Lucky Lady Jewellery

Lucky Lady Jewellery Luxury Jewellery for Elegant Women💚🤍

* မွေးရက်အလိုက် အဆောင်ကျောက်များ *•တနဂ်နွေ - ပတ္တမြား•တနလ်ာ- ပုလဲ•အဂ်ါ - သန်တာ•ဗုဒ္ဓဟူး - မြ•ကြာသပတေး- ဥဿဖယား•သောကြာ - စ...
05/07/2026

* မွေးရက်အလိုက် အဆောင်ကျောက်များ *

•တနဂ်နွေ - ပတ္တမြား
•တနလ်ာ- ပုလဲ
•အဂ်ါ - သန်တာ
•ဗုဒ္ဓဟူး - မြ
•ကြာသပတေး- ဥဿဖယား
•သောကြာ - စိန်
•ရာဟု - ဂေါ်မိတ်
•စနေ - နီလာ

* မွေးလအလိုက် အဆောင်ကျောက်များ*
တန်ခူး - စိန်
ကဆုန်- မဟူရာ
နယုန်- မြ
ဝါဆို - ပုလဲ
ဝါခေါင်- ပတ္တမြား
တော်သလင်း- နဂါးသွဲ့
သီတင်းကျွတ်- ကြောင်ကျောက်
တန်ဆောင်မုန်း- ဥဿဖယား
နတ်တော်- ဂေါ်မိတ်
ပြာသို- မဟူရာ
တပို့တွဲ- နီလာ
တပေါင်း- မြော

* မွေးလအလိုက် အဆောင်ကျောက်များ *

Jan- Red Garnet( ဂါးနက် )
Feb- Amethyst ( ခရမ်းစွဲ )
Mar- Aquamarine (မြာပြာ )
Apr- Diamond ( စိန် )
May- Emerald ( မြ )
Jun- Parel (ပုလဲ )
Jul- Ruby ( ပတ်တမွား )
Aug- Peridot ( ပြောင်ခေါင်းစိမ်း )
Sep- Sapphire ( နီလာ )
Oct- Tourmaline ( ဖရဲအူ )
Nov- Citrine ( စလင်းဝါ )
Dec- Blue Topaz

*တနင်္ဂနွေသားသမီး*
ငွေ​ကြေး အတွက် * သလင်းဖြူ *
အောင်မြင်မူ့အတွက် * အဝါ​ရောင်​ကျောက် *

*တနလ်ာ သားသမီး*
ငွေ​ကြေးအတွက် * Tiger eye *
အောင်မြင်မူ့အတွက် *နီလာ

*အင်္ဂါသားသမီး*
ငွေ​ကြေးအတွက် *Jade ကျောက်စိမ်း*
အောင်မြင်မူ့အတွက် * မဟူရာ *

*ဗုဒ္ဓဟူးသားသမီး*
ငွေ​ကြေးအတွက် * စလင်းဝါ *
အောင်မြင်မူ့အတွက် ဂါးနက် /မြ /သန္တာ

*ကြာသပ​တေး သားသမီး.*
ငွေ​ကြေးအတွက် * နဂါးသွဲ့​ကျောက် / နီလာ
အောင်မြင်မူ့အတွက် * စိန် /ဥဿဖယား

*​သောကြာ သားသမီး*
ငွေ​ကြေးအတွက် * မဟူရာ ​*
အောင်မြင်မူ့အတွက် * Tiger eye / ပယင်း

*စ​နေသားသမီး *
ငွေ​ကြေးအတွက် * သန္တာ​ကျောက်/ ဂါးနက်
​အောင်မြင်မူ့အတွက် * Jade ကျောက်စိမ်း*

13/06/2026

Spinel ကျောက်လေးတွေဝယ်ယူအားပေးတဲ့ မမ ကို ကျေးဇူးအများကြီးတင်ပါတယ် 🥰🥰🥰🥰🙏🏻🙏🏻🙏🏻
အခုလိုယုံကြည်စွာဝယ်ယူအားပေးတဲ့ မမ လဲ ကျောက်မျက်ရတနာတွေ ပို၍တိုးပွါးပြီး အထည်လှလှလေးတွေများကြီး ခက်နိုင်ပါစေ စီးပွါးရေးပ်ုတိုးတက်အောင်မြင်ပါစေ လို့ Lucky Lady Diamond, Gold And Jewellery မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🥰🥰🥰🥰

