Mai layy

Mai layy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mai layy, Bags & Luggage Store, Hpakan.

23/09/2023
23/09/2023
23/09/2023

အာလူးဆနွင်းမကင်း ပြုလုပ်နည်း

အာလူး......၈၀ကျပ်သား
အုန်းသီး (အေသး).....၁လုံး(အမှုန့်ခြစ်)
အုန်းသီး ကြီးရင် ၁ခြမ်းပဲထည့်ပါ
သကြား.. ...၂၅ကျပ်သား
ထောပတ်.. ...၁၅ကျပ်သား
ဂျုံမှုန့်.....၁၅ကျပ်သား
အုန်းနို့.....ဘူးသေးတ၀က်
နို့မှုန့်......၂ထုပ်(အေသး)
ဆား.....၁ဇွန်း (လက်ဖက်ရည်ဇွန်း)
ဘိန်းစေ့.. ...အနည်းငယ်

အာလူးကို နူးအိအောင်ပြုတ် အခွံခွာပြီး
ကျေအောင်ချေထားပါ(ကြိတ်စက်နဲ့လဲရပါတယ်)
ချေထားတဲ့ အာလူး +အုန်းသီးအမှု့န်+
သကြား+ ထောပတ် +ဂျုံ +ဆား+အုန်းနို့
နို့မှုန့် အားလုံးသမအောင် ရောနယ်ပါ
ထောပတ်သုတ်ထားတဲ့ဘန်း ၉"+၁၁"ထဲ
ထဲ့ အပေါ်ယံညီအောင် ထောပတ်ထပ်ဆမ်းပြီး ညှိပေးပါ ပြီးမှ ဘိန်းစေ့ဖြူးပြီး
အပူချိန် ၂၀၀ံ စင်တီဂရိတ် မိနစ် ၄၀
အပေါ်မီးများများ အောက်မီးနဲနဲ နဲ့ မုန့်ဖုတ်လိုက်ရင်ရပါပြီ
အအေးခံပွှီး ကြိုက်တဲ့ပုံစံ
ဖြတ်လို့ရပါပြီ။
Crd

23/09/2023
23/09/2023
23/09/2023
23/09/2023

#အညာသားကျောကုန်း ( ခေါ်) #စလူမုန့်လုပ်နည်း
*****************************
စလူမုန့် ( သို့) အညာသားကျောကုန်း ( သို့) မုန့်ခွေးလျှာ
( သို့) မုန့်နီထုပ်

အညာဘုရားပွဲ၊ နတ်ပွဲတွေမှာ အတွေ့ရအများဆုံးမုန့်တစ်မျိုးပေါ့။
ကောက်ညင်းမှုန့် ၊ ထန်းလျက်တို့နဲ့ လုပ်ရတယ်။ စလူဖက်ရွက်ထဲထည့်ပြီးထုပ်ရလို့ "စလူမုန့်"ခေါ်ကြသလို မည်းမည်းပြောင်ပြောင်အညာသားကျောကုန်းနဲ့တူတာမို့ "အညာသားကျောကုန်း"လို့လည်းခေါ်ကြသေးတယ်။

မန္တလေးကျောက်တော်ကြီးပွဲ၊ တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲတွေမှာရောင်းကြတာတွေ့ရတယ်။ အရသာက ချိုချိုစေးစေးလေး။ စလူဖက်ရွက်နဲ့လုပ်ထားရင် စလူရွက်နံ့မွှေးလို့ပဲ။ နှမ်းလှော်၊ အုန်းဆံတို့နဲ့လည်း တွဲစားတတ်ကြသေးတယ်။
"အညာသားကျောကုန်း"ဆိုတဲ့နာမည် ကြားရုံနဲ့ လန့်မသွားနဲ့။ စားကြည့်မှ ကောင်းမှန်းသိတာ

အညာသားတွေကိုဖဲ့တာ 😆😆
စားလို့တော့အတော်ကောင်း၊
အိမ်မှာတော့ နတ်မုန့်လုပ်ရင် အာ့မျိုးလုပ်ရတယ် သကြားနဲ့လုပ်မယ်ဆိုရင်တော့
အရောင်တော့ကွာတာပေါ့

မူရင်းပို့ပိုင်ရှင်များ
@@@@@@@@@@@@
ပါဝင်အမယ်များ
****************
ကောက်ညှင်းဆန်

ဆန်ကြမ်း

မုန့်လုပ်ထန်းလျက် (အမည်း)

ဆား

စလူဖက် ( မရှိက) ထန်းရွက်သန့်သန့် (အရမ်းမရင့်တာရွေးပါ)

