SM Distribution Kyaukse

SM Distribution Kyaukse Flexinet,Wire less wifi, Fiber wifi Distribution

Flexinet နဲ့ B2B ကတ်နဲ့တူတူပဲလား❓ဒီနေ့မှာတော့ Customer တွေမကြာခဏနားလည်မှုလွဲနေကြတဲ့ "ATOM Flexinet ကတ်" နဲ့ "ATOM B2B ကတ...
21/06/2026

Flexinet နဲ့ B2B ကတ်နဲ့တူတူပဲလား❓

ဒီနေ့မှာတော့ Customer တွေမကြာခဏနားလည်မှုလွဲနေကြတဲ့ "ATOM Flexinet ကတ်" နဲ့ "ATOM B2B ကတ်" အကြောင်းကိုပြောပြပေးသွားပါမယ်ရှင်။🔈

ATOM Flexinet ကတ်ဆိုတာက

✅အင်တာနက်ကိုလိုင်းကောင်းကောင်းနဲ့ဈေးသက်သက်သာသာသုံးလို့ရ 80 Gb ပါပါတယ်။
✅ကတ်သီးသန့်ဖြစ်ပြီးဖုန်းနံပါတ်မပါတာကြောင့် Register လုပ်ဖို့ဖုန်းနံပါတ်တစ်လုံးလိုပါတယ်ရှင်။
✅ Data သီးသန့်သုံးကတ်မို့ ဖုန်းပြောလို့ message ပို့လို့မရပါဘူးရှင်။

ATOM B2B SimCard ဆိုတာကတော့

✅ဖုန်းပြောဖို့အတွက်တန်အောင်ထုတ်ပေးထားတဲ့ကတ်ဖြစ်ပါတယ်။
✅ ကိုယ်ယူတဲ့ Plan အလိုက်ဖုန်းအဝပြော Message အဝပို့လို့ရပါတယ်။
✅ Data တွေလည်း Bonus လက်ဆောင်အဖြစ်ပြန်ပေးပေမယ့် Flexinet လိုတော့ Gb အများကြီးမရပါဘူးရှင်။

အဲ့တာကြောင့်လူကြီးမင်းတို့က အင်တာနက်သုံးဖို့ပဲဆိုရင် 👉Flexinet ကိုရွေးချယ်သင့်ပြီး
ဖုန်းပြောဖို့/ Message ပို့ဖို့ပဲဆိုရင်တော့ 👉B2B Simcard ကိုပဲရွေးချယ်သင့်ပါတယ်။

တကယ်လို့ လူကြီးမင်းတို့က Portable Wifi ,Fiber Wifi အပြင် ATOM B2B နဲ့ပက်သတ်ပြီးဝယ်ယူချင်တယ်။ ဒါပေမဲ့ဘယ်လိုဟာမျိုးက်ိုရွေးချယ်ဝယ်ယူရမလဲမသိဘူး🤔ဖြစ်နေရင် SM Distribution ကိုသာရွေးချယ်လိုက်ပါရှင်။

SM Distribution ကဝယ်ယူအားပေးတဲ့ Customer အယောက်ချင်းစီတိုင်းကို လူကြီးမင်းတို့သုံးချင်တဲ့ Budget နဲ့ ဘယ်နေရာမှာဘယ်လိုသုံးချင်လဲဆိုတာအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မဲ့ဟာကိုပဲသေချာအကြံပေးပြီးရောင်းပေးတာမို့ ဝယ်ပြီး "နောင်တမရစေရဘူး" ဆိုတာတော့အာမခံပါတယ်နော်။✔️✔️

**************
"စိတ်ချမှန်ကန် SM"

☎️09776629993/09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

#စိတ်ချမှန်ကန်SM #ကျောက်ဆည် ိတ်ဆောင်Wifi

Flexinet နဲ့ B2B ကတ်နဲ့တူတူပဲလား❓ဒီနေ့မှာတော့ Customer တွေမကြာခဏနားလည်မှုလွဲနေကြတဲ့ "ATOM Flexinet ကတ်" နဲ့ "ATOM B2B ကတ...
21/06/2026

Flexinet နဲ့ B2B ကတ်နဲ့တူတူပဲလား❓

ဒီနေ့မှာတော့ Customer တွေမကြာခဏနားလည်မှုလွဲနေကြတဲ့ "ATOM Flexinet ကတ်" နဲ့ "ATOM B2B ကတ်" အကြောင်းကိုပြောပြပေးသွားပါမယ်ရှင်။🔈

ATOM Flexinet ကတ်ဆိုတာက

✅အင်တာနက်ကိုလိုင်းကောင်းကောင်းနဲ့ဈေးသက်သက်သာသာသုံးလို့ရ 80 Gb ပါပါတယ်။
✅ကတ်သီးသန့်ဖြစ်ပြီးဖုန်းနံပါတ်မပါတာကြောင့် Register လုပ်ဖို့ဖုန်းနံပါတ်တစ်လုံးလိုပါတယ်ရှင်။
✅ Data သီးသန့်သုံးကတ်မို့ ဖုန်းပြောလို့ message ပို့လို့မရပါဘူးရှင်။

ATOM B2B SimCard ဆိုတာကတော့

✅ဖုန်းပြောဖို့အတွက်တန်အောင်ထုတ်ပေးထားတဲ့ကတ်ဖြစ်ပါတယ်။
✅ ကိုယ်ယူတဲ့ Plan အလိုက်ဖုန်းအဝပြော Message အဝပို့လို့ရပါတယ်။
✅ Data တွေလည်း Bonus လက်ဆောင်အဖြစ်ပြန်ပေးပေမယ့် Flexinet လိုတော့ Gb အများကြီးမရပါဘူးရှင်။

အဲ့တာကြောင့်လူကြီးမင်းတို့က အင်တာနက်သုံးဖို့ပဲဆိုရင် 👉Flexinet ကိုရွေးချယ်သင့်ပြီး
ဖုန်းပြောဖို့/ Message ပို့ဖို့ပဲဆိုရင်တော့ 👉B2B Simcard ကိုပဲရွေးချယ်သင့်ပါတယ်။

