A by A Online Shopping Mall

A by A Online Shopping Mall Online Shopping Mall

ထောလပတ်ဆီ+အုန်းဆီ+Mascara အတွဲလေးမှာယူအားပေးတဲ့ မမကို A by A team မှ ကျေးဇူးတင်ရှိပါတယ်ရှင့်🤍ကျန်းမာလှပသော ဆံကေသာလေးပိုင...
09/05/2024

ထောလပတ်ဆီ+အုန်းဆီ+Mascara အတွဲလေး
မှာယူအားပေးတဲ့ မမကို A by A team မှ ကျေးဇူးတင်ရှိပါတယ်ရှင့်🤍
ကျန်းမာလှပသော ဆံကေသာလေးပိုင်ဆိုင်ပြီး စိတ်ချမ်းသာပျော်ရွှင်ပါစေရှင့်🙏

03/04/2024

ဆံပင်ကျွတ်ခြင်းကို ဖြေရှင်းပေးနိုင်တဲ့ သဘာဝ ကြက်ဆူဆီ

သရက်သီး အရမ်းကြိုက်တဲ့ ကလေးလေးတစ်ယောက်က သရက်သီးကို သူကြိုက်သလောက်စားနိုင်ဖို့အတွက် သရက်ပင်စိုက်ဖို့ ကြိုးစားခဲ့ပါတယ်။သူဟ...
02/04/2024

သရက်သီး အရမ်းကြိုက်တဲ့ ကလေးလေးတစ်ယောက်က သရက်သီးကို သူကြိုက်သလောက်စားနိုင်ဖို့အတွက် သရက်ပင်စိုက်ဖို့ ကြိုးစားခဲ့ပါတယ်။

သူဟာ ပထမတစ်ရက်မှာ သရက်စေ့လေးကို မြေကြီးထဲထဲ့ပြီး စိုက်ပျိုးခဲ့ပါတယ်။နောက်တစ်နေ့ရောက်တော့ သူက စိတ်မရှည်တော့ပါဘူး။

အပင်ပေါက်နေလားဆိုတာကို သိရဖို့ ‌မြေကြီးကိုပြန်တူးစွပါတော့တယ်။အပင်မပေါက်သေးတော့ မြေကြီးထဲပြန်ထည့်ထားလိုက်ပြန်ပါတယ်။နောက်တစ်ရက်လဲဒီအတိုင်းပြန်လုပ်ပါတယ်။

အဲ့လိုနဲ့ အပင်က မပေါက်နိုင်တော့ သူဟာ ဥယာဉ်မှူးတစ်ယောက်ကို မေးကြည့်တော့မှ စိတ်မရှည်ပဲ တူးစွကြည့်ခြင်းက မှားနေတာကို သင်ခန်းစာရရှိပြီး စိတ်ရှည်ရှည်နဲ့ သရက်ပင်ကို စိုက်ပျိုးနိုင်သွားပါတော့တယ်။

နောက် သရက်ပင်ကသီးလာတော့ သူလဲပျော်ရွှင်ပြီး စိတ်ကြိုက် သရက်သီးတွေစားရပါတော့တယ်။

ဒီအကြောင်းအရာထဲမှာ ကလေးလေးဟာ စိတ်မရှည်တဲ့အတွက် သူ့ရည်ရွယ်ချက်ဖြစ်တဲ့ သရက်ပင်ကိုစိုက်ပျိုးတာမှာ အချိန်ပိုကြာနေခဲ့ပါတယ်။

သူကစိတ်ရှည်ဖို့ကို သင်ယူခဲ့ပြီး ပြန်ပြင်ဆင်ချိန်မှာတော့ သူ့ရည်ရွယ်ချက်ကို အပြည့်အဝ ရရှိနိုင်ပါတော့တယ်။

စိတ်မရှည်ပဲ အလောတကြီး လုပ်မိတာတွေက ကိုယ့်ပန်းတိုင်ကို နှောင့်နှေးစေတတ်ပါတယ်။

ဘာပဲလုပ်လုပ် စိတ်ရှည်ရှည်နဲ့ သည်းခံမှသာလျင် ရည်းမှန်းချက်ပြည့်ဝပြီး ကြာရှည်လဲခံနိုင်မှာ ဖြစ်ပါတယ်ရှင့်။🥰

