Winaungkcgs

Winaungkcgs ဘဝအောင်မြင်ရေးနင့် စိတ်အားတက်ကြွစေ အားပေးကြည့်ရူကြတဲ့မိတ်ဆွေများကိုwinaungkcgsမှကျေးဇူးအထူးပင်တင်ရှိပါတယ်

29/09/2022
😍ချစ်မိတ်ဆွေများအားလုံးဘဲ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ပြည်စုံနိုင်ကြပါစေ...🙏🙏🙏
19/08/2022

😍ချစ်မိတ်ဆွေများအားလုံးဘဲ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ပြည်စုံနိုင်ကြပါစေ...🙏🙏🙏

😍ပါရမီစတိုးမှာဝယ်မယ်🙏🙏🙏
28/07/2021

😍ပါရမီစတိုးမှာဝယ်မယ်🙏🙏🙏

⭐19 ဇူလိူင် ဒို့မမေ့နိုင်...⭐
19/07/2021

⭐19 ဇူလိူင် ဒို့မမေ့နိုင်...⭐

17/07/2021

Neuro-Linguistic Programming (NLP) နှင့် စီးပွားရေးလုပ်ငန်းခွင်(ဆောင်းပါး စ၊ ဆုံး)

ယခုအခါ ကမ္ဘာတွင်သာမက မြန်မာနိုင်ငံတွင်ပါ အောင်မြင်မှုကို လိုလားကြသူလူအများ တဖြည်းဖြည်း စိတ်ဝင်စားလာကြသည့် NLP ခေါ် Neuro-Linguistic Programming အကြောင်းကို မိတ်ဆက်အနေဖြင့် ဖော်ပြလိုပါသည်။

Neuro

Neuro ဆိုသည်မှာ ကျွန်ုပ်တို့အနေဖြင့် ပြင်ပလောကကြီးနှင့် ထိတွေ့ရာတွင် အသုံးပြုသည့် အမြင်အာရုံ၊ အကြားအာရုံ၊ အထိအတွေ့အာရုံ၊ အနံ့နှင့် အရသာ စသည့် အာရုံငါးပါး ပါဝင်သော အာရုံကြောစနစ် သို့မဟုတ် ကျွန်တော်တို့၏ စိတ်ကို ဆိုလိုပါသည်။

Linguistic

Linguistic ဆိုသည်မှာ ဖော်ပြပါ အာရုံငါးပါးကို သိုလှောင်ရန် အသုံးပြုသည့် ဘာသာစကားနှင့် အခြားသောဆက်သွယ်မှုများ ဖြစ်သည်။ ဥပမာ - အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ ခံစားမှုနှင့် မိမိကိုယ်ကိုယ်ပြောသည့် စကား စသည်တို့ဖြစ်သည်။ (ဥပမာ - သံပုရာသီးကို စိတ်ထဲတွင် မြင်ယောင်ကြည့်ပါ။)

Programming

Programming ဆိုသည်မှာ ကျွန်ုပ်တို့ ရည်မှန်းချက်များကို ရရှိရန် စိတ်ထဲတွင် သုံးစွဲသော ပရိုဂရမ်များ၊ pattern နှင့် မဟာဗျူဟာများကို ရှာဖွေခြင်းနှင့် အသုံးပြုခြင်းဖြစ်သည်။

တနည်းအားဖြင့် ဆိုရလျှင် NLP ဆိုသည်မှာ ဘ၀မှာ ကျွန်ုပ်တို့ အလိုရှိသော ရလဒ်များကို စဉ်ဆက်မပြတ် ရရှိစေရန်အလို့ငှာ ကျွန်ုပ်တို့စိတ်၏ အခြေခံဘာသာစကားကို အသုံးပြုပုံပြုနည်းပင် ဖြစ်ပါသည်။

