19/07/2024
ခုမှ ' Guitar ' စဝယ်မယ့် သူတွေ အတွက်
Crd
Used
https://m.facebook.com/story.php?story_fbid=107204305220667&id=101463115794786&mibextid=Nif5oz
Bridge Pin
https://m.facebook.com/story.php?story_fbid=378375841433095&id=100077820464956&mibextid=Nif5oz
Bridge pin hole reamer
https://m.facebook.com/story.php?story_fbid=261186546485359&id=100077820464956&mibextid=Nif5oz
Saddle ပေါ်ကြိုးတင်ရုံနှင့်ပြီးပြီလား
https://m.facebook.com/story.php?story_fbid=241133901823957&id=100077820464956&mibextid=Nif5oz
Nut
https://m.facebook.com/story.php?story_fbid=108081285132969&id=101463115794786&mibextid=Nif5oz
Plate Mate
https://m.facebook.com/story.php?story_fbid=240935965177084&id=100077820464956&mibextid=Nif5oz
ကော်အကြောင်း
https://m.facebook.com/story.php?story_fbid=232506292686718&id=100077820464956&mibextid=Nif5oz
All solid လား
https://m.facebook.com/story.php?story_fbid=233039252633422&id=100077820464956&mibextid=Nif5oz
Solid spruce top လား
https://m.facebook.com/story.php?story_fbid=116043774336720&id=101463115794786&mibextid=Nif5oz
Solid Spruce top
https://m.facebook.com/story.php?story_fbid=142292195045211&id=101463115794786&mibextid=Nif5oz
Tuning pegs
https://m.facebook.com/story.php?story_fbid=225527756717905&id=100077820464956&mibextid=Nif5oz
Bridge Doctor
https://m.facebook.com/story.php?story_fbid=217962334141114&id=100077820464956&mibextid=Nif5oz
ကြိုးရဲ့ Gauge
https://m.facebook.com/story.php?story_fbid=217297900874224&id=100077820464956&mibextid=Nif5oz
Gut Strings
https://m.facebook.com/story.php?story_fbid=127748916499539&id=101463115794786&mibextid=Nif5oz
PLEK
https://m.facebook.com/story.php?story_fbid=217253460878668&id=100077820464956&mibextid=Nif5oz
A-440 facts check
https://m.facebook.com/story.php?story_fbid=217244920879522&id=100077820464956&mibextid=Nif5oz
Classical guitar action
https://m.facebook.com/story.php?story_fbid=160348879906209&id=101463115794786&mibextid=Nif5oz
Fretboard နေရချခြင်း
https://m.facebook.com/story.php?story_fbid=158213210119776&id=101463115794786&mibextid=Nif5oz
Epogdoon
https://m.facebook.com/story.php?story_fbid=153734150567682&id=101463115794786&mibextid=Nif5oz
TTET
https://m.facebook.com/story.php?story_fbid=152523870688710&id=101463115794786&mibextid=Nif5oz
A-440Hz
https://m.facebook.com/story.php?story_fbid=146363461304751&id=101463115794786&mibextid=Nif5oz
Action
https://m.facebook.com/story.php?story_fbid=143096848298079&id=101463115794786&mibextid=Nif5oz
Trigger
https://m.facebook.com/story.php?story_fbid=139365208671243&id=101463115794786&mibextid=Nif5oz
crack repair tool
https://m.facebook.com/story.php?story_fbid=138607532080344&id=101463115794786&mibextid=Nif5oz
TJ thompson Belly reducer
https://m.facebook.com/story.php?story_fbid=138555355418895&id=101463115794786&mibextid=Nif5oz
Fanned Fret
https://m.facebook.com/story.php?story_fbid=110462731561491&id=101463115794786&mibextid=Nif5oz
မူရင်းတန်ဖိုး
https://m.facebook.com/story.php?story_fbid=106655755275522&id=101463115794786&mibextid=Nif5oz
Rosewood
https://m.facebook.com/story.php?story_fbid=106393675301730&id=101463115794786&mibextid=Nif5oz
သံချေးတက်သွားသောနားများ
https://m.facebook.com/story.php?story_fbid=110358024905295&id=101463115794786&mibextid=Nif5oz
Pythagorean comma
https://m.facebook.com/story.php?story_fbid=108970748377356&id=101463115794786&mibextid=Nif5oz
String break angle
https://m.facebook.com/story.php?story_fbid=105668255374272&id=101463115794786&mibextid=Nif5oz
ဘာကြောင့် EADGBE
https://m.facebook.com/story.php?story_fbid=126875913253506&id=101463115794786&mibextid=Nif5oz
guitar top radius
https://m.facebook.com/story.php?story_fbid=122107233730374&id=101463115794786&mibextid=Nif5oz
Crown
https://m.facebook.com/story.php?story_fbid=138550378752726&id=101463115794786&mibextid=Nif5oz
Adam's apple
https://m.facebook.com/story.php?story_fbid=133416362599461&id=101463115794786&mibextid=Nif5oz
ရှေ့ကိုငိုက်နေတဲ့ Saddle ကလေး
https://m.facebook.com/story.php?story_fbid=127578586516572&id=101463115794786&mibextid=Nif5oz
Bearclaw spruce
https://m.facebook.com/story.php?story_fbid=126252476649183&id=101463115794786&mibextid=Nif5oz
volute
https://m.facebook.com/story.php?story_fbid=122039167070514&id=101463115794786&mibextid=Nif5oz
Classical guitar တို့ရဲ့ဖခင်
https://m.facebook.com/story.php?story_fbid=317350564202290&id=100077820464956&mibextid=Nif5oz
🔖Used
(အပိုင်း-၁)
🖋 ဆရာမင်းလူရဲ့ ပြန်ခေါ်သက်သေ ဝတ္ထုထဲက နောက်ဆုံး စာမျက်နှာကို ကဗျာ တပုဒ်နဲ့ အဆုံးသတ်ထားတယ်။ အဲ့ကဗျာထဲက တပိုဒ်ကို ဖော်ပြချင်တယ်။
"တန်ဖိုးရှိတဲ့ မိန်းမဆိုတာ စာအုပ်ကောင်းတအုပ်လိုပဲ
ဘယ်လောက်ဟောင်းနွမ်း စုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာရှိတယ်လေ။"
📌ဒါဆို ဂစ်တာဟောင်းတလုံးကော?
