Nan Nwè

Nan Nwè သင်တို့ရဲ့ ပျော်ရွှင်ကျန်းမာတဲ့ ဘဝ?

လေ့ကျင့်ခန်းလုပ်တာတောင်ဗိုက်မှ အဆီစုနေသေးတယ်ဆိုရင်သင်ရဲ့ဗိုက်ထဲမှာရှိနေတဲ့အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကိုဖယ်ရှားပေးဖို့W ...
02/09/2020

လေ့ကျင့်ခန်းလုပ်တာတောင်
ဗိုက်မှ အဆီစုနေသေးတယ်ဆိုရင်
သင်ရဲ့ဗိုက်ထဲမှာရှိနေတဲ့
အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို
ဖယ်ရှားပေးဖို့W Fiber🍇🍇🍇🍇ကို
မအိပ်ခင်အချိန်လေးမှာ
ဖျော်သောက်ပြီး အူရှင်းပေးဖို့ လိုလာပြီနော်👌👌👌
Order to cb or 09780884825(viber)

အသဲတို့ရဲ့ ကိုယ်ပေါ်ရှိနေတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ဆိုရင်ရေချိုးတိုင်းWink white Soapနဲ့ အချိန်၃မိနစ်ပ...
02/09/2020

အသဲတို့ရဲ့ ကိုယ်ပေါ်ရှိနေတဲ့
အညစ်အကြေးတွေနဲ့
ဆဲလ်သေတွေကို ဖယ်ရှားဖို့ဆိုရင်
ရေချိုးတိုင်း
Wink white Soapနဲ့ အချိန်၃မိနစ်ပေးပြီး
ပေါင်းတင်လိုက်ပါနော်😍😍😍
white Soap
Price4000ks
Order to cb or 09780884825(viber)

ကယ်လိုရီတွက်ချက်မှုနှင့် ရိုးရှင်းသော ဝိတ်ချနည်းဒေါက်တာပြည့်ဖြိုးကျော်ကယ်လိုရီဟူသည် စွမ်းအင်၏ ယူနစ်တစ်မျိုးဖြစ်သည်။ ရူပဗ...
22/08/2020

ကယ်လိုရီတွက်ချက်မှုနှင့် ရိုးရှင်းသော ဝိတ်ချနည်း

ဒေါက်တာပြည့်ဖြိုးကျော်

ကယ်လိုရီဟူသည် စွမ်းအင်၏ ယူနစ်တစ်မျိုးဖြစ်သည်။ ရူပဗေဒ သဘောတရားအရ ဥပမာပေးရလျှင် ရေ ၁ ဂရမ်ကို ၁ ဒီဂရီဆဲလ်စီးယပ် အပူချိန်မြင့်မားလာအောင်ပြုလုပ်ရာတွင် စွမ်းအင်ပမာဏ တစ်ခုလိုအပ်သည်။ ထိုစွမ်းအင်ပမာဏကို ယူနစ်တစ်မျိုးဖြင့် သတ်မှတ်ခေါ်ဝေါ်ကြသကဲ့သို့ ပင်ဖြစ်သည်။ ကယ်လိုရီသည်လည်း အစားအစာများအလိုက် ထုတ်လုပ်ပေးနိုင်သော စွမ်းအင်ပမာဏကို ဖော်ပြသည့်အခါ အသုံးပြုသော ယူနစ်တစ်မျိုးဖြစ်သည်။ မှတ်တမ်းများအရ ကယ်လိုရီကို ယူနစ်နှစ်မျိုးဖြင့် အသုံးပြုခဲ့ ကြသည်ကိုတွေ့ရသည်။ ပထမယူနစ်ကို သေးငယ်သောကယ်လိုရီ (သို့မဟုတ်) ဂရမ်ကယ်လိုရီ ဟုခေါ်ဆိုပြီး cal (c အသေး) ဟူ၍ သတ်မှတ်အသုံးပြုကြသည်။ နောက်တစ်မျိုးသည် ကယ်လိုရီအကြီးဖြစ်သည်။ ကီလိုကယ်လိုရီ (kcal) ဟူ၍လည်းသုံးသည်။ ၁ ကယ်လိုကယ်လိုရီ (1kcal) သည် ၁၀၀၀ ကယ်လိုရီ (1000 cal) (c အသေး) နှင့် ညီမျှသည်။
cal (c အသေး) ကို အသုံးပြုမည်ဆိုပါက ဖော်ပြရမည့် ပမာဏသည် သုညသုံးလုံး အမြဲပိုနေပေလိမ့်မည်။ သို့ဖြစ်ရာ ကီလိုကယ်လိုရီ (kcal)ဟူ၍သာ အသားပေးဖော်ပြကြသည်။ ကီလိုကယ်လိုရီကို ကယ်လိုရီ (Cal) (C အကြီး)ဟူ၍လည်း အလွယ် ပြောဆိုသုံးနှုန်း၍ရသည်။ ဥပမာ ကိုလာတစ်ဗူးသောက်လျှင် ရရှိနိုင်သော စွမ်းအင်ပမာဏအဖြစ် 140 kcal (သို့မဟုတ်) 140 Cal ဟူ၍ ဗူးခွံပေါ်တွင် ဖော်ပြတတ်ကြသည်။ ယခုဆောင်းပါးတွင်လည်း ကီလိုကယ်လိုရီ (kcal) အစား ကယ်လိုရီ (Cal) ဟူ၍သာ သုံးနှုန်းဖော်ပြသွားမည်ဖြစ်သည်။

