Pont Pont ခရမ်း Online Shopping

Pont Pont  ခရမ်း Online Shopping BKK & china made အဝတ်အထည်များကို ဈေးနှုန်းသက်သ?

10/07/2021
07/07/2021
တစ္ခသုံးပဲကောင်းတယ် ------------------------------ရပ်ကွက်ထဲမှာ လမ်းထဲမှာ ဖျားနာ အနံ့ပျောက်သူတွေတွေ့လာရပါတယ် ..အဓိက ကူးစက်...
07/07/2021

တစ္ခသုံးပဲကောင်းတယ်
------------------------------
ရပ်ကွက်ထဲမှာ လမ်းထဲမှာ ဖျားနာ အနံ့ပျောက်သူတွေ
တွေ့လာရပါတယ် ..

အဓိက ကူးစက်ခံရတဲ့ အကြောင်းအရင်းက

အပြင်ခဏသွားတုန်း တပ်ခဲ့တဲ့ မတ်စ်(Mask)တွေကို
အိမ်ပြန်ရောက်ချိန် အကောင်းတိုင်းရှိ သေးတာဘဲဆိုပြီး

အိမ်မှာ ကြုံရာချိတ်ထားလိုက်ကြပါတယ်
စားပွဲပေါ်.. စင်ပေါ် တင်ထားတတ်ကြပါတယ်...

အပြင်ပြန်ထွက်ရင် ပြန်တပ်သုံးလိုက်
အိမ်ပြန်ရောက်ရင် ပြန်ထားလိုက်နဲ့

ကောင်းသေးတာဘဲဆိုပြီး
အကြိမ်ကြိမ် ထပ်ခါတလဲလဲ အသုံးပြုနေကြတဲ့အတွက်ကြောင့် အပြင်က ကပ်ပါလာတဲ့ ရောဂါပိုးကူးစက်ခံရခြင်းဖြစ်ပါတယ်

အပြင်ကပြန်လာတိုင်း အိမ်အပြင်ရှိအမှိုက်ပုံးထဲတစ်ခါထဲ
စွန့်ပစ်လိုက်ပါ တစ်ကြိမ်စီသာအသုံးပြုပါ

သုံးနာရီကြာတိုင်း မတ်စ်(Mask) အသစ်တခု
လဲ တပ် ပေး ကြပါခင်ဗျာ....

လက် ကိုခဏ ခဏ ဆေးပါ အထူးဂရုစိုက်ပေးကြပါ
ကပ်ရောဂါဘေး ကင်းဝေးကျန်းမာချမ်းသာကြပါစေ ခင်ဗျာ.....🙏🙏🙏

# Credit
via Kyaw Thu Aung

 နှင့်ကြက်ဥပြုတ်===================လူအများစားသုံးနေကြတဲ့ ကြက်ဥဟာ စားရင်အရသာရှိတယ် အားရှိတယ် လို့ သိထားပြီးကြမှာပါ #ကြက်ဥ...
07/07/2021

နှင့်ကြက်ဥပြုတ်
===================
လူအများစားသုံးနေကြတဲ့ ကြက်ဥဟာ စားရင်အရသာရှိတယ် အားရှိတယ် လို့ သိထားပြီးကြမှာပါ

#ကြက်ဥမှာprotein ဓာတ်အပြည့်အဝပါဝင်ပြီး နလံထလူနာတွေ သွေးအားနည်းသူတွေအတွက် စားပေးသင့်တယ်လို့ အဟာရဗေဒ ပညာရှင်တယောက်ရေးထားတာဖတ်ဖူးပါတယ်

#တရုတ်ဆေးကျမ်းထဲမှာလဲ ကြက်ဥသည် အားကိုဖြစ်စေ၏ သန္ဓေကိုရစေ၏ အသားကိုလှစေ၏ ဝမ်းကိုမှန်စေ၏ နှလုံးကိုသန်စေ၏ အဆုတ်ကို ကောင်းစေ၏လို့ ရေးထားပါတယ်

#ဒါပေမဲ့ကြက်ဥဟာ အခုခေတ်ပေါ်ရောဂါ Covid19 ကို တနည်းတဖုံးနဲ့ကာကွယ် ကုသနိုင်တယ်ဆိုတာ ပညာရှင်တွေသိခဲ့ကြတာ သိပ်မကြာသေးပါဘူး

