10/05/2025
🔥 Cynthia's Boutique နှင့် Empress AK CEO Founder Daw Cynthia Nwe မှ အသိပေးဖြေရှင်းချက် 💥
စာကိုအစမှ အဆုံးထိပြီးအောင်ဖတ်ပေးကြဖို့ အရင်ဆုံးမေတ္တာရပ်ခံပါတယ်ရှင့်။
အရင်ဆုံး ကျွန်မဟာ အများသိကြတဲ့အတိုင်း 2008 မှ 2023 ထိ 15နှစ်တိုင် China Supplier လောကမှာ နာမည်ပျက်မခံပဲ ကောင်းမွန်စွာရပ်တည်လာခဲ့တဲ့သူပါ။
ဒါ့အပြင် Operation ကာလမှာ Empress AK ကုန်ဂိတ်ကိုတည်ထောင်ခဲ့ပီး မူဆယ်နဲ့ရွှေလီမှာပိတ်မိနေတဲ့ကုန်တွေအပြင် 105မိုင်မှာပိတ်မိနေတဲ့ ကုန်ကားကြီးပေါင်းများစွာနဲ့ ကုန်တန်ချိန်ပေါင်းမြောက်များစွာကို ပထမဆုံး သယ်ယူပို့ဆောင်ပေးနိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပီး ကုန်သည်ကြီးတွေရဲ့ ယုံကြည်မှုအမြင့်မားဆုံးနဲ့ တွဲလက်အခိုင်မာရရှိခဲ့တဲ့သူတစ်ယောက်ပါရှင့်။
အလုပ်တစ်ခုလက်ခံထားပြီဆိုတာနဲ့ တာဝန်ယူမှုတာဝန်ခံမှု 100% အပြည့်ဝတာဝန်ယူလုပ်ကိုင်ခဲ့သလို လုပ်ငန်းပိုင်းမှာ တစုံတရာ Error ပေါ်ပေါက်လာပါက ကိုယ်တိုင်ပဲ အနစ်နာခံအဆုံးရှုံးအထိခိုက်ခံခဲ့တယ်ဆိုတာ ကျမနဲ့အတူလက်တွဲလုပ်ကိုင်ခဲ့ဖူးသူတွေအားလုံး အသိခဲ့ဆုံးဖြစ်မှာပါ။
ဒါ့အပြင် Covid ကာကွယ်ရေးပစ္စည်းကိစ္စမှာတုန်းကလည်း မြန်မာနိုင်ငံအနှံ့သိန်းပေါင်းသောင်းချီထိ လုပ်ကိုင်ခဲ့ပီး နောက်ပိုင်းအကြောင်းကြောင့် ပစ္စည်းမယူလိုသူများအတွက် သိန်းထောင်ချီသောငွေအား တစ်ယောက်ထဲ တိုင်ခံအနစ်နာခံအရှုံးခံပီး နေ့မအားညမနား အလုပ်ကို ကြိုးစားလုပ်ကိုင်ပီး ကိုယ့်ကမ်စတမ်မာတွေစိတ်တိုင်းကျ ငွေပြန်အမ်းပေးခဲ့တာလည်း အများအသိပါပဲ ။
ထိုသို့ ကျင်စန်းကျော့နှင့် 105မိုင်မှ ပိတ်မိကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်ပေးရေးဘက်တွင် အပတ်တကုတ်အားစိုက်ကြိုးစားနေစဥ်ကာလအတွင်းမှာပဲ မူဆယ်ကုန်ဂိတ်ကို လှည့်မကြည့်နိုင်ပဲ များစွာလစ်ဟာမှုများရှိခဲ့ပါတယ်
2024 ခုနှစ် 2လပိုင်း ကြိုတင်မသိရှိခဲ့ရပဲ မထင်မှတ်ထားတဲ့အချိန်တခုမှာ မသမာတဲ့လူတစ်စုကြောင့် Case တစ်ခုဖြစ်သွားပြီး ချက်ချင်းတုန့်ပြန်ရန်မစွမ်းသာပဲ ကိုယ့်နာမည်လည်း Online လောကမှာ ဂယက်ထခဲ့ရပါတယ်။