အမျိုးသားတစ်ဦး နေ့စဥ် ပုံမှန်လှုပ်ရှားရန်အတွက် စွမ်းအင်ပမာဏ ပျှမ်းမျှ 2500 Cal ခန့်လိုအပ်ပြီး အမျိုးသမီးတစ်ဦးအတွက်မူ 2000 Cal ခန့်လိုအပ်သည်။ ထိုစွမ်းအင်ပမာဏကို အစားအသောက်များထံမှ ရရှိသည်။ နေ့စဥ် လှုပ်ရှားသွားလာရာတွင်နှင့် အလုပ်လုပ်ရာတွင် ထိုစွမ်းအင်ကို အသုံးပြုရသည်။ စားလိုက်သော စွမ်းအင်ပမာဏသည် ပြန်လည် အသုံးပြုမည့် စွမ်းအင်ပမာဏထက် အမြဲတမ်းပိုနေမည်ဆိုလျှင် တဖြည်းဖြည်းဝလာစေရန်အတွက် လုံလောက်နေပြီဖြစ်သည်။ လူအတော်များများသည် အစားအသောက်စားရာတွင် လိုအပ်သည်ထက် (2500 Calထက်) ပိုမိုစားသုံးနေကြသည်။ သို့ရာတွင် လှုပ်ရှားမှုနည်းပါးကြ၍ စွမ်းအင်ပြန်လည်သုံးစွဲမှုကမူ လျော့နည်းသည်။ သို့ဖြစ်ရာ နေ့စဥ် ပိုမိုနေသော ကယ်လိုရီသည် အဆီအဖြစ် စုပုံလာ၍ လူကို တဖြေးဖြေး ဝလာစေသည်။ သို့ဖြစ်ရာ မိမိတို့၏ စွမ်းအင်လိုအပ်ချက် (2000Cal မှ 2500 Cal)ကို သိရှိထားရန်နှင့် စားသောက်မှုအပေါ်မှ ရရှိနိုင်မည့် စွမ်းအင်ပမာဏကို ခန့်မှန်းတတ်စေရန် လိုအပ်လာသည်။

ဖော်ပြပါ စွမ်းအင်လိုအပ်ချက်သည် အသက်အရွယ်၊ အရပ်အမြင့်၊ ခန္ဓာကိုယ်အလေးချိန်နှင့် လှုပ်ရှားရုန်းကန်မှုတို့အပေါ်တွင်မူတည်၍ ပြောင်းလဲမှုရှိနိုင်သေးသည်။ အလုပ်ကြမ်းလုပ်ရသူများအဖို့မူ ထိုထက်ပိုမိုလိုအပ်မည်ဖြစ်သည်။ ပုံမှန် သက်တောင့်သက်သာ အလုပ်လုပ်ရသော သူများအဖို့မူ အဆိုပါ လိုအပ်ချက်သည် လုံလောက်မှုရှိကြောင်းတွေ့ရသည်။ အဝလွန်နေသူများနှင့် ဝိတ်ချလိုသူများအဖို့မူ နေ့စဥ်စားသောက်မှုများမှ ရရှိသော Cal ကို လျှော့ချ၍ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ပြန်လည်အသုံးချသည့် Cal ကို တိုးမြှင့်ပေးခြင်းဖြင့် ရိုးရှင်းစွာ ဝိတ်ချနိုင်မည်ဖြစ်သည်။ အနည်းဆုံး နေ့စဥ် 500 Cal ခန့်လျှော့စားပါက တစ်ပတ်လျှင် တစ်ပေါင်နှုန်းခန့် ဝိတ်ကျစေနိုင်ကြောင်းလည်းတွေ့ရှိရသည်။

သို့ဖြစ်ပါ၍ မိမိတို့ နေ့စဥ်စားသောက်နေသော အစားအသောက်များသည် ကယ်လိုရီမည်မျှခန့်ပါဝင်နိုင်ကြောင်း အကြမ်းဖျဥ်းသိရှိထားရန် လိုအပ်လာသည်။ အောက်တွင်ဖော်ပြထားသော အစားအသောက်များ အလိုက် Cal ရရှိနိုင်မှုအား အကြမ်းဖျဉ်းခန့်မှန်းတွက်ချက်ကြည့်နိုင်သည်။ ပါဝင်သောအမယ်များ၊ အရွယ်အစားတို့အပေါ်မူတည်၍ ကွာဟချက် အနည်းငယ်ရှိနိုင်မည်ဖြစ်သည်။