စင်စစ်အားဖြင့် NLP သည် သင့်ကို ယခင်ကထက် စိတ်ကို ပိုမိုချုပ်ထိန်းလာနိုင်စေမည့် Mind Tool တခုပင် ဖြစ်သည်။ (NLP ကို ဖွင့်ဆိုသော အခြားသော အဓိပ္ပါယ်များစွာလည်း ရှိပါသေးသည်။) စိတ်ဝင်စားစရာ ကောင်းသည့်အချက်တခုမှာ NLP တွင် သင်ကြားသည့် နည်းစနစ်များမှာ ရွှေ့ပြောင်း၍ရသည့်အချက်ပင် ဖြစ်သည်။ ဆိုလိုသည်မှာ NLP ကြောင့် သင့်ဘ၀၏ နယ်ပယ်တခုတွင် တိုးတက်ကောင်းမွန်လာတာကို သတိပြုမိသည်ဆိုလျှင် သင့်ဘ၀၏ အခြားနယ်ပယ်များတွင်လည်း ပိုမိုထူးချွန်လာတာကို တွေ့ရမည်ဖြစ်ပါသည်။ တကယ်တမ်းအားဖြင့် NLP ကို သင့်ဘ၀နှင့် အခြားသူများ၏ဘ၀ တိုးတက်မြင့်မားလာအောင် နေရာတိုင်းတွင် အသုံးပြုနိုင်ပါသည်။

• NLP ၏ အစ

NLP ကို Richard Bandler နှင့် John Grinder တို့မှ ၁၉၇၀ ခုနှစ်များတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် စတင်ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့၏ အဆိုအရ Neuro ခေါ် စိတ် (သို့မဟုတ်) ဦးနှောက်၊ Linguisitc ခေါ် ကျွန်ုပ်တို့ သုံးစွဲသော ဘာသာစကားနှင့် Programming ခေါ် ကျွန်ုပ်တို့၏ အပြုအမူများသည် ဆက်စပ်မှုရှိပြီး ဘ၀တွင် တိကျသော ရည်မှန်းချက်များကို ရရှိရန် အဆိုပါ ၃ ခုကို ပြောင်းလဲ၍ ရနိုင်ပါသည်။

ထို့အပြင် NLP ၏ နည်းစနစ်များဖြင့် သင်သည် ထူးချွန်အောင်မြင်သူများ၏ အရည်အချင်းများကို ပုံတူကူးကာ သူတို့ကဲ့သို့ ထူးချွန်သောအရည်အချင်းများကို ပိုင်ဆိုင်လာနိုင်ပါသည်။

• အောင်မြင်မှုအတွက် ဥပဒေသ (၅) ခု

၁). သင်လိုချင်သည့်ရလဒ်ကို သိပါ
၂). လက်တွေ့လုပ်ဆောင်ပါ
၃). အခြေအနေတိုင်းသည် သင်လိုချင်သည့်ရလဒ်ဆီ ဦးတည်နေသလား၊ သို့တည်းမဟုတ် သွေဖည်နေသလား သိရှိနိုင်ရန် သင်နှင့် အခြားသူများကို Sensory အပြောင်းအလဲများ သတိပြုမိပါစေ။
၎). သင်လိုချင်သည့်ရလဒ် မရမချင်း သင့်အပြုအမူများကို ပြောင်းလွယ်ပြင်လွယ်သူ ဖြစ်ပါစေ။
၅). ရုပ်ပိုင်းအရရော စိတ်ပိုင်းအရပါ အမြင့်မားဆုံးအနေအထားဖြင့် ပြုမူဆောင်ရွက်ပါ။

NLP ကို လေ့လာခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေနိုင်မှာဖြစ်ပါသည်။