#ကျွန်တော်သိသလောက်တော့ ကိုရီးယား ဂျပန် နဲ့ အီတလီဆရာဝန်တွေက Covid19 ရောဂါသည်တွေကို ကာကွယ်ကုသဖို့အတွက်ကော အားရှိပြီးဆေးဒဏ်ခံနိုင်ဖို့အတွက်ပါ ဆေးရုံတွေမှာ နေ့စဉ် ကြက်ဥပြုပ်ကို စကျွေးခဲ့တယ်လို့ သိရပါတယ်

#ကြက်ဥမှာပါတဲ့အကာဟာ အဆုတ်ကြွက်သားတွေကို အားကောင်းစေပြီး အနှစ်ဟာ အသက်ရူပြွန်ကို သန့်စင်စေတယ် လို့လဲ ဆိုကြပါတယ်

#မြန်မာပြည်ကCovid19 ကုသပေးနေတဲ့ ဆရာဝန်တွေဟာ လဲ လူနာကို တနေ့ကို ကြက်ဥပြုပ် ၂ လုံးနဲ့ ဂျင်းပြုပ်ရည်နဲ့တွဲ ပြီး ကုသတယ်လို့လဲ ကြားသိရပါတယ်

#ဂျင်းပြုပ်ရည်ရဲ့Covid တိုက်ဖျက်တဲ့အစွမ်းကို ကျွန်တော့်ပို့စ်တခုတင်ရေးပြီးသားမို့ ဒီဆောင်းပါးမှာထဲ့မရေးတော့ပါဘူး

#ဝေဘါဂီဆေးရုံကCovid19 ခလေး လူနာတွေကို ကုသပေးနေတဲ့ ခလေးအထူးကု ဆရာဝန်က သူ့လူနာ ခလေးတွေကို ကြက်ဥပြုပ်နေ့တိုင်းကျွေးခိုင်းပြီး ကြက်ဥပြုပ်တွေ များများစားတယ်လို့ ကြားရတဲ့နေ့ဆိုရင် သူ့ခလေးလူနာတွေအတွက် စိတ်ချမိတယ်လို့ မနေ့က DVB မှာပြောသွားပါတယ်

#ဒီအချက်တွေကြောင့်ဒီရောဂါကို ကာကွယ်ဖို့အတွက်လဲ ကြက်ဥပြုပ်ဟာ အထောက်အကူပြု ကာကွယ်ဆေးတခွက်လိုဖြစ်နေပါပြီ

#လွယ်လွယ်ကူကူလဲဝယ်လို့ရတဲ့ကြက်ဥကို တနေ့ အနဲဆုံး ၂ လုံးပြုပ်စားပေးကြပါ

#ကြက်ဥကိုပြုပ်ပဲစားရမှာပါနော် Half fried ကြော်စားတာ မကျက်တကျက်ပြုပ်စားတာ မွှေကြော်ကြော်စားတွေ လုပ်လို့မရပါဘူး

#ကြက်ဥကိုအလုံးလိုက် ကျက်သည်အထိပြုပ်မှသာ ကြက်ဥကပေးတဲ့ အဟာရအပြည့်အဝ ရမှာပါ

#ဒါမှမဟုတ်ရင်ကြက်ဥကိုပြုပ် ခပ်ကြီးကြီးလေးတွေလှီး ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီးလေးနဲ့ ဆီလေး ဆားလေးထဲ့ သုတ်စားပေးမယ်ဆိုရင်တော့ ခရမ်းချဉ်သီး ကြက်သွန် ဖြူ/နီ တို့ရဲ့ Probiotic ဓာတ်တွေပါ ပေါင်းသွားလို့ အရသာလဲရှိ Covid19 တိုက်ဖျက်ဖို့အတွက် ပိုကောင်းတဲ့ ဆေးတခွက်ဖြစ်သွားပါကြောင်း တင်ပြရင်း

ါ

07/07/2021
ကိုယ့်ဆီဘယ်တော့ရောက်မလဲ မခန့်မှန်းနိုင်တဲ့ရောဂါဆိုးကြီးအတွက်  လူတစ်ယောက်စာ ကြိုတင်စုဆောင်းထားဖို့ဆိုရင် ♦️ဓာတ်ဆား ဆယ်ထုပ...
06/07/2021