တကယ်လို့ လူကြီးမင်းတို့က Portable Wifi ,Fiber Wifi အပြင် ATOM B2B နဲ့ပက်သတ်ပြီးဝယ်ယူချင်တယ်။ ဒါပေမဲ့ဘယ်လိုဟာမျိုးက်ိုရွေးချယ်ဝယ်ယူရမလဲ 🤔 မသိဘူးဖြစ်နေရင် SM Distribution ကိုသာရွေးချယ်လိုက်ပါရှင်။

SM Distribution ကဝယ်ယူအားပေးတဲ့ Customer အယောက်ချင်းစီတိုင်းကို လူကြီးမင်းတို့သုံးချင်တဲ့ Budget နဲ့ ဘယ်နေရာမှာဘယ်လိုသုံးချင်လဲဆိုတာအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မဲ့ဟာကိုပဲသေချာအကြံပေးပြီးရောင်းပေးတာမို့ ဝယ်ပြီး "နောင်တမရစေရဘူး" ဆိုတာတော့အာမခံပါတယ်နော်။✔️✔️

**************
"စိတ်ချမှန်ကန် SM"

☎️09776629993/09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

#စိတ်ချမှန်ကန်SM #ကျောက်ဆည် ိတ်ဆောင်Wifi

🚨 ကိုယ့်ဆင်းကတ်ကို မှတ်ပုံတင်နဲ့ အမည်ပေါက် ဘာလို့ လုပ်ထားသင့်တာလဲSM Distribution ကို အမြဲအားပေးတဲ့လူကြီးမင်းတို့အတွက် ဆင...
19/06/2026

🚨 ကိုယ့်ဆင်းကတ်ကို မှတ်ပုံတင်နဲ့ အမည်ပေါက် ဘာလို့ လုပ်ထားသင့်တာလဲ

SM Distribution ကို အမြဲအားပေးတဲ့လူကြီးမင်းတို့အတွက် ဆင်းကတ်နဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်တစ်ချက် ပြောပြပေးချင်ပါတယ်ရှင်။

အဲ့တာကတော့ လူကြီးမင်းတို့ရဲ့ဖုန်းကတ်ကို ကိုယ့်မှတ်ပုံတင်နဲ့ အမည်ပေါက် မှတ်ပုံတင်ထားဖို့ပါပဲ။

ဘာလို့လဲဆိုတော့ ဆင်းကတ်ကအမည်ပေါက် ဖြစ်ထားရင် ကတ်ပျောက်တာ၊ ကတ်ပျက်တာ ဖြစ်သွားရင်တောင်
ဖြစ်ပြီး ၁၅ ရက်အတွင်းလျှောက်ရင် ရနိုင်ခြေများပါတယ်။

တကယ်လို့အမည်ပေါက် မဟုတ်ရင်တော့ အဲ့ဒီနံပါတ်ကို ပြန်မရဖို့ များပါတယ်။

ဒါကြောင့် လုပ်ငန်းသုံးဖြစ်ဖြစ်၊ အဓိက သုံးနေတဲ့ ဖုန်းနံပါတ်ဆိုရင်တော့ နောင်တစ်ချိန် စိတ်အေးရအောင် သေချာပေါက် အမည်ပေါက် မှတ်ပုံတင်ထားစေချင်ပါတယ်။

⚠️ ဒါပေမဲ့ဟိုးအရင်က လုပ်ထားတဲ့ မှတ်ပုံတင်အကြီးတွေ၊
နံပါတ်တွေ နာမည်တွေ မထင်ရှားဘဲ မှေးမှိန်နေတဲ့ မှတ်ပုံတင်တွေဆိုရင်တော့ နာမည်ပေါက်ပြောင်းဖို့ System ကသေချာမဖတ်ပေးနိုင်တာကြောင့်
ကိုယ့်အိမ်သားထဲက အချက်အလက်သေချာပါတဲ့မှတ်ပုံတင်နဲ့လာရောက်မှတ်ပုံတင်လို့ရပါတယ်။

ဒါကြောင့် ကိုယ့်ဖုန်းနံပါတ်လေး စိတ်ချရအောင် အမည်ပေါက် ဖြစ်၊ မဖြစ် သေချာစစ်ပြီး လာလုပ်ကြပါနော်။

SM Distribution မှာဆိုရင် ATOM Sim Card မှတ်ပုံတင်တဲ့ Service ကို Free လုပ်ပေးတာမို့ ဆိုင်ကိုလာရောက်ပြီးဖြစ်စေ Chat box ကဖြစ်စေဆက်သွယ်လို့ရပါတယ်ရှင်။🥳

**************
"စိတ်ချမှန်ကန် SM"

☎️ 09776629993 / 09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

#စိတ်ချမှန်ကန်SM #ကျောက်ဆည် #ဆင်းကတ်အမည်ပေါက်

🚨Telenor Logo  ပါတဲ့ကတ်တွေအပိတ်ခံရတော့မယ်ဆိုတာသိပြီးကြပြီလား။SM Distribution ကိုအစဉ်အမြဲအားပေးနေကြတဲ့လူကြီးမင်းများအတွက်...
14/06/2026

🚨Telenor Logo ပါတဲ့ကတ်တွေအပိတ်ခံရတော့မယ်ဆိုတာသိပြီးကြပြီလား။

SM Distribution ကိုအစဉ်အမြဲအားပေးနေကြတဲ့လူကြီးမင်းများအတွက်
ဆင်းကတ်နဲ့ပတ်သက်တဲ့ အရေးကြီးတဲဲ့အကြောင်းအရာလေးပြောပြပေးပါမယ်ရှင့်။

အဲ့တာကတော့ လူကြီးမင်းတို့ အရင်ကတည်းက ဝယ်ယူအသုံးပြုခဲ့တဲ့ Telenor Logo ပါတဲ့ ဆင်းကတ်ဟောင်းတွေကို ATOM Logo ပါတဲ့ 4G ကတ်အသစ်ဖြစ်အောင် (သတ်မှတ်ထားတဲ့ ကာလအတွင်း) အမြန်ဆုံး လဲလှယ်ရမှာ ဖြစ်ပါတယ်။
⚠️အကယ်၍ သတ်မှတ်ရက်ကျော်လွန်သွားပါက ဆင်းကတ်လုံးဝ ပိတ်သွားနိုင်ပါတယ်။

ဒီအကြောင်းကို ATOM Company ကလည်း လူကြီးမင်းတို့ကိုမက်ဆေ့တွေပို့ပြီး သတိပေးနေတာ ကြာပါပြီ။