မင်မင်ကတော့ စိတ်မရှည်တာ စိတ်ရှုပ်စရာတွေဖြစ်နေရင် ခနလောက်အချိန်ပေးပြီး စိတ်မရှည်တဲ့အကြောင်းတွေ စိတ်ရှုပ်နေတာတွေ ချရေးလိုက်တာပါပဲ😁

ကာကာတို့ရော ဘယ်လိုနည်းလမ်းလေးနဲ့ စိတ်မရှည် စိတ်ရှုပ်တာတွေကို ဖြေရှင်းကြလဲ ပြောခဲ့ပါအုံးနော်။🤗

စိတ်ရှည်ရှည်နဲ့ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်🖤🤍
အားလုံးပဲ စိတ်ရှည်ရှည်နဲ့ လိုရာပန်းတိုင်သို့ရောက်ရှိကြပါစေရှင့်🙏


Mascara တစ်ခု အပြင် free shipping service လက်ဆောင်ယူ🎉တပေါင်းလပြည့်နေ့ဖြစ်တဲ့ March 24 ရက်ဟာဆိုရင် တပေါင်းပွဲတော် ၊ သဲပုံ...
23/03/2024

Mascara တစ်ခု အပြင် free shipping service လက်ဆောင်ယူ🎉

တပေါင်းလပြည့်နေ့ဖြစ်တဲ့ March 24 ရက်ဟာဆိုရင် တပေါင်းပွဲတော် ၊ သဲပုံစေတီပွဲတော် ကျင်းပတဲ့နေ့ပဲဖြစ်ပါတယ်။
ပွဲတော်နေ့မှာ ပထမဆုံး ဝယ်သူ 5 ဦးကို Mascara တစ်ခုလက်ဆောင်ပေးသွားမှာ ဖြစ်တဲ့အပြင် Deli ကိုပါ free ရမှာပဲဖြစ်ပါတယ်။🥰

Mascara ကတော့"ရှမ်းလက်ဆောင်"Productဖြစ်ပြီးတော့ organic စစ်စစ် ကြက်ဆူဆီသာ ပါဝင်ပြီး နှစ်ပတ်အတွင်းသိသိသာသာ မျက်ခုံး ထူလာခြင်း ၊ နက်လာခြင်း နဲ့ မျက်တောင်လေးများ ရှည်လာစေမှာ ဖြစ်ပါတယ်။Organic စစ်စစ်ဖြစ်ပြီး Chemical လုံးဝမပါ Local brand ဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ အသုံးပြုလို့ရပါတယ်။

Rule လေးတွေအနေနဲ့ 1 set သုံးမျိုးပါလို့ သုံးမျိုးဝယ်ယူမှသာ Mascara လက်ဆောင်လေးကို ရရှိမှာဖြစ်ပြီးတော့ ဝယ်ယူတဲ့ကာကာတို့အတွက် Page ကို like&follow လုပ်ပြီးတော့ Screenshot ပြရုံနဲ့ deli free ပို့ပေးမှာဖြစ်ပါတယ်နော် ( သုံးမျိုး set မဝယ်ပဲ ss ပြရင်လဲ Deli free ရအုံးမှာပါဗျာ )

ကဲဘာကိုစောင့်နေအုံးမလဲဗျို့🧐
Mascara လဲလက်ဆောင်ရ Deli ခ လဲ free ရမှာဆိုတော့ ဝယ်ယူသူ 5 ယောက်မပြည့်ခင် အရင်ဆုံး လက်ဦးမှဖြစ်မယ်နော် ( order တင်ထားလို့ရ )💜

ရနိုင်မဲ့ set လေးတွေကတော့ 👇

✅ဆံပင်ပျက်ဆီးသူ ၊ ဓာတုဆိုးဆေး ချွတ်ဆေးအသုံးများသူတွေ အတွက်
လက်ဖက်ဆီ+အုန်းဆီ+ထောလပတ်ဆီ = 17000ks

✅ဆံပင်အရမ်းကျွတ် ၊ ဆံပင်ပါး ၊ ထိပ်ပြောင်သူများအတွက်
လက်ဖက်ဆီ+အုန်းဆီ+ကြက်ဆူဆီ = 15500ks