12/06/2026

ကျောက်တိုင်းအပစ်ကလေးတော့ရှိပါတယ်
ကျောက်ကောင်းတစ်ပွင့်ပိုင်ဆိုင်ဖို့ခက်နေတဲ့အချိန်မှာ မိုးကုတ်သဘာဝကျောက်မျက်လေး တစ်ပွင့်ပဲ ဖြစ်ဖြစ်ပိုင်ဆိုင်ရတယ်ဆိုရင် သိမ့်ကို ကံကောင်းပါတယ်နော် 🥰🥰🥰🥰

မိုးကုတ်သဘာဝစပင်နယ်
17.5ct

စျေးတန်တန်လေး နဲ့ ရမယ်နော်

Hello အားလုံးပဲ မင်္ဂလာ မင်မင်ဒီယနေ့မှာတော့ “ပတ္တမြား “ နှင့် ပတ်သက်တဲ့ ဗဟုသုတလေးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် သိတဲ့သူတ...
14/05/2026

Hello အားလုံးပဲ မင်္ဂလာ မင်မင်ဒီယနေ့မှာတော့ “ပတ္တမြား “ နှင့် ပတ်သက်တဲ့ ဗဟုသုတလေးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ် သိတဲ့သူတွေလဲ ရှိသလို မသိသေးတဲ့သူတွေအတွက်လဲ ဗဟုသုတရစေလိမ့်မယ်လို့ မျော်လင့်ပါတယ်ရှင့်

❤️ Ruby (ပတ္တမြား) ❤️

“ကျောက်မျက်တို့၏ ဘုရင်” လို့ တင်စားခေါ်ဝေါ်ကြတဲ့ Ruby ဟာ
အနီရောင်တောက်ပမှု၊ တန်ဖိုးမြင့်မှု နဲ့ ရှားပါးမှုကြောင့်
အမြဲတမ်း လူကြိုက်များတဲ့ ကျောက်မျက်တစ်မျိုးဖြစ်ပါတယ် ✨

🔴 Ruby ရဲ့ အဓိပ္ပါယ်
• ချစ်ခြင်းမေတ္တာ
• အောင်မြင်မှု
• စွမ်းအားနှင့် ယုံကြည်မှု
• ကံကောင်းခြင်း

💎 Natural Ruby တွေမှာ
အနီရောင်အရင့်မှ ပန်းနီရောင်အထိ အရောင်မျိုးစုံရှိပြီး
“Pigeon Blood Ruby” ကို အဖိုးတန်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်။

📌 Ruby ဝယ်ယူရာမှာ ကြည့်သင့်တဲ့အချက်များ
✔️ Color (အရောင်)
✔️ Clarity (အကြည်ဓာတ်)
✔️ Cut (ဖြတ်တောက်ပုံ)
✔️ Carat (အလေးချိန်)
✨ Ruby Jewelry လေးတွေက
Luxury ဆန်ပြီး Classic ဖြစ်တာကြောင့် နေ့စဉ်ဝတ်ဆင်
ရင်လည်း လှပတင့်တယ်စေပါတယ်❤️

❤️ Ruby Color Guide ❤️
Ruby (ပတ္တမြား) ကို အရောင်ပေါ်မူတည်ပြီး တန်ဖိုး၊ ရှားပါးမှု နဲ့ Quality ကွာခြားပါတယ် ✨

🔴 Ruby မှာ တွေ့ရတဲ့ အရောင်များ

• Pigeon Blood Red ❤️
အနီရောင်အရင့် တောက်ပပြီး Slight Blue Tone ပါတဲ့ အရောင်
👉 အဖိုးတန်ဆုံး & International Market မှာ အများဆုံး အသိအမှတ်ပြုတဲ့ Ruby Color

• Vivid Red 🔥
တောက်ပတဲ့ အနီစစ်စစ်
Luxury Look ရှိပြီး လူကြိုက်များ

• Pinkish Red 🌺
ပန်းနီရောင်အနည်းငယ် ပါဝင်တဲ့ Ruby
Soft & Feminine Style ကြိုက်သူများ ဝတ်ဆင်လေ့ရှိ

