24/10/2022
ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့ အကြောင်းလေး...
ဒီပ - မီးအလင်းရောင်
ဒီပဝါလီ - ဆီမီးထွန်းညှိပူဇော်ခြင်း။
မီးပူဇော်လိုက်တဲ့အခါ မီးအလင်းရောင်က အမှောင်ကို ခွင်းနိုင်သကဲ့သို့ အဆိုးအညံ့တွေရှိခဲ့ပါက ကံကောင်းလာခြင်း၊ လက်မှိုင်ချနေရတဲ့ အခြေနေတွေကို မျှော်လင့်ချက်တွေ ရရှိလာစေခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ ဟိန္ဒူဘာသာဝင်များက အဲ့ဒီနေ့မှာ မီးပူဇော်ကြတာဖြစ်ပါတယ်။
ဒေပဝါလီညမှာ အိမ်ရှိ ဝင်ပေါက်၊ ထွက်ပေါက် တံခါး၊ ပြတင်းပေါက်နဲ့ အဆောက်အအုံများအနီးပတ်ချာလည်မှာ ဆီမီးထွန်းညှိ ပူဇော်ကြပါတယ်။
ညလုံးပေါက် ဆီမီးများထွန်းညှိကာ တစ်ညလုံး ကျမ်းစာများ ရွတ်ဖတ်ကြသည်။
ဆီမီးများ ထိန်ထိန်ငြီးအောင် ထွန်းညှိပူဇော်တဲ့နေ့ဖြစ်လို့ ဒီပဝါလီလို့ ခေါ်ရခြင်းဖြစ်ပါတယ်။