Anytime Mobile-Lashio

Anytime Mobile-Lashio Mobile Phone Sale & Services
ဖုန်းနှင့်ဖုန်းအပိုပစ္စည်း

✳️Pre Order now✳️....အားလုံးစောင့်မျှော်နေကြတဲ့ vivo V70 FE 5G ကို ယနေ့ကစပြီး Blind Pre-Order စတင်လက်ခံနေပါပြီ! ဈေးနှုန်...
28/05/2026

✳️Pre Order now✳️....

အားလုံးစောင့်မျှော်နေကြတဲ့ vivo V70 FE 5G ကို ယနေ့ကစပြီး Blind Pre-Order စတင်လက်ခံနေပါပြီ!

ဈေးနှုန်းမသိရသေးခင်မှာတင် Blind Pre-Order တင်မယ့်သူတွေအတွက် အထူးထူးသော အခွင့်အရေးတွေကလည်း စောင့်ကြိုနေပါသေးတယ်။

Photography အတွေ့အကြုံသစ်တွေကို ပေးစွမ်းသွားမယ့် vivo V70 FE 5G ကို မေလ (၂၇) ရက်နေ့မှ ဇွန်လ(၅) ရက်နေ့အတွင်း ကနဦးငွေ (၆၀,၀၀၀) ကျပ်ပေးသွင်းရုံနဲ့ Pre-Order တင်နိုင်မှာဖြစ်ပြီး အထူးဆုကြီးအနေနဲ့ Pre-Order တင်တဲ့သူတွေထဲကမှ ကံထူးရှင် (၁၀) ယောက်ကို ရွေးချယ်ပြီး ဇွန်လ (၆) ရက်နေ့မှာ vivo Y05 (၁၀) လုံး တိတိကို မဲဖောက်ပေးသွားဦးမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် မေလ (၂၇) ရက်နေ့မှ ဇူလိုင်လ (၆) ရက်နေ့အတွင်း ဝယ်ယူသူတိုင်းအတွက် (၁၀) သိန်းကျပ် တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများစွာကိုလည်း လက်ငင်းရရှိသွားဦးမှာဖြစ်ပါတယ်။ (လက်ဆောင်ပစ္စည်းအရေအတွက်ရှိသလောက်သာ)

V70 FE ဝယ်ရင်း (၁၀) သိန်းတန် လက်ဆောင်တွေလည်းရ၊ နောက်ထပ် Y05 တစ်လုံးပါ ထပ်မံကံထူးပိုင်ဆိုင်နိုင်မယ့် ဒီလိုအခွင့်အရေးကြီးကို လက်လွတ်မခံချင်ရင်တော့ အခုပဲ Anytime Mobile-Lashio အမြန်ဆုံး လှမ်းခဲ့လိုက်တော့နော်။
Blind Pre-Order Period : May 27 – June 05

tiktok.com/.mobile5

#ပန်လျန်းဆိုင်



11/05/2026

မြန်မာပြည်ကဖုန်းအသစ်လဲဖို့ စောင့်နေတဲ့သူတွေအတွက်တော့ တပူပေါ် ဆယ့်ငါးပူလောက်ဆင့်တယ်လို့ပြောရမှာပဲ။
------------------------
ဒီမှာက CEIR ကြောင့် ဖုန်းဈေးတွေ တက်နေတာအပြင်ကိုမှ အခုလက်ရှိ နည်းပညာလောကမှာလည်း မိုဘိုင်းလ် DRAM ဈေးနှုန်းတွေက တရိပ်ရိပ်တက်နေတာဆိုတော့ အခု ဒီ ၂၀၂၆ ခုနှစ် နှောင်းပိုင်းရောက်ရင် အခုထက် နှစ်ဆလောက်ထိ ဈေးဖြစ်သွားတော့မယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒါကြောင့်လည်း စမတ်ဖုန်းဈေးနှုန်းတွေက လတ်တလောကနေ အချိန်တိုအတွင်းမှာ ကျဆင်းဖို့ လုံးဝလမ်းမမြင်ရသေးဘူးလို့ ပြောရင်ရတယ်။