ပြုလုပ်နည်း
***********
ကောက်ညှင်းဆန်ကိုကြိတ်
ဆားတခါတည်းထည့်ပါ

ဆန်ကြမ်းလည်းတခါတည်း ထည့်စိမ်ကြိတ်ရပါမယ် ( အချိုးကတော့ ကောက်ညှင်းဆန် တပြည်ကို ဆန်ကြမ်း နို့ဆီ နှစ်ဘူး
ထပ်ပေါင်းထည့်ပြီး စိမ်ပါ)

ကောက်ညှင်းချည်းဆို စားရတာ အာကပ်တာရယ်။ အရမ်းပျော့သွားနိုင်တာရယ်မို့ပါ။ ဆန်ကြမ်းမထည့်လည်းရပါတယ်ဗျ။

ကြိတ်ပြီးသား မုန့်နှစ်ရည်ကို
အဝတ်အိတ်သန့်သန့်လေးထဲ
သွတ်ပြီး ရေကုန်တဲ့အထိ ( ကျောက်ပျဥ် / စင်းတီတုန်း)
လေးတဲ့ ပစ္စည်းတခုခုနဲ့ ဖိထားရပါမယ်။

အဝတ်အိတ်မရှိရင် ပုဆိုးအသန့်ကိုပဲ ထိပ်တစ်ဖက်ကို ကြိုးနဲ့စုချည်ပြီး အိတ်သဖွယ်သုံးလို့ရပါတယ်။ ငယ်ငယ်ကအမေလုပ်တာမြင်ဘူးတာပါ။

ထန်းလျက်ကို အရည်ကြိုပါမယ်။
မုန့်အရောင်ရင့်ချင်ရင် မုန့်လုပ်ထညက်နဲ့လုပ်ပါ။ မုန့်လုပ်ထန်းလျက်ကျတော့ သဲနဲနဲပါတတ်လို့၊ ထန်းလျက်ရည်ဖြစ်တာနဲ့ အအေးခံ ဇလုံတခုပေါ်မှာ အဝတ်အသန့်လေးခံ လောင်းချ သဲနဲ့ အမှိုက်အမှုန်အမွှားလေးတွေ စစ်ပြီး၊ သံဒယ်အိုးထဲမှာ ညောင်စေးကျလုနီးနီးထပ်ကျိုရပါမယ်။
( ဘာလို့ဆိုတော့မုန့်နဲ့နယ်ရင်အရည်တွေ အရမ်းကြဲသွားတာမျိုး မဖြစ်အောင်လို့ပါ)

စစ်ပြီးသား မုန့်အခဲနဲ့ အဆင်သင့်လုပ်ထားထဲ့ထန်းလျက်ရည်နဲ့
သမသွားအောင် ရောနယ်ပါမယ်

နယ်ပြီးသား မုန့်နှစ်က
အရမ်းကြဲနေသေးရင် နယ်ပြီးသား မုန့်နှစ်တွေကို မုန့်အိတ်ထဲပြန်ထည့်ပြီး ရေစစ်သွားအောင် လေးတဲ့ အရာနဲ့ ပြန်ဖိထားပါ။

မုန့်နှစ်အဆင်သင့်ဖြစ်ပြီဆိုတာနဲ့

စလူရွက် သို့ ထန်းရွက်ကို
ဆီလေးပါးပါးသုတ်ပြီး နယ်ထားတဲ့မုန့်ထည့်ထုပ်
ပေါင်းအိုးထဲထည့်ပြုတ်ပါမယ်။

နာရီဝက် မိနစ်လေးဆယ်ခန့်ဆိုရပါပြီ။

ကျက်ပြိီဆိုတာနဲ့
မုန့်ထုတ်လေးတွေဆယ်ပြီး
ဇကာလေးထဲထည့်ပြီး အအေးခံထားပါ။

အေးသွားရင် ဖက်လေးတွေခွာပြီး
ပျော့ပျော့လေးကြိုက်သူက နှစ်သက်ရာ အုန်းသီးတို့ နှမ်းလှော်တို့ဖြူးပြီး လို့ရသလို

မာမာလေးမှ ကြိုက်သူက ပန်းကန်ထဲထည့် ရေခဲသေတ္တာ အောက်ဆုံးထပ်မှာ တစ်နာရီခန့်ထားပြီး မာမာလေးဖြစ်သွားရင်စားလို့ ရပါပြီ။

