U Book Educations

U Book Educations Founded and registered in 2016 with No. 1523/2016-2017(YGN),U-Book Educations Co., Ltd. Have something you want? Shoot us an email or call us.

Provides varieties of educational textbooks, online resources, learning tools, digital platforms and laboratory equipment. From printed to digital books, we will surprise you with the best pricing and quality.

08/09/2026

လိုင်းပေါ်တက်လိုက်တိုင်း Brainrot AI content တွေချည်း တွေ့ရဖန်များလာတော့ တချို့ရက်တွေဆို Social Media ကြီးကို တော်တော်လေး စိတ်ကုန်လာကြတယ်မလား?

ဒီလိုအချိန်ဆို ဖုန်းကို ခဏပစ်ထားပြီး ကော်ဖီလေးတစ်ခွက်နဲ့ စာအုပ်ဖတ်ရတဲ့ အရသာက အကောင်းဆုံးပဲ။ အထူးသဖြင့် ငယ်ငယ်က ဘော်ဒါတွေနဲ့ Gryffindor ကွ၊ Slytherin ကွ ဆိုပြီး အသေအလဲ ငြင်းခဲ့ကြတဲ့ ဟယ်ရီပေါ်တာ စာအုပ်တွေဆို ပိုတောင် ဖီးလ်လာသေး။

အခု ဗီဒီယိုထဲမှာ ဖောက်ပြထားတာကတော့ အဲ့ဒီ ငယ်ဘဝ အမှတ်တရတွေကို အပြည့်အဝ ပြန်ပေးစွမ်းနိုင်မယ့် Harry Potter Children’s Box Set လေးပါ။ ရိုးရိုး Adult version နဲ့ ဘာကွာလဲဆိုရင် စာသားတွေ၊ ဇာတ်လမ်းတွေကတော့ အတူတူပဲ။ ဒါပေမဲ့ မျက်နှာဖုံးဒီဇိုင်းတွေက အရောင်စုံပြီး စိတ်ကူးယဉ်ဆန်ဆန်လေးတွေ ဆွဲထားတော့ ကိုင်ဖတ်လိုက်တာနဲ့ကို မှော်ကမ္ဘာထဲ တကယ်ရောက်သွားသလို ခံစားရတယ်။

နောက်တစ်ခု သဘောကျတာက Font size လေး နည်းနည်းပိုကြီးတော့ တစ်နေကုန် ဖုန်းကြည့်ထားလို့ ပင်ပန်းနေတဲ့ မျက်လုံးတွေအတွက် ဖတ်ရတာ အရမ်းသက်သာတယ်။ Box အခွံကြီးကအစ သေချာ ပုံဖော်ပေးထားတော့ စာအုပ်စင်ပေါ် တင်ထားရင်လည်း အခန်းထဲမှာ တောက်တောက်ပြောင်ပြောင်လေးနဲ့ လှနေမှာ သေချာတယ်။

Social media ရဲ့ မွန်းကျပ်မှုတွေကနေ ခဏလောက် ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် Hogwarts ကို အလည်ပြန်ပို့ပေးလိုက်ပါ။ ကိုယ်တိုင်ဖတ်ဖို့ပဲဖြစ်ဖြစ်၊ ငယ်သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် Page Messenger မှာ အခုပဲ Pre-Order လာမှာထားလို့ ရနေပါပြီ။

Original သင်ရိုးစာအုပ်တွေက ကျောင်းတွေအတွက် ဘာကြောင့် အရေးပါတာလဲ?ကျောင်းတစ်ကျောင်းရဲ့ အရည်အသွေးကို သတ်မှတ်တဲ့နေရာမှာ သင်က...
08/09/2026

Original သင်ရိုးစာအုပ်တွေက ကျောင်းတွေအတွက် ဘာကြောင့် အရေးပါတာလဲ?

ကျောင်းတစ်ကျောင်းရဲ့ အရည်အသွေးကို သတ်မှတ်တဲ့နေရာမှာ သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းအပြင် အသုံးပြုတဲ့ သင်ရိုးညွှန်းတမ်းတွေကလည်း အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ နိုင်ငံတကာအဆင့်မီ သင်ရိုးတွေကို ကျောင်းတွေမှာ လက်တွေ့အသုံးချတဲ့အခါ Copy စာအုပ်တွေထက် တရားဝင်ထုတ်ဝေထားတဲ့ Original စာအုပ်တွေကို သုံးခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေက အများကြီးပါ။ ဘာကြောင့် Original စာအုပ်တွေကို မဖြစ်မနေ ရွေးချယ်သင့်တာလဲဆိုတာကို အောက်ပါအချက်တွေက သက်သေပြနေပါတယ်။