• Purplish Red 🍷
ခရမ်းရောင် Tone အနည်းငယ်ပါတဲ့ Ruby
Classic ဆန်ပြီး Deep Color Look ပေးတယ်

• Dark Red 🌑
အရောင်အရင့်များတဲ့ Ruby
အလင်းနည်းရင် မဲသလိုမြင်နိုင်ပါတယ်

💎 Internationally Recognized Ruby

🌍 Myanmar (Burma) Ruby
အထူးသဖြင့် Mogok Ruby ဟာ
ကမ္ဘာ့အကောင်းဆုံး Ruby တွေထဲမှာ ပါဝင်ပြီး
“Burmese Ruby” ဆိုတာနဲ့ Value မြင့်ပါတယ် ✨

📌 International Labs တွေဖြစ်တဲ့
• GIA
• GRS
• SSEF
• Gübelin

တို့က “Pigeon Blood Ruby” Color ကို
High Quality Ruby အဖြစ် သတ်မှတ်အသိအမှတ်ပြုကြပါတယ် ❤️

✨ Ruby ရဲ့ Value ကို ဆုံးဖြတ်တဲ့ အရေးကြီးဆုံးအချက်က
“Color” ဖြစ်ပါတယ် 💯

ဒါကတော့ မင်မင်သိသလောက် ရေးသားထားတဲ့ ❤️ပတ္တမြား❤️ ရဲ့ Color Knowledge လေး ဖြစ်ပါတယ်ရှင့်။

ပုံလေးတွေကို Reference ယူသုံးပါတယ် မူရင်း ပုံတင်တဲ့ဆရာကို Credit ပေးပါတယ်ရှင်။


တယ် ❤️

❤️ယူထားကြပါနော် ❤️ဂရမ် ( Gram ) ချိန် ကျသင့်ငွေ တွက်နည်း 💯စနစ်ဟောင်း             စနစ်သစ်၁ ကျပ် .. 16.606g ( 16.329g )၈ ပ...
20/04/2026

❤️ယူထားကြပါနော် ❤️

ဂရမ် ( Gram ) ချိန် ကျသင့်ငွေ တွက်နည်း 💯

စနစ်ဟောင်း စနစ်သစ်
၁ ကျပ် .. 16.606g ( 16.329g )
၈ ပဲ ....... 8.303g ( 8.164g )
၄ ပဲ ....... 4.151g ( 4.082g )
၂ ပဲ ....... 2.075g ( 2.041g )
၁ ပဲ ........1.037g ( 1.020g )
၄ ရွေး .... 0.518g ( 0.510g )
၂ ရွေး .... 0.259g ( 0.255g )
၁ ရွေး .... 0.129g ( 0.127g )
၁ ခြမ်း ... 0.064g ( 0.063g )

ပုံသေ တွက်နည်း .....
ဂရမ်ချိန် ÷ 16.606( 16.329 ) × ကာလပေါက်ဈေး = ကျသင့်ငွေ

အားလုံး အဆင်ပြေကြပါစေ 🙏

&jewellery

10/03/2026

အလျော့တွက် လက်ခ ဆိုတာဘာလဲ? ဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင် ဘာလို့မတူတာလဲ? 🧐

​ရွှေဝယ်တဲ့အခါ ဆိုင်ကပြောတဲ့ ရွှေစျေးအပြင် "အလျော့တွက် ဘယ်လောက်၊ လက်ခ ဘယ်လောက်" ဆိုတာမျိုး ကြားဖူးကြမှာပါ။ အထည်ဖိုးတွက်ရင် ဒါတွေက အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေပါတယ်။ ဒါတွေက ဘာကိုဆိုလိုတာလဲဆိုတာ အတူတူ လေ့လာကြည့်ရအောင်... 👇

​၁။ အလျော့တွက် (Wastage) ဆိုတာဘာလဲ?

​ရွှေခဲကို အရည်ကျိုပြီး လက်ဝတ်ရတနာအထည်အဖြစ် ပုံဖော်တဲ့အခါ ရွှေသားတွေဟာ စဉ်းခုံပေါ်မှာ ပွတ်တိုက်မိလို့ဖြစ်စေ၊ အပူပေးလို့ဖြစ်စေ အနည်းငယ် လွင့်စင်ပျောက်ဆုံးသွားတတ်ပါတယ်။ အဲဒီလို ပျောက်ဆုံးသွားတဲ့ ရွှေသားပမာဏကို "အလျော့တွက်" လို့ ခေါ်တာပါ။

​မှတ်ချက်: အထည်ဒီဇိုင်း လက်ရာနုလေလေ၊ အလျော့တွက် ပိုများလေလေပါပဲ။

​၂။ လက်ခ (Making Charge) ဆိုတာဘာလဲ?