စာကြွင်း ။
( စလူရွက်တို့ ထန်းရွက်တို့မရှိလျှင် ငှက်ပျောရွက်ကို ပျော့သွားအောင်
ပြုတ်သို့မဟုတ်နေလှမ်း၊ အာ့ပြီးမုန့်တစ်ထုပ်စာစီဖြဲထား ပြီးရင်
အဲ့အဆင်သင့်ဖြစ်နေတဲ့ငှက်ပျောရွက်ဆီသုပ်ပြီး နယ်ထားတဲ့မုန့်ထည့်ထုပ်ပေါင်းအိုးထဲထည့်
နာရီဝက် မိနစ်လေးဆယ်ခန့်ဆိုရပါပြီ။ )

ငှက်ပျော်ရွက်နဲ့ ဆို ပုံထဲကလို အစင်းရာလေးတွေမပါတေယ့ဘူးနော်

ထန်းလျက်နဲ့ မကြိုက် သကြားနဲ့ အဖြူထည်လုပ်စားလို့လည်းရ။

ပြင်ဆင်တည်းဖြတ်ဖြည့်စွက်သူ
- ကိုသက်
----------------------
စလူမုန့်
စလူရွက်နဲ့ ထုပ်ပေါင်းပြီးထားတဲ့ မုန့်ဖြစ်လို့ “စလူမုန့်” လို့ ခေါ်တွင်ကြတာဖြစ်ပါတယ်။ စလူမုန့်ကို တချို့ဒေသများမှာတော့ ထန်းလျက်နဲ့လုပ်တဲ့ စလူမုန့်ရဲ့ ညိုမှောင်နေတဲ့ အရောင်ကို အစွဲပြုပြီး အညာသားကျောကုန်းလို့ တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။ အညာသားကျောကုန်းရဲ့ အသားအရောင်နဲ့ ထပ်တူပြုပြီး တင်စားကြဟန်တူပါတယ်။
စလူမုန့် လုပ်မယ်ဆိုရင်တော့-
၁။ ကောက်ညှင်းဆန် – ၁ ပြည်
၂။ ဆန်ကြမ်း – ၁ လုံး
၃။ ထန်းလျက် – ၈၀ ကျပ်သား
၄။ အုန်းသီး မနုမရင့် – ၂ လုံး လိုအပ်ပါတယ်။
ပထမဆုံး ကောက်ညှင်းဆန်နဲ့ ဆန်ကြမ်းကို ရေစိမ်ပြီး ကြိတ်ဆုံနဲ့ ကြိတ်ရပါမယ်။ ရလာတဲ့ မုန့်ရည်တွေကို အိတ်တစ်လုံးထဲ ထည့်ပြီး ထိပ်က စုစည်းကာ အပေါ်ကနေ ကျောက်ပျဉ်နဲ့ ဖိထားရပါမယ်။ ရေစစ်သွားတဲ့အခါ အိတ်ထဲက မုန့်နှစ်တွေကို ထုတ်ပြီး လေသလပ်ခံထားရပါမယ်။ ထန်းလျက်တွေကိုတော့ အမှိုက်သရိုက်ကင်းစင်အောင် လုပ်ပြီး ညောင်စေးကျအာင် ကျိုထားရပါမယ်။ ထန်းလျက်ရည် ညောင်စေးကျတဲ့အခါ သဲမပါအောင် အဝတ်ပါးလေးနဲ့ ထပ်စစ်ရပါမယ်။
ထန်းလျက်ရည် ခပ်နွေးနွေးမှာ စောစောက မုန့်နှစ်ခဲတွေကို လက်နဲ့ ဖွခြေပြီးတော့ ထန်းလျက်ရည်နဲ့ သမအောင် နယ်ရပါမယ်။ ပိုပြီးအရသာလေးပင်အောင် ဆားလေး သင့်ရုံထည့်ပေးရပါမယ်။ မုန့်နှစ်တွေကို ထန်းလျက်ရည်နဲ့ သမအောင်နယ်ပြီး ဆီသုတ်ထားတဲ့ စလူရွက်ထဲမှာ ထည့်ကာ ထုပ်ရပါမယ်။ မုန့်ထုပ်တဲ့အခါ မုန့်လေးတွေ နူးနပ် လွယ်အောင်နဲ့ ထုပ်ရတာ အဆင်ပြေအောင် ရှည်ရှည်သွယ်သွယ်လေးထုပ်ပြီး ထိပ်နှစ် ဖက်ကို နှီးနဲ့ချည်ထားရပါမယ်။ စလူရွက်ထဲ မုန့်နှစ်ထည့်ပြီး စလူရွက်ထိပ်နှစ်ဖက်ကို ကိုင်ကာ လက်ကို လိမ်ပြီး ထုပ်တားတာမို့ စလူမုန့်လေးတွေ စားတဲ့အခါ စလူရွက်နံ့လေး သင်းနေတာ ဖြစ်ပါတယ်။