လူကြီးမင်းတို့ အလုပ်မအားလို့ သတိမထားမိဘဲ နေမှာစိုးလို့ SM Distribution ကနေ ထပ်ပြီး သတိပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။

အလုပ်ကိစ္စတွေ၊ ဘဏ်အကောင့်တွေ၊ ပြီးတော့ ကိုယ်ရေးကိုယ်တာ အဆက်အသွယ်တွေ အားလုံး ရှိနေတဲ့ ဖုန်းနံပါတ်ကြီးတစ်ခုလုံး ပိတ်သွားရင် တော်တော်ကိုအလုပ်ရှုပ်စေပါတယ်။

ဒီလိုပိတ်ခံရတာမျိုးကို စိတ်ပူစရာမလိုအောင် SM Distribution မှာ 4G Change တဲ့ဝန်ဆောင်မှုရတာမို့လို့ ရုံးကိုလာရောက်ပြီးပြောင်းလို့ရပါတယ်နော်။

ဝန်ဆောင်ခနဲ့ ကတ်တန်ဖိုး အားလုံးပေါင်းမှ "ထောင်ဂဏန်း" ဝန်းကျင်လေးပဲမို့
နောက်ပိုင်းအလုပ်မရှုပ်ရဖို့ Telenor ကတ်ဟောင်းလေးတွေ ယူပြီး 4G အမြန်လာပြောင်းလို့ရပါပြီရှင့်။

**************
"စိတ်ချမှန်ကန် SM"

☎️09776629993/09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

#စိတ်ချမှန်ကန်SM #ကျောက်ဆည်

#ဆင်းကတ်အရေးကြီးသတိပေးချက်

Internet ကိုဈေးသက်သက်သာသာနဲ့သုံးဖို့ FlexiNet သုံးရမလား၊ Broadband ပဲ ယူရမလား ဝေခွဲမရ ဖြစ်နေပါသလား🤔လူကြီးမင်းတို့ရဲ့ အသု...
12/06/2026

Internet ကိုဈေးသက်သက်သာသာနဲ့သုံးဖို့ FlexiNet သုံးရမလား၊ Broadband ပဲ ယူရမလား ဝေခွဲမရ ဖြစ်နေပါသလား🤔

လူကြီးမင်းတို့ရဲ့ အသုံးပြုမယ့် ပုံစံနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အကိုက်ညီဆုံး ဖြစ်အောင် SM Distribution ရဲ့ကျွမ်းကျင်မှုနဲ့ပေါင်းစပ်ပြီးပြောပြပေးသွားပါမယ်။
အားသာချက်ရောအားနည်းချက်တွေပါတစ်ပါတည်းရေးပေးထားတာမို့ရွေးချယ်တဲ့အခါ ပိုပြီးအဆင်ပြေစေမှာပါနော်။

⚡FlexiNet (လိုင်းအကောင်းဆုံးနဲ့ အမြန်ဆုံး လိုချင်သူများအတွက်)

ကိုယ်က ပိုက်ဆံထက် "လိုင်းကောင်းဖို့က အဓိက"၊ Speed အမြန်ဆုံး လိုချင်တယ်ဆိုရင်တော့ FlexiNet ကို ရွေးချယ်သင့်ပါတယ်။

👉Flexinet ရဲ့ အားသာချက်ကတော့

✅Speed ကန့်သတ်ချက်မရှိ - Mbps သတ်မှတ်ထားတာမျိုး မရှိလို့ အဲ့ဒီနေရာမှာ ATOM 4G လိုင်း ကောင်းရင် ကောင်းသလို အရှိန်အဟုန်ပြင်းပြင်းနဲ့ အလုပ်လုပ်ပါတယ်။
✅သယ်ဆောင်ရလွယ်ကူခြင်း - Location Unlocked ဖြစ်လို့ ATOM 4G မိတဲ့ ဘယ်နေရာပဲသွားသွား (ခရီးသွားရင်း၊ နယ်ဆင်းရင်း) အလွယ်တကူ သယ်သုံးလို့ရပါတယ်။
✅အသုံးပြုရလွယ်ကူခြင်း - တစ်ယောက်တည်း သုံးမယ်ဆို ဖုန်းထဲထည့်သုံးရုံပဲ။ (အများသုံးမယ်ဆိုရင်တော့ လိုင်းငြိမ်အောင် Router နဲ့ တွဲသုံးဖို့ အကြံပြုပါတယ်ရှင်)

👉Flexinet ရဲ့အားနည်းချက်ကတော့

✅သုံးသလောက် ကုန်မယ် - သူက GB စနစ်နဲ့ သွားတာဖြစ်လို့ သုံးရင် သုံးသလောက် ကုန်ကျစရိတ် ရှိနိုင်ပါတယ်။

👉ဘယ်သူတွေနဲ့ ကိုက်ညီလဲ

တစ်ကိုယ်ရေသမားများ၊ ခရီးခဏခဏသွားတတ်သူများ၊ လိုင်း Speed အမြင့်ကြီး လိုချင်သည့် Online Shop သမားများနှင့် Content Creator များ။

🌐 Broadband Wireless Wi-Fi (လူအများနဲ့ သက်သာတဲ့ လစဉ်ကြေး သုံးချင်သူများအတွက်)

မိသားစုအများကြီးနဲ့ စိတ်ကြိုက်သုံးချင်တယ်၊ လစဉ်ကြေး သက်သက်သာသာနဲ့ ပုံသေပဲ ပေးချင်တယ်ဆိုရင်တော့ Broadband က အသင့်တော်ဆုံးပါ။

👉ATOM Broadband ရဲ့အားသာချက်ကတော့

✅GB ပိုရပြီး ပိုတန် - တစ်ရက်ကို 10 GB (တစ်လကို 300 GB နီးပါး) အထိ ရတာမို့ လူအများကြီး စိတ်ကြိုက်သုံးလို့ ရပါတယ်။
✅လစဉ်ကြေး ပုံသေ - တစ်လကို ၃၈,၀၀၀ ကျပ်ဝန်းကျင်ပဲ ကျသင့်မှာမို့ ကုန်ကျစရိတ် တွက်ခြေကိုက်ပါတယ်။

