27/05/2023
ကိုယ့်လုပ်ငန်း Page မှာ ပုံမှန်လေးတင်သင့်တဲ့ Post အမျိုးအစား (၅) မျိုး 💁🏻♀️💭
ကိုယ်က လုပ်ငန်းတစ်ခုကိုတည်ထောင်ထားတဲ့ Founder တစ်ယောက်လား ❓ဒါမှမဟုတ် လုပ်ငန်းတစ်ခုမှာ Content Writer / Page Admin ရာထူးနဲ့ လုပ်ကိုင်နေတဲ့ ဝန်ထမ်း တစ်ဦးလား ❓
🔰 ဒီလိုမျိုး ကိုယ်က လုပ်ငန်းရှိတာပဲဖြစ်ဖြစ် ၊ လုပ်ငန်း Page တွေနဲ့ဆက်စပ်ပြီးအလုပ်လုပ်နေရတာပဲဖြစ်ဖြစ် ကိုယ့်လုပ်ငန်း နဲ့ ထုတ်ကုန် ကို လူတွေ ပိုသိလာအောင် ၊ လူတွေ စိတ်ဝင်စားလာအောင် ၊ ရောင်း အားတွေတက်လာအောင် Social Media Page မှာ ပုံမှန်လေး တင်သင့်တဲ့ Post အမျိုးအစားလေးတွေကို သိထားဖို့တော့ လိုအပ်ပါမယ်ရှင့် ။ 🥰❤️
ဒါကြောင့် ဒီနေ့ 𝐓𝐡𝐞 𝐏𝐞𝐧𝐜𝐢𝐥 ✏️ ကနေပြီးတော့ဗဟုသုတအနေနဲ့ လိုအပ်တဲ့ Post ပုံစံလေးတွေကို အားလုံးကို Sharing လေးလုပ်ပေးလိုက်ပါရစေရှင့် ။ 💭
💬 အရောင်းပိုင်းဆိုင်ရာ 𝐏𝐨𝐬𝐭 များ ။ ✔️
ဒါကတော့ ပြောပြနေစရာမလိုအောင်ကို တင်လေ့တင်ထရှိကြတဲ့ Post လေးတွေ ပဲဖြစ်ပါတယ် ။ ကိုယ့်ရဲ့ပစ္စည်းကဘာလဲ ❓ ဘာကိုရောင်းချမှာလဲ ❓ ဘယ်လိုမျိုး ရောင်းချမလဲ ❓ဆိုပြီး စနစ်တကျ Sale Funnel ကျကျ ၊ Creative ဖြစ်ဖြစ် အရောင်းပိုစ်လေးတွေကိုဖန်တီးတတ်ရမှာပဲဖြစ်ပါတယ် ။
💬 ဗဟုသုတဆိုင်ရာ 𝐏𝐨𝐬𝐭 များ၊ 𝐈𝐧𝐟𝐨𝐠𝐫𝐚𝐩𝐡𝐢𝐜 များ ။ ✔️
ကိုယ့်Page ကို လူသိများဖို့ Engagements တက်ဖို့အတွက် Knowledge Sharing လေးတွေကိုလည်း လုပ်ပေးရပါမယ် ။ ဒီနေရာမှာပြောချင်တာက ကိုယ့်လုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ Knowledge တွေကို တော့ Sharing မလုပ်ရပါဘူး ။ တိုက်ရိုက်သက်ဆိုင်တာမျိုး ၊ သွယ်ဝိုက်သက်ဆိုင်တာမျိုး တွေကိုပဲ စနစ်တကျ Research သေသေချာချာလုပ်ပြီး တင်ရမှာပဲဖြစ်ပါတယ် ။ တခါတလေကျရင်တော့ စာတွေရေးတင်တာထက် Infographic လေးတွေနဲ့ Save ပြီးသိမ်းထားလို့ရအောင်တင်ပေးတာကလည်း ပိုပြီး အကျိုးရှိပါတယ် ။ ❤️
💬 𝐈𝐧𝐬𝐩𝐢𝐫𝐚𝐭𝐢𝐨𝐧 ရစေမယ့် ကိုယ့်လုပ်ငန်းရဲ့ တိုးတက်လာပုံအဆင့်ဆင့် ။ ✔️