၁။ အိမ်နဲ့ကျောင်း ချိတ်ဆက်သင်ယူနိုင်မယ့် Digital အထောက်အကူများ

Original စာအုပ်တွေ ဝယ်ယူတဲ့အခါ အကြီးမားဆုံး အားသာချက်တစ်ခုကတော့ တရားဝင် Access Code တွေ ပါဝင်လာတာပါပဲ။ ဒီ Code တွေကတစ်ဆင့် နိုင်ငံတကာအဆင့်မီ Digital Platform တွေ၊ Online Resource တွေကို အလွယ်တကူ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအနေနဲ့ စာသင်ခန်းထဲမှာတင်မကဘဲ အိမ်ရောက်တဲ့အခါမှာပါ လေ့လာမှုမပြတ်ဘဲ ဆက်လက်လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

၂။ ဆရာ၊ ဆရာမများအတွက် ပြည့်စုံတဲ့ သင်ထောက်ကူများ

စာသင်ခန်းတစ်ခန်း အသက်ဝင်ဖို့ဆိုတာ ဆရာ၊ ဆရာမတွေရဲ့ ပြင်ဆင်မှုအပေါ် အများကြီး မူတည်ပါတယ်။ Original သင်ရိုးတွေကို အသုံးပြုခြင်းအားဖြင့် Teacher's Guide တွေအပြင် Audio, Video နဲ့ Presentation Tool စတဲ့ သင်ထောက်ကူတွေကို အပြည့်အစုံ ရရှိနိုင်မှာပါ။ ဒါက ဆရာ၊ ဆရာမတွေအတွက် သင်ကြားရေးပိုင်းကို အများကြီး ပိုမိုလွယ်ကူ ထိရောက်စေပါတယ်။

၃။ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်တဲ့ အရည်အသွေး

အရောင်အသွေးစုံလင်ပြီး အသက်ဝင်တဲ့ ဓာတ်ပုံတွေ၊ သပ်ရပ်တဲ့ စာမျက်နှာ အပြင်အဆင်တွေဟာ ကလေးတွေရဲ့ သင်ယူလိုစိတ်ကို တိုက်ရိုက် လွှမ်းမိုးနိုင်ပါတယ်။ Original ပုံနှိပ်စာအုပ်တွေရဲ့ အရည်အသွေးမြင့်မားမှုက ကလေးတွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝ ရရှိစေပြီး စာဖတ်ချင်စိတ်ကို အလိုလို နိုးကြားလာစေပါတယ်။

၄။ ကျောင်းရဲ့ ဂုဏ်သိက္ခာနဲ့ မိဘတွေရဲ့ ယုံကြည်မှု

မိမိတို့ကျောင်းမှာ တရားဝင် မူရင်းစာအုပ်တွေကို အသုံးပြုထားခြင်းဟာ ကျောင်းရဲ့ ပညာရေးစံနှုန်း ဘယ်လောက်မြင့်မားသလဲဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျောင်းရဲ့ ပုံရိပ်ကို ပိုမိုကောင်းမွန်စေရုံသာမက မိဘတွေရဲ့ ယုံကြည်မှုကိုပါ ရေရှည် ခိုင်မာစေမယ့် အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကျောင်းတွေအတွက် ဒီလို အကျိုးကျေးဇူးတွေ အပြည့်အဝရရှိစေဖို့ U-Book Educations ဟာ နိုင်ငံတကာက နာမည်ကြီး Global Publisher ကြီးတွေနဲ့ လက်တွဲပြီး Authorized Partner အနေနဲ့ Original စာအုပ်တွေကို တရားဝင် တင်သွင်းဖြန့်ချိပေးနေပါတယ်။ မကြာခင်မှာ ဘယ်လို နာမည်ကြီး Publisher ကြီးတွေရဲ့ သင်ရိုးတွေကို အသစ်မိတ်ဆက်ပေးသွားမလဲဆိုတာကိုတော့ ဆက်လက် စောင့်မျှော်ပေးပါဦး။

ကလေးတွေကို အင်္ဂလိပ်စာ အလွတ်ကျက်မှတ်ခိုင်းတာထက် သဘာဝအတိုင်း စိတ်ဝင်စားလာစေချင်တာလား?Primary နဲ့ Young Learners တွေအတွက် ...
03/09/2026

ကလေးတွေကို အင်္ဂလိပ်စာ အလွတ်ကျက်မှတ်ခိုင်းတာထက် သဘာဝအတိုင်း စိတ်ဝင်စားလာစေချင်တာလား?

