်ပြုလုပ်ရပါမယ်။

ပစ္စည်းပိုင်ရှင်အနေနဲ့ မိမိပိုင်ပစ္စည်းတွေကို မိမိဆန္ဒအလျောက်် ပေးကမ်းခွင့်ရှိတယ်လို့ အခြေခံသဘောအားဖြင့် ဆိုရမှာဖြစ်ပေမယ့် မိမိပိုင်ပစ္စည်းအားလုံး ပေးခွင့် ရှိ၊မရှိ ဆိုတဲ့ပြဿနာတစ်ရပ် ရှိပါတယ်။ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး၊ လွှတ်တော်စာမျက်နှာ ၄၇၁ အမှုမှာ ပါတဲ့ အချက်က သတိပြုရမယ့်အချက်ပဲဖြစ်ပါတယ်။

အသက်၂၇ နှစ်အရွယ်ရှိ ဒေါ်ရွှေရီဆိုသူဟာ မသေမီ ၉ ရက်အလိုမှာ မှတ်ပုံတင်အရာရှိကို အိမ်ကိုခေါ်ပြီး ပေးကမ်းစာချုပ်ပြုလုပ်မှတ်ပုံတင်စေပါတယ်။ စာချုပ်မှာ သူ့ရှိသမျှပစ္စည်းအားလုံးကို နှစ်ပေါင်းများစွာ သူ့ကိုပြုစုနေခဲ့တဲ့သူကို ပေးကမ်းလိုက်ခြင်းဖြစ်ပါတယ်။ ဒေါ်ရွှေရီဟာ နှစ်ပေါင်း အတော်ကြာကြာ ကိုယ်ရေပြားရောဂါဖြစ်နေပြီး မှတ်ပုံတင်စာချုပ် ချုပ်လုပ်တဲ့အချိန်မှာတော့ ကျန်းမာရေးမကောင်းတော့ပါ။

ဒီလိုချုပ်ဆိုတဲ့ စာချုပ်ကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ မညီညွတ်တဲ့အတွက် တရားလွှတ်တော်က အတည်မပြုပါဘူး။ တရားလွှတ်တော်က အကြောင်းရင်းနှစ်ရပ်ပြပါသည်။ ပထမအကြောင်းက သေခါနီးဆဲဆဲ ပေးကမ်းတာဖြစ်ပါတယ်။ ဒုတိယအကြောင်းက သေသူဟာ ရှိသမျှပစ္စည်းအားလုံးကိုပေးကမ်းတာဖြစ်ပါတယ်။

အထက်ဖော်ပြပါ စီရင်ထုံးနဲ့ ဓမ္မသတ်ခြောက်စောင်တွဲအခန်း၈၊ ပုဒ်မ ၇၅ တို့ကိုထောက်ထားပြီး ပစ္စည်းရှင်ဟာ မိမိပိုင်ပစ္စည်းကို မိမိဆန္ဒအလျောက် ပေးကမ်းခွင့်ရှိပေမယ့်် အမွေစားအမွေခံတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်လောက်အောင် ရှိသမျှပစ္စည်းအားလုံး ပေးကမ်းခွင့်မရှိဘူးဆိုတဲ့သဘောပါ။

✍️ဒါကြောင့် ပေးကမ်းခြင်း စာချုပ် ချုပ်ဆိုရာမှာ...

၁။ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို ပေးကမ်းတာဆိုလျှင် စာချုပ်ပြုလုပ် ချုပ်ဆိုရပါမည်။
၂။ အဆိုပါစာချုပ်ကို မှတ်ပုံတင်ရပါမည်။
၃။ အလိုအလျောက် မေတ္တာသက်၀င်ချစ်ခင်မှုဖြင့် ပေးကမ်းတာမျိုးဖြစ်ရပါမယ်။
၄။ ပေးကမ်းခြင်းခံရသူက ပေးကမ်းခြင်းကို လက်ခံသဘောတူကြောင်း ဖော်ပြပါရှိရပါမယ်။
၅။ ပေးကမ်းတဲ့ ပစ္စည်းစာရင်းဇယား ဖော်ပြပါရှိရပါမယ်။
၆။ ဆိုင်ရာက ထုတ်ပေးတဲ့ ပစ္စည်းတည်ရှိရာမြေပုံ၊ မြေရာဇ၀င် ပူးတွဲပါရှိရပါမယ်။
၇။ ပေးကမ်းသူပိုင်ဆိုင်ကြောင်း မရွေ့မပြောင်းနိုင်တဲ့ပစ္စည်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား ပူးတွဲဖော်ပြပါရှိရပါမယ်။
၈။ စာချုပ်မှာ အသိသက်သေနှစ်ဦး အနည်းဆုံးပါရှိရပါမယ်။
၉။ ပေးကမ်းစဉ်မှာ ပေးသူအနေနဲ့ အသက်ရှင်လျက်ရှိနေမှ ပေးနိုင်ခွင့်ရှိပါမယ်။
၁၀။ လက်ခံသူအနေနဲ့လည်း အသက်ရှင်ဆဲရှိမှသာ လက်ခံနိုင်ပါမယ်။ သေဆုံးမှဆိုလျှင် ပေးကမ်းခြင်း ပျက်ပြယ်ပါမည်။
၁၁။ တည်ရှိလတ္တံပစ္စည်း ဒါမှမဟုတ် အနာဂါတ်ပစ္စည်းကိုပေးကမ်းခြင်းမပြုနိုင်ပါဘူး။
၁၂။ အပေးခံရတဲ့သူဟာ တစ်ဦးထက်ပိုနေပြီး တစ်ဦးက ပေးကမ်းတာကို လက်မခံရင် လက်မခံသူအတွက်သာ ပေးကမ်းခြင်း ပျက်ပြယ်ပြီး ကျန်လက်ခံသူတွေအတွက််တာ့ ပေးကမ်းခြင်းက အတည်ဖြစ်ပါတယ်။
၁၃။ ပေးသူပိုင် ပစ္စည်းအားလုံးကို ပေးတာဆိုလျှင် ပေးစဉ်အခါက ပေးသူမှာ တင်ရှိနေတဲ့ကြွေးမြီးအားလုံးအတွက် ပေးတဲ့ပစ္စည်းနဲ့အညီ လက်ခံသူအပေါ်မှာ တာ၀န်ရှိပါသည်။
၁၄။ ပစ္စည်းတန်ဖိုးအပေါ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။
၁၅။ ပေးကမ်းသူမှာ အမွေစားအမွေခံရှိနေရင် ပေးကမ်းသူပိုင် ပစ္စည်းအားလုံးကို အမွေစားအမွေခံမဟုတ်သူကို ပေးလို့မရပါဘူး။

Crd., ဆရာဦးကျော်ဇေယျ၏ စာချုပ်အမျိုးမျိုးချုပ်ဆိုခြင်းမှ...



🧑‍⚖️🍀

သန့်သန့်လေးဆပ်ပြာဆီ၁ဘူးမှ ၆၀၀ကျပ်ပါ၁၀ဘူးနှင့်အထက်တစ်စျေးပါ
26/06/2020

သန့်သန့်လေးဆပ်ပြာဆီ
၁ဘူးမှ ၆၀၀ကျပ်ပါ
၁၀ဘူးနှင့်အထက်တစ်စျေးပါ

17/04/2020

Address

No(2) Pyitawthar
Hlegu

Telephone

+959955228370

Website

Alerts

Be the first to know and let us send you an email when KHN Clothes&Cosmetics Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KHN Clothes&Cosmetics Online Shopping:

Shortcuts

Share