မုန့်နှစ်တွေကို စလူရွက်နဲ့ ထုပ်ပြီး ပေါင်းအိုးထဲမှာ ပေါင်းရပါမယ်။ ခဏကြာလို့ အငွေ့တထောင်းထောင်းထပြီး ကောက်ညှင်းနပ်လောက်တဲ့အခါ ပေါင်းအိုးကို ချပြီး စလူရွက်နံ့လေးသင်းနေတဲ့ စလူမုန့်ကို စိတ်တိုင်းကျ သုံးဆောင်နိုင်ကြပါပြီ။ စလူမုန့်တစ်ခုကို စလူရွက်တစ်ရွက်စီနဲ့ ထုပ်ပြီး ပေါင်းထားတာမို့ မုန့်နှပ်လို့ မုန့်ပြင်တဲ့အခါ စလူရွက်လေးတွေဖြေပြီး တစ်လုတ်စာလေးတွေကို ကတ်ကြေးနဲ့ ညှပ်ထားရပါမယ်။ အဲဒီအပေါ်မှာ အုန်းသီးဆံ ခပ်များများကို ဖြူဖွေးနေအောင် အပေါ်က ဖြူးပြီး မျက်နှာပန်းလှလှနဲ့ ဧည့်ဝတ်ပြုနိုင်ကြပါတယ်။
ချိုအီပြီး မွှေးနေတဲ့ စလူမုန့်ကို စားဖူးသူတိုင်းလည်း နှစ်ခြိုက်ကြပါတယ်။ ရဟန်း၊ သံဃာတော်များကိုပဲ လှူလှူ၊ မိသားစု အဆာပြေသရေစာအနေနဲ့ပဲ စားစား၊ အခါကြီး ရက်ကြီးမှာ အိမ်အနီးအပါးက မိတ်ဆွေများကိုပဲ ဒါနပြုပြု အဆင်ပြေစေတာကတော့ လူကြိုက်များလှတဲ့ စလူမုန့်ပါပဲရှင်။
စလူမုန့်လုပ်တဲ့အခါ တချို့က ကောက်ညှင်းဆန် ၄ လုံးကို ဆန်ကြမ်းတစ်ဝက်လောက် ရောပြီး လုပ်ကြပါတယ်။ တချို့ကျတော့လည်း အိအိထွေးထွေးလေး ကြိုက်ကြတာမို့ ဆန်ကြမ်းမရောဘဲ ကောက်ညှင်းနဲ့ချည်း လုပ်တတ်ကြပါတယ်။

: San San Oo
*****************************
အညာသား ကျောကုန်း ( စလူမုန့် /မုန့်နီလေး)
ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
မုန့်လုပ်ထန်းလျှက်ခဲ - တစ်ဆယ်သား (အချိုကြိုက်ပါက ပိုထည့်ပါ)
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးခွဲ ( ထန်းလျှက်ရည်ကျိုရန်)
ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
နေကြာဆီ - လိုသလောက် သုံးပေးပါ
ငှက်ပျောဖက် - လိုအပ်သလောက် သုံးပေးပါ
အုန်းသီးခြစ်ပြီးသား -မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
ပထမဆုံး ငှက်ပျောဖက်တွေကို ရေဆေးသန့်စင်ပြီး အကြောပြေသည်အထိ ဆန်ကာတစ်ခုမှာတင်ပြီး ရေနွေးငွေ့နဲ့ ပေါင်းပေးပါ အထက်ပါ နည်းအတိုင်း မလုပ်ချင်ပါက ရေဆေးသန့်စင်ပြီး နေပူပူမှာ လှန်းပေးပါ
အိုးတစ်လုံးထဲမှာ ထန်းလျှက်ခဲကို ရေထည့်ပြီး ထန်းလျှက်ခဲများ ပျော်သွားအောင် ကျိုပေးပါ
ထန်းလျှက်များ အရည်ပျော်သွားတာနဲ့ အမှိုက် သဲ ခဲများ မပါအောင် အဝတ်ပါးစလေးထဲထည့်ပြီး စစ်ထားပါ
စတီးဇလုံကြီးကြီး တစ်ခုထဲမှာ ကောက်ညှင်းမှုန့် ဆား ထန်းလျက်ရည်တို့ ထည့်ပေးကာ သမအောင်ရောနယ်ပေးပါ
ထန်းလျှက်ရည်ကို တစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပြီး မုန့်သားပျော့လာအောင် နယ်ပေးပါ
ကောက်ညှင်းဆန်မှုန့် သုံးဗူးဆိုရင် ထန်းလျှက်ရည် နှစ်ဗူးစာက အနေတော်ပါဘဲ
မုန့်သား အနေတော်လေး ရလာတာနဲ့ ဇလုံကို အဖုံးအုပ်ကာ ဆယ်မိနစ်ခန့် နှပ်ထားပေးပါ