တကယ်တော့ ဒီအခြေအနေက အခု ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်ထဲမှာတင် သိသိသာသာကြီးကို ဆိုးရွားလာဖို့ ရှိနေတာပါ။ အထူးသဖြင့် High-end ဖုန်းတွေမှာ သုံးတဲ့ LPDDR5 module တွေရဲ့ ဈေးနှုန်းက 1GBကို ၂၀ ဒေါ်လာဝန်းကျင်အထိ ဖြစ်သွားနိုင်ပါတယ်။ အခုလောလောဆယ် ကုမ္ပဏီတွေအကြားမှာ ချုပ်ဆိုထားတဲ့ ရေရှည်စာချုပ်တွေအရ ဈေးအမြင့်ဆုံး Ceiling ကို ၂၁ ဒေါ်လာလို့ သတ်မှတ်ထားကြပေမဲ့၊ ဒါက ဈေးကွက်ကို တစ်ဖက်က တည်ငြိမ်အောင် ထိန်းထားပေးသလို ဖြစ်နေပေမဲ့ တစ်ဖက်မှာလည်း ဈေးနှုန်းတွေက ဒီအတိုင်း အမြင့်မှာပဲ ဆက်ရှိနေဦးမယ်ဆိုတဲ့ သဘောပဲ။ လေ့လာဆန်းစစ်သူတွေကတော့ ဒီလို ဈေးကြီးတဲ့ အခြေအနေမျိုးဟာ ၂၀၂၇ ထိ ဆက်သွားနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။

ဒါဆို ဖုန်းဈေးတွေ ဘာလို့ မကျတာလဲဆိုရင် အဓိက တရားခံကတော့ အခုခေတ်စားနေတဲ့ AI နည်းပညာတွေကြောင့်ပါပဲ။ AI နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်အပိုင်း (Memory) လိုအပ်ချက်တွေက ကမ္ဘာတစ်ဝန်းမှာ အကြီးအကျယ် ပြတ်လပ်နေတာကြောင့်ပါ။ ပြောရရင် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်မှာတင် DRAM ဈေးက ၁၀၀ ရာခိုင်နှုန်းနီးပါး ထိုးတက်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

နည်းနည်းလောက် နှိုင်းယှဉ်ကြည့်ရအောင်ဗျာ။ LPDDR5X ဈေးနှုန်းတွေက ဒီနှစ် ပထမသုံးလပတ်မှာတင် ၆၀ ရာခိုင်နှုန်းလောက် တက်ခဲ့ပြီးပြီ။ အရင်က LPDDR5 1GBကို ၁၀ ဒေါ်လာလောက်ပဲ ရှိခဲ့တာကနေ အခု ဒုတိယသုံးလပတ်အကုန်မှာ ၂၀ ဒေါ်လာနီးပါး ဖြစ်လာတော့မှာပါ။ ပိုပြီး ထင်ထင်ရှားရှား ပြောရရင် အခုလက်ရှိ Memory ဈေးနှုန်းတွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကထက် ၃ ဆလောက် ပိုများနေပြီလို့ ဆိုရမယ်။ ဒီဒဏ်က ၂၀၂၇ နှောင်းပိုင်းလောက်မှ သက်သာလာနိုင်ခြေ တော့ရှိတယ်။