✅ဆံပင်ဖြူသူများအတွက် သဘာဝ အတိုင်း ဆံပင်နက်စေတဲ့
လက်ဖက်ဆီ+အုန်းဆီ+ကြိတ်မှန်ဆီ = 18500ks

❗အသုံးပြုနည်း

🖤ကြိတ်မှန်ဆီ ၊ ကြက်ဆူဆီ ၊ ထောလပတ်ဆီ တို့ကိုဦးရေပြားမှာအရင်လိမ်းပါ။

🖤လက်ဖက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
အုန်းဆီ စားပွဲတင်ဇွန်း 3 ဇွန်း ရောပြီး လိမ်းပေးပါ။
မွှေရခက်နေရင် ရေနွေးဖြူ တစ်ဇွန်းလောက်ထဲ့ပေးလို့ရပါတယ်။

🖤ရေမချိုးခင် 20 mins လောက်နပ်ထားပေးပြီး သုံးနေကျ shampoo နဲ့ ခေါင်းလျှော်လိုက်လို့ရပါပြီ။
တစ်ပတ် နှစ်ခါလောက် အနည်းဆုံး လုပ်ပေးသင့်ပါတယ်။

သိသိသာသာ ဆံသားလေးတွေကောင်းမွန်လာပြီ baby hairလေးတွေပါထွက်လာပါလိမ့်မယ်🤗

📍မှာယူချင်တယ်ဆိုပါက Page Cb သို့မဟုတ် 09403765677 ,09784801069 သို့ဆက်သွယ်မှာယူလို့ရပါတယ်ခဗျာ။

📍ဆိုင်လိပ်စာ - ရပ်ကွက် ၉ ၊ နယ်မြေ ၉ ၊ ဘူတာလမ်းမကြီး ၊ ကမ္ဘောဇသောက်ရေသန့်အနီး ၊ လားရှိုးမြို့။

ကျန်မြို့များ ငွေလွဲဝင်တာနဲ့ ကားဂိတ်တင်ပေးပါသည်။



#လက်ဖက်ဆီ
#ကြက်ဆူဆီ
#အုန်းဆီ
#ကြိတ်မှန်ဆီ
#ထောလပတ်ဆီ

20/03/2024

စိတ်ရှုပ်စရာတွေများနေတဲ့အခါ🤔

မထိန်းချုပ်နိုင်တာတွေကိုတွေးပြီး စိတ်ညစ်နေမဲ့အစား

ထိန်းချုပ်နိုင်တဲ့အရာလေးတွေကို အာရုံစိုက်တာက ပိုအကျိုးရှိပါတယ်။🍊

😁  crd
19/03/2024

😁
crd

🤗Helloကာကာလေးတို့ရေ🍎မကြာခင်မှာ နွေပူခေါင်ခေါင် ရောက်လာတော့မှာဖြစ်လို့ သဘာဝဒဏ်ကို အံတုဖို့ အသုံးတည့်ပြီး quality ကောင်းတဲ...
18/03/2024

🤗Hello
ကာကာလေးတို့ရေ🍎

မကြာခင်မှာ နွေပူခေါင်ခေါင် ရောက်လာတော့မှာဖြစ်လို့ သဘာဝဒဏ်ကို အံတုဖို့ အသုံးတည့်ပြီး quality ကောင်းတဲ့ ပန်ကာလေးတွေ ဈေး‌တန်တန်နဲ့ ရောင်းပေးပါရစေရှင့်🥳

🌡️တောင်ပေါ်ဒေသတွေမှာပူတဲ့အပူဟာ မြေပြန့်နဲ့မတူပဲ အိုက်စပ်စပ်ဖြစ်ပြီး ပိုနေရခက်စေပါတယ်🔥 (ဟုတ်တယ်ဟုတ်😁)
အခုလို ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူချိန်မြင့်တက်နေတဲ့ ခေတ်မှာ☀️
အပူဒဏ်ကို အံတုခံနိင်ဖို့ Mini fanလေးတစ်ခုတော့ဆောင်ထားသင့်တာပေါ့ရှင့်💁