ကြေးအိုးတစ်ပွဲ 1500Cal
နန်းကြီးသုပ်/ ရှမ်းခေါက်ဆွဲ 700Cal
ဆီချက် 400Cal
မုန့်ဟင်းခါး 300Cal
ခေါက်ဆွဲပြုတ် 250Cal
ပေါင်မုန့်ထောပတ်သုတ် 140Cal
ဘာဂါတစ်လုံး 500Cal
ပေါက်စီတစ်လုံး 250Cal
ဒိုးနပ်တစ်ခု 250Cal
ကြက်ဥကြော်တစ်လုံး 110Cal
စမူဆာတစ်ခု 60Cal
ပဲပလာတာတစ်ချပ် 370Cal
အီကြာကွေးတစ်ချောင်း 310Cal
နံပြားတစ်ချပ် 120Cal
ကော်ပြန့်ကြော်တစ်ခု 100Cal

ထမင်းဖြူ 200Cal
ထမင်းဆီဆမ်း 400Cal
ထမင်းကြော် 450Cal
ထမင်းပေါင်း 500Cal
ကြက်သားဒံပေါက် 700Cal
ခေါက်ဆွဲကြော်/ကြာဇံကြော် 500Cal

ဆီ လက်ဖက်စားဇွန်းတစ်ဇွန်း 40Cal

ဟင်းများ(ပွဲသေး)

ဆိတ်သား 325Cal
အမဲသား 435Cal
ဝက်သား 400Cal
ကြက်သား 300Cal
ပုစွန်/ ငါး 240Cal

အစိမ်းကြော်တစ်ပွဲ 150Cal
ကန်စွန်းရွက်ကြော် 130Cal
ကြက်သားကြော်တစ်တုံး 300Cal

ပြောင်းဖူးပြုတ်တစ်ဖူး 350Cal
အာလူးပြုတ်တစ်လုံး 110Cal
လက်ဖက်သုပ် 110Cal
တို့ဟူးသုပ်တစ်ပွဲ 220Cal
အာလူးချောင်းကြော်တစ်ပွဲ 200Cal

ကော်ဖီတစ်ခွက် 90Cal
နွားနို့တစ်ခွက် 168Cal
ချိစ် တစ်ချပ် 200Cal
ဘီယာတစ်ခွက် 200Cal
ကိုလာတစ်ဗူး 140Cal

ငှက်ပျောသီးတစ်လုံး 107Cal
ပန်းသီးတစ်လုံး 95Cal
လိမ္မော်သီးတစ်လုံး 65Cal
သရက်သီးတစ်လုံး 40Cal
ထောပတ်သီးတစ်လုံး 150Cal
နာနတ်သီးတစ်စိတ် 50Cal
ဖရဲသီးတစ်စိတ် 50Cal
သခွားမွှေးတစ်လုံး 50Cal

(ရယ်ဒီမိတ်မုန့်ထုပ်များ၊ အအေးဗူးများတွင်မူ ပါဝင်သော Cal ကို ကိုယ်တိုင်ဖတ်ရှုလေ့လာနိုင်ပါသည်)

အချုပ်အနေဖြင့် နေ့စဉ်စားသောက်မှုမှ ရရှိနိုင်သော Cal ကို နေ့စဉ် လျှော့ချစားသုံး၍ လည်းကောင်း၊ ကယ်လိုရီပါဝင်မှုနည်းသော အစားအစာများကို ရွေးချယ်စားသုံးခြင်းဖြင့်လည်းကောင်း၊ နေ့စဉ် နာရီဝက်ခန့်လမ်းလျှောက်ပေးခြင်းကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်၍ Cal ကို ပြန်လည်အသုံးချပေးခြင်းဖြင့်လည်းကောင်း
ရိုးရှင်းစွာ ဝိတ်ချနိုင်ပြီဖြစ်ပါကြောင်း အသိပေးရေးသား လိုက်ရပါသည်။

Hey bae😍😍😍...အသားဖြူဆေးတွေမသောက်ရဲရင်အသားဖြူစေတဲ့Wink white Soapနဲ့W Lotionတွဲသုံးနော်၂ပတ်ထဲနဲ့ သိသာတဲ့ရလဒ်ကိုရရှိစေပီး ...
22/08/2020

Hey bae😍😍😍...

အသားဖြူဆေးတွေမသောက်ရဲရင်
အသားဖြူစေတဲ့Wink white Soapနဲ့
W Lotionတွဲသုံးနော်
၂ပတ်ထဲနဲ့ သိသာတဲ့ရလဒ်ကို
ရရှိစေပီး ပေးရတဲ့စျေးထက်
အဆပေါင်းများစွာ အကျိုးခံစားစေတဲ့အသားဖြူSet😍😍😍
W Soap& W Lotion

Price4000ks

Price18000ks
Order to cb or 09780884825(viber)

အရောင်းပို့စ်မတင်ရတာတောင်အရောင်းသွက်နေတဲ့W Essence Serumလေးမျက်နှာလေးကိုအစိုဓာတ်ဖြည့်စေပြီးစိုစိုအိအိလေးနဲ့ဝင်းချင်တယ်ဆိ...
22/08/2020