အဲ့ဒါကြောင့်အခု 2025 5လပိုင်း တနှစ်ကျော်ကြာတဲ့အထိ ကျမပျောက်နေသလိုဖြစ်ခဲ့ပါတယ်
အမှန်တကယ်က ကျမ ပျောက်နေတာမဟုတ်သလို အလုပ်လည်းမပြတ်ခဲ့ပါဘူး။
ထိုစဥ်က ကိုယ်ဖြစ်သွားခဲ့တဲ့အပေါ်မှာ အကြောင်းအရာတွေရှိသလို အကြောင်းပြချက်တွေလည်းရှိပါတယ်။
တခါတလေမှာ တချို့ကိစ္စရပ်တွေက ငါဒီလိုမဟုတ်ပါဘူး ငါဒီလိုမလုပ်ရပါဘူးဆိုတာကို စကားနဲ့ပြောပြလို့မရတဲ့ ကိစ္စရပ်တွေရှိပါတယ်။
အချိန်တစ်ခုယူပီး လုပ်ရပ်တွေနဲ့သက်သေပြမှ အဖြေမှန်ပေါ်ပေါက်လာတာမျိုးရှိပါတယ်။
တစ်နှစ်ဆိုတဲ့ကာလတခုအတွင်းမှာ ကျွန်မလူရောစိတ်ရောအရမ်းကိုပင်ပန်းဆင်းရဲစွာနဲ့ နေထိုင်ခဲ့ရသလို တဖက်ကရလာတဲ့ဝင်ငွေနဲ့ တာဝန်ယူဖြေရှင်းခဲ့တာတွေလည်းရှိပါတယ်။
ကြားထဲမှာလည်း တကယ့်ကိုမှ ပင်ပန်းမှုတွေ အများကြီးကျော်ဖြတ်ခဲ့ပီးမှ ဒီအခြေအနေတခုကိုပြန်ရောက်လာတာပါ။ဒါကြောင့်လည်း အခုလိုပြန်ထွက်ပေါ်လာလို့ရတာပါရှင့်။
အများထင်နေသလိုမျိုး ပျောက်သွားပီး အခုမှ ဘွားခနဲပေါ်လာတာမျိုးဆိုရင် ဘယ်သူကမှလက်ခံမှာမဟုတ်ပါဘူး။ ပြီးတော့ နောက်တခုက ဒီလောကမှာ ဘယ်လိုပုံစံမျိုးနဲ့မှရပ်တည်လို့ရမှာ မဟုတ်ပါဘူးရှင့်။ နောက်ပြီးတော့ ဖြစ်သွားခဲ့သမျှတွေမှာ ဘယ်သူ့ကြောင့်ပါဆိုပီး မဖြေရှင်းမပြောလိုတော့ပါဘူး။
အရင်းမြစ်ကို ကြည့်လိုက်ရင် အရာအားလုံးကိုယ့်အားနည်းချက်နဲ့ ကိုယ့်အမှားတွေပါပဲ။လုပ်ဖော်ကိုင်ဖက်အမှားတွေနဲ့အတူတူ လုပ်ခဲ့မိတဲ့ကိုယ်အပြစ် ဆုံးဖြတ်ချက်အမှား လူရွေးမှားမှုတွေနဲ့ အဆင်မပြေတဲ့သူနဲ့ ရွေးချယ်မှုအမှားတွေလုပ်ခဲ့မိလို့ ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။
ဒါကြောင့် 2008 မှ 2024 ခုနှစ်အတွင်းထိ ကျွန်မနဲ့ပတ်သက်ဆက်နွယ်လုပ်ကိုင်ခဲ့သော Online Shop များ၊ China Supplier များ Logistics များထဲမှ ကျမတာဝန်ယူဖြေရှင်းပေးရန်ကျန်နေသေးသူများ ကျွန်မ၏ Messenger သို့ လာရောက်ဆွေးနွေးငြိနှိုင်းဖို့ ဖိတ်ခေါ်ပါတယ်။
ကျွန်မဘက်မှ အကောင်းဆုံး တာဝန်ယူဖြေရှင်းပေးရန်အသင့်ရှိနေပါတယ်ရှင်။အချိန်လေးတစ်ခုကြာသွားတာတော့ တကယ် တောင်းပန်ပါတယ်ရှင့်။
၀န်ဆောင်မှုတွေလည်း ဆက်လက်ပြီး အကောင်းဆုံး ပေးသွားမှာဖြစ်ပါတယ်။အခုချိန်ထိ ယုံယုံကြည်ကြည်လက်တွဲခဲ့တဲ့သူများလည်း ကျေးဇူးတင်ပါတယ်။