13/11/2025
#ရယ်စရာမဟုတ်ခဲ့ပါ။
🌻ကလေးလေးတွေက မိဘစကားထက်ကို သူတို့ရဲ့ဆရာ၊ဆရာမ စကားတွေကို ပိုနားထောင်တတ်ကြတာ သဘာဝပါပဲ။
🌻မိဘနဲ့ထိတွေ့ရချိန်ထက် ဆရာ၊ဆရာမနဲ့ ထိတွေ့ရချိန်က ပိုများကြပါတယ်။
🌻 ဒီနေ့ သမီးငယ်ဖြစ်သူ Grade (2)ကျောင်းသူလေးကျောင်းက ပြန်ရောက်ချိန် မျက်နှာက မကောင်းဘဲ ပြန်လာပြောပြရှာတယ်။
🌻မေမေရေ ဒီနေ့ ကျောင်းမှာ နာမည်လေးတွေ မိတ်ဆက်ရတယ်။ သမီးနာမည်ကို ပြောပြီးတော့ဆရာမက ဖေဖေမေမေ နာမည် ကိုမေးတယ်တဲ့။
🌻အဲ့တာဆို သမီး ပြန်ပြောနိုင်တယ်မလားလို့ မေးလိုက်တော့ သမီးလေးက ပြောပြလိုက်ပါတယ်တဲ့။
🌻ဒါပေမယ့်ဆရာမကို သမီးဖေဖေ့နာမည်ကို ပြောပြတော့ ဆရာမက "နင့်အဖေနာမည် အစစာလုံးကလည်း ကရင်လိုဆိုရင် မိန်းမနာမည်ကြီး ဟားဟား"ဆိုပြီး ရယ်တယ်တဲ့။ တခန်းလုံး သူငယ်ချင်းတွေ ရှေ့မှာ လေတဲ့။
🌻သမီးလေးက မျက်နှာလေးညိုးပြီး ဖေဖေ့ကိုအဲ့လိုပြောတာ မကြိုက်ဘူးမေမေ။ ဆရာမကို သမီး ဘယ်လိုပြန်ပြောရမလဲလို့မေးတယ်။
🌻ကျွန်မ စိတ်မကောင်းအတော်ဖြစ်မိတယ်။ အမည်နာမလေးတစ်ခုက မိန်းကလေးနာမည် ဖြစ်တယ်ပဲထားဦး ဒါဟာ ကလေးတစ်ဦးလေးစားရတဲ့ ဖခင်တစ်ဦးရဲ့နာမည်လေ ဘယ်သားသမီးက ကြိုက်မလဲ။
🌻ဆရာမအတွက် ရယ်စရာဖြစ်ခဲ့ရင်တောင်ကလေးငယ်လေး တစ်ယောက်အတွက်တော့ ဒါက ဟာသ တစ်ခု မဟုတ်ခဲ့ပါဘူးကွယ်။
🌻ကျွန်မသမီးကို နှစ်သိမ့်ဖို့ စကားလုံးရှာရင်းနဲ့ ပဲ ဒီစာလေးကို ရေးဖြစ်သွားတယ်။
🌻ဆရာမရေ အဆိုတော် နော်နော် ကလည်း စကောကရင်လိုဆိုရင် မမ ပါနော်။ အဲ့လိုသာ ဆရာမတွေးမိရင် ကျွန်မ သမီးလေး သူ့အဖေနာမည်ပြောတုန်းက ရယ်စရာလို့ ထင်မိမှာ မဟုတ်ဘူးထင်ပါရဲ့။
🌻ပိုးကရင်နာမည်အစ နန်းဆိုတဲ့စကားလုံးလေးက ဗမာတိုင်းရင်းသား ယောက်ကျားလေး အချို့ရဲ့ အစ စာလုံးလေးတွေမှာ သုံးတတ်တယ်ဆိုတာ ဆရာမ အခြားဒေသတွေ မရောက်ဖူးသေးလို့မသိတာပါ။း 🌻ဆရာမရဲ့ မသိလိုက်သလို ရယ်စရာလုပ်ပြောခဲ့တဲ့ စကားလေးတစ်ခွန်းက ကလေးတစ်ယောက်ရဲ့ စိတ်အားငယ်မှုလေး ဖြစ်ခဲ့ပါတယ်။
🌻အကြောင်းအရာတိုင်းက ရယ်စရာမဟုတ်ပါဘူးကွယ်။