Menma Indoor Plants

Menma Indoor Plants Succulents, Cactus and Indoor Plants

🍀🍀 Jade Plant 🍀🍀🌿🌿 Jade plant လို့ခေါ်တဲ့ Crassula ovata ဟာ ချစ်စရာကောင်းတဲ့ အစိမ်းရောင်အရွက်လေးတွေကြောင့် လူကြိုက်များလ...
01/09/2020

🍀🍀 Jade Plant 🍀🍀

🌿🌿 Jade plant လို့ခေါ်တဲ့ Crassula ovata ဟာ ချစ်စရာကောင်းတဲ့ အစိမ်းရောင်အရွက်လေးတွေကြောင့် လူကြိုက်များလှပါတယ်။ ကံကောင်းလာဘ်ရွှင်စေတယ်လို့ အယူရှိတာကြောင့် Lucky plant Money plant လို့လည်း တချို့ခေါ်ကြပါတယ်။ ဆိုင်အဝင်ဝတွေ၊ ရုံးခန်းတွေမှာ စိုက်ပျိုးထားခြင်းဖြင့် အလုပ်အကိုင်အဆင်ပြေခြင်း၊ စီးပွားရေးတိုးတက်အောင်မြင်ခြင်း တွေယူဆောင်လာနိုင်တယ်လို့ တရုတ်လူမျိုးများက ယုံကြည်ကြပါတယ်။
🌿🌿 Indoor ရော outdoor ပါစိုက်လို့ရပါတယ်။ ရေကောင်းကောင်းဆင်းသွားနိုင်မယ့် အိုးနဲ့ စိုက်ရပါမယ်။ သဲပါတဲ့ စပ်မြေမျိုးကို အသုံးပြုနိုင်ပါတယ်။
🌿🌿 အခြား succulents များလိုပဲ ရေမကြိုက်ပါဘူး။ အချိန်ဇယားနဲ့ ရေလောင်းတာထက် အောက်ခံမြေရဲ့ အပေါ်ယံလွှာခြောက်မှသာ လောင်းပေးတာကောင်းပါတယ်။ ရေလောင်းများတဲ့အခါမှာ အရွက်တွေဝါပြီး ပုပ်နိုင်သလို ရေလောင်းနည်းရင်လည်း အရွက်ခြောက်ပြီး အစက်အပြောက်လေးတွေပေါ်လာကာ ကြွေကျတတ်ပါတယ်။
🌿🌿 နေရောင်ခြည်ကောင်းကောင်းရဖို့ လိုအပ်ပါတယ်။ indoorစိုက်မယ်ဆိုရင်လည်း အလင်းရောင်ကောင်းကောင်းရပါစေ။
🌿🌿 မြေသြဇာကတော့ NPK အချိုးညီတဲ့မြေသြဇာကိုပဲ တစ်နှစ်မှာ ၂ကြိမ်ကျွေးနိုင်ပါတယ်။ ပုံမှန်လောင်းနေတဲ့ရေထဲမှာပဲ ထည့်ပြီးလောင်းပေးရပါတယ်။ အောက်ခံမြေခြောက်နေတဲ့အချိန်နဲ့ ဆောင်းတွင်းပိုင်းတွေမှာ မြေသြဇာမကျွေးရပါဘူး။
🌿🌿 ကဲ ဒီလောက်ဆိုရင် ချစ်စရာကောင်းတဲ့ Jade plant လေးတွေကို အလွယ်တကူထိန်းသိမ်းနိုင်ပါပြီ။
🌿🌿 အပင်အရမ်းကြီးလာရင် အိုးလဲပေးဖို့လည်း မမေ့နဲ့ဦးနော်🍀🍀🍀

😍😍page အသစ်လေးမလို့ like & share လုပ်ပြီး အားပေးပါဦးနော်😍😍😘

photo credit : google

🍀🍀 Jade Plant 🍀🍀

🌿🌿 အပင်အရမ်းကြီးလာရင် အိုးလဲပေးဘို့လည်း မမေ့နဲ့ဦးနော်🍀🍀🍀


photo credit : google

🍀🌿😍 Indoor plants လေးတွေကို ဘာကြောင့်စိုက်သင့်သလဲ😍🍀🌿🌿🌿 Indoor plants လေးတွေဟာ 🌿🌿🍀🍀🍀 စိုက်ပျိုးရလွယ်ကူခြင်း🍀🍀🍀 အျခားအပင်မ...
01/09/2020