မင်မင်တို့ဆီမှာ instockရနိင်မဲ့ ပန်ကာလေးကတော့

လျှပ်စစ်ကြိုးထိုး

"အရုပ်ပန်ကာဒီဇိုင်းစုံ"

✅Speed control 2ဆင့်ရ

✅Mini fanလေးဖြစ်လို့ စားပွဲပေါ်တင်ပြီးသုံးလဲရ

✅ Fashion လဲမိ

✅ရုံးသုံး ၊ စာကြည့်အဆင်ပြေ

✅သယ်ဆောင်ရလွယ်ကူ

✅မင်မင်ကတော့ ‌laptopလေးပူလို့ ဘေးနားဖွင့်ပေးထားလိုက်တယ် ကိုယ့်နားတစ်ဝိုက် အေးမြနေရော တော်တော်အဆင်ပြေ🤗

ဈေးနှုန်းလေးက‌တော့ - 15000ကျပ် ပါရှင့်🖤

👉မှာယူချင်တယ်ဆိုပါက Page cb သို့မဟုတ်
09784801069သို့ဆက်သွယ်မှာယူနိင်ပါတယ်ရှင့်

နောက်ကိုလဲproductလေးတွေစုံစုံလင်လင်နဲ့🥺 Promotion🎉 လေးတွေလဲလာအုံးမှာမလို့ Page လေးနဲ့အဆက်သွယ်မပြတ်အောင် like and follow လေးလုပ်ခဲ့ပေးပါအုံးရှင့်🙏

#အရုပ်ပန်ကာ
#နွေရာသီ
fan

လက်ဖက်ဆီ+အုန်းဆီ+ကြက်ဆူဆီ အတွဲလေးနဲ့ Mascara တစ်ခု ရန်ကုန်သို့ order ပို့🚀ယုံကြည်စွာ ဝယ်ယူအားပေးတဲ့အတွက် ကျနော်တို့  A b...
13/03/2024

လက်ဖက်ဆီ+အုန်းဆီ+ကြက်ဆူဆီ အတွဲလေးနဲ့ Mascara တစ်ခု ရန်ကုန်သို့ order ပို့🚀

ယုံကြည်စွာ ဝယ်ယူအားပေးတဲ့အတွက် ကျနော်တို့ A by A မှ ကျေးဇူးတင်ရှိပါတယ်ခဗျာ။🥰

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားကြီးပွားတိုးတက်ကြပါစေ ခဗျာ။🙏

🌟ဆံကေသာကျန်းမာရေးထိန်းသိမ်းရာမှာ ရေပန်းစားသော ကြက်ဆူဆီအကြောင်းကြက်ဆူဆီဆိုတာဘာလဲ?ကြက်ဆူဆီကို ကြက်ဆူပင်ရဲ့ အစေ့မှထုတ်ယူပြီ...
11/03/2024

🌟ဆံကေသာကျန်းမာရေးထိန်းသိမ်းရာမှာ ရေပန်းစားသော ကြက်ဆူဆီအကြောင်း

ကြက်ဆူဆီဆိုတာဘာလဲ?
ကြက်ဆူဆီကို ကြက်ဆူပင်ရဲ့ အစေ့မှထုတ်ယူပြီးရရှိသော အာဟာရဓာတ်တွေကြောင့် လူသိများကြပါတယ်။(ခြံစည်းရိုးကြက်ဆူပင်မဟုတ်ပါ)
ကြက်ဆူဆီဟာ သဘာဝမှရရှိလို့ ဆံကေသာပြုစု ထိန်းသိမ်းခြင်းအတွက် ရေပန်းစားသောရွေးချယ်မှု ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကြက်ဆူဆီမှရရှိသော အာဟာရဓာတ်တွေဟာ ဆံပင်အတွက်အားဖြည့်ပေးနိုင်သော၊ ဦးရေပြားကျန်းမာရေး အားကောင်းစေသော အာနိသင်ဓာတ်တွေရှိနေလို့ ဖြစ်ပါတယ်။