အရောင်းပို့စ်မတင်ရတာတောင်
အရောင်းသွက်နေတဲ့W Essence Serumလေး
မျက်နှာလေးကို
အစိုဓာတ်ဖြည့်စေပြီး
စိုစိုအိအိလေးနဲ့ဝင်းချင်တယ်ဆိုတော့
W Essence Serumက
အသင့်တော်ဆုံးပဲနော်😍😍😍😍

Serum

Price 20000ks

Order to cb or 09780884825(viber)

Morning❤❤❤တို့ယေမျက်နှာပေါ်က အဆီပြန်ခြင်းနဲ့မျက်နှာအညစ်အကြေးတွေကိုဖယ်ရှားနိုင်ဖို့ဆိုရင် ဲ့ မျက်နှာသစ်ပြီးတစ်နေ့တာကိုအဆီ...
21/08/2020

Morning❤❤❤တို့ယေ
မျက်နှာပေါ်က အဆီပြန်ခြင်းနဲ့
မျက်နှာအညစ်အကြေးတွေကို
ဖယ်ရှားနိုင်ဖို့ဆိုရင်
ဲ့ မျက်နှာသစ်ပြီး
တစ်နေ့တာကို
အဆီကင်းပြီးကြည်လင်တဲ့
မျက်နှာလေးကို
ပိုင်ဆိုင်ကြရအောင်😍😍😘😘
🍓🍓🍅🍎🍓

Price4500ks
Order to cb or 09780884825(viber)

 #အဆီဖုတွေထပ်မပေါက်တော့အောင် ဘာတွေ လုပ်သင့်လဲ ? ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ ၁. ရေများများသောက်ပါ.၂. ဝမ်းမချုပ်...
17/08/2020

#အဆီဖုတွေထပ်မပေါက်တော့အောင်

ဘာတွေ လုပ်သင့်လဲ ?

ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ

၁. ရေများများသောက်ပါ.

၂. ဝမ်းမချုပ်စေပါနဲ့

၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ မပြောင်းချင်ပါနဲ့

၄. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ

၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ

၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့

၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ( မိတ်ကပ်ဖျက်ဆေးဖြင့်)

၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ,ခေါက်ဆွဲခြောက်ရှောင်ပါ

၉. ဆံပင် စည်းထားပါ

၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့

၁၁. အိပ်ရေးမပျက်စေပါနဲ့

ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်. အစားအသောက်,အနေအထိုင်, အဓိက ကျန်းမာရေးလိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ.

အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစားအသောက်လည်းရှောင်, Skincare လေး သေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို မကြာခင် ပိုင်ဆိုင်ရမှာပါ...

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

#အဆီဖုနှင့်ပတ်သက်သမျှ

crd Dr Aye Min Htoo

အသီး ၁၀၀ ဂရမ် မှာ ပါဝင်သော ကယ်လိုရီ ပမာဏ များအသီးတွေ စားတာ များတော့ အသီးတွေ ရဲ့ ကယ်လိုရီ တွေ ကို လာမေးတာ များတဲ့ အတွက် မ...
05/08/2020

အသီး ၁၀၀ ဂရမ် မှာ ပါဝင်သော ကယ်လိုရီ ပမာဏ များ

အသီးတွေ စားတာ များတော့ အသီးတွေ ရဲ့ ကယ်လိုရီ တွေ ကို လာမေးတာ များတဲ့ အတွက် မြန်မာနိုင်ငံ မှာ အစားများတဲ့ အသီး ကယ်လိုရီ တွေ ကို ဝေမျှပေးလိုက်ပါတယ်။

100 grams သည် အကြမ်းဖျင်း 6 ကျပ်သားနှင့် ညီမျှပါသည်။

1. သရက်သီး - 60 ကယ်လိုရီ
2. မင်းဂွတ်သီး - 73 ကယ်လိုရီ
3. ကြက်မောက်သီး - 82 ကယ်လိုရီ
4. သင်္ဘောသီး - 45 ကယ်လိုရီ
5. ငှက်ပျောသီး. - 89 ကယ်လိုရီ
6. ပန်းသီး - 52 ကယ်လိုရီ
7. မာလကာသီး - 68 ကယ်လိုရီ
8. နဂါးမောက်သီး - 31 ကယ်လိုရီ
9. ဒူးရင်းသီး - 147 ကယ်လိုရီ
10. ဖရဲသီး - 30 ကယ်လိုရီ
11. ထောပတ်သီး - 160 ကယ်လိုရီ
12. နာနတ်သီး - 50 ကယ်လိုရီ
13. လိုဂန်းသီး - 55 ကယ်လိုရီ
14. ပန်းသစ်တော် - 57 ကယ်လိုရီ
15. သခွားမွှေး - 34 ကယ်လိုရီ
16. စပျစ်သီး - 69 ကယ်လိုရီ
17. ကီဝီသီး - 61 ကယ်လိုရီ
18. မက်မွန်သီး - 43 ကယ်လိုရီ
Credit

