28/08/2026
💐 မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါခေါင်လပြည့်နေ့နှင့် ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခါသမယမှာ ရာသီဥတုအေးမြသကဲ့သို့ မိတ်ဆွေများအားလုံး၏ စိတ်နှလုံးလည်း အေးချမ်းကြပါစေ။
💐 ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာ၏ အဓိပ္ပာယ်အတိုင်း လွင့်ပါးနေသော လိပ်ပြာများ ပြန်လည်စုစည်းကာ၊ ချည်ဖြူမျှင်လေးများဖြင့် ခိုင်မြဲစွာ တည်ဆောက်ထားသည့် ချစ်ခြင်း၊ စည်းလုံးခြင်း၊ အေးချမ်းခြင်းတို့နှင့်အတူ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း မေတ္တာမွန်ဖြင့် ဆုတောင်းလိုက်ရပါသည်။