Primary နဲ့ Young Learners တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Explore Our World (2nd Edition) က National Geographic ရဲ့ တကယ့်ဓာတ်ပုံတွေ၊ လက်တွေ့သတင်းအချက်အလက်တွေနဲ့ သင်ကြားပေးတာဖြစ်လို့ ကလေးတွေရဲ့ သင်ယူမှုအတွေ့အကြုံကို အကောင်းဆုံးဖြစ်စေမှာပါ။

ကလေးတွေအတွက် အခြေခံအကျဆုံးဖြစ်တဲ့ Phonics နဲ့ Vocabulary တွေကို အဆင့်ဆင့် စနစ်တကျ တည်ဆောက်ပေးပြီး၊ စာသင်ခန်းထဲမှာတင် ကမ္ဘာကြီးကို လေ့လာခွင့်ရတဲ့အတွက် စိတ်ဝင်စားမှု ပိုမိုရရှိစေပါတယ်။ အင်္ဂလိပ်စာ တတ်ကျွမ်းရုံသာမကဘဲ ၂၁ ရာစုမှာ မရှိမဖြစ်လိုအပ်တဲ့ တွေးခေါ်မှုစွမ်းရည် (21st Century Skills) တွေကိုပါ တစ်ပါတည်း လေ့ကျင့်ပေးနိုင်ပါတယ်။

အတန်းထဲမှာ သင်ယူရုံတင်မကဘဲ၊ အိမ်ရောက်တဲ့အခါမှာလည်း Spark Platform ကနေတစ်ဆင့် မိဘတွေနဲ့အတူ လွယ်လွယ်ကူကူ ဆက်လက်လေ့ကျင့်နိုင်ပါတယ်။

📌 Levels: Starter မှ Level 6 အထိ (KG မှ Grade 6 အထိ အပြည့်အစုံ ပါရှိပါတယ်)

School Owner တွေနဲ့ Academic Head တွေအနေနဲ့ မိမိတို့ကျောင်းအတွက် Course Book Sample တွေ လေ့လာချင်တယ်ဆိုရင် Inbox ကနေတစ်ဆင့် တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Welcome Back to Hogwarts 🚂✨ဒီနေ့က သာမန် စက်တင်ဘာ (၁) ရက်နေ့ မဟုတ်ဘူးဆိုတာ Muggle တွေတော့ သိမှာမဟုတ်ဘူး။ Potterhead အစစ်တ...
01/09/2026

Welcome Back to Hogwarts 🚂✨

ဒီနေ့က သာမန် စက်တင်ဘာ (၁) ရက်နေ့ မဟုတ်ဘူးဆိုတာ Muggle တွေတော့ သိမှာမဟုတ်ဘူး။ Potterhead အစစ်တွေကတော့ အခုလောက်ဆို Hogwarts ပြန်ဖို့ ရထားပေါ် ရောက်နေလောက်ပြီလေ။

အကြာကြီး စောင့်နေခဲ့ရတဲ့ U-Book ရဲ့ “Back to the Wizarding World” Campaign ကို ဒီနေ့ပဲ တရားဝင် စတင်လိုက်ပါပြီ။ မြန်မာတစ်နိုင်ငံလုံး U Book Educations မှာပဲရနိုင်မယ့် ရှားပါး Collector Item တွေနဲ့ Box Set တွေကို အခုပဲ စုဆောင်းလို့ရပါပြီ။

စာအုပ်စာရင်းနဲ့ ဈေးနှုန်းလေးတွေ သိချင်ရင် Chatbox ထဲမှာ "MAGIC" လို့သာ ပို့ပေးပါနော် ✉️🪄

မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်စာသင်ကြားရေး (ELT) ကဏ္ဍအတွက် တကယ့်ကို ထူးခြားမယ့် အစီအစဉ်တစ်ခု လာနေပါပြီ။ ကျောင်းတွေရဲ့ အင်္ဂလ...
30/08/2026

မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်စာသင်ကြားရေး (ELT) ကဏ္ဍအတွက် တကယ့်ကို ထူးခြားမယ့် အစီအစဉ်တစ်ခု လာနေပါပြီ။