အိမ်မှာနေပြီး  လေ့ကျင့်ခန်းလေးလုပ်ပြီးဝိတ်လျော့မယ်W Coffeeလေးရဲ့အကူကိုယူပြီးအဆီကိုထိန်းထားမယ်W Coffeeလေးကမနက်ပဲသောက်သောက...
05/08/2020

အိမ်မှာနေပြီး လေ့ကျင့်ခန်းလေးလုပ်ပြီးဝိတ်လျော့မယ်
W Coffeeလေးရဲ့အကူကိုယူပြီးအဆီကိုထိန်းထားမယ်
W Coffeeလေးကမနက်ပဲသောက်သောက်
နေ့လည်ပဲသောက်သောက်
ညဘက်ပဲသောက်သောက်
အချိန်တိုင်းသောက်လို့သင့်တော်တဲ့ကော်ဖီဆိုလည်းမမှားဘူးပေါ့
ထူးဆန်းတာကW Coffeeလေးက
❌ No fat
❌No Suger
❌40Kcal
သာပါတာကြောင့်ကော်ဖီသောက်လို့ဝလာမကြောက်ရတဲ့အပြင်
အဆီလည်းချေဖျက်ပေးတယ်
အစာစားချင်စိတ်ကိုလည်းလျော့ချပေးတယ်
တစ်နေ့လုံးလန်းဆန်းတက်ကြွစေတယ်
ပိုပြီးထူးဆန်းတာကW coffeeထဲမှာCollagenပါတာကြောင့်အသားရေကိုပါဖြူဝင်းဆိုတယ်နော်
ကဲ...တွေဝေမနေပဲ Stay at homeအချိန်လေးကိုW Coffeeလေးသောက်ပြီးအဆီတွေက်ိုblockကြရအောင်😍😍😍😍
W Coffee
Price 15000ks(10ထုပ်ပါ)
Order to cb or 9780884825
Wink white offical distributor
Wink white by Nwe
Wink white in Hpa an
VIP MM203110179

W Soapလေးနဲ့ မျက်နှာသစ်ဖို့တွေဝေနေတုန်းလား🤔🤔🤔သင်တွေဝေနေချိန် ဝယ်သုံးပြီးသူတွေကကြိုက်လွန်းလို့ ထပ်မှာနေကြပြီနော်😍😍အဆီပြန်...
04/08/2020

W Soapလေးနဲ့ မျက်နှာသစ်ဖို့
တွေဝေနေတုန်းလား🤔🤔🤔
သင်တွေဝေနေချိန်
ဝယ်သုံးပြီးသူတွေက
ကြိုက်လွန်းလို့ ထပ်မှာနေကြပြီနော်😍😍
အဆီပြန်မှုကင်းပြီး ဝက်ခြံဆားဝက်ခြံရှင်းပေးတဲ့
W Soap🍓🍅🍎🍅🍅🍓🍎🍓🍅ကို
တစ်ခဲ၄၅၀၀ကျပ်တည်းနဲ့ မှာယူနိုင်ပါပြီနော် 😍😍😘😘


Order to cb or 09780884825(viber)
လက်လီ လက်ကားဝယ်ယူရရှိနိုင်ပါတယ်ရှင့်

🛀Wink White Soap ရေချိုးဆပ်ပြာ🍶Vitamin တွေအများကြီးပါဝင်တဲ့ အဖြူရောင်စတော်ဘယ်ရီ၊ နက်ရောင် ခရမ်းချဉ်သီး ၊ L-Glutathione ၊...
03/08/2020

🛀Wink White Soap ရေချိုးဆပ်ပြာ

🍶Vitamin တွေအများကြီးပါဝင်တဲ့ အဖြူရောင်စတော်ဘယ်ရီ၊ နက်ရောင် ခရမ်းချဉ်သီး ၊ L-Glutathione ၊အပြင် ဆိတ်နို့တို့ပါဝင်တာကြောင့်

👉ခန္ဓာကိုယ်ပေါ်မှာ ရှိဆဲလ်အသေများကိုဖယ်ရှားပေးတယ်။
👉အသားအရေ‌ကြည်လင်‌‌၊ နူးညံ့၊ ‌ချောမွေ့စေတယ်။
👉အမာရွတ်တွေသက်သာပျောက်ကင်းစေတယ်။
👉အသားဖြူဝင်းစေတယ်။
🛀ရေချိုးလည်းရ မျက်နှာသစ်လည်းရလို့ တစ်ခဲတည်းနဲ့အဆင်ပြေစေတယ်။🙋🏼‍♀️

👉အသုံးပြုပုံ
*************
👉ခန္ဓာကိုယ်အနှံ့ကို (၃)မိနစ်ခန့်ပွတ်တိုက်ပေးပြီး ရေဆေးချပါ။
👉ပြီးမှချီးပြန်တွန်းကြည့်ပါဆဲလ်အသေများ အလိတ်လိုက် ထွက်လာပါလိမ့်မယ်။

#တစ်ခဲ = 4000 ကျပ်
#အသေးစိတ်သိရှိလိုပါက Chat box or 0978088485(viber) မှာမေးမြန်းနိုင်ပါတယ်ရှင့်။