ဒီတော့ ဖုန်းကုမ္ပဏီတွေ ဘာလုပ်နေကြလဲဆိုတော့ သူတို့က ဈေးနှုန်း အတက်အကျ အရမ်းမကြမ်းအောင် ရေရှည်စာချုပ် (Long-Term Agreements) တွေ ချုပ်ပြီး ကြိုတင်ကာကွယ်နေကြတယ်။ ဒါကတော့ ဓားသွား ၂ ဖက်လိုပါပဲ။ တစ်ဖက်က ကြည့်ရင်တော့ ဈေးနှုန်းကို အမြင့်မှာပဲ သတ်မှတ်လိုက်သလို ဖြစ်နေပေမဲ့၊ နောက်တစ်ဖက်ကတော့ ဈေးကွက်ထဲမှာ အဆမတန် ထိုးတက်သွားနိုင်တဲ့ အန္တရာယ်ကို ကန့်သတ်ထားနိုင်တယ်။ ဥပမာ ဈေးကွက်ထဲမှာ ဒေါ်လာ ၂၀ လောက် ဖြစ်နေချိန်မှာ စာချုပ်က ၂၁ ဒေါ်လာထက် မကျော်ရဘူးလို့ ကန့်သတ်ထားတဲ့အတွက် ဈေးနှုန်းထပ်တက်ဖို့ ရာခိုင်နှုန်း နည်းနည်းပဲ ကျန်တော့တာမျိုးပေါ့။

ဒါတွေအားလုံးက ကုမ္ပဏီအချင်းချင်း နောက်ကွယ်က ကုန်သွယ်မှုတွေ ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဝယ်သုံးနေတဲ့ စားသုံးသူတွေဆီကိုပဲ ရိုက်ခတ်လာမှာပါ။ ဖုန်းရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ LPDDR5X လိုမျိုး RAM ဈေးတွေ နှစ်ဆတက်လာပြီဆိုရင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဘက်က သူတို့ရဲ့ အမြတ်ကို လျှော့မလား၊ ဒါမှမဟုတ် ဖုန်းဈေးကို မြှင့်ပြီး စားသုံးသူတွေဆီကပဲ ပြန်ယူမလားဆိုတာ ရွေးချယ်ရတော့မှာပါ။ အခု အခြေအနေတွေအရတော့ ရှေ့လျှောက် ဖုန်းဈေးတွေကတော့ ကျဆင်းဖို့ အလားအလာ မရှိသလောက်ပါပဲဗျာ။

Anytime Mobile မှ မိုးရာသီ CashBack Promotion🎁🎁🎁....V Fan လေးတွေအတွက် မိုးရာသီအထူး CashBack Promotion အစီအစဉ်ကြီးလာပါပြီ...
02/07/2025

Anytime Mobile မှ မိုးရာသီ CashBack Promotion🎁🎁🎁....V Fan လေးတွေအတွက် မိုးရာသီအထူး CashBack Promotion အစီအစဉ်ကြီးလာပါပြီ။

အသစ်စက်စက်ထွက်ရှိထားတဲ့ Y29 ရဲ့ 6+128 GB Version ဝယ်ယူသူတိုင်းအတွက် ငွေသားလက်ဆောင် (30,000) ကျပ်ပြန်လည်ရရှိမယ့်အပြင် Y04 Version (၂)မျိုးလုံးအတွက်လည်း ငွေသားလက်ဆောင် (20,000) ကျပ်တိတိပြန်လည်ပေးအပ်သွားမှာပဲဖြစ်ပါတယ်။

#ပရိုမိုးရှင်းကာလကတော့
၂၀၂၅ ဇွန်လ (၂၈) ရက်နေ့မှ ဇူလိုင်လ (၁၃) ရက်နေ့အထိဖြစ်လို့ ဖုန်းအသစ်ဝယ်ဖို့စဉ်းစားထားရင်တော့ အခုလိုတန်ပြီးရင်တန်တုန်း နီးစပ်ရာ vivo Showroom နဲ့ Anytime Mobileဖုန်းအရောင်းဆိုင်တွေဆီသို့အပြေးလေးလှမ်းခဲ့တော့နော်။🎁🎁🎁�



Vivo New Model Y29ပါးလွှာပြီးပေါ့ပါးတဲ့ဒီဇိုင်း စူပါအကြမ်းခံတဲ့ကိုယ်ထည်တို့ကြောင့် အားလုံးစိတ်ဝင်စားနေတဲ့ Y29 လေးကိုယနေ့...
12/05/2025