👉Broadband ရဲ့ အားနည်းချက်ကတော့

✅Speed ကန့်သတ်ချက်ရှိ - ကိုယ်ယူတဲ့ဈေးအလိုက် 15 Mbps ကနေ 30 Mbps အထိပဲ တက်ပါတယ်။ (တစ်ရက်စာ 10 GB ကုန်သွားရင်တော့ Speed 2 Mbps အထိ ကျသွားတတ်ပါတယ်)

✅သယ်ရတာ ကန့်သတ်ချက်ရှိ - Location Locked ဖြစ်လို့ မြို့ပြောင်း၊ နေရာပြောင်းရင် သက်ဆိုင်ရာကို နေရာပြန်ထောက်ခိုင်းမှ သုံးလို့ရပါမယ်။

👉ဘယ်သူတွေနဲ့ ကိုက်ညီလဲ

အိမ်မှာ မိသားစုအများကြီး သုံးမည့်သူများ၊ ရုံးခန်းငယ်များနှင့် လစဉ် Wi-Fi ဖိုးကို ပုံသေပဲ သုံးစွဲချင်သူများ။

SM Distribution အနေနဲ့အကြံပေးရရင်တော့

💰 "ပိုက်ဆံထက် လိုင်းအကောင်းဆုံး၊ အမြန်ဆုံး ဖြစ်ဖို့က အဓိကပဲ" ဆိုရင်တော့ FlexiNet ကတ်ကို စက် (Router) နဲ့ တွဲယူဖို့ အကြံပေးပါရစေရှင်။

👨‍👩‍👧‍👦 "မိသားစု အများကြီးနဲ့ သုံးမှာ၊ လစဉ်ကြေးလည်း သက်သက်သာသာပဲ ပေးချင်တယ်" ဆိုရင်တော့ Broadband Wireless ကို ရွေးချယ်တာက ပိုကိုက်ညီပါလိမ့်မယ်။

တကယ်လို့ လူကြီးမင်းတို့က Portable Wifi ,Fiber Wifi အပြင် ATOM B2B နဲ့ပက်သတ်ပြီးဝယ်ယူချင်တယ်။ ဒါပေမဲ့ဘယ်လိုဟာမျိုးက်ိုရွေးချယ်ဝယ်ယူရမလဲမသိဘူး 🤔 ဖြစ်နေရင် SM Distribution ကိုသာရွေးချယ်လိုက်ပါရှင်။

SM Distribution ကဝယ်ယူအားပေးတဲ့ Customer အယောက်ချင်းစီတိုင်းကို လူကြီးမင်းတို့သုံးချင်တဲ့ Budget နဲ့ ဘယ်နေရာမှာဘယ်လိုသုံးချင်လဲဆိုတာအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မဲ့ဟာကိုပဲသေချာအကြံပေးပြီးရောင်းပေးတာမို့ ဝယ်ပြီး "နောင်တမရစေရဘူး" ဆိုတာတော့အာမခံပါတယ်နော်။✔️✔️

**************
"စိတ်ချမှန်ကန် SM"

☎️09776629993/09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

#စိတ်ချမှန်ကန်SM

တစ်နေကုန် အလုပ်ကိစ္စ ဖုန်းပြောရလို့ Bill ဖိုးတွေ အများကြီး ကုန်နေတဲ့ လူကြီးမင်းတို့အတွက် ATOM B2B SIM Card 🥳SM Distribut...
09/06/2026

တစ်နေကုန် အလုပ်ကိစ္စ ဖုန်းပြောရလို့ Bill ဖိုးတွေ အများကြီး ကုန်နေတဲ့ လူကြီးမင်းတို့အတွက် ATOM B2B SIM Card 🥳

SM Distribution ရဲ့ Customer အများစု မကြာခဏ မေးလေ့ရှိကြတဲ့ ATOM B2B Plan လေးတွေအကြောင်းကို အားသာချက်အားနည်းချက်နှင့်တကွ အသေးစိတ် ပြောပြပေးသွားပါမယ်ရှင်။

ATOM B2B မှာ 7,000 / 8,000 / 10,000 / 15,000 ဆိုပြီး Plan အမျိုးမျိုး ရှိတဲ့အထဲကမှ အမေးအများဆုံးဖြစ်တဲ့ 7,000 တန်နဲ့ 8,000 တန် Plan လေးနှစ်ခုအကြောင်းကို အရင်ဆုံး ပြောပြပေးပါရစေ။

👉 7,000 တန် Plan (လစဉ် Bill 7,000 ဖြည့်ရုံနဲ့)

✅ ဖြည့်လိုက်တဲ့ Bonus Bill 7,000 ပြန်ရ (ဒီ Bonus ကို အခြား Package ဝယ်ပြီး သူများကို လက်ဆောင်ပေးလို့ရသလို၊ ကိုယ်တိုင်လည်း ပြန်သုံးလို့ရပါတယ်)
✅ Internet - 3 GB
✅ ATOM to ATOM ဖုန်းခေါ်ဆိုမှု - နေ့စဉ် မိနစ် 300
✅ ATOM to ATOM SMS - လစဉ် အစောင်ရေ 1,000
✅ ATOM to Other Operators - လစဉ် 10 မိနစ်

👉 8,000 တန် Plan (လစဉ် Bill 8,000 ဖြည့်ရုံနဲ့)

✅ ဖြည့်လိုက်တဲ့ Bonus Bill 8,000 ပြန်ရ (Bonus ကို သူများကို လက်ဆောင်ပေးလို့ရသလို၊ ကိုယ်တိုင်လည်း သုံးနိုင်ပါတယ်)
✅ Internet - 3.5 GB
✅ ATOM to ATOM ဖုန်းခေါ်ဆိုမှု - နေ့စဉ် မိနစ် 500
✅ ATOM to ATOM SMS - လစဉ် အစောင်ရေ 1,000
✅ ATOM to Other Operators - လစဉ် 15 မိနစ်

(⚠️ အထက်ပါ Plan များသည် ရက် ၃၀ သက်တမ်းပဲ အကျုံးဝင်တာမို့ တစ်လပြည့်ရင် Bill ပြန်ထည့်ပြီး Plan ပြန်ဝယ်ယူရပါမယ်ရှင်)

