28/11/2021
pro ကတော့ pro ပါဘဲ
Redmi note 11pro review
Display
- Super AMOLED (6.67 inches) ကို မှ HDR10 , 700 nits, 1080P Resolution ရမယ်
- 120 Hz Refresh rate ထည့်ပေးထားတယ် 60 Hz to 120 Hz ကိုဘဲတိုက်ရိုက်ပြောင်းလို့ ရမယ် ကြားထဲက 90Hz ကို တော့ပြန်ဆင်းလို့ မရပါဘူး
- Brightness အနေနဲ့ဆိုရင် 1200 (Peak )
- Corning Gorilla Glass 5 ကို သုံးပေးထားပါတယ် Gorilla Glass 6 လောက်တော့ မမာဘူးဆိုပေမဲ့ Midrange ပါ ဒီလောက်ထည့်ပေးတာဘဲကျေးဇူးတင်သင့်ပါတယ်
Display ပိုင်းအရတော့ ဘားမှ အပြစ်ပြောစရာ မရှိပါဘူး ပေးရတဲ့ဈေးနဲ့ကျေနပ်မှုကို အပြည့်ဝလုနီးပါးပေးနိုင်မာ အသေချာပါဘဲ
Chipset
- MediaTek ရဲ့ Dimensity 920 (6 nm) ကို သုံးပေးထားပါတယ် Snapdrangon 865 နဲ့ ညီမျှတယ်ဆိုပေမဲ့ ရေရှည်မာ ဘယ်ဟာပိုကောင်းနိုင်တယ်ဆိုတာတော့ အပြော ထက် အချိန်ကို ဘဲစောင့်ကြိရမာ ပါဘဲဗျ
- Mobile Legend,PUBG, LOL အစရှိတဲ့ Graphic မြင့်တဲ့ဂိမ်းတေကို အေးဆေးဆော့လို့ ရတယ် ဒါပေမဲ့ ပူပါတယ် Coling fan ဝယ်သုံးပါ မပူချင်ရင်တော့...
Camera
- ဒီဖုန်းရဲ့ လူစိတ်ဝင်စားမှုအများဆုံးပိုင်းကတော့ Camera ပိုင်း လေးပါ စိတ်ဝင်စားရလောက်အောင်လည်းတကယ်ကောင်းပါတယ်
- Main sensor အနေနဲ့ 108Mp,f/ 1.9 , 26mm (wide) ကိုသုံးပေးထားပါတယ် ကျန်နှစ်လုံးကတော့ 8Mp ( Ultrawide) နဲ့ 2Mp (telephoto macro) ကို သုံးပေးထားပါတယ်
Camera ပိုင်းအနေနဲ့ကတော့ အရင်ကထွက်ခဲ့တဲ့ Mi CC9 pro လိုပါဘဲဒီဈေးတန်းမာ အကောင်းဆုံးလို့ ပြောလို့ ရပါတယ်/ Detail ပိုင်းအရမ်းကောင်းတယ် ဒါကလည်း Mp များလို့ပါ/ ကျန်တဲ့ focous ဖြတ်တာ တေ color တေ Sharp ဖြစ်တာ တေက တော်တော်လေးမိုက်တယ်/ AI ပိတ်ရိုက်ရင် သဘာဝ နဲ့ အနီးဆုံးတူအောင် ပုံကောင်းကောင်းထုတ်ပေးနိုင်ပါတယ်
Video recording အပိုင်းအနေနဲ့ကတော့ 4k ကို 30 fps နဲ့ရိုက်လို့ ရမယ် 1080P နဲ့ရိုက်မယ်ဆိုရင်တော့ 120 ထိ ရိုက်လို့ ရမာ ဖြစ်ပါတယ်
Selfie Camera ပိုင်းအနေနဲ့ကတော့ 16Mp ကိုသုံးပေးထားပြီးတော့ Video recording အနေနဲ့ 1080P ထိ ရိုက်ကူးလို့ ရမာ ဖြစ်ပါတယ် Selfie ကတော့ normal ဘဲ ကောင်းလည်းမကောင်းဘူးဆိုးလည်းမဆိုးဘူး
Battery
- 5160 mAh ကို 67W Charging နဲ့ ဆိုတော့ အထင်ကြီးစရာ ပါ Midrange ဈေးတန်းမာ ဆိုရင်ပေါ့ အ့တာ ကို မှ Super AMOLED display နဲ့ဆိုတော့ ပြောစရာ ကို မလို တော့တာ 🤐🤐
Other
-ကျန်တာ ကတော့ Side mounted Fringerprint ကို သုံးပေးထားတယ်
- weight အနေနဲ့ကတော့ 207g ဆိုတော့ ကိုင်လို့ ကောင်းတဲ့ အနေထားရှိပါတယ်
- Stereo speaker
- 3.5 mm headphone Jack ကို ထည့်ပေးထားသေးတော့ အဆင်ပြေတာပေါ့ပိုပြီး
Recommendation
ဘားမှတောင်သိပ် ပြော စရာ မလိုပါဘူး သူ့ဈေးတန်း မာ တော့ အကောင်းဆုံးလို့ တောင် ပြောလို့ ရပါတယ် ဒီ2021တွင်းမာ ဆိုရင်ပေါ့
1️⃣ All rounder သုံးမယ်ဆိုလည်းအဆင်ပြေတယ် 3️⃣camera အတွက်ဆို လည်းအဆင်ပြေသေးတာဘဲ
2️⃣ Camera အတွက်ဆို လည်းအဆင်ပြေတာ ဘဲ (ရိုက်တတ်တဲ့ skill နဲ့တော့ နည်းနည်းဆိုင်တာပေါ့နော့)
ဘယ် ဖန်မှ မဟုတ်ဘူး ဖုန်းကို ပေးရတဲ့ဈေးနဲ့ တန်အောင်ပြန်ရချင်တယ်ဆိုရင် ၅ သိန်းဝန်းကျင်မာ အကောင်းဆုံးပစ်ရွေးလိုက်ပါ သင့်ရွေးချယ်မှုက မှားမာ မဟုတ်ပါဘူး.....