​ဒါကတော့ ရွှေပန်းထိမ်ဆရာရဲ့ လက်ရာဖိုး၊ ပင်ပန်းမှုဖိုးနဲ့ ဆိုင်ရဲ့ ဝန်ဆောင်မှုစရိတ်ဖြစ်ပါတယ်။ ရိုးရိုးလက်စွပ်တစ်ကွင်းထက် အနုစိတ်ပုံဖော်ထားတဲ့ ဆွဲကြိုးတစ်ကွင်းက လက်ခ ပိုများမှာ အသေအချာပါပဲ။

​၃။ ဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင် ဘာလို့မတူတာလဲ? 🏛️
​ဒါက လူမေးအများဆုံး မေးခွန်းပါ။ အဓိက အချက် (၃) ချက်ကြောင့် မတူရတာ ဖြစ်ပါတယ် -

•​ဒီဇိုင်းနှင့် လက်ရာ: ဆိုင်တစ်ဆိုင်က ဒီဇိုင်းက ပိုပြီးဆန်းသစ်တယ်၊ ပိုနုနယ်တယ်ဆိုရင် အလျော့တွက်ရော လက်ခပါ ပိုများနိုင်ပါတယ်။ စက်နဲ့လုပ်တဲ့အထည်နဲ့ လက်နဲ့ထုတဲ့အထည် (Handmade) ဆိုရင်လည်း စျေးနှုန်းကွာခြားပါတယ်။

•​ဆိုင်ရဲ့ အာမခံချက်နှင့် နာမည်: နာမည်ကြီး ဆိုင်ကြီးတွေမှာတော့ အရည်အသွေး ထိန်းသိမ်းမှုစရိတ်နဲ့ ဝန်ဆောင်မှုပိုင်း ပိုကောင်းတဲ့အတွက် လက်ခ အနည်းငယ် ပိုနိုင်ပါတယ်။ ဒါပေမဲ့ ပြန်ရောင်းတဲ့အခါ ခိုင်မာတဲ့ အာမခံချက် ရနိုင်ပါတယ်။

•​ရွှေအရည်အသွေး (ပဲရည်): ၁၆ ပဲရည် အထည်နဲ့ ၁၅ ပဲရည် အထည်ဟာ အလျော့တွက် တွက်ချက်ပုံခြင်း မတူကြပါဘူး။ ရွှေရည်ပိုစစ်တဲ့အထည်က ပြန်ရောင်းရင် အလျော့တွက် ဖြတ်တောက်မှု ပိုနည်းတတ်ပါတယ်။

​💡 ဝယ်သူများအတွက် သိမှတ်ဖွယ်ရာ

•​ပြန်ရောင်းရင်: အလျော့တွက်နဲ့ လက်ခဟာ ပြန်ရောင်းတဲ့အခါမှာ ပြန်မရနိုင်တဲ့ စရိတ် တွေ ဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် စုတာဆိုရင် အထည်ထက် "ရွှေခဲ" သို့မဟုတ် "အလျော့တွက်နည်းတဲ့ အထည်" ကိုပဲ ရွေးသင့်ပါတယ်။

•​ဝတ်ဖို့ဆိုရင်: မိမိစိတ်ကြိုက် ဒီဇိုင်းကို အလျော့တွက်/လက်ခ မျှတတဲ့ ဆိုင်မှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါတယ်။

​အနှစ်ချုပ်: အလျော့တွက်နဲ့ လက်ခဆိုတာ အထည်တစ်ခုရဲ့ တန်ဖိုးကို ဆုံးဖြတ်တဲ့ နေရာမှာ အရေးကြီးပါတယ်။ ဆိုင်တစ်ဆိုင်နဲ့ တစ်ဆိုင် နှိုင်းယှဉ်ကြည့်ပြီး မိမိအတွက် အကိုက်ညီဆုံး ဖြစ်မယ့်ဆိုင်ကို ရွေးချယ်တတ်ဖို့ လိုပါတယ်ခင်ဗျာ။ ✨