တပတ်အတွင်း ဝိတ်ချနည်းဝိတ်ချနည်းအမျိုးမျိုးအနက် တပတ်အတွင်း  (၄)ပေါင်ကနေ (၁၀) ပေါင် အတွင်း ဝိတ်ကျစေမယ့် နည်းကို ဖော်ပြပါရစ...
03/08/2020

တပတ်အတွင်း ဝိတ်ချနည်း

ဝိတ်ချနည်းအမျိုးမျိုးအနက် တပတ်အတွင်း (၄)ပေါင်ကနေ (၁၀) ပေါင် အတွင်း ဝိတ်ကျစေမယ့် နည်းကို ဖော်ပြပါရစေ။ ဒီနည်းဟာ သေချာပေါက် ဝိတ်ကျစေမယ့် နည်းလည်းဖြစ်တယ်။ လုပ်သူအများစုဟာ တပတ်အတွင်း ကျသွားတယ်။ လုပ်ရတာလည်း လွယ်တယ်။ ဒီနည်းမှာ အစားအသောက်တွေကို အဓိကထားပြုပြင်ရတာ ဖြစ်ပြီး တပတ်အတွင်း စားသောက်ပုံတွေကို လုံးဝပြောင်းလဲလိုက်ရမှာ ဖြစ်တယ်။ အလားတူ တရက်ချင်းစီမှာ စားရမယ့် အစားအသောက်တွေ မတူညီကြပါဘူး။ ဒါ့ကြောင့် ဒီနည်းမသုံးခင် အစားအသောက်တွေကို တရက်ကြိုပြီး ဝယ်ယူစုဆောင်းထားဖို့ တိုက်တွန်းပါရစေ။ ရှေ့ပိုင်းရက်တွေက အသားမစားပဲ သတိသတ်လွတ်စားရတာ ဖြစ်လို့ အစားကြိုက်သူတွေအတွက် တော်တော်လေးခက်ခဲနိုင်တယ်။ ဒါပေမယ့် သိစေချင်တာတခုက စားချင်စိတ်ကို ထိန်းချုပ်နိုင်ပြီ၊ကျင့်သားရသွားပြီဆိုတဲ့နောက် ဝိတ်ချတဲ့အခါ အရင်ဆုံးရင်ဆိုင်ရမယ့် အတားအဆီးတခုကို လွယ်လွယ်ကူကူ ကျော်ဖြတ်သွားနိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ အချိန်တပတ်အတွင်း သိသိသာသာပိန်သွားစေမယ့် နည်းတမျိုးဖြစ်လို့ ဖော်ပြပေးလိုက်ပါတယ်။

ပထမရက်

ဝိတ်ချနည်းတိုင်းမှာ ပထမရက်ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒီရက်မှာ စိတ်မထိန်းနိုင်ရင် ကျန်တဲ့ရက်တွေ ဆက်လုပ်ဖို့မလိုအပ်တော့တာ သတိပြုပါ။ ပထမဆုံး ဝိတိချမယ့်ရက်မှာ အသီးတမျိုးတည်း စားရမှာဖြစ်ပါတယ်။ အသား မပါ၊အရွက်မပါ သစ်သီးဝလံတမျိုးတည်းကိုသာ တနေကုန်စားပေးရမှာ ဖြစ်ပါတယ်။ ဝိတ်ချမယ့် ပထမဆုံးရက်အတွက် မိမိစားချင်တဲ့ အစားအသောက်တွေ ကြိုတင်ဝယ်ထားရမှာ ဖြစ်ပါတယ်။ ပန်းသီး၊လိမ္မော်သီး၊စပျစ်သီး၊သစ်တော်သီး၊သဘောင်္သီး၊ဖရဲသီးစတာတွေကိုပဲ စားရမှာဖြစ်ပါတယ်။ တနေ့ကို ၆ကြိမ်ခွဲ စားရမှာ ဖြစ်ပါတယ်။ ဗိုက်ဆာတိုင်းအစားမစားဘဲ ရေကိုသောက်ရမှာဖြစ်တယ်။ တရက်ကို ရေခွက် ၁၀ခွက်(၂လီတာနီးပါး သောက်ရမှာ ဖြစ်ပါတယ်။ ဒီကြားထဲ တခြားဘယ်အစားအစာမှ မစားရဘူး။ နောက်ဆုံး ဟင်းရွက်ရေလုံပြုတ်တောင် မစားရပါဘူး။ ဒါ့ကြောင့် ပထမရက်အတွက် မိမိစားချင်တဲ့ သစ်သီးတွေကို ကြိုတင်စဉ်းစားပြီး တရက်စာ သွားဝယ်ထားပါ။ အခုမှ အစာရှောင်သူတွေအတွက် အလွန် ကြိုးစားရပါမယ်။