ကျောင်းတွေရဲ့ အင်္ဂလိပ်စာ သင်ကြားရေးအပိုင်းကို ပိုအားကောင်းလာစေဖို့ ကျွန်တော်တို့ အချိန်ယူ ပြင်ဆင်ခဲ့တဲ့ အစီအစဉ်သစ်တစ်ခုကို လာမယ့် October မှာ ပထမဆုံးအကြိမ် မိတ်ဆက်ပေးသွားမှာပါ။

စာသင်ခန်းတွေထဲမှာ တကယ့် လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ (Real-world content) နိုင်ငံတကာအဆင့်မီ ELT materials တွေကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဘယ်လို Series တွေလဲ? ဘယ် Level တွေအတွက် အဓိကထားတာလဲဆိုတာကိုတော့ နောက်ရက်တွေမှာ အသေးစိတ် ဆက်ပြောပြပေးသွားပါမယ်။

School Owner တွေ၊ Principal တွေနဲ့ Academic Head တွေအနေနဲ့ မိမိတို့ကျောင်းအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု လုပ်နိုင်ဖို့ Page ကို Follow လုပ်ထားပေးပါဦး။

27/08/2026

ငယ်ငယ်ကတည်းက မျှော်လင့်ခဲ့ရတဲ့ Hogwarts က စာအိတ်လေး အခုတော့ တကယ် ရောက်လာပါပြီ 🦉✉️

မှော်ကမ္ဘာကြီးနဲ့ ဝေးကွာနေခဲ့တာ ကြာပြီဆိုပေမယ့် Potterhead အစစ်တွေအတွက်တော့ ဒီစာအိတ်လေးက အမြဲတမ်း ရင်ခုန်စရာပါပဲ။

King's Cross ဘူတာရုံက Platform 9 ¾ မှာ ဘာတွေစောင့်ကြိုနေမလဲဆိုတာ မကြာခင် သိရတော့မှာမို့ Page ကို See First သာ လုပ်ထားလိုက်တော့နော် 🚂✨

25/08/2026

ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးတွင် ကျင်းပပြုလုပ်ခဲ့သော (၈၁) နှစ်မြောက် အင်ဒိုနီးရှား လွတ်လပ်ရေးနေ့ အထိမ်းအမှတ် "Panggung Gembira 2026" အခမ်းအနား၏ အမှတ်တရ Video ကို U-Book Educations မှ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ယခုအခမ်းအနားတွင် အင်ဒိုနီးရှား ရိုးရာယဉ်ကျေးမှု ဖျော်ဖြေတင်ဆက်မှုများ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ မြန်မာနိုင်ငံရောက် အင်ဒိုနီးရှား နိုင်ငံသားများနှင့် မိတ်ဆွေများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပသည့် ဤအစီအစဉ်တွင် U-Book Educations အနေဖြင့် ပါဝင်ကူညီခွင့်ရခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

အခမ်းအနား၏ အောင်မြင်မှု ပုံရိပ်များကို အောက်ပါ Video တွင် အပြည့်အစုံ ကြည့်ရှုနိုင်ပါပြီခင်ဗျာ။

အသက် (၃၅) နှစ်၊ ကလေး (၂) ယောက်အဖေဖြစ်မှ Spider-Man ဖြစ်သွားရင် ဘာတွေဆက်ဖြစ်မလဲ... 🕸️ဆယ်ကျော်သက်အရွယ် မဟုတ်တော့ဘဲ အိမ်ထော...
15/08/2026

အသက် (၃၅) နှစ်၊ ကလေး (၂) ယောက်အဖေဖြစ်မှ Spider-Man ဖြစ်သွားရင် ဘာတွေဆက်ဖြစ်မလဲ... 🕸️

ဆယ်ကျော်သက်အရွယ် မဟုတ်တော့ဘဲ အိမ်ထောင်နဲ့၊ ကလေးနဲ့ လူလတ်ပိုင်း Peter Parker ရဲ့ ဇာတ်လမ်းက တော်တော်လေးကို ကွဲထွက်နေတာပါ။ ဒီလိုဇာတ်လမ်းကောင်းနေချိန် လမ်းတစ်ဝက်မှာတင် Cliffhanger နဲ့ ချန်ထားခဲ့လို့ နောက်တစ်အုပ် ထပ်စောင့်ရတာလောက် ဆိုးတဲ့ခံစားချက် မရှိပါဘူး။