#ရွှေပညာဗဟုသုတ #
LuckyLady Diamond Gold and Jewellery

09/03/2026

#ရွှေ၁ကျပ်သားစျေးနှုန်း
ဘယ်စျေးမှာ မွေးကြတာလဲ အမျိုးတို့ရေ
1938 = 50 ကျပ်
1950 = 180 ကျပ်
1960 = 240 ကျပ်
1962 = 260 ကျပ်
1970 = 460 ကျပ်
💥1975 = 1800 ကျပ်
💥1980 = 2400 ကျပ်
1982 = 3000 ကျပ်
1984 = 4500 ကျပ်
1988 = 10,500 ကျပ်
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်
2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1,780,000 ကျပ်
2022 = 2,800,000 ကျပ်
2023 = 3,715,000 ကျပ်(30.12.2023)
2024= 4,003,000 ကျပ် (6.3.2024).
2024 = 4,800,000 ကျပ် ( April)
2024 = 5,400,000 ကျပ် (May)
2024 = 5,200,000 ကျပ် (June)
2024 = 5,800,000 -
6,800,000 ကျပ် (JULY)
2024 = 7,500,000 ကျပ် (Aug)
2025 = 8500000
2026 = 10-00000
💰2025---->
💰2026---->

ရွှေအကြောင်း သမိုင်းနောက်ခံရွှေကိုရှေးနှစ်ပေါင်းများစွာထဲက သတ္တုတို့၏ဘုရင်ဟု အသိအမှတ်ပြုခဲ့ကြ၏။ ရွှေသည်လေးလံ၍ အဖိုးတန်သေ...
06/02/2026

ရွှေအကြောင်း သမိုင်းနောက်ခံ

ရွှေကိုရှေးနှစ်ပေါင်းများစွာထဲက သတ္တုတို့၏ဘုရင်ဟု အသိအမှတ်ပြုခဲ့ကြ၏။ ရွှေသည်လေးလံ၍ အဖိုးတန်သော သတ္တုဒြပ်စင်ဖြစ်၏။ ရွှေ၏ သိပ်သည်းဆ Specific Gravity မှာ ၁၉.၃ ရှိ၏။ ရွှေ၌တောက်ပသော အဝါရောင်ရှိ၏။ အရောင်မမှိန်နိုင်သော ဂုဏ်ရှိ၏။ သယံဇာတအဖြစ် သဘာဝတွင် ရှားရှားပါးပါးတွေ့ရ၍ လူတို့ပထမဆုံးအသုံးပြုခဲ့သော သတ္တုဖြစ်၏။

ရှေးအီဂျစ်လူမျိုး၊ အဆီရီယန်လူမျိုး၊ အီထရတ်စတန်လူမျိုးတို့လက်ထက်မှစ၍ ရွှေကိုတွေ့ရှိခဲ့ပြီး အမြတ်တနိုး သုံးစွဲခဲ့ကြ၏ ။ ရွှေကို ပထမဆုံးတွေ့ရှိသူမှာ “ဖိနိချင်း” ဆိုသူ အီဂျစ်လူမျိုးဖြစ်သည်ဟုဆို၏။
လွန်ခဲ့သော နှစ်ပေါင်း ငါးထောင်ကျော်ခန့်က ရွှေဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင် ပန်းကန်ခွက်ယောက်များကို မက်ဆိုပိုတေးမီးယားပြည် အာ မြို့တော်တွင် တူးဖော်တွေ့ရှိခဲ့ကြ၏။
လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ကျော်ခန့်က ဂရိလူမျိုးများဝတ်ဆင်သုံးစွဲခဲ့သော ရွှေနားဆွဲ၊ ရွှေလက်ကောက်၊ ရွှေလည်ဆွဲ၊ ရွှေလက်စွပ် စသည်တို့ကို ယခုအခါ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန်ပြတိုက်တွင် တွေ့ရှိနိုင်၏။