ဒုတိယရက်

ဒုတိယရက်မှာတော့ ဟင်းသီးဟင်းရွက်(ဒါမှမဟုတ်)ဟင်းရွက်ပြုတ် တမျိုးတည်းကိုပဲ အားပြုစားရမှာ ဖြစ်ပါတယ်။ အရွက်ပြုတ်တဲ့အခါ ဆီမထည့်ရဘူး။ ဒုတိယရက်မှာ အသီးလုံးဝစားလို့မရပါဘူး။ အသားပါလို့လည်း မရဘူး။ ဟင်းရွက်စားတဲ့အခါ အစိမ်းအတိုင်း(ဆလပ်ရွက်)စားလို့ရသလို တခြား ဆီမပါပြုတ်ထားတာတွေ စားလို့ရတယ်။ ဥပမာ ခါကြက်ဥ၊ချက်ပဲ၊ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်၊ဘူးသီး၊ဆလတ်ရွက် စတာတွေကို စားပေးရမှာဖြစ်ပါတယ်။ အစာပြေစားဖို့ ခါကြက်ဥ၊ဂေါ်ဖီနဲ့ ဆလတ်ရွက်က်ို အသင့်ထားရမှာ ဖြစ်ပါတယ်။ ထမင်းစားလို့လည်း မရပါဘူး။ အရွက်သီးသန့်ကိုပဲ တနေကုန်စားရမှာဖြစ်ပြီး ကြားထဲမှာ ရေထည့်သောက်ရမှာ ဖြစ်ပါတယ်။

တတိယရက်

တတိယရက်မှာ အသီးနဲ့ အရွက်ကို မျှတအောင် တနေကုန် စားပေးရမှာ ဖြစ်ပါတယ်။ မနက်စာကို သစ်သီး၊နေ့လည်စာကို အရွက်၊ညနေစာကို သစ်သီးအဆာပြေ၊ညစာကို အရွက်ပြုတ်ကို အားပြုစားရမှာ ဖြစ်တယ်။ ကြားထဲမှာ ရေတဖန်ခွက်စီ ထည့်သောက်ရမယ်။ သစ်သီးဖျော်ရည် ထည့်သောက်လို့လည်း ရတယ်။ အချိုရည်မရပါ။ ရေကို တရက်အတွင်း ၁၂ခွက် ထည့်သောက်သင့်တယ်။ အဆာပြေအောင် ကော်ဖီ၊လက်ဖက်ရည်၊အချိုရည် ဘာတခုမှ သောက်လို့မရပါ။

စတုတ္ထရက်

ဒီရက်မှာတော့ နွားနို့နဲ့ ငှက်ပျောသီးကိုသာ အာဟာရအဖြစ် စားပေးရမှာ ဖြစ်ပါတယ်။ တရက်ကို နွားနို့သုံးခွက်(မနက်တကြိမ်၊နေ့တကြိမ်၊ညတကြိမ်) သောက်ပါ။ အစာပြေ ငှက်ပျောသီးကို အားပြုစားရမှာ ဖြစ်ပါတယ်။ တရက်အတွင်း ငှက်ပျောသီး ၁၀-၁၂လုံးထိ ထည့်စားရမယ်။ လိုရင်းက ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေ ကင်းစင်စေဖို့၊ဝမ်းမှန်စေဖို့ ဖြစ်ပါတယ်။ လိုအပ်ရင် ရေထည့်သောက်ပါ။ လုပ်ဆောင်ရမှာက မနက်အိပ်ရာထမှာ နွားနို့တခွက်နဲ့ငှက်ပျောသီးတလုံး၊နေလည်စာအတွက်နွားနို့တခွက်နဲ့ ငှက်ပျောသီး နှစ်လုံး၊ညစာအတွက် ငှက်ပျောသီးတလုံးနဲ့ နွားနို့တခွက်သောက်ပါ။ ကြားထဲမှာ ဗိုက်ဆာရင်ဆာသလို ငှက်ပျောသီးနှစ်လုံးကို ရေနဲ့မျှော သောက်ပါ။

ပဉ္စမရက်

ငါးရက်မြောက်နေ့မှာ နေ့လည်စာအတွက် ထမင်းစားလို့ ရပါတယ်။ ဒါပေမယ့် သတ်မှတ်ချက်က ထမင်းတပန်းကန်ဘဲ စားရမှာ ဖြစ်တယ်။ နေ့လည်စာအတွက် ထမင်းပန်းကန်လုံးတလုံးနဲ့ ဟင်းရွက်ကြော်တပွဲ နဲ့ စားပါ။ ခရမ်းချဥိသီး (၅)လုံး ထည့်ပါ။ မနက်စာနဲ့ ညစာကိုတော့ စတုတ္ထရက်ကလို ငှက်ပျောသီးနဲ့ နွားနို့ သောက်ပေးရမယ်။ မနက်စာကို ငှက်ပျောသီးတလုံး၊ညစာမှာ ငှက်ပျောသီးနှစ်လုံး ထည့်စားသငိ့တယ်။ ကြားထဲမှာ ရေသောက်များဖို့ မမေ့အပ်ဘူး။ ရေသန့်ဗူးကို မိမိဘေးမှ ထားသောက်ပါ။