ကိုယ့်ဆီဘယ်တော့ရောက်မလဲ
မခန့်မှန်းနိုင်တဲ့ရောဂါဆိုးကြီးအတွက်
လူတစ်ယောက်စာ ကြိုတင်စုဆောင်းထားဖို့ဆိုရင်

♦️ဓာတ်ဆား ဆယ်ထုပ်
♦️ဘိုင်အိုဂျက်စစ် သုံးကပ်
♦️Vitacee သုံးကပ်
♦️ပြဒါးအဖျားတိုင်း တစ်ခု
♦️အောက်စီဂျင်တိုင်းတဲ့ စက်ကလေး
♦️တစ်ရှူးတစ်လိပ်
♦️ထွန်းရွှေဝါတစ်ဗူးဒါမှမဟုတ်ကျားဘမ်းပရုပ်ဆီ
♦️ရှုဆေးတစ်မျိုးမျိုး
♦️အဖျားကြီးရင်ထည့်သောက်ရန် ဂိုးလ်ဖန်တစ်ကဒ်
ဆိုရင် လုံလောက်ပါပြီ.....

ကိုဗစ်ကို ကုသတဲ့ဆေးမရှိပဲ ကိုယ်ခံအားနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ရတယ်ဆိုတာ လူတိုင်း သိထားပြီးသားပါ ဒါကြောင့် ပထမဆုံးနှစ်ရက် သုံးရက်မှာ အစာ စားချင်စိတ်မရှိပဲ အော့အန်ချင်နေတာမျိုးဖြစ်လာခဲ့ရင် ဓာတ်ဆားကို ဝင်အောင်သောက်ရပါမယ်....
အဖျားကြီးရင် ရေအေးဝတ်အုပ်ပေးရပါတယ်
ဒါကြောင့်ရေခဲသေတ္တာထဲ ရေခဲတုံးလေးတွေ ကြိုတင်ထည့်ထားသင့်ပါတယ်...

အဖျားကြီးတဲ့အတွက် ...
ဆေးတွေသောက်ရတဲ့အတွက် အစာမစားချင်ဖြစ်နေမှာပါပဲ...
စွပ်ပြုတ်ပူပူနွေးနွေးတစ်ပန်းကန်လောက်တော့ ကြိုးစားပြီး သောက်သင့်ပါတယ်ရှင့်
အဖျားကြီးခြင်းနဲ့ တွဲပြီး ခေါင်းအုံခေါင်းခဲခြင်းကို ပြင်းပြင်းထန်ထန်ခံစားရတဲ့အခါ မကြောက်ကြပါနဲ့....
ကိုဗစ်ကြောင့်ခေါင်းခဲခြင်းအတွက် ထန်းလျက်စစ်စစ်က နိုင်ပါတယ်
တစ်ရက်အတွင်း သုံးလေးခဲခန့် ဝင်အောင်စားပေးရင် သက်သာပါတယ်ရှင့်.......

လူငယ်တွေအနေနဲ့ အဖျားရက်ရှည်တဲ့ ဒီကိုဗစ်နဲ့ကြုံတဲ့အခါ စိတ်မရှည်တတ်ကြပါဘူး....
လူမမာစာလည်း စားဖို့ အကြောက်အကန်ငြင်းကြပါလိမ့်မယ်....
သူတို့အတွက်ကြိုကြိုတင်တင် ခေါက်ဆွဲခြောက် အသားခြောက် သီးစုံဓာတ်ဆားတို့ကို ကြိုတင်စုထားသင့်ပါတယ်.......

ကိုဗစ် ဖျားပုံဖျားနည်းကြီးက တစ်မျိုးကြီးပါ..
တငွေ့ငွေ့နဲ့ ချွေးလည်း အများကြီးထွက်နေတာမျိုးပါ....ချွေးထွက်လေ.... နှာမွှန်လေ.....
နှာမွှန်လေ....အသက်ရှုခက်လေပါပဲ....

