38 Book-Shelf

38 Book-Shelf ����������������

27/09/2021

ဒေါသထွက်နေတဲ့ အချိန်မှာ…
စကားမပြောပဲ နေလိုက်တာဟာ
💥💥💥💥💥💥💥💥💥💥
အမှားပေါင်းများစွာ
အကျိုးမဲ့ပေါင်းများစွာ
ဆုံးရှုံးမှုပေါင်းများစွာကို
အကောင်းဆုံးသော တားဆီးပေးတဲ့နည်းပါပဲ။

ဒေါသနဲ့ပြောတဲ့ စကားတွေဟာ…
ဉာဏ်ပညာကိုလည်း ဖျက်ဆီးနိုင်တယ်။

ကျေးဇူးသိတတ်သောစိတ်ကိုလည်း
ဖျက်ဆီးနိုင်တယ်။

မေတ္တာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။
အကြင်နာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။

အနှစ်နှစ် အလလ ချစ်ခဲ့သမျှတွေကိုလည်း
ဖျက်ဆီးနိုင်တယ်။

သည်းခံစိတ် ခန္တီတရားကိုလည်း
ဖျက်ဆီးနိုင်တယ်။

အတိတ်က ကောင်းခဲ့တာတွေကိုလည်း
ဖျက်ဆီးနိုင်တယ်။

အနာဂါတ်အတွက်
မျှော်လင့်ချက် အိပ်မက်တွေကိုလည်း
ဖျက်ဆီးပစ်နိုင်တယ်။

သူငယ်ချင်းဘဝတွေ
လုပ်ဖော်ကိုင်ဖက်ဘဝတွေ
ညီအစ်ကို မောင်နှမဘဝတွေ
ချစ်သူရည်းစားဘဝတွေ

မိသားစုဘဝတွေရဲ့ ချစ်ခင်ညီညွတ်နေမှု
တွေကိုတစစီ တစစီ ကျေမွပြိုကွဲသွားအောင်
ဖြိုခွင်းနိုင်တယ်။

ဒေါသထွက်လာတဲ့အခါ…
ကလျာဏ ဆိုတဲ့ အကောင်းဓာတ်တွေ
ပျောက်ဆုံးသွားတယ်။

ပါပဆိုတဲ့ မကောင်းဓာတ်တွေ
ဝင်စီးလွှမ်းမိုးလာတော့တယ်။

ယဉ်ကျေးတဲ့ အမူအရာတွေ
ပျောက်ဆုံးသွားတယ်။

ရိုင်းစိုင်းတဲ့အမူအရာတွေ ထွက်ပေါ်လာတယ်။

ချစ်စရာအကောင်းဆုံးရုပ်က…
ကြောက်စရာအကောင်းဆုံးရုပ်အဖြစ်
ပြောင်းလဲသွားတယ်။

အမှန်အမှား မခွဲခြားနိုင်တော့ဘူး။
အကောင်းအဆိုး မတွက်ဆနိုင်တော့ဘူး။

စကားတွေဟာ…
မှားပီးရင်း ဆက်မှားနေတော့တယ်။

ဆူပွက်နေတဲ့ နှလုံးသားကို
ဉာဏ်ပညာက တားဆီးနိုင်စွမ်း မရှိတော့ဘူး။

ဒါ့ကြောင့်
တခဏတာ ဒေါသစကားတွေက
တစ်ဘဝစာ ကျေမွအောင် ဖျက်ဆီးပစ်နိုင်တာမို့

ချစ်ကြတဲ့
သူငယ်ချင်း အချင်းချင်း
ညီအစ်ကိုမောင်နှမ အချင်းချင်း
ချစ်သူရည်းစား အချင်းချင်း

မိသားစု အချင်းချင်း
ဆရာတပည့် အချင်းချင်း
လုပ်ဖော်ကိုင်ဖက် အချင်းချင်း

အခန့်မသင့်လို့
ဒေါသထွက်ကြတဲ့အခါ
စကားမပြောဖြစ်အောင် နေပေးကြပါ....

#𝓙𝓾𝓾-ဂျူး-𝓒𝓡𝓓
Credit to the original uploader.