💡 ATOM B2B ရဲ့ အားသာချက်နဲ့ အားနည်းချက်

အားသာချက် - ကိုယ်ထည့်လိုက်တဲ့ Bill တန်ဖိုးရဲ့ ၂ ဆ၊ ၃ ဆလောက်အထိ Bonus ပြန်ရလို့ ဖုန်းအပြောများသူတွေအတွက် တကယ်ကို တန်ပါတယ်။ 💸

အားနည်းချက် - Business ကတ်ဖြစ်လို့ မှတ်ပုံတင်အမည်ပေါက် ပြောင်းလဲလို့မရပါဘူး။ ဒါကြောင့် Kpay / Wavepay လျှောက်ဖို့ ရည်ရွယ်ပြီး ကတ်ဝယ်မယ့် လူကြီးမင်းတို့အတွက်တော့ မရွေးချယ်သင့်ပါဘူးရှင့်။ 🙅‍♀️

နောက်အပတ်တွေမှာလည်း ဒီထက်တန်တဲ့ Plan တွေအကြောင်း ထပ်ပြောပြပေးသွားဦးမှာမို့ Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ 😉

SM Distribution က ဝယ်ယူအားပေးတဲ့ Customer တိုင်းကို မိမိတို့ သုံးချင်တဲ့ Budget နဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး အကိုက်ညီဆုံးဖြစ်မယ့် Plan ကိုပဲ သေသေချာချာ အကြံပေးရောင်းချပေးတာမို့ ဝယ်ပြီး "နောင်တမရစေရဘူး" လို့ အပြည့်အဝ အာမခံပါတယ်ရှင်။ ❤️

(B2B ကတ်ကို တစ်ဆင့်ပြန်လည် ရောင်းချလိုသူများအတွက်လည်း လက်ကားဈေး သီးသန့်ရှိတာမို့ အသေးစိတ်ကို Message Box ကနေ အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီ!)

***********
"စိတ်ချမှန်ကန် SM"

☎️ 09776629993 / 09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

#စိတ်ချမှန်ကန်SM

Fiber Wi-Fi တွေဘာလို့ လိုင်းမကောင်းတာလဲ ❓ညီမတို့ ATOM Fiber Wifi နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးလာတဲ့ သက်တမ်းတစ်လျှောက် Cus...
07/06/2026

Fiber Wi-Fi တွေဘာလို့ လိုင်းမကောင်းတာလဲ ❓

ညီမတို့ ATOM Fiber Wifi နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးလာတဲ့ သက်တမ်းတစ်လျှောက် Customer 80% လောက်က အဆင်ပြေတယ် ပြောကြပေမဲ့၊ 20% လောက်ကတော့ လိုင်းအဆင်မပြေလို့ ဘာလို့လဲဆိုတာမျိုး မကြာခဏလှမ်းမေးတတ်ကြပါတယ်။

ဒါက လိုင်းဆွဲအားကို ရုံးဘက်က ထိန်းချုပ်ထားတာကြောင့် လုံးဝ မဟုတ်ပါဘူး။ ထိန်းချုပ်ထားတာ မဟုတ်ရင် ဘာကြောင့်လဲဆိုတာ မေးစရာ ရှိလာပါတယ်။ အဲဒါကြောင့် လိုင်းမကောင်းတတ်ရတဲ့ အကြောင်းရင်းတချို့ကို လူကြီးမင်းတို့ ဗဟုသုတရစေဖို့ ပြောပြပေးသွားပါမယ်။

🛜 Router နှင့် ဖုန်း အရမ်းဝေးနေခြင်း
အင်တာနက်လိုင်းက အိမ်ထဲအထိ အပြည့်ရောက်လာပေမယ့်၊ Wi-Fi ဗူးနဲ့ မိမိဖုန်း ဝေးသွားရင် သို့မဟုတ် အုတ်နံရံများ၊ အခန်းတံခါးများ ကာနေရင် လိုင်းဆွဲအား သိသိသာသာ ကျသွားပြီး လိုင်းထစ်ရတာ ဖြစ်ပါတယ်။

🛜 သတ်မှတ်ထားသည့် လူဦးရေထက် ပိုမိုချိတ်ဆက်ခြင်း
အင်တာနက်လိုင်း (Bandwidth) ဆိုတာ ခွဲဝေစားရတဲ့ ကိတ်မုန့်တစ်ခုလိုပါပဲ။ မိသားစု ၄ ယောက်စာအတွက် သင့်တော်တဲ့ ⁠20 Mbps⁠ လိုင်းတစ်ခုမှာ လူ ၁၀ ယောက်လောက် ပြိုင်တူချိတ်သုံးလာတဲ့အခါ တစ်ယောက်ချင်းစီရမယ့် လိုင်းအမြန်နှုန်း ကျသွားပြီး လေးသွားတတ်ပါတယ်။

🛜 Mbps အမြင့်ကြီးကို ရိုးရိုး Router ဖြင့် သုံးခြင်း
⁠50 Mbps⁠ သို့မဟုတ် ⁠100 Mbps⁠ လိုင်းအမြင့်ကြီးတွေ ဝယ်ထားပေမယ့် သာမန် Router (2.4 GHz လှိုင်းတစ်ခုတည်းလွှင့်နိုင်သည့်စက်) နဲ့ပဲ သုံးနေရင် အဲဒီစက်က လေထုထဲကို ⁠40-50 Mbps⁠ ထက် ပိုမထုတ်ပေးနိုင်လို့ လိုင်းအပြည့်မရဘဲ လေးနေတတ်ပါတယ်။

🛜 တစ်ပြိုင်နက်တည်း Data အသုံးကြမ်းခြင်း
အိမ်မှာ လူနည်းပေမယ့် တစ်ယောက်က အွန်လိုင်းဂိမ်းဆော့နေချိန်၊ TV နဲ့ 4K/HD ဗီဒီယိုကြည့်နေချိန် သို့မဟုတ် ဖိုင်အကြီးကြီးတွေ ဒေါင်းလုဒ်ဆွဲနေချိန်မျိုးမှာ အင်တာနက်လိုင်းအားလုံးကို အဲဒီအလုပ်က စုပ်ယူသွားတာကြောင့် ကျန်တဲ့သူတွေမှာ လိုင်းထစ်သွားတတ်ပါတယ်။