Vivo New Model Y29

ပါးလွှာပြီးပေါ့ပါးတဲ့ဒီဇိုင်း စူပါအကြမ်းခံတဲ့ကိုယ်ထည်တို့ကြောင့် အားလုံးစိတ်ဝင်စားနေတဲ့ Y29 လေးကိုယနေ့ကစပြီး Anytime Mobile မှာလာရာက်ဝယ်ယူနိုင်ပါပြီ။

အထာကျပြီးရင်းကျနေတဲ့ အလန်းစား Y29 လေးမှာဆိုရင်အရည်အသွေးမြင့် ကြာရှည်အသုံးခံတဲ့ 6500mAh BlueVolt Battery 44W FlashCharge အမြန်အားသွင်းစနစ်
ကြည်လင်ပြတ်သားပြီးအသံကို 400% Volume အထိတိုးမြှင့်နိုင်တဲ့ Dual Stereo Speaker
ဖုန်းပွတ်လိုက်တိုင်းစိတ်ချမ်းသာနေစေမယ့် 120Hz နဲ့အတူ နေ့စဉ်လုပ်ဆောင်ချက်တွေမှာလည်း ချောမွေ့နေစေမယ့် Snapdragon 685 processor
SGS အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ စူပါအကြမ်းခံကိုယ်ထည်တို့ကြောင့်လန်းပြီးရင်းလန်းပဲပေါ့။

အခုရက်ပိုင်းဝယ်ယူသူတွေအတွက်လည်း Y29 T-Shirt (vivo Fan T-Shirt) နဲ့ ဗလာမပါခဲခြစ်ကံစမ်းမဲအစီအစဉ်တွေပါရှိလို့ အလန်းစား Y29 လေးကိုဝယ်ယူရင်းလက်ဆောင်များစွာလည်းပိုင်ဆိုင်ချင်ရင်တော့ သူများထက်ဦးအောင်မြန်မြန်သာလာဝယ်လိုက်တော့။

Anytime Mobile Lashio ဆိုင်ခွဲ
နမ့်စန်မြို့၊ ပန်လျန်းဆိုင်၊ ရှမ်းပြည်တောင်ပိုင်း


#စွမ်းအားအပြည့်နဲ့အလန်းစားလွင့်


ပရိုဆန်ဆန်လုပ်ဆောင်ချက်တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ V50 5G လေးကိုယနေ့ကစပြီး နီးစပ်ရာ vivo Showroom နဲ့ vivo Counter ရှိ...
02/03/2025

ပရိုဆန်ဆန်လုပ်ဆောင်ချက်တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ V50 5G လေးကိုယနေ့ကစပြီး နီးစပ်ရာ vivo Showroom နဲ့ vivo Counter ရှိတဲ့မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းမှာဝယ်ယူနိုင်ပါပြီ။
ထူးခြားခမ်းနားတဲ့အသွင်အပြင် ရွေးချယ်ရခက်တဲ့စွဲမက်ဖွက်အရောင်(၃)ရောင်
ပိုမိုကောင်းမွန်တဲ့ပုံရိပ်တိုင်းအတွက် 50MP ZEISS All Main Camera,
ပါးလွှာကျစ်လစ်ပြီး တစ်နေကုန်စိတ်ကြိုက်သုံးလို့ရတဲ့ 6000mAh BlueVolt Battery
90W FlashCharge အမြန်အားသွင်းစနစ်
ရေဒဏ်ဖုန်ဒဏ်သာမက ရေစိမ်ပါခံတဲ့ IP68 & 69 Dust & Water Resistance နည်းပညာတို့ပေါင်းစပ်ပါဝင်တဲ့ V50 5G ကို 2,199,800 ကျပ်နဲ့ဝယ်ယူနိုင်ပြီနော်။
ဒါ့အပြင် ဒီရက်ပိုင်းမှာဝယ်ယူသူတွေအတွက် 20000 mAh Power Bank Set လေးတွေကိုလည်း လက်ဆောင်ပေးသွားဦးမှာနော်။