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Honey Honey
မေတ္တာဖြင့်မျှဝေသည်။

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

19/11/2020

လင်မယားနှစ်ယောက်ရှိတယ်။
ယောက်ျားက ကြက်ဟင်းခါးသီး သိပ်ကြိုက်တယ်။
မိန်းမက သိပ်မကြိုက်ဘူး။
မကြိုက်တော့ သူဟင်းချက်တဲ့အခါ ကြက်ဟင်းခါးသီး ချက်လေ့မရှိဘူး။ ယောက်ျားကကြိုက်တော့ သူကိုယ်တိုင်မီးဖိုချောင်ဝင်ရင် ကြက်ဟင်းခါးသီးဟင်းက ပါကိုပါတယ်။ ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ ယောက်ျားက အမြဲပြောတယ်။ မိန်းမမီးဖိုချောင်ဝင်လို့ ကြက်ဟင်းခါးသီးဟင်းမပါရင် ယောက်ျားက အပြစ်မပြောဘူး... မချက်ရကောင်းလားလို့လည်း မဆူဘူး.. ကြက်ဟင်းခါးသီးစားရင် ကောင်းတယ်လို့ပဲပြောတယ်။

ကလေးရလာတော့ ကလေးကလည်း ကြက်ဟင်းခါးသီး မကြိုက်ဘူး။ ဒါပေမဲ့ အမေနဲ့ ဈေးသွားတဲ့အခါ.. မေမေ ကြက်ဟင်းခါးသီးဝယ်ပါ.. ဖေဖေကြိုက်တယ်လို့ ပြောတတ်တယ်။

တစ်နေ့မှာ မိန်းမမီးဖိုချောင်ဝင်တယ်။
အသားနဲ့ ငရုတ်ပွကို သူကြော်ပြီး သားနဲ့သူ့အတွက် ဟင်းတစ်ဝက်ကို အရင်ဖယ်ထားလိုက်တယ်။ ကျန်တဲ့ တစ်ဝက်ထဲ ကြက်ဟင်းခါးသီးရောထည့်ကြော်တယ်။ ယောက်ျားအတွက်ပေါ့။ ဒါကို ယောက်ျားကတွေ့တော့ ဘာလို့ ခွဲကြော်သလဲမေးတယ်။ သားက ကြက်ဟင်းခါးသီးမကြိုက်တော့ အတူရောကြော်ရင် အသားတွေပါခါးသွားမှာစိုးလို့လို့ မိန်းမကပြောတယ်။

မိန်းမပြောတာကို နားထောင်ပြီးယောက်ျားက ရယ်တယ်။ အဲဒီနောက် ယောက်ျားကပြောတယ်... ကြက်ဟင်းခါးသီးဟာ ဘာနဲ့ရောကြော်ကြော် သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ထည့်မပေးဘူး၊ အခါးဓာတ် ကူးမပေးဘူး.. သူက လူကြီးလူကောင်းလိုမျိုး အသီးပါ တဲ့။

ကြက်ဟင်းခါးသီးက သူ့အခါးဓာတ်ကို သူနဲ့ရောကြော်တဲ့အရာထဲ ကူးမပေးဘူးဆိုတာကို မိန်းမက ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်ပြီး အတူရောကြော်ထားတဲ့ အသားကိုစားကြည့်လိုက်တာ အဲဒီအသားက ခါးမနေတာကို တွေ့ရတယ်။

ဒါကို သားကသိတော့ ဖေဖေဟာလည်း လူကြီးလူကောင်းပါ.. သူကြိုက်တာကို မလုပ်ပေးလည်း မေမေ့ကိုတစ်ခါမှ အပြစ်မဆိုခဲ့ဘူး တဲ့။

(ကိုယ့်ဒေါသ၊ ကိုယ့်စိတ်ခံစားချက်၊အပျက်ဓာတ်၊ ကိုယ့်ရဲ့မကောင်းတာကို ကိုယ့်ဆီမှာပဲချုပ်ငြိမ်းသွားစေပြီး တခြားသူကို ကူးစက်မပေးတာဟာ လူကြီးလူကောင်းပါပဲ )

လူကြီးလူကောင်းများနှင့်သာ အမြဲတွေ့ဆုံနိုင်ကြပါစေ၊
ကိုယ်တိုင်ကလည်း လူကြီးလူကောင်းကဲ့သို့ ကျင့်ကြံနေထိုင်နိုင်ကြပါစေ... ဆန္ဒပြုပါသည်

မူရင်းရေးသားသူကို ပေးပါသည်

19/11/2020

ကျားဆရာ....

တစ်ခါတုန်းက..ဆပ်ကပ်တစ်ခုမှာ.....ကျားလိမ္မာတစ်ကောင်ရှိတယ်... ဒီကျားလေးဟာ ငယ်ငယ်ကတည်းက ဆပ်ကပ်ထဲမှာမွေးပြီး....ဆပ်ကပ်ကလူတွေနဲ့ရင်းနှီးနေတာကြောင့် အရမ်းကိုလိမ္မာပါတယ်.....ဆပ်ကပ်ကိုလာကြည့်တဲ့လူတိုင်းဟာ...ကျားလေးရဲ့ပြကွက်ဆန်းတွေအောင်မှာရင်သပ်ရှုမော......အရမ်းကိုသဘောကျကြတယ်......