📎ဂျပန်နိုင်ငံက ထွက်တဲ့ တနှစ်တနှစ် ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေ အရမ်းများပါတယ ်။ ဒါ့အပြင် ဂျပန်ရဲ့လူနေမှုစနစ်မှာ Minimalist living style ရေစီးကြောင်း ထွန်းကားလာတာကြောင့်လဲ မလိုအပ်တော့တဲ့ ပစ္စည်းတွေကို စွန့်လွှတ်လိုက်ကြပါတယ်။ ဒီစွန့်ပစ်ပစ္စည်းတွေကို ဖွံ့ဖြိုးဆဲ နိုင်ငံလေးတွေက ပြန်လည်အသုံးပြုကြပါတယ်။
📎ဂျပန်ကနေရောက်လာတဲ့ ဂစ်တာတွေ အကြောင်း ပြောပြပါမယ်။ အသုံးပြုပြီးသား Soundbox၊ woofers၊ amplifiers စတဲ့ Audio ပစ္စည်းတွေနဲ့အတူ Acoustic guitar၊ classical guitar၊ elecctric guitar တွေ ပြည့်နှက်ပြွတ်ကျပ်နေအောင်ထည့်ထားတဲ့ ကွန်တိန်နာတလုံးဟာ ဂျပန်နိုင်ငံကနေ ဘန်ကောက်ဆီ ကမ်းကပ်ပါတော့တယ်။ ဘန်ကောက်က တဆင့် ခရီးနှင်ပြီး မြဝတီတဖက်ကမ်း မဲဆောက်မြို့ သောင်ရင်း မြစ် နံဘေးကိုရောက်လာပါတော့တယ်။ အဲ့လိုနဲ့ ပစ္စည်းတွေကို လှေနဲ့ ကဲ့သယ်ယူပြီး မြဝတီ က ဂိတ် ဂိုဒေါင်တွေ ဆီရောက်ပါတယ်။ ပြီးတော့ကာ အနယ်နယ်အရပ်ရပ်က ဖောက်သည်တွေဆီကို လော့ စနစ်နဲ့ ကြိုပွိုင့်ယူထားတဲ့ စနစ်နဲ့ ေရာင်းချပေးပါတယ်။ ဒါက ကွန်တိန်နာကျ ဂျပန်ဂစ်တာတလုံးရောက်ရှိလာပုံပါ။
📎 Acoustic Guitar အကြောင်းပြောပါမယ်။ ဘယ်လိုဂစ်တာတွေ ပါတာများသလဲ။ ဂျပန်ကျဆိုပေမယ့် တရုတ်နိုင်ငံမှာ ထုတ်လုပ်ပြီး ဂျပန်ပြည်တွင်းသုံးတဲ့ Sepia crue, lumbar, honey bee, barcalay,legend, SX စတဲ့ အလုံးတွေ အပြင် ဂျပန်နိုင်ငံရဲ့ entry lvl တွေ ဖြစ်တဲ့ Young mate, lake guitar, hotta, yours စတဲ့ တံဆိပ်တွေ အများဆုံးပါပါတယ်။ quality ရှိတဲ့ Mid range ဂစ်တာတွေ ဖြစ်တဲ့ Suzuki, Yamaki, promartin, Morris, Yamaha, James, Aria, stafford, Humming bird စတဲ့ ဂစ်တာတွေ ပါလေ့ရှိတယ်။ ရံဖန်ရံခါတော့ AriaDreadnought, Rider, R matsuoka,model မြင့် Yamaha, Syairi စတဲ့အလုံးတွေ ကံကောင်းထောက်မစွာ ပါလာတတ်ပါတယ်။