မြန်မာနိုင်ငံတွင်လည်း သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံ ၊ ပင်းယ၊ အင်းဝ ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်များက ရွှေထည်လက်ဝတ်ရတနာများကိုအမျိုးသားပြတိုက်တွင်တွေ့ရှိနိုင်၏။
ဤကဲ့သို့ ကာလကြာညောင်းစွာ ပုံမပျက်ပန်းမပျက်ဘဲ တည်တံ့နေနိုင်ခြင်းမှာ ရွှေ၌ အရောင်မမှိန်သော ဂုဏ် အပြင် ချေးမတက်သည့်ဂုဏ်သတ္တိရှိခြင်းကြောင့် ဖြစ်၏။

ရွှေ၏တည်ရှိပုံနှင့် တွေ့ရှိနိုင်သော သဘာဝ အရင်းအမြစ်များ

ရွှေကိုများသောအားဖြင့် သတ္တုချည်းသက်သက်တွေ့ရှိရတတ်၏။ ကျောက်ရိုင်းအနေဖြင့်လည်းတွေ့ရှိရတတ်၏။ သတ္တုအနေဖြင့်တွေ့ရှိရလျှင် ရာခိုင်နှုန်းပြည့် ရွှေအစစ်မဟုတ်ပဲ အခြားသတ္တုများနှင့် ရောနှောနေတတ်၏။ အများအားဖြင့် ငွေသတ္တုနှင့် ရောနှောနေတတ်၏။ ကြေးသတ္တုနှင့်လည်း ရောနှောနေတတ်၏။
ရွှေကိုအထူးသဖြင့် အဝါရောင်သတ္တုကျောက်ရိုင်းတစ်မျိုးမှ ရရှိတတ်၏။ ၎င်းတွင်းထွက်ကျောက်ရိုင်းတွင်ရွှေအများဆုံးပါဝင်တတ်၏။ ၎င်းကျောက်ရိုင်းမျိုးကို ကလာဗာရိုက် (Calaverite) ဟုခေါ်၏။
ရွှေကို ကျောက်တုံးများအတွင်း၌ လည်းကောင်း၊ ပင်လယ်ရေ၌လည်းကောင်း၊ ပင်လယ်ရေအောက်နုံးတင်မြေ၌လည်းကောင်း၊ မြေကြီးထဲ၌လည်းကောင်းတွေ့နိုင်၏။ လူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ရွှေကိုတွေ့ရ၏။ အထူးသဖြင့် လူ၏ ဆံပင်တွင်ရွှေကိုတွေ့ရ၏။ အလေးချိန် ၁၀ တန်ရှိသော ဆံပင်ကိုကျိုချက်ကြည့်သောအခါ ရွှေတစ်အောင်စ ရရှိသည်ဟု သိရ၏။
ရွှေသည် သဘာဝတွင် အနှံ့အပြားပျံ့ကြဲလျှက်ရှိနေ၏။ သို့သော်ရွှေပါဝင်နှုန်းအလွန်နည်းသဖြင့် စီးပွားဖြစ်ထုတ်ယူရန်အတွက် တွက်ခြေမကိုက်ပေ။ ပင်လယ်ရေတွင်လည်း ပင်လယ်ရေ ကုဗတစ်မိုင်မှ ရွှေတန်ချိန် (၂၅)တန် ရရှိနိုင်၏။ ၎င်းအချိုးအစားအတိုင်းဆိုပါက ကမ္ဘာ့ပင်လယ်သမုဒ္ဒရာအားလုံးတွင် ရွှေတန်ချိန်ပေါင်းများစွာရှိနေနိုင်ပေ၏။ သို့ရာတွင် ကုန်ကျစရိတ်မကိုက်သဖြင့် မည်သူမျှ ပင်လယ်ရေမှ ရွှေထုတ်မယူကြပေ။