ဆဋ္ဌမရက်

ခြောက်ရက်မြောက်နေ့မှာ ခေတ်စကားနဲ့ ပြောရင် တော်တော်လေးပေါ့ပေါ့ပါးပါး ဖြစ်လာပြီ။ တရက်ပဲ ကျန်တော့တာဖြစ်လို့ နည်းနည်း ထည့်စားလို့ရပြီ။ မနက်စာကို ဟင်းသီးဟင်းရွက်နဲ့ အသီးတမျိုး၊နေ့လည်စာမှာ ထမင်းတပန်းကန်နဲ့ ဟင်းရွက်တမျိုး(အသားနည်းနည်းထညိ့)၊ညစာအတွက် ဟင်းရွက်ပြုတ် ဟင်းချိုရည်ကို သောက်ရမှာ ဖြစ်ပါတယ်။ ကြားထဲမှာ ဗိုက်ဆာသလို သစ်သီးတမျိုးနဲ့ ရေကို အားဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီရက်ထိရောက်သူဟာ ပိန်ဖို့အခွင့်အလန်းရဲ့ (၈၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်သူဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိစိတ်ကို အကောင်းဆုံးထိန်းသိမ်းထားနိုင်သူတယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါပြီ။ ပိန်ဖို့ မျှော်မှန်းခဲ့တဲ့ ရည်မှန်းချက်ပန်းတိုင်က မိမိရဲ့ လက်တကမ်းအကွာမှာပဲ ရှိတော့တယ်။သိပ်မကြာခင် ပိန်မှန်းမသိပိန်လာပြီလို့ မိမိကိုယ်ကို ယုံကြည်လိုက်ပါ။

သတ္တမနေ့

နောက်ဆုံးရက်ဖြစ်ပါတယ်။ ထမင်း၊အသား၊ငါး၊ဟင်းရွက်ပြုတ်ရည် စတင်စားလို့ရပါပြီ။ နောက်ပိုင်းရက်တွေမှာ လိုသလောက်ပဲ မိမိအသိဥာဏ်နဲ့ ထိန်းစားပါ။ ဒီရက်ပိုင်းတွေမှာ အစားအသောက်ကို သေချာ ဆင်ခြင်စားသောက်ခဲ့လို့ စိတ်ထိန်းချုပ်နိုင်စွမ်း အကောင်းဆုံးဖြစ်သလို အစာအိမ်ကလည်း ကျင့်သားရနေပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အစားအသောက်အပေါ်မှီခိုချင်စိတ် ကင်းမဲ့လာပြီး စားစား၊မစားစား နေနိုင်သွားပြီဆိုတာ သတိထားကြည့်ရင် တွေ့ရပါလိမ့်မယ်။ အစားအသောက်မြင်တာနဲ့ ငမ်းငမ်းတက်သူတယောက်ဟာ အစားအသောက်ပေါ်မှာ သိပ်အားထားတော့မှာ မဟုတ်ပါဘူး။ ဒါဟာအစားအသောက်ပေါ် ကျင့်သားရအောင် လုပ်ဆောင်ပေးတဲ့ စားသောက်နည်းလမ်းတခု ဖြစ်ပါတယ်။ အစားအသောက်ကို ထိန်းချုပ်နိုင်သူတယောက်အတွက် ပိန်ဖို့ဆိုတာ အရာရာလွယ်ကူသွားပါပြီ။ ဆယ်တန်းမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့လို့ မိမိလိုချင်တဲ့လမ်းကို ရောက်ဖို့ ခြေတလှမ်းနီးကပ်လာတဲ့ သဘောလည်း ဖြစ်တယ်။

အထက်ပါ တပတ်အတွင်းဝိတ်ချနည်းဟာ လူတိုင်းနဲ့ သင့်တော်ပါတယ်။ အထူးသဖြင့် အစားမရှောင်နိုင်ဘူးဆိုသူတွေအတွက် အထူးလေ့ကျင့်ပေးမယ့် နည်းတခုဖြစ်တယ်။ ကျွန်တော်၊ကျွန်မကတော့ ဘယ်လိုမှ အဆင်မပြေဘူးဆ်ိုသူတွေအတွက် တတ်ိယရက်ကစပြီး ထမင်းတစ်ပန်းကန်ကို နေ့လည်စာထည့်စားနိုင်တယ်။ ကြက်သားပြုတ်(သို့)ငါးပြုတ် တမျိုးမျိုးထည့်သောက်နိုင်တယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ဟင်းရွက်ကြော်တမျိးမျိုးထည့်စားနိုင်တယ်။ ဒီထက်ပိုစားမိရင် ဝိတ်ကျဖို့ မမျှော်မှန်းပါနဲ့တော့။ နောက်ပိုင်းဝိတ်ချတဲ့အခါ အစားအသောက် ထိန်းသိမ်းပေးနိုင်ဖို့ ဒီစားသောက်နည်းက အများကြီးအထောက်အကူပေးမှာ သေချာပါတယ်။

ဒေါက်တာ အေးမင်းထူး
Credit.

Address

Hpa An ဂေါက်ကွင်း
Hpa-an
13011

Telephone

+959780884825

Website

Alerts

Be the first to know and let us send you an email when Nan Nwè posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nan Nwè:

Shortcuts

Share