ဆပ်ကပ်ကလည်း ကျားလေးအပေါ်မူတည်ပြီး....နာမယ်တစ်ဖြည်းဖြည်းကြီးလာတာပေါ့....တိရိ စ္ဆာန်စောင့်ရှောက်ရေးအသင်းတွေကလည်း...ကျားလေးရဲ့ သတင်းကို အမြဲနားစွင့်နေတယ်.....ဒီလိုနဲ့နှစ်တွေကြာညောင်းလာခဲ့တော့....ကျားလေးလည်းအသက်ကြီးလာပြီး....ကျားအိုဖြစ်လာခဲ့တယ်....

ဆပ်ကပ်ပိုင်ရှင်အဖွဲ့သားတွေက...ကျားအိုလေးကိုလှောင်အိမ်ထဲမှာပဲထားပြီး.... ပွဲမထုတ်တော့ဘူးပေါ့.....

တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ကလူတွေက....ကျားအိုလေးကို...ဘေးမဲ့ပေးပါလို့ ဝိုင်းပြီးတောင်းဆိုကြတယ်..... သူ့ဘဝတစ်လျောက်လုံးမှာ....လှောင်အိမ်နဲ့ပြပွဲမှာပဲ လူတွေခိုင်းသမျှအသုံးတော်ခံခဲ့ရတာဖြစ်လို့.....လွတ်လပ်ခြင်းကိုခံစားစေဖို့...ဘေးမဲ့ပေးဖို့တောင်းဆိုကြပါတယ်.....

ဆပ်ကပ်ပိုင်ရှင်တွေကလည်း ကျားအိုလေးကိုသံယောဇဉ်ရှိတာကြောင့် ဘေးမဲ့မပေးချင်ဘဲ...သူတို့ပဲမွေးမြူထားချင်တယ်.....နောက်ဆုံးတော့...တိရိစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့နဲ့ ဆပ်ကပ်သမားတွေ အချေတင်ဖြစ်ကြပြီး....ပြည်သူတွေပါ...ပါလာတော့တယ်..... ဘေးမဲ့ပေးသင့်တယ်.....နောက်ဆုံးအချိန်မှာတောင်မှ ကိုယ်ချင်းမစာဘူး.....ခိုင်းစားကြတယ်...လူမဆန်ဘူး...စသည်ဖြင့်ပြောဆိုပြစ်တင်ဝေဖန်ကြတယ်....

ဒါနဲ့.....ပဲ..ကျားအိုလေးကို သစ်တောထဲမှာသွားပြီးဘေးမဲ့ပေးလိုက်ရတော့တယ်...... တစ်လလောက်ကြာတဲ့အခါ..... ကျားအိုလေးကို...တောစပ်တစ်နေရာမှာ သေဆုံးနေတာကိုတွေ့ကြရတယ်...... လူတွေထဲကအချို့က....တော်သေးတာပေါ့....ကျားလေး မသေခင်မှာ သဘာဝအတိုင်းတောထဲမှာလွတ်လွတ်လပ်လပ်နေသွားရရှာတယ်.....ဘေးမဲ့ပေးလိုက်တာ အချိန်မှီပါပဲလို့ ဖြေသိမ့်ပြီးကျေနပ်ပီတိဖြစ်ကြတယ်.....

အဖြစ်မှန်ကတော့....ကျားအိုလေးဟာ...တောထဲမှာအသားမကျ....စားဖို့အမဲမလိုက်နိုင်ဘဲ....အစာငတ်...အားပြတ်ပြီးသေသွားတာပါ....သူမသိနားမလည်သွားတာက....

လူတွေရဲ့ကောင်းစေချင်တဲ့.....သူတော်ကောင်းလုပ်ရပ်တွေမှာ.....တစ်ခါတစ်ရံ အင်မတန်ကြောက်စရာကောင်းတဲ့ မသိနားမလည်မှုနဲ့ ဟန်ဆောင်မှုတွေပြည့်နေတတ်တယ် ဆိုတာပါပဲ.......

#ကိုမင်းမောင်
ပေးပါသည်

3000k
05/08/2020

3000k

2000 k
04/08/2020

2000 k

လက်ကားမှာလိုလျှင်ကျောင်းအရောက်ဝန်ဆောင်မှု😄 ပို့ခမလို😍
02/08/2020

လက်ကားမှာလိုလျှင်ကျောင်းအရောက်ဝန်ဆောင်မှု😄 ပို့ခမလို😍

ကြိုက်တာသာ မှာပါ 😍😍 မူလဈေးအတိုင်း😇
26/07/2020

ကြိုက်တာသာ မှာပါ 😍😍 မူလဈေးအတိုင်း😇

15/07/2020

Address

Kyidaunggan

Telephone

+959699052205

Website

Alerts

Be the first to know and let us send you an email when 38 Book-Shelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category