📎ဂျပန်ကျစျေးကွက်မှာတော့ ရှမ်းရွေးပြီးဆိုတဲ့ အခေါ်ရှိပါတယ်။ သင်္ဘောက ဘန်ကောက်ဆိပ်ကမ်းကို ကွန်တိန်နာရောက်တဲ့အခါ ထိုင်းကုန်သည်တွေက ခေါင် ပစ္စည်းတွေကို ရွေးဝယ်သွားလေ့ရှိပါတယ်။ ဂစ်တာကောပဲလား? ထိုင်းအခြေစိုက် Japan audio နဲ့ ပတ်သတ်ပြီးရောင်းချတဲ့ LH audio ဆိုတဲ့ဆိုင်မှာ ဂျပန်ကျဂစ်တာတွေကို လေလံဆွဲရောင်းချတာမျိုးရှိပါတယ်။ လက်ရှိချိန်ထိတော့ ကွန်တိန်နာကျ ဂစ်တာတွေထဲ K.yairi လို Yamaha ရဲ့ L series လို တန်ဖိုးကြီး ဂစ်တာတွေ မကြုံဖူးသေးပါဘူး။ ထိုင်းဂျပန်ကျ စျေးကွက်မှာတော့ အရည်အသွေးမြင့် ဂစ်တာတွေ အတော်များပါတယ်။ သူတို့က ဂျပန်ကနေ တိုက်ရိုက် လေလံဆွဲ ပြီးမှာတာ ဖြစ်နိုင်ပါတယ်။
📎 ဂျပန်တွေက သူတို့ ဂစ်တာ အသစ်ကြီး အကောင်းကြီးကိုတော့ နေရင်းထိုင်ရင်း စွန့်ပစ်ကြမှာ မဟုတ်ပါဘူး။ ၂ ခုရှိပါတယ်။ အိုဟောင်းလွန်းလို့ရယ်။ ချို့ယွင်းချက်ရှိလို့ရယ်ပါ။ ဒီကိုရောက်တဲ့ဂျပန်ကျဂစ်တာအများစုဟာ အများအားဖြင့် 1970 မတိုင်ခင်နဲ့ 1990 အကျော် ကြားကာလထဲ ထုတ်လုပ်ခဲ့တဲ့ ဂစ်တာတွေ ဖြစ်ပြီး သက်တမ်းအားဖြင့် နှစ် ၃၀ ကနေ နှစ်၅၀ အထိ ရှိနိုင်ပါတယ်။
📎ကျနော်တို့ ဘာလို့ ဒီဂစ်တာတွေကို ဘာလို့ ကြိုက်နှစိသက်စွာဝယ်သုံးနေရသလဲ။ အဓိက အချက်က အရည်အသွေး ပါ။ အရည်အသွေး ဆိုရာမှာ အသုံးပြုထားတဲ့ သစ် အရည်အသွေး နဲ့ နည်းစနစ်အရည်အသွေးတွေကြောင့်ပါ။ ဂျပန်နိုင်ငံဟာ ဘာပစ္စည်းပဲထုတ်ထုတ် နည်းစနစ်အရည်အသွေးကောင်းမွန်ပြီး ကြာရှည်ခံတာ လူတိုင်းသိကြပါတယ်။ ၁၉၆၀ ဝန်းကျင် ကမ္ဘာ့သစ်တောတွေ ယခုလောက်မပြုန်းခင်က ဂစ်တာ ပြုလုပ်ရာမှာ သစ်တွေ ယခုလောက်မရှားပါးသေးပါဘူး။ ဒါကြောင့် သစ်အကောင်းတွေနဲ့ ဂစ်တာပြုလုပ်ကြပါတယ်။ ဥပမာ Yamaha ရဲ့ ပထမဦးဆုံး Acoustic Model ဖြစ်တဲ့ FG-180 နဲ့ FG-150 ရဲ့ Fretboard မှာသုံးထားတဲ့ Indian rosewood ဟာ ခရမ်းရောင်ဖက်သမ်းပြီး ကျစ်လစ်ခိုင်မာ အရည်အသွေး အရမ်းကောင်းပါတယ်။ ဒီလိုမျိုး သစ်တွေကို ထပ်တွေ့ရဖို့ မလွယ်တော့ပါဘူး။
📌ဒါဆို ဂျပန်ကျ ဂစ်တာတွေ့တာနဲ့ဝယ်တော့မှာလား ဆိုတော့။
အပိုင်း၂ မှာ ဆက်ရေးပေးပါမယ်။
အပိုင်း ၂
https://www.facebook.com/101463115794786/posts/107241185216979/
📌ဂစ်တာနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို ကိုယ်သိနားလည်ထားတဲ့ အကျယ်အဝန်းထဲကနေ ကြိုးစားပြီး ရေးပေးနေမှာ ဖြစ်တဲ့အတွက် ဝါသနာရှိသူများ Pages ကို follow လုပ်ထားပြီး ဝါသနာတူ သူငယ်ချင်းတွေဆီ မျှဝေစေချင်ပါတယ်ဗျား။