🛜 လမ်းဘေးက ဖိုက်ဘာမှန်ကြိုးများ ထိခိုက်မိခြင်း
လမ်းပေါ်က အင်တာနက်ပုံးကနေ ဆွဲထားတဲ့ ဖိုက်ဘာကြိုးဟာ မှန်သားအမျှင်လေးတွေ ဖြစ်ပါတယ်။ လမ်းခရီးမှာ သစ်ပင်နဲ့ငြိတာ၊ ကြိုးကွေးကောက်ပြီး ဖိမိတာမျိုး ဖြစ်နေရင် အတွင်းက အလင်းလှိုင်းစီးဆင်းမှု အားနည်းသွားပြီး လိုင်းခဏခဏ ပြတ်တောက်တတ်ပါတယ်။

ဒီလောက်ဆိုရင် အင်တာနက်လိုင်း ဘာလို့ ထစ်ရသလဲဆိုတဲ့ အကြောင်းရင်းတွေကို သိသွားကြလိမ့်မယ် ထင်ပါတယ်ရှင့်။

တကယ်လို့ မိမိအိမ်မှာ ATOM Fiber Wi-Fi တပ်ချင်တာမျိုးရှိရင် Wi-Fi နဲ့ ပတ်သက်ပြီး စမတပ်ခင်ကတည်းကနေ တပ်ဆင်ပြီး အသုံးပြုတဲ့အထိ အစအဆုံး အပြည့်အဝ တာဝန်ယူ ဝန်ဆောင်မှုပေးတဲ့ ATOM Official Distributor ဖြစ်တဲ့ "SM Distribution" ကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါရှင့်။✔️✔️

နောက်နောင်လည်း အင်တာနက်ကို စမတ်ကျကျ သုံးနိုင်မယ့် နည်းပညာဗဟုသုတတွေ၊ လျှို့ဝှက်ချက်တွေကို အမြဲတမ်း ပုံမှန်မျှဝေပေးသွားမှာမို့လို့ ကျွန်တော်တို့ရဲ့ Page ကို Like နဲ့ Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။✅✅

**************
"စိတ်ချမှန်ကန် SM"

☎️09776629993/09778829993

📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

#ကျောက်ဆည် #စိတ်ချမှန်ကန်SM

အင်တာနက်ဖိုးတွေ ကုန်လွန်းလို့ စိတ်ညစ်နေရတဲ့သူများအတွက် သတင်းကောင်း 🌐✨တစ်ရက်တစ်ရက် အင်တာနက် Package တွေ ဝယ်သုံးရတာလဲ ပိုက...
06/06/2026

အင်တာနက်ဖိုးတွေ ကုန်လွန်းလို့ စိတ်ညစ်နေရတဲ့သူများအတွက် သတင်းကောင်း 🌐✨

တစ်ရက်တစ်ရက် အင်တာနက် Package တွေ ဝယ်သုံးရတာလဲ ပိုက်ဆံတွေက ကုန်လှပြီ။ 💸

ကုန်ကျစရိတ် သက်သာအောင်ဆိုပြီး Wifi တပ်ပြန်တော့လည်း အပြင်သွားရင် သယ်သွားလို့မရတဲ့အပြင်၊ အင်တာနက်လောက် လိုင်းဆွဲအားက ကောင်းမနေလို့ စိတ်ညစ်ရပြန်တယ် ဟုတ်။🤦‍♀️

ဒီပြဿနာအားလုံးကို အပြီးတိုင်ဖြေရှင်းပေးဖို့ ATOM က ထုတ်ပေးထားတဲ့ "Flexinet ကတ်" ရှိနေပါပြီ။ ✨

ဖုန်းထဲထည့်ပြီး သွားလေရာ သယ်သွားလို့ရတဲ့ Portable Wifi ကတ်အမျိုးအစားဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး ATOM 4G မိတဲ့ ဘယ်နေရာမှာမဆို အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ်။

💰 Flexinet ကတ်ရဲ့ ဈေးနှုန်းကတော့
ပထမစစဝယ်ဝယ်ချင်းမှာ 80 Gb (၁ လသက်တမ်း) ပါဝင်ပြီး 35,000 ကျပ် ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

နောက်လတွေ သက်တမ်းတိုးချင်ရင်လည်း -

✅55 gb - 16,000 ကျပ် (၁ လသက်တမ်း)
✅35 gb - 11,000 ကျပ် (၁ လသက်တမ်း)
✅35 gb - 10,000 ကျပ် (ရက် ၂၀ သက်တမ်း)
✅15 gb - 5,500 ကျပ် (၇ ရက်သက်တမ်း) ဆိုပြီးစိတ်ကြိုက် Plan တွေကို ရွေးချယ်တိုးနိုင်ပါတယ်။

ပုံမှန် ATOM Sim Card တွေမှာ ဝယ်လို့ရတဲ့ အင်တာနက် Package တွေ ဝယ်သုံးမယ်ဆို 1 Gb ကို 3,910 ကျပ်နဲ့ဝယ်ရပါတယ်။
အဲ့ထက်တန်တဲ့ 25,000 တန် Package ဆိုရင်တောင် 22 Gb ပဲ ရတာမို့ အခု Flexinet ကတ်က အများကြီးပိုပြီးသက်သာတာမို့ အတော်လေးတန်ပါတယ်။

လိုင်းလည်းရှယ်ကောင်း၊ စရိတ်လည်း အဆပေါင်းများစွာ သက်သာမယ့် Flexinet ကတ်လေးကို အခုပဲ အမြန်ဆုံး ဝယ်ယူအသုံးပြုလိုက်တော့နော်။ 🛒🌐

တကယ်လို့ လူကြီးမင်းတို့က Portable Wifi ,Fiber Wifi အပြင် ATOM B2B နဲ့ပတ်သတ်ပြီး ဝယ်ယူချင်တယ်။ ဒါပေမဲ့ ဘယ်လိုဟာမျိုးကို ရွေးချယ်ဝယ်ယူရမလဲ မသိဘူး 🤔 ဖြစ်နေရင် SM Distribution ကိုသာ ရွေးချယ်လိုက်ပါရှင်။

SM Distribution က ဝယ်ယူအားပေးတဲ့ Customer အယောက်ချင်းစီတိုင်းကို လူကြီးမင်းတို့ သုံးချင်တဲ့ Budget နဲ့ ဘယ်နေရာမှာ ဘယ်လိုသုံးချင်လဲဆိုတာအပေါ် မူတည်ပြီး အကောင်းဆုံးဖြစ်မယ့်ဟာကိုပဲ သေချာအကြံပေးပြီး ရောင်းပေးတာမို့ ဝယ်ပြီး "နောင်တမရစေရဘူး" ဆိုတာတော့ အာမခံပါတယ်နော်။✔️✔️