အဖျားကျဖို့ ဘိုင်အိုဂျက်ဆစ်သောက်ရပါတယ်..
ဘိုင်အိုဂျက်ဆစ်သောက်ပြန်ရင်လည်း ချွေးတွေက အလွန်အမင်း ထွက်လာပါတယ်...
အဲဒါဆိုရင် အသက်ရှုရတာ နည်းနည်း အဆင်မပြေပါဘူး.....
လိုအပ်သည်ထက်ပိုထွက်နေတဲ့ ချွေးကို နည်းသွားစေဖို့ ဆိမ့်တာ တစ်ခုခု စားပေးရပါတယ်
ကြက်ဥပြုတ် နွားနို့ အစေ့အဆံ တစ်ခုခုပေါ့

အဖျားငါးရက်ကျော်လာတဲ့အခါ ညောင်းပြီး နုံးနေတာမျိုး ဖြစ်နိုင်ပါတယ်.....အစားကို ဝင်အောင်များများစားတာမျိုးဖြစ်ဖြစ် စွပ်ပြုတ်သောက်တာမျိုးပဲဖြစ်ဖြစ် ပြန်လည် အားဖြစ်စေနိုင်ပါတယ်........
သံပရာရည်သောက်ခြင်းဖြင့်လည်း နေရတာသက်သာပြီး အစာစားချင်စိတ်ကို ပြန်ရစေနိုင်ပါတယ်.....

နှာမွှန်ပြီ ဆိုတာနဲ့ တစ်ရှူးကို နှစ်ခေါက် ခေါက်ပြီး ထွန်းရွှေဝါဆေး တို့လိုက်ပါ...ထပ်ခေါက်လိုက်တဲ့အခါ လေးခေါက်ချိုးပေါ့..
ဆေးတို့ထားတဲ့ လေးခေါက်ချိုးတစ်ရှူးစလေးကို နှာခေါင်းပေါ်မှာ မကြာမကြာအုပ်ပြီး ရှုပေးပါ...
အိပ်တဲ့အခါလည်း နှာခေါင်းပေါ်တင်ပြီး အိပ်ရင် အိပ်ရတာ အသက်ရှု မကြပ်ပဲ လွယ်ကူစေပါတယ်...

ဒီနေရာမှာ ထပ်ပြီး ပြောပြချင်တာရှိပါတယ်....
ထွန်းရွှေဝါပဲဖြစ်ဖြစ် ရှုဆေးတစ်မျိုးမျိုးကိုပဲဖြစ်ဖြစ် ရှုပေးနေခြင်းဟာ နှာခေါင်းရဲ့နှာမွှန်နေခြင်းကို သက်သာစေသလို လိုအပ်တဲ့ဆေးပေးနေရခြင်းလို့လည်း သိစေချင်ပါတယ်....
နှာခေါင်းမှာ ထူးဆန်းတဲ့ အနံ့တစ်မျိုး ရနေပါလိမ့်မယ်
ရလည်း ရနေပါတယ်
အဲဒီအနံ့အပျောက်မခြင်း ရှူဆေးနဲ့ နှာခေါင်းရဲ့အနံ့ခံအာ
ရုံကို ကုသပေးသင့်ပါတယ်.....

မိမိကျန်းမာရေးအတက်အကျကိုသိဖို့ အဖျားတိုင်းခြင်းနဲ့ အောက်စီဂျင်တိုင်းခြင်းကို တစ်နေ့ နှစ်ကြိမ်ခန့် တိုင်းသင့်ပါတယ်......
တကယ့်တကယ် ရင်ဆိုင်ကြုံတွေ့လာတဲ့အခါ စိတ်ပျက် အားလျော့ မနေပဲနဲ့ ဘယ်လို အကောင်းဆုံးကျော်ဖြတ်မလဲ ဆိုတဲ့ အတွေးနဲ့ ပြင်ဆင်ပြီး ကျော်ဖြတ် ကြပါ.,.....လို့.....

နောက်ဆုံးအနေနဲ့.......
ကိုဗစ်ဖြစ်လာပြီးတဲ့နောက် သတ်မှတ်ရက်က နှစ်ပတ်ပါ....
နှစ်ပါတ်မပြည့်မခြင်း အိမ်အပြင်သို့ လုံးဝ မထွက်ခြင်းဖြင့် မိမိမှ သူတစ်ပါးသို့ ကူးစက်ခြင်းအန္တရာယ်မှ ကင်းဝေးကြပါစေ......
ကိုယ်တိုင်ဂရုစိုက်ခြင်းဖြင့် ကျော်လွှားနိုင်ကြပါစေ..,.