မုန့်လုပ်ရန်
ပေါင်းထား နေလှန်းထားတဲ့ ငှက်ပျောဖက်ကို အနေတော်လေးတွေ ဖြတ်ပေးပါ
ပြီးတာနဲ့ ငှက်ပျောဖက်ကို နှစ်ထပ်ထပ်ပေးပြီး အတွင်းဖက်မှာ ထားမည့်အရွက်ကို ဆီခပ်ရွှဲရွှဲလေး သုတ်ပေးပါ
ဆီခပ်ရွှဲရွှဲလေး သုတ်ပေးမှ မုန့်ခွာတဲ့အခါ မကပ်မှာ ဖြစ်ပါတယ်
မုန့်ဒိုးသားကိုယူပြီး လက်ထဲမှာ ဆယ့်ငါးချက်လောက် ခပ်ပြင်းပြင်းလေး ဆုတ်ဆုတ်ပေးပါ
ပြီးတော့မှ ရှည်မျောမျော ပုံလေးလုပ်ကာ ငှက်ပျောဖက် အလယ်မှာ ထည့်ပေးပါ
မုန့်သားထည့်ပြီးတာနဲ့ ဘေးနှစ်ဖက်ကို မုန့်သားလုံသွားအောင် သေသေချာချာ အုပ်ပေးပါ
ဘေးနှစ်ဖက် အုပ်ပြီးတာနဲ့ အပေါ်ဖက်နှင့် အောက်ဖက်မှ အစနှစ်ခုကို ခေါက်ပြီးအုပ်ပေးပါ
ထိုနည်အတိုင်း မုန့်သားကုန်အောင် ထုတ်ပေးပါ
အားလုံး ထုတ်လို့ပြီးတာနဲ့ ပေါင်းခံဇကာထဲမှာ မုန့်ထုတ်လေးတွေ ပြည်မထွက်အောင် မှောက်လျှက်အနေအထား စီပြီးထည့်ပေးပါ
ပေါင်းအိုး အောက်ခံအိုးထဲမှာ ပေါင်းခံခုံကို မထိတထိ အနေအထားအထိ ရေထည့်ပေးပါ
ပေါင်းခံခုံပေါ်မှာ မုန့်ပေါင်းမည့် ဇကာကို တင်ပေးပြီး အဖုံးကို သေသေချာချာ အုပ်ပေးပါ
မိမိအသုံးပြုမည့် ပေါင်းအိုးအပေါ် မူတည်ပြီး မိနစ်နှစ်ဆယ်မှ မိနစ်သုံးဆယ်အတွင်း ပေါင်းပေးပါ
ပေါင်းထားတဲ့အချိန် ပြည့်သွားပါက ပေါင်းအိုးထဲမှ လေကုန်အောင် ထုတ်ပေးကာ အဖုံးကို ဖွင့်ပေးပါ
ပေါင်းပြီးပြီးချင်း အိုးထဲမှထုတ်ကာ အအေးခံပေးပြီးမှ စားပါ
ပူနေတုန်း စားပါက စေးကပ်ကပ်နဲ့ စားရတာ အဆင်မပြေသလို မုန့်ရဲ့အရသာလဲ မပေါ်သေးပါဘူး
အအေးခံပြီး တရက်လောက်နေမှ စားပါက ပိုပြီးစားလို့ကောင်းပါတယ်
ကောက်ညှင်းနဲ့လုပ်တဲ့ မုန့်ဖြစ်တဲ့အတွက် တစ်ပါတ်လောက်အထိ အထားခံသလို စားရတာလဲ ပိုပြီးတော့ ကောင်းလာပါတယ်
ကိုက်အလိုက်ရင် ထုတ်ထုတ်နဲ့ စားလို့အရမ်းကောင်းတဲ့ အညာသားကျောကုန်း မုန့်လေးကို အုန်းသီးမှုန့်လေးလူးကာ စားသုံးနိူင်ပါပြီ။

Credit: မာမာ

Address

Hpakan

Website

Alerts

Be the first to know and let us send you an email when Mai layy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share