၁. သင့်ဘ၀၏ နယ်ပယ်အားလုံးတွင် တိုးတက်လာနိုင်ခြင်း

NLP ၏ အခြေခံနည်းစနစ်များကို နားလည်သိရှိပြီး လက်တွေ့အသုံးချခြင်းအားဖြင့် သင့်ပုဂ္ဂိုလ်ရေးဘ၀ရော သင်၏ ပရော်ဖက်ရှင်နယ်ဘ၀၏ အရည်အသွေးပါ သိသိသာသာကို တိုးတက်လာစေမှာဖြစ်သည်။

၂. ထူးချွန်ထက်မြက်သော ခေါင်းဆောင်တယောက် ဖြစ်လာစေနိုင်ခြင်း

သင် စွဲစွဲမြဲမြဲကျွမ်းကျင်တတ်မြောက်သွားမည့် ဆက်ဆံရေးအရည်အချင်းများသည် သင်၏ စိတ်အတွင်း တွေးတောမှုဖြစ်စဉ်နှင့် ခေါင်းဆောင်မှုပုံစံကို လွှမ်းမိုးသွားစေမှာဖြစ်သည်။ ထို့အပြင် သင့်အနေဖြင့် သင့်ပတ်ဝန်းကျင်ရှိ လူအများကို သဘာဝကျကျ ပေါ့ပေါ့ပါးပါးဖြင့် လွှမ်းမိုးကာ စိတ်အားထက်သန်တက်ကြွလာစေမှာလည်း ဖြစ်သည်။

၃. ပေါင်းသင်းဆက်ဆံရေး ကျွမ်းကျင်လာနိုင်ခြင်း

သင့်ဘ၀တွင် မည်သူနှင့်မဆို ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်ပါလိမ့်မည်။ သင်သည် အတွေးများ၏ဖြစ်စဉ်ကို နားလည်သဘောပေါက်လာမည်လည်း ဖြစ်သည်။ ထို့အပြင် အခြားသူများ၏ ကိုယ်ပိုင်ကမ္ဘာကို အသိအမှတ်ပြုလေးစားခြင်းအားဖြင့် သူတို့အပေါ် စာနာလာနိုင်မှာလည်း ဖြစ်သည်။

၎. ယုံကြည်မှုနှင့် စိတ်အားထက်သန်ပြင်းပြင်မှု

NLP ၏ နည်းစနစ်များဖြင့် သင့်မသိစိတ်၏ အလားအလာများကို လှုပ်နှိုးခြင်းအားဖြင့် ဘ၀မှာ သင်စိတ်အားထက်သန်ပြင်းပြသည့် အရာကို ရှာဖွေဖော်ထုတ်လာနိုင်မှာလည်း ဖြစ်သည်။ သင် လုပ်ကိုင်ဆောင်ရွက်သည့် အရာမှန်သမျှနှင့် ပတ်သက်ပြီး ယုံကြည်မှုအပြည့်ရှိကာ သင်၏ အနာဂတ်ရည်မှန်းချက်၊ ပန်းတိုင်များနှင့် ဗျူဟာများကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။

၅. စိတ်အားထက်သန်တက်ကြွခြင်း

NLP သည် မိမိကိုယ်တိုင် စိတ်အားထက်သန်လာစေရန် လိုအပ်သည့် ကိရိယာများကို ဖော်ထုတ်ပေးမှာဖြစ်သည်။ သင်၏ စိတ်ခံစားမှုအခြေအနေကို ထိန်းချုပ်ခြင်းအားဖြင့် အချိန်အနည်းငယ်အတွင်း စိတ်အားထက်သန်မှုကို လိုအပ်သလို ဖန်တီးနိုင်မှာဖြစ်သည်။ သင်သည် သင့်ဇာတ်လမ်း၏ ဒါရိုက်တာတယောက် ဖြစ်ခွင့်ရှိလာသဖြင့် သင့်အဖွဲ့နှင့် သင်အလေးထားသော အခြားသူများကိုပါ သူတို့အလားအလာရှိသလောက် အတော်ဆုံးသူများဖြစ်လာအောင် စိတ်အားထက်သန်လာစေမှာ ဖြစ်သည်။

