13/07/2025
ကျွန်မရဲ့ ကာကာတွေကတော့ ကံကောင်းသွားပြီနော်။
တကယ်တော့လေ့ 40X ကို TikTok Shop မှာ ဈေးအနိမ့်နဲ့ရောင်းထားမဟုတ်ဘူး။
သူ့တို့ Marketing အရထိုင်းတစ်နိုင်ငံလုံး နီးပါး ဒါMarketing ကို သုံးတာပါ တစ်ယောက်နဲ့တစ်ယောက် Coupon သုံးရပုံချင်းမတူဘူးရှင့်။
ဥပမာ New Users တွေကို 50% Off Coupon ပေးထားပါတယ်ရှင့်။
အဲလိုဆိုတော့ 100စွန်းစွန်းလောက်နဲ့ ရသွားတာမျိုးပါ နောက်တစ်မျိုးက TikTok Shop Live အချိန်အတွင်း သူ့တို့သတ်မှတ်ထားတဲ့ အချိန်းမှာ ဝယ်ရင်Coupon ချပေးထားပါတယ်။
အဲ Coupon သုံးပြီးဝယ်ရင် လျှော့ဈေးထပ်ရပါတယ် လူတစ်ဦးလျှင် 3ဗူးဆို 3ဗူး သတ်မှတ်ထားတဲ့ အရေတွက်ပဲ့ဝယ်လို့ရတယ်ရှင့်။
TikTok Shop မှာခြင်းပြန်ထည့်တဲ့သူတွေက မဖြစ်နိုင်တဲ့ ဈေးတွေပြောပြီး ထထလုပ်တာမျိုးလည်း ရှိပါတယ်။
Saleချပြီးသား 200ကျော်တန်ကို သူတို့ချပေးထားတဲ့ ခြင်းထောင်းထဲ ဝင်နှိပ်ပြီး ဝယ်လိုက်တာ 80ကျော်လောက်နဲ့ ရတာ ဘာညာ ဆိုပြီးသူတို့ခြင်းထောင်း က အတန်ဆုံး ဆိုပြီး တောသာတွေကို ဂျင်းထည့်ပြီးကော်မရှင်က ရအောင် လုပ်ကြတယ်။
‼️❌ 40 X Lotion ထက်မဝယ်ပါနဲ့။ TikTok shop ကနေလဲ မဝယ်ပါနဲ့။
ဂျင်းဖြစ်တော့မယ့် ပစ္စည်းပါ။
လက်ရှိ မြန်မာကိုယ်စားလှယ်ဟ ကိုယ်တိုင်သွင်းထားတဲ့ ရောက်နှင့်ပြီးသား ပစ္စည်းတွေက Quality က အမှန်ဖြစ်တယ်။ နောက်ဝင်တဲ့ အရာက Qualtiy အမှန်မဟုတ်ပဲ ဂျင်းဖြစ်ပါလိမ့်မယ်။
ဖြစ်ပုံက ပစ္စည်းကောင်းကို Quality အပြည့်နဲ့ ထိုင်းမှာထုတ်တယ်။ မြန်မာ က official ယူတင်သွင်းတယ်။ ပစ္စည်းကောင်းတာရဲ့နောက်မှာ လူသုံးများလာတဲ့ခါ အတုရှိလာတယ်ဆိုပြီး လုပ်ဇာတ် ကို ထော်ကိုင်း မူရင်းဘက်ကနေ ဖြန့်တယ်။
ဒါကို မြန်မာဘက်က official dealer က အတုအစစ် ခွဲနိုင်တဲ့ sticker ကပ်ပေးဖို့ တောင်းဆိုတဲ့ခါ ဟိုဘက်က ကပ်ပေးမယ်ပြောပြီး ရောင်းချင်သလို ရောင်းလို့မရတာကို သိပြီး မကပ်ပေးတော့။
ထိုင်းဘက်က ကုမ္ပဏီက စျေးကို အမျိုးမျိုးရောင်းတယ်။ စျေးကိုလျော့ချပြီး Quality အနိမ့်စလုပ်ပလိုက်တယ်။ ထိုင်း TikTok shop က ဝယ်တဲ့သူတွေက စပြီး ဂျင်းမိတယ်။
မြန်မာဘက်က ကျားဖြန့် ပုံစံ marketing သိပြီး လုံးဝ မရောင်းတော့ပဲ ရပ်ချပလိုက်တယ်။
အဲ့လိုရပ်ချတာကို ထိုင်းဘက်က မကြိုက်တော့ မြန်မာ Dealer ကို အတု သွင်းတယ် ဘာညာ ဆိုပြီး ထိုးချတယ်။ ထိုးကြွေးတယ်။
လိုရင်းက တော့ ကောင်း၂ထုတ်ပြီး ဝယ်လိုအား$ရမ်းတက်လာတဲ့အခါ အမြတ်များများ ကျန်အောင် Qလျော့ စျေးလျော့ ထုတ်လိုက်တာ အစကို မြန်မာဘက်က သိတော့ ရပ်ပလိုက်တာကို မကျေနပ်တာပဲ။
ဆိုတော့ လက်တလောစျေးကွက်ထဲရှိနေပြီးသားက ကောငိးတယ်။ သုံးလို့ရတယ်။ ထက်ဝင်လာမယ့် ပစ္စည်းတွေက မကောင်းတော့ပါ။ လက်ရှိ Tt shop Thai ကဝယ်သူတွေ ဂျင်းမိနေပါပြီဆိုတာပါပဲ။
မင်တေဇသည် မကောင်းတာကို ကောင်းတယ် လုပ်ပြောခဲ့တာမဟုတ်ပဲ ပစ္စည်းအမှန် Q အမှန်ချိန်ကို review ပေးခဲ့တာ ဖြစ်တယ်နော်။
ဒီ40x ကို review ရေးခဲ့တုန်းကလည်း collab လဲမဟုတ်ခဲ့ဖူးနော်။
Edit >>> ဒီ ပြသာနာကို အစအဆုံး သိတဲ့သူက ကိုယ်တစ်ယောက်ထဲ လို့မြင်တယ်။
Confidental ဆိုတာ Business လောကမှာ Ethic ဘယ်လောက်ထိ ရှိလဲဆိုတာ အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ဖူးတဲ့ သူတွေ ပဲ သိလိမ့်မယ်။ ဆိုတော့ အကုန်လုံးကို ချပြလို့ မရဖူး။ မသင့်ဖူးကွာ။ လိုရင်းပဲပြောရတယ်။
ကိုယ်တွေတာဝန်က ပစ္စည်းကောင်းတွေနဲ့ သုံးမယ့်သူ ကြားကို
ကိုယ့်ရဲ့ အသားရေနဲ့ ကိုယ်တည်ဆောက်ခဲ့တဲ့ image ကို ရင်းပြီး နားဖောက်ပေးတာကွာ။
ဆိုတော့ သုံးသင့်တယ် ဘာကြာင့်။
မသုံးသင့်ဖူးဘာကြောင့်ဆိုတာ ဂဃနဏ သေချာပြောရတယ်။
ကယား ရေလွတ် ငါပြောငါမှန် ငါပါမှ ပြီးဆိုပြီး ပေးသိထားတဲ့ မြင်လိုက်ရတဲ့ တစ်ဖက်လောက်နဲ့ စဆရက ရေဘဝဲလား ကင်းမွန်လား ဂဏန်လား ? ကိုယ်နဲ့ မဆိုင်ရင် ဝင်ပါသင့်လား ဝင်မပါသင့်လား ကိုယ့်ဦးနောက်နဲ့ စဉ်းစားပေါ့လေ။