***************

"စိတ်ချမှန်ကန် SM"
☎️ 09776629993 / 09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။
#အိတ်ဆောင်Wifi #ကျောက်ဆည် #စိတ်ချမှန်ကန်SM

Flexinet ကတ်ဆိုတာဘာလဲ ❓ ဖုန်းပြောလို့ရောရလား ❓ ဈေးကရော ဘယ်လောက်လဲ ❓ပုံမှန် ATOM Sim Card တွေမှာဝယ်လို့ရတဲ့ Package နဲ့ဘာ...
05/06/2026

Flexinet ကတ်ဆိုတာဘာလဲ ❓
ဖုန်းပြောလို့ရောရလား ❓ ဈေးကရော ဘယ်လောက်လဲ ❓
ပုံမှန် ATOM Sim Card တွေမှာဝယ်လို့ရတဲ့ Package နဲ့ဘာကွာလဲ❓

Flexinet ကတ်ဆိုတာက လူကြီးမင်းတို့ အင်တာနက်ကို ဈေးသက်သက်သာသာ သုံးဖို့အတွက် ATOM က ထုတ်ပေးထားတဲ့ သွားလေရာ သယ်သွားလို့ရတဲ့ Wifi ကတ်တစ်မျိုး ဖြစ်ပါတယ်။ Wifi ကတ်ဖြစ်တဲ့အတွက်ကြောင့် ဖုန်းပြောလို့တော့ မရပါဘူး။

မြန်မာတစ်နိုင်ငံလုံး ATOM 4G မိတဲ့ ဘယ်နေရာမဆို သုံးလို့ရမှာဖြစ်ပြီးတော့ ကိုယ်နေထိုင်တဲ့နေရာရဲ့ ATOM ဖုန်းတာဝါတိုင်က ထုတ်လွှတ်ပေးတဲ့ လိုင်းအပေါ်မူတည်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။

ပုံမှန် Sim card တွေမှာ ဝယ်လို့ရတဲ့ အင်တာနက် Package တွေ ဝယ်သုံးမယ်ဆို 1 Gb ကို 3,910 ကျပ်အထိ ကျသင့်ပြီး အဲ့ထက်တန်တဲ့ 25,000 တန် Package ဆိုရင်တောင် 22 Gb ပဲ ရတာပါ။

အခု Flexinet ကတ်က ပုံမှန်ဆင်းကတ်တွေထဲကနေ ဝယ်သုံးတဲ့ Plan ထက် အဆပေါင်းများစွာ ဈေးပိုသက်သာပါတယ်။
💰 Flexinet လေးက ပထမစစဝယ်ဝယ်ချင်းမှာ 80 Gb (၁ လသက်တမ်း) ပါဝင်ပြီး 35,000 ကျပ် ပဲ ကျသင့်မှာ ဖြစ်ပါတယ်။
နောက်လတွေ သက်တမ်းတိုးချင်ရင်တော့
👉 55 gb - 16,000 ကျပ် (၁ လသက်တမ်း)
👉 35 gb - 11,000 ကျပ် (၁ လသက်တမ်း)
👉35 gb - 10,000 ကျပ် (ရက် ၂၀ သက်တမ်း)
👉15 gb - 5,500 ကျပ် (၇ ရက်သက်တမ်း)ဆိုပြီး လူကြီးမင်းတို့စိတ်ကြိုက် Plan တွေကို ရွေးချယ်တိုးနိုင်ပါတယ်။

⚠️ အသုံးပြုသူများ သတိပြုရမှာလေးကတော့
Flexinet ကတ်ကလေးက ဝိုင်ဖိုင်ကတ်ဆိုသော်ညားလည်း Gb နဲ့လာတာမို့ လူကြီးမင်းတို့ သုံးရင်သုံးသလောက်ပဲ နှုတ်ယူကုန်ကျမှာ ဖြစ်ပါတယ်။

ဒီလောက်ဆို ATOM Flexinet ကတ်ကလေးအကြောင်းကိုစုံစုံလင်လင်သိသွားလိမ့်မယါလို့ထင်ပါတယ်ရှင်။

တကယ်လို့ လူကြီးမင်းတို့က Portable Wifi ,Fiber Wifi အပြင် ATOM B2B နဲ့ပက်သတ်ပြီးဝယ်ယူချင်တယ်။ ဒါပေမဲ့ဘယ်လိုဟာမျိုးက်ိုရွေးချယ်ဝယ်ယူရမလဲမသိဘူး🤔ဖြစ်နေရင် SM Distribution ကိုသာရွေးချယ်လိုက်ပါရှင်။

SM Distribution ကဝယ်ယူအားပေးတဲ့ Customer အယောက်ချင်းစီတိုင်းကို လူကြီးမင်းတို့သုံးချင်တဲ့ Budget နဲ့ ဘယ်နေရာမှာဘယ်လိုသုံးချင်လဲဆိုတာအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မဲ့ဟာကိုပဲသေချာအကြံပေးပြီးရောင်းပေးတာမို့ ဝယ်ပြီး "နောင်တမရစေရဘူး" ဆိုတာတော့အာမခံပါတယ်နော်။✔️✔️

**************
"စိတ်ချမှန်ကန် SM"

☎️09776629993/09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

#စိတ်ချမှန်ကန်SM

🎬 ATOM Fiber Wi-Fi တပ်တော့မယ်ဆို ကိုယ်နဲ့ကိုက်ညီမဲ့ Mbps Package ရွေးချယ်နည်း 🌐Fiber Wi-Fi တပ်ချင်တယ်။ဒါပေမဲ့ ကိုယ့်အိမ်...
04/06/2026

🎬 ATOM Fiber Wi-Fi တပ်တော့မယ်ဆို ကိုယ်နဲ့ကိုက်ညီမဲ့ Mbps Package ရွေးချယ်နည်း 🌐

Fiber Wi-Fi တပ်ချင်တယ်။
ဒါပေမဲ့ ကိုယ့်အိမ်နဲ့ ဘယ် Mbps ဆို အဆင်ပြေမလဲ
လိုင်းပိုကောင်းချင်ရင် Mbps ပိုများတဲ့ Plan ယူရမှာလား ဆိုပြီး Customer အများစုကမေးကြတယ်ပေါ့နော်။