• NLP ကို မည်သူတွေ လေ့လာသင့်သလဲ

ပြောရလျှင် NLP ကို နယ်ပယ်တိုင်းက မည်သူမဆို လေ့လာနိုင်ပါသည်။ ကုမ္ပဏီပိုင်ရှင်များ၊ စီအီးအိုများ၊ အမှုဆောင်အရာရှိများ၊ စီမံခန့်ခွဲမှုနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ မန်နေဂျာများနှင့် ၀န်ထမ်းများလည်း လေ့လာနိုင်ပါသည်။ ထို့အပြင် နိုင်ငံရေးသမားများ၊ ကျန်းမာရေးနယ်ပယ်မှ ဆရာဝန်များ၊ ရှေ့နေများ၊ ပညာရေးနယ်ပယ်မှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများလည်း လေ့လာနိုင်သလို မိဘနှင့် သားသမီးများလည်း လေ့လာပြီး မိမိတို့နေ့စဉ်ဘ၀နှင့် အသက်မွေးလုပ်ငန်းများတွင် ပြန်လည်အသုံးချနိုင်ပါသည်။

ယခုလက်ရှိ အမေရိကန်သမ္မတဖြစ်သူ ဘားရတ်အိုဘားမားသည်လည်း NLP ၏ နည်းစနစ်များကို အသုံးပြုနေသူတဦးပင် ဖြစ်သည်။ ထို့အပြင် သမ္မတဟောင်းဖြစ်သူ ဘီလ်ကလင်တန်သည်လည်းကောင်း၊ အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည်လည်းကောင်း NLP ကို စနစ်တကျလေ့လာကာ ပြန်လည်အသုံးချနေသူများ ဖြစ်ကြပါသည်။

အလားတူ အမေရိကန်မှ ကမ္ဘာကျော် ရုပ်သံတင်ဆက်သူ အမျိုးသမီးဖြစ်သည့် အော်ပရာ ၀င်းဖရေးနှင့် ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးသမား တိုက်ဂါးဝုဒ်တို့သည်လည်း NLP ကို အသုံးချနေသူတဦးဖြစ်ပါသည်။

ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် နာမည်အကြီးဆုံး စိတ်ဓာတ်မြှင့်တင်ရေးပါရဂူဖြစ်သူ အန်တိုနီရော်ဘင်သည် သာမန်သူဆင်းရဲဘ၀မှ လာခဲ့သူဖြစ်သော်လည်း NLP နည်းစနစ်များကို စနစ်တကျလေ့လာကာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည့်အတွက် ယခုကဲ့သို့ ကမ္ဘာကျော်ပြီး သန်းကြွယ်တယောက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့အတူ NLP ကြောင့် အသက် ၂၆ နှစ်ဖြင့် သန်းကြွယ်သူဌေးဖြစ်လာခဲ့သူတယောက် ရှိပါသေးသည်။ ထိုသူမှာ စင်္ကာပူမှ အဒမ်ခူးဆိုသူဖြစ်သည်။ သူသည် ငယ်စဉ်က ပညာရေးတွင် မထူးချွန်သဖြင့် ကျောင်းအချို့က လက်မခံခဲ့သော်လည်း NLP ကို လေ့လာပြီး အသုံးပြုခဲ့ရာမှ အသက် ၂၆ နှစ်အရွယ်ဖြင့် သန်းကြွယ်သူဌေးဘ၀သို့ ရောက်ရှိခဲ့သူဖြစ်ပါသည်။