ဒီလောက်တောင်ကောင်းနေတာ ဘေးထွက်ဆိုးကျိုးရော မရှိနိုင်ဘူးလား?🤔
တန်ဆေးလွန်ဘေး ဆိုသလိုပဲ ကြက်ဆူဆီကို နည်းလမ်းမှားယွင်းစွာ အသုံးပြုပါက ဘေးထွက်ဆိုးကျိုးလေးတွေ ဖြစ်နိုင်တဲ့အကြောင်း နှင့် နည်းလမ်းမှန်မှန် အသုံးပြုခြင်းအကြောင်းကို အကျယ်တဝန့် ရှင်းပြပေးမှာဖြစ်ပါတယ်။

လူတစ်ဦးနှင့်တစ်ဦးရဲ့ skin တွေဟာမတူတာမလို့ တချို့ကြက်ဆူဆီနဲ့ မတည့်တာမျိုးတွေဖြစ်နိုင်တဲ့အတွက် အရင်ဆုံးစမ်းသုံးကြည့်ဖို့လိုပါတယ်။ ဒီဆီနဲ့မတည့်ပါက၊ ဦးရေပြားရောင်ယမ်းပါက ရှောင်ရှားသင့်ပါတယ်။

………………………………………………………

ကြက်ဆူဆီက ဆံပင်အတွက် အာဟာရဖြစ်စေနိုင်တဲ့ အာနိသင်တွေပါဝင်လို့ ဆံပင်ကျွတ်တာကို လျှော့ချပေးခြင်း ၊ ဆံပင်အမြစ်တွေကို ခိုင်ခံသန်မာလာစေခြင်း ၊ ဦးရေပြား ခြောက်သွေ့ယားယံတာကို လျှော့ချပေးသလို ဗောက်ကိုပါ ကင်းရှင်းစေခြင်း အစရှိသည်တို့ကို စွမ်းဆောင်ပေးနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းလေး ဖြစ်နေပါတယ်။

ကြက်ဆူဆီ castor oil မှာ Vitamin-E ၊ Protein ၊ Omega 6 နှင့် မရှိမဖြစ် ဖက်တီးအက်စစ် တို့ပါဝင်ပါတယ်။ပြီးတော့ ricinoleic acid ပါဝင်လို့ ဆံပင်ရဲ့ သိပ်သည်းဆကို မြှင့်တင်ပေးတာ ၊ ဆံပင်မွှေးညှင်းပေါက်ရဲ့ ဖွဲ့စည်းပုံတွေကို သန်မာစေတာ ၊ ဆံပင်အရင်းကိုအားဖြည့်ပေးတာကြောင့် ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးပြီး ricinoleic acid ကြောင့် ဦးရေပြားသို့ သွေးလည်ပတ်စီးဆင်းမှု တိုးမြှင့်စေလို့ ဆံပင်ကိုပါ ကြီးထွားသန်မာလာစေပါတယ်။ကြက်ဆူဆီရဲ့ အာနိသင် တိုးဖို့အတွက် အုံးဆီနဲ့လဲတွဲဖက် အသုံးပြုကြပါတယ်။အကောင်းဆုံးရလဒ်အတွက်တပတ်ကို နှစ်ကြိမ် အသုံးပြုနိုင်ပါတယ်။ ( အခြေနေနဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး ရလဒ်ကို သတိပြုမိရန် အချိန်ကြာနိုင်ပါတယ်)

အသုံးပြုနည်း💜

ရေမချိုးမှီ မိနစ်အနည်းငယ်မှာ ကြက်ဆူဆီကို ဦးရေပြားပေါ် နိပ်နယ်ပေးရန် အကြံပြုထားပါတယ်။( လက်နဲ့အသာလေး နိပ်ပေးရင်ရပါပြီနော် )
ရရှိလာသော ရလဒ်ကိုထိန်းသိမ်းဖို့အတွက် ကြက်ဆူဆီကို ပုံမှန်အသုံးပြုပေးသင့်ပါတယ်။

သဘာဝမှ ထုတ်ယူရရှိ‌ေသာ အဆီဖြစ်သော်လည်းပဲ အသုံးပြုနည်းမှားယွင်းစွာ အသုံးပြုမိပါက ထိခိုက်မှုအချို့ဖြစ်နိုင်လို့ အပေါ်ကနည်းအတိုင်း မှန်မှန်ကန်ကန် အသုံးပြုပေးရပါမယ်။