ရွှေ၏ ဓါတုဂုဏ်သတ္တိ

ရွှေသတ္တု၏တည်ဆောက်ပုံကို အားကောင်းသောမှန်ဘီလူးဖြင့်ကြည့်ပါက ရွှေအက်တမ် အနုမြူများသည် မျက်နှာဗဟိုပြု ကုဗပုံဆောင်ခဲများအဖြစ်တွေ့ရ၏။ ရွှေ၏ အရောင်သည် တောက်ပသောအဝါရောင်ဖြစ်ပြီး ပြိုးပြက်သောအရောင်ရှိ၏။ အမာဆင့် (၃) ရှိပြီး သိပ်သည်းဆမှာ ၁၉.၃၂ ဖြစ်၏။ ရွှေသည် အပူချိန် ၁၀၆၃ ဒီဂရီစင်တီဂရိတ်တွင်အရည်ပျော်၏။ ၂၉၆၀ ဒီဂရီ ခန့်တွင် ဆူပွက်၏။
ရွှေသည် အထူးနန်းဆွဲခံနိုင်၏။ အပြားခတ်ခံနိုင်၏။ တစ်ဂရမ်ရှိသော ရွှေကို နန်းဆွဲရာတွင် ၁.၈ မိုင် ရှည်သော နန်းကြိုးကို မပြတ်ပဲ ဆက်တိုက်ဆွဲနိုင်၏။ အပြားခတ်သောအခါ ဝ.၁၈ မိုက်ကရွန်အရွယ်အထိ သို့မဟုတ် တစ်လက်မ၏ အပုံနှစ်သိန်းပုံတစ်ပုံမျှသာထူသည်အထိ အပြား (မျက်ပါး) ခတ်နိုင်၏။

ရွှေ၏ အက်တမ်အမှတ်စဉ် Atomic Number ၇၉ ဖြစ်၏။ အက်တမ်အလေးဆ Atomic Weight မှာ ၁၉၆.၉၆၇ ဖြစ်၏။ ၎င်းအက်တမ်ထုထည်ပမာဏ Atomic Volume မှာ ၁၀.၂ ဖြစ်၏။
ရွှေသည် ဟိုက်ဒရိုကလိုရစ်အက်ဆစ် ဆာလဖျူရစ်အက်ဆစ်သို့မဟုတ် နိုက်ထရစ်အက်ဆစ်တို့တွင် အရည်မပျော်ပေ။ သို့ရာတွင် ရေဘုရင် ဟုခေါ်သော၊ တော်ဝင်အက်ဆစ်ဟုလည်းခေါ်သော အက်ကွာရီဂျာ Aqua regia တွင်မူပျော်ဝင်၏။ အပူပေးထားသော ဟိုက်ဒရိုကလိုရစ်အက်ဆစ်တွင်လည်း ပျော်ဝင်နိုင်၏။ အပူပေးလျှင် ပျော်ဝင်မှု ပို၍ မြန်၏။

ရွှေ၏အသုံးဝင်ပုံ

ရွှေသည် လျှပ်စစ်စီးစွမ်းအားအကောင်းဆုံးသတ္တုတစ်မျိုးဖြစ်၏။ တိုက်စားမှု Corrosion ဒဏ်ကိုလည်း အထူးကြံ့ကြံ့ခံနိုင်၏။ ထို့ကြောင့် ယခုအခါ အရေးကြီးသော အီလက်ထရောနစ် စက်ပစ္စည်းများပြုလုပ်ရာ၌ ရွှေကိုအသုံးပြုနေကြ၏။ အမေရိကန်တိုက်လေယာဉ်အချို့၌ ဒုံးကျည်များဖြင့်တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင် သော ရောင်ပြန်ကိရိယာ Reflectors ကို ရွှေဖြင့်ပြုလုပ်ထားသည်ဆို၏။

နေရောင်ခြည်မှ အန္တရာယ်ပြုနိုင်သော ရောင်ခြည်များကို ကာကွယ်ပေးရန် အတွက် အာကာသသူရဲများ အာကာသအတွင်းဝတ်ဆင်သည့် ခေါင်းစွပ်တွင် နေကာမှန်၌ အလွန်ပါးလွှာသောရွှေရည်ကို သုတ်ပေးထား၏။
(ဆရာကျီးသဲညွန့်နိုင်၏ ရွှေသုတေသနဆောင်းပါးများမှ ကောက်နုတ်တင်ပြပါသည်)

နောက်ထပ်မှတ်သားစရာလေးတွေလည်း တင်ပေးဉီးမှာမို့ Page ကို like and see first လုပ်ထားပေးကြပါဦးနော်

Lady Diamond, Gold And Jewellery

# Jewellery

Credit to original uploader with Thanks 🙏🙏🙏

16/01/2026

🩵Lucky Lady🩷 ရဲ့ ချစ်သောလေးတို့အတွက်😇 ကံကောင်းခြင်းတွေ ထပ်ဆင့်တိုးပွားပိုင်ဆိုင်နိုင်စေဖို့ ကျောက်မျက်ဂုဏ်သတ္တိတွေ ထိထိမိမိရရှိနိုင်စေဖို့ ရည်ရွယ်၍ ကိုယ့်ရဲ့မွေးလ မွေးနေ့နံနဲ့ ကိုက်ညီမယ့် အဆောင်ကျောက်လေးတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးပါရစေရှင့်❣️