• NLP ကို စီးပွားရေးနယ်ပယ်မှာ ဘာကြောင့်အသုံးပြုသင့်သလဲ

NLP ကို ကမ္ဘာတလွှားရှိ အကြီးစားကော်ပိုရေးရှင်းများစွာက လက်တွေ့အသုံးပြုနေကြပါသည်။ ဥပမာ - British Gas ၊ BT ၊ Virgin ၊ Bupa နှင့် Ladbrokes စသော အဖွဲ့အစည်းကြီးများသည် ၎င်းတို့ဝန်ထမ်းများကို NLP Training ကို တက်ရောက်စေကြသည်။ NLP သည် ဖောက်သည်များနှင့် ၀န်ထမ်းများ၏ စိတ်ကျေနပ်မှုကို ရရှိစေသည့်အတွက် မိမိတို့လုပ်ငန်းကြီးအနေဖြင့် မိမိတို့ဆန္ဒရှိသည့်အတိုင်း ကမ္ဘာ့အဆင့် ၀န်ဆောင်မှုများကို ပေးနိုင်လာခဲ့သည်ဟု British Gas Business (Centrica) မှ Business Retention Manager ဖြစ်သူ Jon Daniels က ထောက်ခံပြောကြားထားသည်။

ဈေးကွက်နယ်ပယ်တွင် မည်သည့်အရာမှ ထာဝရမတည်မြဲပါ။ သို့ဖြစ်၍ သင့်အနေဖြင့် အပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်ထားတတ်ဖို့ လိုပါလိမ့်မည်။ သင်သည် သင့်အတွေ့အကြုံနှင့် ယုံကြည်မှုများကို အခြေခံပြီး စိတ်ခံစားမှုဦးစားပေးကာ တုန့်ပြန်လေ့ရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်း သင့်ဦးနှောက်ကို ပရိုဂရမ်သွင်းထားသလို အလိုအလျောက် လုပ်ဆောင်လာနိုင်စေမှာဖြစ်ပါသည်။

စာရင်းကိုင်များအနေဖြင့် NLP ကို အသုံးပြုပါက ကိန်းဂဏာန်းများနှင့် ပတ်သက်ပြီး ကျွမ်းကျင်လာကာ ပိုင်ဆိုင်မှုအက်ဆက်များနှင့် ဆုံးရှူံးနိုင်ခြေရှိသော အရာများကို တွက်ချက်လာနိုင်မည်ဖြစ်သလို ဘတ်ဂျက်များနှင့် အသုံးစရိတ်များကို စီမံလာနိုင်စေမှာဖြစ်သည်။

ဖောက်သည်ဝန်ဆောင်မှုပိုင်းတွင် လုပ်ကိုင်ဆောင်ရွက်သူများအနေဖြင့် လူတွေနှင့် ကောင်းမွန်စွာ ဆက်ဆံနိုင်သည့်အတွက် ၎င်းတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ပိုမိုလိုလားလာမည်ဖြစ်သည်။ ဖောက်သည်များ သင့်လုပ်ငန်းဆီ မကြာမကြာ ပြန်လာဖို့အတွက် ဖောက်သည်များ၏ စိတ်ကျေနပ်မှုသည် သင့်အတွက် အရေးအကြီးဆုံး ဖြစ်သည်။

ဒါရိုက်တာများအနေဖြင့်လည်း NLP ၏ နည်းစနစ်များကြောင့် သင်၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအရည်အချင်းများ တိုးတက်လာပါလိမ့်မည်။ သင့်အပြုအမူများကို သိရှိလာသည့်အတွက် သင့်ကိုယ်သင် အတ္တကြီးသူတယောက်ကဲ့သို့ မဖြစ်အောင်နှင့် နောက်ကွယ်မှ အရာရာကို ကြိုးကိုင်သူကဲ့သို့ ဖြစ်မလာအောင် သင့်ကိုယ်သင် ရှုထောင့်အသစ်မှ ရှုမြင်တတ်လာပါလိမ့်မည်။

