01/09/2026
#ဘဝဥပဒေ၅၀
#မောရိသျှ
24000mmk
" ဘဝဥပဒေ-၅၀ အရ ဘဝဆိုတာ
ထိန်းချုပ်ကိုင်တွယ် စီမံ ခန့်ခွဲလို့ရနိုင်ပါတယ် ။
ဘဝမှာ ဖြစ်လာသမျှ ဖြစ်စဥ်တွေအပေါ် သင့်တင့် လျောက်ပတ်တဲ့ နှလုံးသွင်းမှုနဲ့ လက်ခံတတ်ပြီး
တုံ့ပြန်တတ်ဖို့ပဲ လိုတယ်လို့ အကြံပြုထားပါတယ် ။
ဘဝကို အဓိပ္ပါယ်ရှိရှိ ရှင်သန်နေရင်
သေရမှာ မကြောက်ပါဘူး။
သေရမယ့်အဖြစ်ကို အကောင်းလို့တောင် တွေးပြီး
ကိုယ့်ကိုယ်ကို အားမွေးတတ်ပါတယ် ။
မသေခင်စပ်ကြား တိုတောင်းတဲ့ ခဏတာကို
အဓိပ္ပါယ်ရှိအောင် ဘယ်လိုနေမလဲလို့ တွေးပြီး အကောင်းဘက်ကနေ အကျိုးရှိအောင်
လုပ်တတ်ပါတယ် ။
မရေရာမှုတွေ မသေချာမှုတွေကြောင့်
ဘဝ အနာဂတ်အတွက် ပူပန်မှုတွေမဖြစ်ပါစေနဲ့ ။
အဆိုးဆုံးသောအရာတွေက
အဓိပ္ပါယ်အလေးနက်ဆုံးသောဖွင့်ဆိုချက်တွေနဲ့
ဘဝကို နဂိုကထက် ရှင်သန်ရကျိုးနပ်သွားအောင်
ဘက်ပေါင်းစုံကနေ ဖြည့်ဆည်းပေးပါလိမ့်မယ်။
ဘဝဆိုတာ နာဦးမှလည်း သာယာရကျိုးနပ်တာပါ။.."