MLM လုပ်ငန်းတွေက လူတွေကြားထဲ နာမည်ကြီးနေတာက ဒီလိုမျိုး ပုံစံ Manipulation တွေနဲ့ လူတွေကို ဆွဲဆောင်ထားနိုင်လို့ပါပဲ ။ MLM တွေကိုတော့ The Pencil က လုံးဝ အားမပေးပင်မယ့် ၊ သူတို့ရဲ့ Marketing နည်းပညာတစ်မျိုး ဖြစ်တဲ့ ကိုယ့်လုပ်ငန်းရဲ့အောင်မြင်မှု ၊ ကိုယ့်စီးပွါးရေးကို အောက်ခြေကနေဘယ်လိုစခဲ့ကြောင်း Achievement Post လေးတွေ တင်တာမျိုး ကိုတော့ သဘောကျပါတယ် ။ လူတွေက ကိုယ်အောက်ခြေကနေတဆင့်ဖြေးဖြေးချင်း အောင်မြင်လာတာ ကိုမြင်ရင် အလိုလို Inspiration ရပြီး ကိုယ့် Product ဒါမှမဟုတ် Service လုပ်ငန်း ကို စိတ်ဝင်စားလာပါတယ် ။ သူ့ Product နဲ့ သူ့ Service က လူကြိုက်များလို့သာ ကောင်းလို့သာ ဒီလိုအောင်မြင်တာပါလားဆိုပြီး ရောင်းအားတက်လာတာမျိုးရှိပါတယ် ။ ✅
💬ကိုယ့်ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐅𝐞𝐞𝐝𝐛𝐚𝐜𝐤𝐬 / 𝐑𝐞𝐯𝐢𝐞𝐰 ။ ✔️
ကိုယ်ကဘယ်လောက်ပဲ ကောင်းပါတယ်လို့ ညွှန်းနေပါစေစေ ၊ တကယ်တမ်း Customers / Clients ဆီကနေ ရတဲ့ Reviews နဲ့ Feedbacks ကိုတော့ လုံးဝ မမှီပါဘူး ။ ဒါကြောင့် ကိုယ့်ရဲ့ လုပ်ငန်းရဲ့ Feedbacks လေးတွေကို တင်ရပါမယ် ။ ဝယ်သူတွေကို လိုက်လံပြီး “ အဆင်ပြေရဲ့လား ၊ အဆင်မပြေတာရှိရင်ပြောလို့ရပါတယ် “ ဆိုပြီး Feedbacks တောင်းတာမျိုးလည်း လုပ်သင့်ပါတယ် ။ ဒါဆို Customer တွေကို စျေးရောင်းပြီးတဲ့ထိတောင် အဆင်ပြေမပြေ ဂရုစိုက်ရာကျ လို့ ဒီ Page ကတော့ Service ကောင်းတယ်လို့တောင်ပြောခံရမှာပါ ။ 🥰
💬 ဝယ်သူကိုယ်တိုင်ပါဝင်လို့ရတဲ့ 𝐄𝐯𝐞𝐧𝐭𝐬 တွေ ။ ✔️
မေးခွန်းလေးတွေ မေးပြီး ဖုန်းဘေလ်ဖြည့်ပေးတာမျိုး ၊ ကိုယ့် Product လေး ၂ ခုထဲက ဘယ်ဟာကပိုကြိုက်လဲဆိုပြီး မေးတာမျိုး ၊ ရီစရာ ပဟေဠိလေးတွေဖွက်တာမျိုး ကလည်း ကိုယ်နဲ့ Customer ကြားမှာ တရင်းတနှီးလေးဖြစ်နေစေပြီး ၊ ပျော်ပျော်ပါးပါး နဲ့ လူစိတ်ဝင်တစားဖြစ်စေပါတယ် ။ 🥰
ကဲ ဒီလောက်ဆို ကိုယ့်ပေ့ချ်လေးကို ဘယ်လိုမျိုးဂရုတစိုက်နဲ့ Post လေးတွေ တင်ပေးသင့်လဲ ဆိုတာသိပြီးကြပြီဟုတ် ။ 💁🏻♀️❤️ ဒီလိုမျိုးလေး Page လေးကို ဂရုစိုက်ပြီးတင်မှ ကိုယ့်လုပ်ငန်းလည်း ရောင်းအားတက်ပြီး ၊ လူသိများလာမှာဖြစ်ပါတယ် ။
Content ပဲလိုလို ၊ Graphic ပဲလိုလို စာဖတ်သူတို့ လုပ်ငန်းအတွက် Content Writer / Graphic Designer ကောင်းကောင်း ရှာဖွေနေရင်တော့ 𝐓𝐡𝐞 𝐏𝐞𝐧𝐜𝐢𝐥 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐫𝐞𝐚𝐭𝐨𝐫 𝐏𝐚𝐠𝐞 လေးကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ရှင့် ။ 🙇🏻♀️💞
✏️ Content တိုင်းကို နှလုံးသားနဲ့ ဖန်တီး ဆေးခြယ် ပေးမှာ 𝐓𝐡𝐞 𝐏𝐞𝐧𝐜𝐢𝐥 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐫𝐞𝐚𝐭𝐨𝐫 ✏️
#