Marvel Comic တွေရဲ့ အားနည်းချက်က စာအုပ်တစ်အုပ်ထဲနဲ့ အဆုံးသတ်မသွားဘူး ဆိုတာ Comic Fan တိုင်း လက်ခံကြမှာပါ။ ဒါပေမယ့် အခု U-Book မှာ Pre-order ကောက်နေတဲ့ Hickman ရဲ့ Ultimate Spider-Man Series ကတော့ အဲ့ဒီလို မဟုတ်ပါဘူး။

ဒီ Series ရဲ့ အမိုက်ဆုံးအချက်က Vol.4 မှာ တကယ်ကို ဇာတ်သိမ်းသွားတာပါပဲ။

အစ၊ အလယ်၊ အဆုံး လုံးဝ ပြည့်စုံတဲ့ Story တစ်ခုလုံးကို တောက်လျှောက် ဖတ်လို့ရမယ့် No Cliffhanger Series ပါ။ ဒါကြောင့် စာအုပ်တစ်အုပ်ချင်းစီ ဝယ်ပြီး အဆက်ကို စောင့်နေမယ့်အစား Vol. 1 ကနေ 4 အထိ Set လိုက် တစ်ခါတည်း ဝယ်ဖတ်တာက အရသာအရှိဆုံးပါပဲ။ ဘာမှ ထပ်စောင့်နေစရာမလိုဘဲ အင်တာနက်ပေါ်မှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့တဲ့ "One Last Day" ဇာတ်သိမ်းအထိ တစ်ထိုင်တည်း ဖတ်ပစ်လို့ရပါတယ်။

🔥 "Suit Up. It's A Brand New Day" Pre-Order Campaign အထူးလက်ဆောင်များ

🎁 First (30) Pre-order: ပထမဆုံး Pre-order လာတင်တဲ့ အယောက် (၃၀) အတွက် U-Book ရဲ့ Limited Edition Tote Bag
🎁 Lucky Draw (5 Winners): Pre-order တင်သူတွေထဲက (၅) ယောက်ကို တကယ့်ကို ရင်ခုန်စရာကောင်းတဲ့ Spider-Verse Plushie "Blind Box အစစ်တွေ" မဲဖောက်ပေးသွားပါမယ်။

Marvel သမိုင်းတစ်လျှောက် အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဒီ Series ကို အရသာမပျက် တစ်ထိုင်တည်း ဖတ်ဖို့ အခုပဲ Chat Box မှာ Full Set သွားရောက် Pre-order တင်လိုက်တော့နော် 💬👇

Spider-Man လို့ ပြောလိုက်ရင် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကိုပဲ ပြေးမြင်မိကြတယ်မလား? 🕸️ဒါပေမယ့် အခု U-Book ကနေ Pre-order ...
11/08/2026

Spider-Man လို့ ပြောလိုက်ရင် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကိုပဲ ပြေးမြင်မိကြတယ်မလား? 🕸️

ဒါပေမယ့် အခု U-Book ကနေ Pre-order ကောက်နေတဲ့ Hickman ရဲ့ "Ultimate Spider-Man" Series မှာတော့ အဲ့ဒီလို မဟုတ်တော့ပါဘူး။ အသက် (၃၅) နှစ်၊ အိမ်ထောင်သည် ကလေး (၂) ယောက် ဖခင်ဘဝရောက်မှ Spider-Man ဖြစ်သွားတဲ့ Peter Parker ရဲ့ လုံးဝကွဲထွက်နေတဲ့ ဇာတ်လမ်းကို ဖတ်ကြရမှာပါ။

၂၀၂၄ ခုနှစ်ရဲ့ နံပါတ် (၁) ရောင်းအားအကောင်းဆုံးနဲ့ The Hollywood Reporter ကတောင် အကောင်းဆုံး Marvel Comic အဖြစ် ရွေးချယ်ထားတဲ့ ဒီ Masterpiece ကြီးထဲက စိတ်ဝင်စားစရာ အချက်တွေကို ပုံတစ်ပုံချင်းစီမှာ ဆွဲကြည့်လိုက်ပါ 👉 (Spoiler တွေ လုံးဝမပါလို့ စိတ်ချလက်ချ ဖတ်လို့ရပါတယ်)

🔥 "Suit Up. It's A Brand New Day" Pre-Order Campaign အထူးလက်ဆောင်များ

🎁 First (30) Pre-order: ပထမဆုံး Pre-order လာတင်တဲ့ အယောက် (၃၀) ကို U-Book ရဲ့ Limited Edition Tote Bag အကြီးကြီး လက်ဆောင်ပေးပါမယ်။ 🎁 Lucky Draw (5 Winners): Pre-order တင်သူတွေထဲက (၅) ယောက်ကို တကယ့်ကို ရင်ခုန်စရာကောင်းတဲ့ Spider-Verse Plushies "Blind Box အစစ်တွေ" မဲဖောက်ပေးသွားပါမယ်။