ဒါတွေနဲ့ ပတ်သက်ပြီး အလေအလွင့်မရှိဘဲ ရွေးချယ်နိုင်ဖို့ လူဦးရေအလိုက် တွက်ချက်နည်းနဲ့ လူမပြောတဲ့ လျှို့ဝှက်ချက်တွေကို မျှဝေပေးသွားပါမယ်။

Fiber အင်တာနက်တွေရဲ့ သဘောတရားအရ သာမန် Facebook သုံးတာ၊ YouTube ကြည့်တာ၊ TikTok ကြည့်တာမျိုးအတွက် စမတ်ဖုန်း တစ်လုံးကို 5 Mbps ဝန်းကျင် ရှိရင် လိုင်းမထစ်ဘဲ ရှောရှောရှူရှူ သုံးနိုင်ပါတယ်။

ဒီစံနှုန်းအတိုင်းဆိုရင် ATOM ရဲ့ ပက်ကေ့ချ်တွေအလိုက် ကိုယ်သုံးမဲ့လူဦးရေအတိုင်း အဆင်ပြေပြေ သုံးနိုင်အောင် သီအိုရီနဲ့အညီတွက်ချက်ပြပေးထားပါတယ်။
(⚠️ရှောရှောရှူရှူသုံးလို့ရမဲ့ပမာဏကိုပဲတွက်ပြထားတာမို့ တွက်ပြထားတဲ့ဖုန်းအလုံးရေထက် ပိုသုံးချင်ပါက ပိုသုံးလို့ရပါတယ်။ ဒါပေမဲ့ကိုယ်သုံးချင်သလောက်သုံးရင်လိုင်းအတက်အကျလေးရှိတာမို့နားလာ်ခွင့်လွှတ်ပေးစေချင်ပါတယ်ရှင့်)

📊 ATOM Mbps အလိုက် လိုင်းမထစ်ဘဲ သုံးနိုင်မဲ့ ဖုန်းအရေအတွက်

🛜 20 Mbps - ဖုန်း ၃ လုံး မှ ၄ လုံးအထိ (မိသားစု 🛜အနည်းငယ်ရှိတဲ့ အိမ်တွေအတွက်)
🛜25 Mbps / 30 Mbps - ဖုန်း ၅ လုံး မှ ၆ လုံးအထိ (သာမန် မိသားစုဝင် အလတ်စားတွေအတွက်)
🛜 40 Mbps - ဖုန်း ၇ လုံး မှ ၈ လုံးအထိ (အိမ်မှာ လူနည်းနည်းများတဲ့ မိသားစုတွေအတွက်)
🛜50 Mbps - ဖုန်း ၁၀ လုံး ဝန်းကျင်
🛜75 Mbps - ဖုန်း ၁၅ လုံး ဝန်းကျင်
🛜100 Mbps - ဖုန်း အလုံး ၂၀ နှင့်အထက် (ရုံးခန်းငယ်များနှင့် လူဦးရေ အလွန်များသောအိမ်များအတွက်)

ဒါပေမဲ့ ညီမတို့ Fiber Wifi ကိုရောင်းချတပ်ဆင်ပေးလာတဲ့အတွေ့အကြုံအရပြောရမယ်ဆိုရင်တော့
လက်တွေ့မှာ အိမ်သုံးအတွက် 50 Mbps အထိပဲ ယူဖို့ အကြံပြုချင်ပါတယ်။

ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ သာမန် Wi-Fi စက် (Router) တွေဟာ နည်းပညာပိုင်းအရ 50 Mbps ထက်ကျော်တဲ့ လိုင်းအမြန်နှုန်းကို အပြည့်အဝ ထုတ်မလွှင့်ပေးနိုင်ပါဘူး။

ဒါကြောင့် Mbps အမြင့်ကြီးအတွက် ပိုက်ဆံအကုန်ခံထားပေမဲ့စက်က အနိမ့်ဆိုရင် 40-50 Mbps ဝန်းကျင်ပဲ ပြန်ရမှာမို့လို့ လူကြီးမင်းတို့ငွေကုန်ရကျိုးမနပ်ပဲစိတ်မညစ်စေရဖို့အတွက် စေတနာရှေ့ထားပြီးပြောပြရခြင်းဖြစ်ပါတယ်။

ဒီလောက်ဆို Fiber Wifi နဲ့ပတ်သက်ပြီးဗဟုသုတရသွားလိမ့်မယ်လို့ထင်ပါတယ်။

တကယ်လို့ လူကြီးမင်းတို့က Fiber Wifi အပြင် ATOM B2B နဲ့ပက်သတ်ပြီးဝယ်ယူချင်တယ်။ ဒါပေမဲ့ဘယ်လိုဟာမျိုးက်ိုရွေးချယ်ဝယ်ယူရမလဲမသိဘူး🤔ဖြစ်နေရင် SM Distribution ကိုသာရွေးချယ်လိုက်ပါရှင်။

SM Distribution ကဝယ်ယူအားပေးတဲ့ Customer အယောက်ချင်းစီတိုင်းကို လူကြီးမင်းတို့သုံးချင်တဲ့ Budget နဲ့ ဘယ်နေရာမှာဘယ်လိုသုံးချင်လဲဆိုတာအပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်မဲ့ဟာကိုပဲသေချာအကြံပေးပြီးရောင်းပေးတာမို့ ဝယ်ပြီး "နောင်တမရစေရဘူး" ဆိုတာတော့အာမခံပါတယ်နော်။✔️✔️

**************
"စိတ်ချမှန်ကန် SM"

☎️09776629993/09778829993
📍 ကျောက်ဆည်နည်းပညာတက္ကသိုလ်အနီး၊ ညောင်ခြောက်ပင်ရပ်ကွက်၊ ကျောက်ဆည်မြို့။

CustomerAwareness #စိတ်ချမှန်ကန်SM

Address

TU ကျောင်းအနီး/ရတနာလမ်း/ညောင်ခြောက်ပင်ရပ်ကွက်
Kyaukse

Telephone

+959784238914

Website

Alerts

Be the first to know and let us send you an email when SM Distribution Kyaukse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share