Anytime Mobile (နမ့်စန် ပန်လျန်းဆိုင် ရှမ်းပြည်တောင်ပိုင်း)




ပရိုဆန်ဆန်လုပ်ဆောင်ချက်တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ V50 5G လေးကိုယနေ့ကစပြီး နီးစပ်ရာ vivo Showroom နဲ့ vivo Counter ရှိ...
02/03/2025

ပရိုဆန်ဆန်လုပ်ဆောင်ချက်တွေနဲ့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ V50 5G လေးကိုယနေ့ကစပြီး နီးစပ်ရာ vivo Showroom နဲ့ vivo Counter ရှိတဲ့မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းမှာဝယ်ယူနိုင်ပါပြီ။
ထူးခြားခမ်းနားတဲ့အသွင်အပြင် ရွေးချယ်ရခက်တဲ့စွဲမက်ဖွက်အရောင်(၃)ရောင်
ပိုမိုကောင်းမွန်တဲ့ပုံရိပ်တိုင်းအတွက် 50MP ZEISS All Main Camera,
ပါးလွှာကျစ်လစ်ပြီး တစ်နေကုန်စိတ်ကြိုက်သုံးလို့ရတဲ့ 6000mAh BlueVolt Battery
90W FlashCharge အမြန်အားသွင်းစနစ်
ရေဒဏ်ဖုန်ဒဏ်သာမက ရေစိမ်ပါခံတဲ့ IP68 & 69 Dust & Water Resistance နည်းပညာတို့ပေါင်းစပ်ပါဝင်တဲ့ V50 5G ကို 2,199,800 ကျပ်နဲ့ဝယ်ယူနိုင်ပြီနော်။
ဒါ့အပြင် ဒီရက်ပိုင်းမှာဝယ်ယူသူတွေအတွက် 20000 mAh Power Bank Set လေးတွေကိုလည်း လက်ဆောင်ပေးသွားဦးမှာနော်။




25/05/2024

စျေးနှုန်းတူ ဖုန်းတွေထဲမှာ တစ်ခုတည်းသော US Military Grade Shock-Resistance Certificate ရရှိထားတဲ့ OPPO A60 ကို 799,900 ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပါပြီ။

30.6.2024 အထိ ဝယ်ယူသူများအနေနဲ့ 4 နှစ် အတွင်း Battery Health 80% အောက်သို့ ရောက်ခဲ့လျှင် ဘက်ထရီ 1 ကြိမ် အခမဲ့ လဲလှယ်နိုင်ခွင့်နဲ့အတူ Ollie Pillow ကို အထူးလက်ဆောင်အဖြစ် ရရှိနိုင်မှာဖြစ်လို့ သွက်သွက်လေးဝယ်လိုက်တော့နော်။

လျင်မြန်သွက်လက်ခြင်းများနဲ့ Snapdragon Chipset, ‌တောက်ပတဲ့ နေရောင်အောက်မှာတောင် ကြည်လင်ပြတ်သားမယ့် 950nit Ultra Bright Display, ဖုန်းမျက်နှာပြင် ရေစိုနေလည်း ကောင်းကောင်းအသုံးပြုနိုင်မယ့် Splash Touch, ကြီးမားတဲ့ 5000mAh ဘက်ထရီနဲ့ လျင်မြန်တဲ့ 45W SUPERVOOC Flash Charge, 16GB (8GB+8GB) RAM + 256GB ROM ... စတဲ့ လုပ်ဆောင်ချက်တို့နဲ့ OPPO A60 က သူမတူတဲ့ ဖုန်းသုံးစွဲမှု အတွေ့အကြုံ ရရှိစေမှာပါ။

#ပေါ့ပါးသွက်လက်အကြမ်းခံချက်

Oneplus Cash Back Promotion🎁🎁🎁
30/08/2022

Oneplus Cash Back Promotion🎁🎁🎁

30/08/2022

Address

Lashio
06301

Alerts

Be the first to know and let us send you an email when Anytime Mobile-Lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Anytime Mobile-Lashio:

Shortcuts

Share