Cr ပေးပါတယ်ရှင်

 #ကြက်ကုန်းဘာင်ကြီးကြော်နည်းကြက်သား၁၀သားခန့်ကိုလေးထာင့်တုံးလေးတွေလှီးထားပါ ပဲငံပြာရည်အကြည်အနည်းငယ် အသားမှုန့်အနည်းငယ် ကေ...
05/07/2021

#ကြက်ကုန်းဘာင်ကြီးကြော်နည်း
ကြက်သား၁၀သားခန့်ကိုလေးထာင့်တုံးလေးတွေလှီးထားပါ ပဲငံပြာရည်အကြည်အနည်းငယ် အသားမှုန့်အနည်းငယ် ကော်မှုန့်ဇွန်းတစ်ဝက် ထည့်နယ်ထားပါ ဆီ၅ကျပ်သားခန့်ထည့်ပြီးကြော်ထားပါ
ကြက်သွန်နီ ၅လုံး၈စိပ် စိပ်ထားပါ
ကြက်သွန်ဖြူ၅မွှာ ဂျင်းတို့ကိုဓားပြားရိုက်ထားပါ
မုန်လာဥနီ ဘိုစားပဲ ရွှေပဲသီးတို့ကို လက်တဆစ်ခန့်လှီးထားပါ ပန်း ငရုတ်ပွ ခရမ်း ချဉ်သီး လေး စိတ်ကွဲလှီးထားပါ
ငရုပ်သီးခြောက်အနည်းငယ်ကြော်ထားပါ
ကြက်သားကြော်ထားသောဆီတွင် အသီးအရွက်ထည့်ကြော်ပါ ၃မိနစ်လောက်ကြာလို့ နည်း နည်းနွမ်း သွားရင်
အရွက်တွေကို ဒယ်ဘေးမှာကပ်ပီးဆီတွေပြန်ခပ်ထုတ်ပါ ကျန်ဆီအနည်းငယ် နဲ့ ကြက်သွန်ဖြူနီ ဂျင်းတို့ထည့်ကြော်ပါမွှေးလာယင် ကြက်သားကြော်ထည့်ပီးအားလုံးရောမွှေပါ ပဲငံပြာရည်အနောက် ၁ဇွန်း အကြည်၁ဇွန်း ထမင်းစား ဇွန်း နဲ့ ပါ အချိုမှုန့်၁ဇွန်း သကြား ၂ဇွန်း ဆား အ နည်းငယ်ထည့်ပါ လဖက်စားဇွန်းနဲ့ပါ ချခါနည်း ခရမ်း ချဉ်သီး၂လုံး လေး စိတ်ကွဲ ထည့် တရုတ်မဆလာ အနည်း ငယ်ထည့် ငရုပ်သီးကြော်ထည့်ပါ နောက်ဆုံး အပေါ်က ဖယ် ထုတ်ထားသော် ဆီကြော်လေး တစ် ဇွန်းထည့် ရောပြီးချလိုက်ပါ ကြက်ကုန်းဘောင် တစ် ခွက်ရပါပြီ အဆင်ပြေပါကြပါစေ ....

‌


Online Shopနားမှာမို့ bkk made 💯💯အသားကောင်း coupleလေးတွေတစုံလုံးကိုမှ ၇၀၀၀ကျပ်ပါ တထည် ၃၅၀၀ပဲကျပါတယ် အရင်းတောင်းမရှိတဲ့ဈေ...
16/07/2019

Online Shopနားမှာမို့ bkk made 💯💯အသားကောင်း coupleလေးတွေတစုံလုံးကိုမှ ၇၀၀၀ကျပ်ပါ တထည် ၃၅၀၀ပဲကျပါတယ် အရင်းတောင်းမရှိတဲ့ဈေးပါ အသားအာမခံပါ ကလေးနဲ့မို့မရောင်းနိုင်တော့လိုဒီဈေးနဲ့လျော့ပေးတာပါရှင့်

Address

အမှတ် ( ၆ )ရပ်ကွက် ခရမ်းမြို့နယ် ရန်ကုန်တိုင်း။
Kayan
95

Opening Hours

Monday 10:00 - 22:30
Tuesday 10:00 - 22:30
Wednesday 10:00 - 22:30
Thursday 10:00 - 22:30
Friday 10:00 - 22:30
Saturday 10:00 - 22:30
Sunday 10:00 - 22:30

Telephone

959785150881

Website

Alerts

Be the first to know and let us send you an email when Pont Pont ခရမ်း Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share