"မွေးရက် *မွေးနေ့* နေ့နံ" အလိုက်
💎အဆောင်ကျောက်များ💎
----------------------------------------------------

1. ဇန်နဝါရီ - ဥဒေါင်ကျောက် (Garnet)
2. ဖေဖော်ဝါရီ - ခရမ်းစွဲ (Amethyst)
3. မတ် - မြပြာ(Aquamarine)
4. ဧပြီ - စိန်(Diamond)
5. မေ - မြ(Emerald)ကျောက်စိမ်း(Jade)
6. ဇွန် - ပုလဲ(Pearl)/မျော (Moonstone)
7. ဇူလိုင် - ပတ္တမြား (Ruby)
8. သြဂုတ် - ပြောင်ခေါင်းစိမ်း (Peridot)
9. စက်တင်ဘာ - နီလာ (Sapphire)
10. အောက်တိုဘာ - ရွဲ (Opal)
11. နိုဝင်ဘာ - ထပ်တရာ (Topaz)
12. ဒီဇင်ဘာ - ဂေါ်မိတ်(Zircon)

~~~~~~~~~~~~~ ~~~~~~~~~~~~~~

🔮Date of gemstons(နေ့အလိုက်အဆောင်ကျောက်)🔮
---------- -------
🌿 တနင်္ဂနွေ - ပတ္တမြား
🌼 တနင်္လာ - ပုလဲ
🌺 အင်္ဂါ - သန္တာ
🌸 ဗုဒ္ဓဟူး - မြ
🌷 ကြာသပတေး - ဥဿဖရား
☘️ သောကြာ - စိန်
🌹 စနေ - နီလာ
🌻 ရာဟု - ဂေါ်မိတ်

~~~~~~~~ ~~~~~~~~~~
💎မွေးရက်ဂဏန်းအဆောင်ကျောက်🔮

(၁) ဂဏန်း - ဥဿဖရား/ ပယင်း
(၂) ဂဏန်း - ကျောက်စိမ်း/ ပုလဲ
(၃) ဂဏန်း - ဂေါ်မိတ်
(၄) ဂဏန်း - နီလာ
(၅) ဂဏန်း - စိန်/ ပလက်တီနမ်
(၆) ဂဏန်း - မြ
(၇) ဂဏန်း - ပုလဲ
(၈) ဂဏန်း - ပုလဲနက်/ စိန်နက်/ မဟူရာ
(၉) ဂဏန်း - ပတ္တမြား

💁ဒီလောက်ဆို ကျောက်မျက်ချစ်သူလေးတွေအဖို့ ဗဟုသုတ အနည်းငယ်လောက်တော့ရရှိသွားပြီလို့ ယူဆမိပါတယ်ရှင့်🥰
🙆မင်တို့ "Lucky Lady Diamond,Gold and Jewellery “မှာ အရည်သွေးကောင်းတဲ့ ကျောက်လှလှသန့်သန့်လေးတွေကို ပစ္စည်းမှန် ဈေးမှန်ရောင်းချပေးနေတဲ့အပြင်
ဝယ်ယူသူတို့ စိတ်တိုင်းကျ ပုံဖော်နိုင်ဖို့ စက်ပန်းထိမ်လေးပါ ရှိသေးတာမို့ မိတ်ဟောင်း မိတ်သစ်များ လှမ်းလာခဲ့ဖို့ နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ပါတယ်

Happy New Year 2026 မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ငွေဝင်ရွှေဝင် လာဘ်လာဘတွေရွှင်လန်းပါစေ လို့ Lucky Lady family မှဆုမွ...
31/12/2025

Happy New Year
2026
မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ငွေဝင်ရွှေဝင် လာဘ်လာဘတွေရွှင်လန်းပါစေ လို့
Lucky Lady family မှဆုမွန်ကောင်းတောင်းပေးပါတယ် ။

Address

Aye Thikedi Kyaung Street
Insein
11181

Website

Alerts

Be the first to know and let us send you an email when Lucky Lady Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share