စာအုပ်အမိုက်စားတွေ ဖတ်ရင်း၊ Tote Bag ရော တကယ့် Blind Box အစစ်တွေပါ ရနိုင်မယ့် အခွင့်အရေးမို့လို့ အခုပဲ Chat Box မှာ ကြိုက်တဲ့စာအုပ်ကို အမြန်ဆုံး Pre-order သွားတင်လိုက်တော့နော်! 💬👇

Work-Life Balance ကောင်းကောင်းနဲ့ တည်ငြိမ်တဲ့ လုပ်ငန်းခွင်တစ်ခုကို ရှာဖွေနေတဲ့ Accountant တွေအတွက် U Book Educations မှာ...
11/08/2026

Work-Life Balance ကောင်းကောင်းနဲ့ တည်ငြိမ်တဲ့ လုပ်ငန်းခွင်တစ်ခုကို ရှာဖွေနေတဲ့ Accountant တွေအတွက် U Book Educations မှာ အလုပ်ခေါ်နေပြီနော် 💼✨

စနေ၊ တနင်္ဂနွေ ပိတ်ရက်အပြည့်နားရမယ့်အပြင် ဖယ်ရီနဲ့ ယူနီဖောင်းလည်း စီစဉ်ပေးထားမှာမို့လို့ အလုပ်သွား၊ အလုပ်ပြန်အတွက်ပါ ခေါင်းစားစရာ မလိုတော့ဘူးပေါ့။

📌 အသေးစိတ် အချက်အလက်များ

ရာထူး - Accountant (1 Post)
အလုပ်လုပ်ရမယ့်နေရာ - ၉ မိုင် (9 Miles)
အလုပ်ချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ပိတ်ရက် - စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ
ခံစားခွင့် - Ferry နှင့် Uniform စီစဉ်ပေးပါမည်။

📌 အဓိက တာဝန်ယူရမယ့် အပိုင်းတွေကတော့ -

Quotation & Invoicing: Customer များအတွက် Price Quotation များနှင့် တောင်းဆိုလာသည့် Invoice များကို မှန်ကန်တိကျအောင် တွက်ချက် ပြင်ဆင်ပေးရန်။

Purchasing, Costing & GP: Excel နှင့် ERP System ကို အသုံးပြု၍ Purchase Order (PO) စာရင်းများ၊ Costing များနှင့် Commission အတွက် Gross Profit (GP) များကို အမှားအယွင်းမရှိ တွက်ချက်ပေးရန်။

Inventory Management: လစဉ် Physical Inventory (Ground Check) ဆင်းရန်နှင့် Inventory ပိုင်းဆိုင်ရာ လိုအပ်ချက်များရှိလာပါက သက်ဆိုင်ရာ Department များနှင့် ချိတ်ဆက် ဖြေရှင်းပေးရန်။

Documentation: Sales, Purchasing, Costing နှင့် Invoice Document များကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းရန်။

Other Duties: Management Team မှ သတ်မှတ်ပေးသော အခြားဆက်စပ် တာဝန်များကိုလည်း ထမ်းဆောင်ပေးရန်။

📌 ဘယ်လို အရည်အချင်းတွေ လိုအပ်မလဲ?

ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရပါမည်။ (Any graduate)
သက်ဆိုင်ရာနယ်ပယ်တွင် လုပ်သက် အနည်းဆုံး (၂) နှစ် ရှိရပါမည်။
LCCI Level III အောင်မြင်ထားသူ ဖြစ်ရပါမည်။

Advanced Excel နှင့် Microsoft Office Suite များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရပါမည်။

ဒီ Requirements တွေနဲ့ ကိုက်ညီပြီး U Book Team နဲ့အတူ လက်တွဲလုပ်ချင်တယ်ဆိုရင်တော့ အောက်ကလိပ်စာကို CV လေးတွေ အမြန်ဆုံး ပေးပို့လျှောက်ထားနိုင်ပါပြီ 🤩

📩 Apply here: [email protected]
📞 Viber: 09 262944894

Address

181 (B), U Mg Mg Soe Lane, A1 Street, Mayangon Township, Yangon
Kamayut

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Alerts

Be the first to know and let us send you an email when U Book Educations posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Book Educations:

Shortcuts

Share

Category