အလားတူ NLP ကို အသုံးပြုနေကြသော မန်နေဂျာများအနေဖြင့်လည်း အခြေအနေများကို ထိန်းချုပ်လာနိုင်မှာဖြစ်သည့်အပြင် မိမိ၏ ကိုယ်ရည်ကိုယ်သွေး၊ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုကိုလည်း ချုပ်ထိန်းနိုင်လာပါလိမ့်မည်။ ထို့အပြင် သင်၏ တီထွင်ဆန်းသစ်မှုနှင့် ကျော်ကြားမှုများကြောင့် ဈေးကွက်တွင် ထိပ်ဆုံးက ဦးဆောင်နေနိုင်မှာဖြစ်သည်။

အင်ဂျင်နီယာများသည်လည်း NLP ကို အသုံးချနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အင်ဂျင်နီယာများအတွက် တီထွင်ဆန်းသစ်တတ်မှုသည် အဖိုးအထိုက်တန်ဆုံးသော ပိုင်ဆိုင်မှုအက်ဆက်ဖြစ်သောကြောင့်ပင်။ စိတ်ကူးစိတ်သန်းကောင်းများဖြင့် သင်သည် ကုန်ပစ္စည်းအစစ်များကို ဖန်တီးနိုင်သလို အိုင်ဒီယာများကိုလည်း ဖော်ထုတ်လာနိုင်မည်ဖြစ်သည်။

NLP ၏ နည်းစနစ်များကို စီးပွားရေးနယ်ပယ်တွင် အသုံးချခြင်းအားဖြင့် လုပ်ငန်းခွင်မှ လူတိုင်းသည်
ပေါင်းသင်းဆက်ဆံရေး တိုးတက်ကောင်းမွန်စေခြင်း၊
ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည် မြင့်မားလာစေခြင်း၊
ယုံကြည်မှုတိုးတက်လာစေခြင်း၊
အဖွဲ့အစည်းစိတ်ဓာတ် မြင့်မားလာစေခြင်း၊
ဖောက်သည်စိတ်ကျေနပ်မှု ရရှိစေခြင်း၊ အပြောင်းအလဲနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်လာတတ်စေခြင်း၊
ပူးပေါင်းဆောင်ရွက်မှု မြင့်မားလာခြင်းနှင့်
အောင်မြင်ထူးချွန်သူများ၏ အရည်အချင်းကောင်းများကို ရရှိပိုင်ဆိုင်နိုင်စေရန် အလို့ငှာ ၎င်းတို့၏ တွေးပုံခေါ်ပုံ၊ ပြောဆိုပုံနှင့် ပြုမူလုပ်ကိုင်ပုံများကို ပုံတူကူးကာ ကြိုးစားခြင်းအားဖြင့် ကိုယ်တိုင် အောင်မြင်ထူးချွန်သူတယောက် ဖြစ်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေမှာလည်းဖြစ်ပါသည်။

(စက်တင်ဘာလထုတ် Myanmar B2B Management Magazine တွင် ပါရှိသော ကျွန်တော့်ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)

အခုလို သင့်ရဲ့ စီးပွားရေးလုပ်ငန်း၊ အလုပ်အကိုင်နဲ့ ဘ၀တိုးတက်မှုအတွက် ဗဟုသုတများ ရရှိစေမယ့် အကြောင်းအရာတွေကို ပုံမှန်ဖတ်ရှုချင်တယ်ဆိုရင် Breakthrough Coaching Myanmar page ကို Like & See First ပြုလုပ်ထားလို့ ရပါတယ်။

https://m.facebook.com/BreakthroughMyanmar/

😍😍😍ချစ်မိတ်ဆွေများအတွက်power bankလေးများအဆင်သင့်ပါခင်ဗျာ...☎️09779791166
12/07/2021