မှားယွင်းစွာ အသုံးပြုမိပါက ဖြစ်လာနိုင်သော ဘေးထွက်ဆိုးကျိုး အချို့ကတော့👇

• ဆံပင်ကျွတ်ခြင်း
ကြက်ဆူဆီကို အလွန်အကျွံ အသုံးပြုမိပါက ယာယီ သို့မဟုတ် ရေရှည် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
• ဦးရေပြားယားယံခြင်း
ဦးရေပြားရှိအဆီ၏ အာရုံစူးစိုက်မှုကြောင့် ဦးရေပြားယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။မိမိရဲ့skinနဲ့မတည့်ပဲ အသုံးပြုမိပါက လူတစ်ချို့ရဲ့ တက်ကြွပြီး ပါဝင်သောဓာတ်တွေကို တုံ့ပြန်မှုကြောင့် ယားယံစေနိုင်ပါတယ်။အသုံးပြုပြီးနောက် အချို့မှာ ဦးရေပြားအပေါ်တွင် ပူလောင်ခြင်း နီရဲခြင်းတို့ကို ခံစားရနိုင်စေပါတယ်။
• သန့်ရှင်းရေးလုပ်ရန်ခက်ခဲခြင်း
အလွန်အကျွံအသုံးပြုမိသောကြောင့် ပြင်းအားနဲ့ လေးလံမှုတို့ကြောင့် ဆံပင်နဲ့ဦးရေပြားမှ အဆီများလုံးလုံး ဖယ်ရှားရန် ခက်ခဲနိုင်ပါတယ်။အသုံးပြုပြီးနောက် စေးကပ်ကပ်ဖြစ်ခြင်းကို ခံစားရစေနိုင်ပါတယ်။

ကြက်ဆူဆီကို အသုံးပြုမယ်ဆိုရင် လူတစ်ဦးနဲ့ဝိသေသလက္ခဏာအလိုက် ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်နော်။ ဘေးထွက်ဆိုးကျိုးဆိုတာကလဲ မှားယွင်းစွာအသုံးပြုမှသာ ဖြစ်နိုင်တာမလို့ နည်းမှန်မှန်နဲ့ အသုံးပြုကြမယ်ဆိုရင် ပန်းချီကားတစ်ခုကို မှင်သက်စွာ ငေးမောကြည့်ရလောက်တဲ့ထိ လှပထူထဲနက်မှောင်တဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်မှာမလို့ ကြက်ဆူဆီကို အသုံးပြုဖို့အကြံပေးပါတယ်နော်။💞
ဒီpost လေးကို သဘောကျတယ် ဆိုရင် page လေးကို like and follow လုပ်ခဲ့ပေးပါအုံးနော်။🙏

#ကြက်ဆူဆီ

📣International Women’s Day မှာအမျိုးသမီးလေးတွေအတွက် Free Mascara ရယူနိုင်မယ့်အခွင့်အရေး🎊March လ 8 ရက်နေ့မှာ ကျရောက်တဲ့ I...
07/03/2024

📣International Women’s Day မှာအမျိုးသမီးလေးတွေအတွက် Free Mascara ရယူနိုင်မယ့်အခွင့်အရေး🎊

March လ 8 ရက်နေ့မှာ ကျရောက်တဲ့ International Women's Day ကို ဂုဏ်ပြုတဲ့အနေနဲ့ 💜

သုံးမျိုး Set တစ်ခုဝယ်ရင် mascara တစ်ခု Free လက်ဆောင်ရမှာဖြစ်ပါတယ်🥳

မနက်ဖြန် March 8 ရက်နေ့တစ်ရက်တည်းသာ ပေးမှာဖြစ်ပြီးတော့ ပထမဉီးဆုံးဝယ်သူ ၅ ဦးကိုသာ ပေးသွားမှာ ဖြစ်လို့ ရှယ်တန်တဲ့ ဈေးနဲ့ Free Mascara ပါရမယ့်အပြင် ရှယ်မြန်တဲ့ Deli ကိုပါ Free ရရှိဦးမှာပါဗျာ🤩
စိတ်ဝင်စားရင်တော့ လူမပြည့်ခင်မြန်မြန်သာ order တင်တော့ဗျို့👏