🍀🌿😍 Indoor plants လေးတွေကို ဘာကြောင့်စိုက်သင့်သလဲ😍🍀🌿

🌿🌿 Indoor plants လေးတွေဟာ 🌿🌿

🍀🍀🍀 စိုက်ပျိုးရလွယ်ကူခြင်း
🍀🍀🍀 အျခားအပင်များလောက် ဂရုစိုက်စရာမလိုခြင်း
🍀🍀🍀 ချစ်စရာကောင်းတဲ့ ပုံသဏ္ဌာန်အမျိုးမျိုးရှိခြင်း
🍀🍀🍀 အလြယ္တကူ မျိုးပွားနိုင်ခြင်း
🍀🍀🍀 နေရာဒေသမရွေး စိုက်ပျိုးနိုင်ခြင်း
🍀🍀🍀 မိမိနှစ်သက်သလို ဖန်တီးအလှဆင်နိုင်ခြင်း
စတဲ့ အချက်တွေကြောင့် လူကြိုက်များလှပါတယ်။

ဒါ့အပြင် မိမိအိမ်တွင်းမှာ..Indoor plants လေးတွေစိုက်ထားခြင်းဖြင့်...🌿🌿

🍀🍀🍀 စိတ်ဖိစီးမှုကို လျော့ကျစေတယ်။
🍀🍀🍀 ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျှော့ပေးတယ်။
🍀🍀🍀 အာရုံစူးစိုက်မှုအားကောင်းစေတယ်။
🍀🍀🍀 ဖန်တီးနိုင်စွမ်းကို တိုးတက်စေတယ်။
🍀🍀🍀 လေထုထဲမှာရှိတဲ့ အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတယ်။
🍀🍀🍀 အထီးကျန်မှုတွေ သက်သာပျောက်ကင်းစေပါတယ်။

🍀🍀 လေထုထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်စီဂျင်ကိုပြန်ထုတ်ပေးခြင်းဖြင့် လတ်ဆတ်သန့်ရှင်းတဲ့ လေကိုရရှိစေကာ ပိုမိုကောင်းမွန်တဲ့ အိမ်တွင်း ရုံးတွင်း ပတ်ဝန်းကျင်လေးတစ်ခုကိုဖန်တီးပေးပါတယ်။

🍀🍀 အရေပြားခြောက်ခြင်း၊ လည်ချောင်းနာခြင်း၊ အအေးမိခြင်း စတဲ့ ရောဂါလက္ခဏာတွေကို သိသိသာသာသက်သာစေပြီး ရာသီတုပ်ကွေးနဲ့ အဖျားရောဂါများမှ ကာကွယ်ပေးပါတယ်။

🍀🍀 ဈေးနှုန်းကလည်း အျခားdecoration ပစ္စည်းတွေထက် အများကြီးသက်သာတာမို့လို့ လူတိုင်းဝယ်ပြီးစိုက်နိုင်ပါတယ်။

🍀🍀 စိတ်ဖိစီးမှုတွေမရှိတဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုဖန်တီးဖို့အတွက် အကောင်းဆုံးအဖော်မွန်လေးတွေဆိုရင်လည်း မမှားပါဘူး။

🍀🍀 အိမ်ကမိဘတွေမသိအောင် ခိုးစိုက်ရတာ၊ မဲပေါက်တယ်ဆိုပြီး စိုက်ရတာလည်း တကယ်ကိုပျော်စရာတစ်ခုပါနော်။

🍀🍀🌿 သူငယ်ချင်းတို့ရော ဘာကြောင့် indoor plants လေးတွေ စိုက္ထားတယ္ဆိုတာ မန့်ပေးသွားကြပါဦး 🌿🌿🌿

😍😍 page အသစ်ကလေးမလို့ Like&shareလေးလုပ်ပြီးလည်း ကူညီပေးကြပါဦးနော် 😘😘

photo credit : google



🍀🍀🍀 အခြားအပင်များလောက် ဂရုစိုက်စရာမလိုခြင်း
🍀🍀🍀 အလွယ်တကူ မျိုးပွားနိုင်ခြင်း





🌿🌿 ဈေးနှုန်းကလည်း အခြားdecoration ပစ္စည်းတွေထက် အများကြီးသက်သာတာမို့လို့ လူတိုင်းဝယ်ပြီးစိုက်နိုင်ပါတယ်။



🌿🌿 သူငယ်ချင်းတို့ရော ဘာကြောင့် indoor plants လေးတွေ စိုက်ထားကြတယ်ဆိုတာ မန့်ပေးသွားကြပါဦး။


photo credit : google

Address

Lashio

Telephone

+959786836472

Website

Alerts

Be the first to know and let us send you an email when Menma Indoor Plants posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Menma Indoor Plants:

Share