😍😍😍ချစ်မိတ်ဆွေများအတွက်power bankလေးများအဆင်သင့်ပါခင်ဗျာ...
☎️09779791166

05/07/2021

🎯 COVID-19 ရောဂါကို..ကာကွယ်ကြပါစို့ ...
မင်္ဂလာပါ မိတ်ဆွေများဒီအချိန်( pidemic)ကပ်ရောဂါဘေး ကာလမှာ အရေးအကြီးဆုံးကအကောင်းဘက်ကို တွေးဆမျှော်မြင်သောစိတ်( positive thinking)ရှိနေဖို့လိုအပ်ပါတယ်ခင်ဗျာ.. ကျနော် ဆရာတော်ဦးဇောတိက ရဲ့စာအုပ်တအုပ်ဖတ်ခဲ့ဖူးပါတယ် ဘာရေးထားသလဲဆိုတော့တရားထိုင်နေတဲ့လူတွေ၊ပျော်ရွှင်နေတဲ့လူတွေ၊စိတ်စေတနာအားကောင်းတဲ့လူတွေရဲ့သွေးကိုပညာရှင်တွေကထုတ်ယူပြီးစမ်းသပ်ကြည့်လိုက်တော့( endorphin hormone )ခေါ်တဲ့ဓာတ်တစ်မျိုးကိုသွားတွေ့ရတယ် ခင်ဗျ...ဒီဓာတ်ကနေလို့ထိုင်လို့ကောင်းပြီး ရောဂါဘယ တွေကိုတိုက်ဖျက် ပေးတယ် လို့ဆိုထားပါတယ်ခင်ဗျာ၊တစ်ကယ်တော့ ကျွန်တော်တို့ကိုယ်ခန္ဓာရဲ့ခုခံအားစနစ် (immune system)ကအားကောင်းလာတဲ့သ‌ ဘောပေါ့ခင်ဗျာ...တဖက်မှာကြတော့ စိတ်စေတနာနည်းသူ၊မနာလိုစိတ်များသူ၊စိတ်ဖိစီးမူ(Stress )များ သူတွေရဲ့သွေးကိုထုတ်ယူပြီးစမ်သပ်လိုက်တော့(Cortisol hormone)ဆိုတဲ့ဓါတ်‌ တွေများနေတာကို သွားတွေ့ရတာခင်ဗျ ..ဒီဓါတ်ကရောဂါဘယ တွေကိုလက်ခံတယ်ဖြစ်စေတယ်လို့ဆိုထားပါတယ်ခင်ဗျာ..ဒီတော့အကောင်းတွေး‌၊ မေတ္တာတရားနဲ့နေမယ်ဆိုရင် ရောဂါဘယတွေတော်ရုံနဲ့မဝင်နိုင်ဘူးပေါ့ခင်ဗျာ..အဓိကကတော့အပြင်မထွက်ဘဲနေနိုင်ရင် အကောင်းဆုံးဘဲပေါ့ဗျာ (stay at home)မထွက်မဖြစ်ထွက်ရရင်လဲ မတ်စ်တတ်မယ်၊မျက်မှန်တတ်မယ် ၊လက်ဆေးမယ်ပေါ့ ဗျာအိပ်ရေးဝအောင်အိပ်မယ် vitamin C ၊vitaminB၊vitaminD3၊zincပါတဲအစားအသောက်တွေနဲ့ဟင်းသီးဟင်းရွက်စိမ်း‌ ( Antioxidants)တွေစားမယ်ဆိုလဲ(free radicals) တွေကိုတိုက်ဖျက်ပေးလို့ကိုယ်ခံအားစနစ်ကောင်းလာတယ်ဆိုတော့လဲစားပေးကြပေါ့ခင်ဗျာကဲ ...FB ချစ်မိတ်ဆွေများအားလုံး လဲဘဲ..စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး .COVID-19ကပ်ရောဂါ‌ ဘေးမှအမြန်ဆုံးကင်းဝေးကြပါစေဗျာ🙏🙏🙏 .com

04/07/2021

Address

ပါရမီဈေးလမ်း
Hpakan
01161

Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 07:00 - 22:00

Telephone

+959779791166

Alerts

Be the first to know and let us send you an email when Winaungkcgs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Winaungkcgs:

Share