စည်းကမ်း ချက်လေးတွေတော့ရှိပါတယ်နော်🥺

1 set မှာသုံးမျိုးပါလို့ သုံးမျိုးဝယ်ယူမှသာMascara freeရမှာဖြစ်ပြီးတော့

ဝယ်ယူတဲ့ ကာကာတို့အတွက် Page ကို Like and Follow လုပ်ပြီး Screen Shot ပြရုံနဲ့ deli free ပို့ပေးမှာဖြစ်ပါတယ်နော် ( သုံးမျိုးset မဝယ်ပဲ ss ပြရင်လဲ Deli free ရအုံးမှာပါဗျာ)🤗

Mascara လဲလက်ဆောင်ရမယ်✨ ၊ Deli ခ လဲ free ရမယ်✨
၈ရက်နေ့တစ်ရက်တည်းနဲ့ ပထမဉီးဆုံး ဝယ်ယူသူ ၅ ယောက်ပဲပေးမှာဆိုတော့ အမြန်ဆုံး chat box ကိုအပြေးလာကြနော် 🏃‍♀️

ရရှိနိုင်မယ့်Set လေးတွေကတော့👇

☑️ဆံပင်ပျက်ဆီးသူ ဓာတုဆေး ဆိုးဆေး ချွတ်ဆေးတွေ အသုံးများသူများအတွက်
လက်ဖက်ဆီ+ အုန်းဆီ+ ထောလပတ်ဆီ

☑️ဆံပင်အရမ်းကျွတ် ဆံပင်ပါး ထိပ်ပြောင်သူများအတွက်
လက်ဖက်ဆီ+ အုန်းဆီ+ ကြက်ဆူဆီ

☑️ဆံပင်ဖြူတဲ့သူများအတွက်
လက်ဖက်ဆီ+ အုန်းဆီ+ ကြိတ်မှန်ဆီ

☑️mascara ဆိုရင်ကြက်ဆူဆီသာပါဝင်လို့ မျက်ခုံး မျက်တောင် ထူလာစေမှာ ဖြစ်ပါတယ်။

ဘာသုံးရမလဲမသိသူတွေအတွက် မင်မင်တို့ကိုဆံပင်အခြေနေပြောပြပြီးလာမေးလို့ရပါတယ်🥰

ဈေးနှုန်းလေးတွေကိုတော့ ပုံမှာကြည့်ပေးပါနော်။💜

#လက်ဖက်ဆီ #အုန်းဆီ #ကြက်ဆူဆီ #ထောလပတ်ဆီ

✨Popular ဖြစ်ပြီး ရေပန်းစား လူကြိုက်များတဲ့ ရှမ်းလက်ဆောင် product လေးတွေ ပစ္စည်းပြန်ရောက်ပါပြီနော်🖤ဒီတစ်ခေါက် mascara လေ...
05/03/2024

✨Popular ဖြစ်ပြီး ရေပန်းစား လူကြိုက်များတဲ့ ရှမ်းလက်ဆောင် product လေးတွေ ပစ္စည်းပြန်ရောက်ပါပြီနော်🖤
ဒီတစ်ခေါက် mascara လေးတွေinstockများများရှိထားပါတယ်နော်။ မျက်ခုံးမျက်တောင် နက်မှောင်ပြီး ထူလာစေသော ကြက်ဆူဆီ Mascara =3000ကျပ်🔥

ဆံပင်ထူစေ ဆံပင်ကျွတ်တာရပ်စေ ဆံပင်သန်စေတဲ့ သဘာဝစစ်စစ်မှရရှိသော ထုတ်ကုန်
ရှမ်းလက်ဆောင် product များဖြစ်သော

လက်ဖက်ဆီ + အုန်း‌ဆီ +ကြက်ဆူဆီ (castor oil)
များကိုလဲ page messenger သို့မဟုတ်

09403765677 , 09784801069သို့ ဆက်သွယ် မှာယူလို့ရပါပြီ🥰

😍လက်ဖက်ဆီ= 6000ကျပ် အုန်းဆီ = 4500ကျပ် ကြက်ဆူဆီ (castor oil) = 5000ကျပ်

Address

Lashio

Website

Alerts

Be the first to know and let us send you an email when A by A Online Shopping Mall posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share